အမ်း-အကျ၊ ပဒါန်း-အပူ ဒေသခံတွေရဲ့အသံ ဗလောင်ဆူ

4929

သုတကျော် (NP News) - ဇန်နဝါရီ ၁၅
ရခိုင်ပြည်နယ်၏ တစ်ဖက်ကမ်းတွင် ရှိသော ငဖဲမြို့နယ်အတွင်းက ပဒါန်းမြို့သည် အချက်အချာကျသော မြို့တစ်မြို့ဖြစ်ပြီး သမိုင်းတ လျှောက်တွင် လည်း အေးချမ်းသည့် နေရာဒေသငယ် တစ်ခုဖြစ်ခဲ့သည်။ သို့သော် ယခုအခါ စစ်မီး ဟပ်ခြင်းကို ကြုံတွေ့နေကြရသည်။ စစ်သည် မည်သည့် အခါတွင်မှ ပဒါန်းသို့ ရောက်မလာနိုင်ဟု ယူဆခဲ့ ကြသော်လည်း ရခိုင်ပြည်နယ်ဘက်မှ တဖွဲဖွဲရောက်ရှိလာသော စစ်ဘေးဒုက္ခသည်များက ပဒါန်းမြို့ အနီးသို့ စစ် စတင်ရောက်နေကြောင်းကို ဖော်ပြသည်။ အမ်းမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားစဉ် အောက်တိုဘာလ အတွင်းက ပဒါန်းမြို့ခံ တစ်ဦးထံ ဆက်သွယ်ပြီး အခြေအနေကို မေးမြန်ကာ ထိုစဉ်က ဖော်ပြခဲ့ဖူး၏။ ယခု နောက်ဆုံး အခြေအနေများနှင့် ပတ်သက်၍ အထက်ပါ ဒေသခံကိုပင် ဆက်သွယ် မေးမြန်းကာ NP News ပရိသတ်များအတွက် ထပ်မံဖော်ပြအပ်ပါသည်။
မေး - ပထမဆုံး သိချင်တာက ပဒါန်းဟာ အရင်က ကော စစ်ကို တွေ့ကြုံဖူးလား ခင်ဗျ။
ဖြေ - ဟိုး အင်္ဂလိပ်မင်းတုန်းကလည်း တစ်ခါမှ မကြုံဖူးဘူး။ ဗိုလ်သက်ထွန်းတို့ဆိုတာကလည်း ရခိုင်ရိုးမမှာ နေတာလေ ပဒါန်းက မရှောင်ရဘူး။ တောက်လျှောက်လည်း စီးပွားရေး ကောင်းခဲ့တယ်။ ဗိုလ်သက်ထွန်းတုန်းက မင်းလှမြို့နယ် အနောက် ဘက်ခြမ်း က လက်ပံတံခါးတို့ ရှမ်းတပ်တို့ ကတော့ ပြေးရတယ်။ သူက ရခိုင်ရိုးမ တောင်တန်းဘက်မှာ နေတယ်လေ။ ပဒါန်းကတော့ ဘယ်တုန်းကမှ မရှောင်ရဘူး။ အမ်းကျသွားတယ် ဆိုတော့ လူတွေက ကျော်လာမလားဆိုပြီး အားလျော့နေကြတာပေါ့။
မေး - ပဒါန်းရဲ့ အဓိက စီးပွားရေးက ဘာများ ဖြစ်မလဲ ခင်ဗျာ။
ဖြေ - ပဒါန်းက အဓိက စီးပွားရေးက လယ်ယာ လုပ်တယ်။ နောက်တစ်ခါ လမ်းဆုံ လမ်းခွဆိုတော့ ကုန်စုံဆိုင်တွေ ရှိတယ်။ ရွှေဆိုင်တွေ ရှိတယ်။ နောက် တစ်ခါ ကျွန်တော်တို့နဲ့ အနီးတစ်ဝိုက်မှာ ကျောက်မီး သွေး လုပ်ကွက်တွေ ရှိတယ်။ ရေနံ လက်ယက်တွင်းတွေနဲ့ နီးတယ်။
မေး - လက်ရှိ ပဒါန်းမြို့က ဒေသခံတွေရဲ့ စိုးရိမ်မှုက ဘယ်လို ရှိနေပါသလဲ။
ဖြေ - ပဒါန်းမြို့ကတော့ ပိုက်ဆံရှိ အသိုင်း အဝိုင်းက တော့ စိုးရိမ်တာပေါ့လေ။ တချို့ကျတော့ လည်း မကွေးမှာ အိမ်တွေ ဘာတွေ ငှားပြီးပြီလို့ ပြောကြ တယ်။ သုံးပုံ ပုံ တစ်ပုံလောက်တော့ စိုးရိမ်တာ ရှိတာ ပေါ့။ ကျန်တဲ့သူတွေက မစိုးရိမ်ဘူးလား ဆိုတော့ အခုလိုပေါ့ အိမ်သွားငှားဖို့တို့ ဘာဖို့တော့ မရှိပါဘူး။
မေး - တိုက်ပွဲရောက်မှာတော့ စိုးရိမ်ကြတယ် ဒါပေမဲ့ မြို့မှာတော့ အခြေအနေ ကြည့်နေတယ် ဆိုတဲ့ သဘောလား။
ဖြေ - ဟုတ်တယ် ဟုတ်တယ် တိုက်ပွဲ ဖြစ်မှာ စိုးတယ်။ AA ကျွံလာမှာ စိုးတယ်။ ဗမာအချင်းချင်း PDF တွေက ဝင်လာမှာ စိုးတယ်။ သူတို့ကို ဝင်လာလို့ ရှိရင်တော့ မြို့လည်း ပျက်မယ် နောက်တစ်ခါ ပြည်သူတွေ ဒုက္ခရောက်မယ် ဆိုတာတော့ စိုးရိမ်တာပေါ့။
မေး - ပထမတစ်ကြိမ် ပြီးခဲ့တဲ့နှစ် အောက်တိုဘာ လလယ်တုန်းက NP News အတွက် အန်ကယ့်ကို ကျွန်တော်က အင်တာဗျူး လုပ်ခဲ့သေး တယ်လေ။ အဲဒီတုန်းက ပဒါန်းမြို့ဟာ အခုထက် အခြေအနေတွေ ကောင်းခဲ့တယ်လို့ ကျွန်တော် နားလည်ရပါတယ်။ ကြားကာလမှာ ဘယ်လောက် အထိ စိုးရိမ်စိတ် မြင့်တက်လာခဲ့သလဲ။
ဖြေ - ဟုတ်ကဲ့ သိပ်ပြီးတော့ နင်းကန်ပြီး ပြောင်းလဲ စိုးရိမ်လာတာတော့ မဟုတ်ဘူး။ ကျွန်တော်တို့က အမ်းကိုပဲ နားထောင်နေတာလေ။ အမ်းကနေပြီး ဒီဘက်ကို ကျွံလာနိုင်လား၊ မလာနိုင်လား နားထောင် ပြီးတော့ နေကြတာပေါ့။ အမ်းက ကျသွားတယ်လို့ ဆိုတဲ့ အခါ ဒီဘက်ကို ဝင်လာရင်တော့ စိုးရိမ်စိတ် ရှိတယ်။ ဒါပေမဲ့ ပဒါန်းမှာက (၃၇၅) အမြောက်တပ် ရှိတယ်။ (၄၀၉) အမြောက် တပ်ရင်း ရှိတယ်။ (၉၀၅) အမြောက်တပ်မ ရှိတယ်။ ကပစ (၁၄) စက်ရုံ ရှိတော့ သိပ်ပြီး အရမ်း နင်းကန်တော့ မစိုးရိမ်ဘူး။
မေး - ပဒါန်းဘက်ကို တိုက်ပွဲ ရောက်လာခဲ့ရင် ဘယ်လောက် အတိုင်းအတာ အထိ ပျက်စီးသွားနိုင် ပါသလဲ။
ဖြေ - ပဒါန်းမြို့ကတော့ တကယ်လို့များ ဖြစ်ရင်တော့ ပျက်စီးတာပေါ့။ ငဖဲမြို့နယ် ဆိုပေမယ့် ပဒါန်းက ငဖဲမြို့ထက် သုံးထပ်တိုက်တွေ ဒါမျိုးတွေက အစရှိပြီး လမ်းဆုံ လမ်းခွဖြစ်တော့ တော်တော်လေးတော့ စိုးရိမ်တာပေါ့ဗျာ။
မေး - အမ်း အခြေအနေက ပဒါန်းမြို့ စီးပွားရေးကို ဘယ်လောက် သက်ရောက်လဲ။
ဖြေ - စီးပွားရေးကတော့ ပြောကိုမနေနဲ့တော့။ ထမင်းဆိုင်တွေပဲ ပြောပြမယ်နော်။ ဘယ်လို ခေါ်မလဲ မန္တလေး - စစ်တွေ၊ မန္တလေး - ပဒါန်း စစ်တွေ၊ နေပြည်တော် - ပဒါန်း - စစ်တွေ အဲဒီလို သွားတဲ့ လမ်းဆုံလမ်းခွက ဆိုင်တွေပေါ့။ ဟိုတုန်းက ခေတ် ကောင်းတုန်းကဆိုင် ရောင်းကောင်းတဲ့ ဆိုင်တစ် ဆိုင်ကို တစ်နေ့ တစ်ည ရောင်းရငွေသည် (၂၅) သိန်း ဖိုးလောက် ရောင်းရတယ်။ အဲဒီလိုဆိုင်ဟာ ကိုဗစ်ကလည်း ကိုဗစ်မို့လို့၊ ကိုဗစ်ပြီးတော့ နိုင်ငံရေးနဲ့ ဆက်သွားကော။ ကိုဗစ်တုန်းကတော့ အရောင်း မပျက်ဘူး ဒါပေမဲ့ အဲဒါထက်တော့ နည်းတာပေါ့။ နိုင်ငံရေးတုန်းကလည်း အနည်းအပါးရောင်းရသေး တယ်။ အခု လုံးဝ မရောင်းရတာကတော့ AA က နေပြီး ရခိုင်က မြို့တွေကို တိုက်တာကနေ ပိတ်တာ မျိုးတွေ ရှိလာတာက အခုထိပဲ။ ဆိုင်တွေ အများကြီး ပဲ။ ရွှေဆိုင်တွေကော၊ ကားဝပ်ရှော့တွေကော အကုန်ကို တန့်သွားတာပဲ။ ဥပမာ တစ်ခု ပြောပြမယ် စားသောက်ဆိုင်တွေနဲ့ ပတ်သက်လို့ပေါ့။ ဆိုင်သာ ပိတ်ထားရတာ ယစ်မျိုးလိုင်စင်က တစ်နှစ် တစ်နှစ် ဆောင်ရတာ မလျှော့ဘူး။ မဆောင်ရင်လည်း ယစ်မျိုး လိုင်စင်ကို နိုင်ငံတော်က ပြန်သိမ်းမှာကိုး။ အဲဒီတော့ သိမ်းမှာ စိုးတော့ ဆိုင်ကြီး ပိတ်ထားရင်လည်း ဆောင်နေရတာပဲ။ မဆောင်ရင် လိုင်စင်သိမ်းမယ်တဲ့။ ဆိုတော့ လိုင်စင် ဘယ်သိမ်းခံနိုင်မလဲ အဲဒီလို ဖြစ်နေ ကြတာပဲ။
မေး - သာမန်လက်လုပ်လက်လုပ် လက်စားတွေရဲ့ ဘဝကကော ဘယ်လောက်အထိ ထိခိုက်မှု ရှိပါသလဲ။
ဖြေ - ထိခိုက်မှု ရှိတာကတော့ ပြောမနေနဲ့။ အခု လောလောဆယ်လေးမှာ ဥပမာ ကျောက်မီးသွေး ကုမ္ပဏီတွေမှာ သွားပြီးတော့ အခါတိုင်း ဆိုကြပါစို့ဗျာ တစ်သောင်းရတယ် ဆိုပါစို့ အခုက အလုပ်သမားက ပေါတော့ နှိမ်တာပေါ့။ ဈေးကိုလေ။ တစ်နေ့ လုပ်ခ အရင်က တစ်သောင်းရရင် အခုက ခုနှစ်ထောင် လောက်ပဲ ရတော့တယ်။ ပြီးတော့ အမ်းကနေ စစ်ဘေး ရှောင်လာတဲ့လူတွေကလည်း ပဒါန်းမှာ အများကြီးပဲ။ အရင်တုန်းကတော့ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမှာ ဖြစ်နေတော့ ဟယ် ဘုရား ဘုရား ဘုရား တို့ဆီများ ဖြစ်မလာပါနဲ့ ဘုရား ဘုရား။ အမ်း - စစ်တွေ လမ်းလေး ကောင်းနေတော့ ဘုရား ဘုရား တနေတာ။ AA က ရခိုင်ပြည်နယ်ထဲ ဝင်ချလိုက်တော့ အကျိုးကို နည်းကော။ နောက်ဆုံး အဆင့်က ဘယ် လိုဖြစ်နေတုန်းဆိုတော့ အမ်းကနေ စစ်ဘေးရှောင် လာတာက ငဖဲမြို့နယ်မှာ ဆိုရင် ရာချီထောင်ချီ ရှိတယ်။ ထားပါတော့ ငဖဲမြို့နယ်မှာ ရွာအုပ်စုတွေ ရှိတယ်လေ။ ပဒါန်မှာကို အများကြီး ရှိနိုင်တယ်။
မေး - ဒေသခံ တစ်ယောက် အနေနဲ့ပေါ့ အန်ကယ်တို့ ဒေသကို ဗဗ တွေ စိမ့်ဝင်လာမှာကို ဘယ်လောက် စိုးရိမ်လဲ။
ဖြေ - စိမ့်ဝင်လာလို့ကတော့ ပိုက်ဆံမရှိလို့မပြေးနိုင် တဲ့သူသာ(ဒီမှာကျန်ခဲ့မှာ) ပေါ့။ အကုန်နီးပါးက ရှောင်ဖို့ တိမ်းဖို့တော့ အဆင်သင့် ဖြစ်နေတယ်။
မေး - စီးပွားရေး သမားတွေက ခြေလှမ်းပြင်ထား ကြတာမျိုးလား။
ဖြေ - ဟုတ်တယ်။ စီးပွားရေး သမားတွေကျတော့ ဗြုန်းဆို အကုန်မသယ်နိုင်မှာ စိုးလို့လေ။ တချို့က လည်း စီးပွားရေးတွေကို ဥပမာ ခရီးသည်တင်ကားလို ဟာမျိုးဆို နေရာရွေ့ထားတာတို့ လုပ်ထားကြတယ် လေ။
မေး - ပဒါန်းက ပုံမှန်အတိုင်းကော စည်ကားသေး ရဲ့လား ခင်ဗျာ။
ဖြေ - ပဒါန်းက အခုအတိုင်းတော့ ပုံမှန်ပဲ။ စိတ်က သာ အဲဒီလို ကျော်လာမလား ဆိုပြီး ဖြစ်နေတာ။ ပြီးခဲ့တဲ့ တစ်လပိုင်း သုံးရက်လောက်က ထင်တယ် လွတ်လပ်ရေးနေ့ မရောက်ခင်က ငဖဲကနေ ကပစက စစ်သားတွေရယ်၊ ငဖဲဘက်က ပြည်သူ့စစ်တွေရယ် ငဖဲဘက်ကနေ စေတုတ္တရာကို သွားသလား ဒါမှ မဟုတ် ငဖဲနဲ့ စေတုတ္တရာ နယ်စပ်ကို လုံခြုံရေးရလား မသိဘူး ကားနဲ့သွားတော့ ဖရဲသီး သတင်းပေးတယ် ထင်တယ် ဆွဲမိုင်းနဲ့ ကားကို မိုင်းဆွဲခံလိုက်ရတယ်။ ထိခိုက်တာ ရှိတယ်ပြောတယ်။ အဲဒီလိုတွေ ရှိတယ်။ အုပ်ချုပ်ရေး ဘက်မှာလည်း လုံခြုံရေးအရ နေလာကြ ရတာတွေလည်း ရှိတာပေါ့။
မေး - အရပ်စကားနဲ့ ပြောရမယ်ဆိုရင်တော့ ဖရဲသီးပေါ့နော်။ သတင်းပေးတွေ ရှိနေတာလည်း ကျွန်တော်တို့ မြင်ရတယ်။ သူတို့ဟာ မြို့တွေကို တိုက်ပွဲခေါ်နေတဲ့သူတွေပေါ့လေ။ တို့မြို့ကို လာသိမ်း လှည့် ဆိုသူတွေပေါ့။ ဒီလိုလူတွေကို အန်ကယ်က ဘာများ ပြောချင်လဲ။
ဖြေ - အဲဒီဖရဲသီး တစ်ဖက်ပိတ်တွေကတော့ ပြောကို ပြောမနေ့နဲ့ သူတို့တွေကတော့ ကိုယ်ခံရဖို့ကို ထည့် မတွက်ပဲ သူတို့ပုံစံက စစ်တပ်ကို လာလုပ်စေချင် တာပေါ့။ စစ်တပ်ကလည်း သူတို့မှာလည်း ပြန်တွယ်ဖို့ ဆိုတာ ရှိပြီးသားပဲ။ လာတဲ့သူတွေက မိုးကုတ်မှာလား သပြေပန်းနဲ့ ကြိုတဲ့ အဖွဲ့တွေဟာလေ။ အခုလာတဲ့ PDF တို့ ဘာတို့က အကြမ်းဖက်အဖွဲ့တွေက စစ်တပ်ထဲကို တစ်ခါတည်းသွားမှာ မဟုတ်ဘူးလေ။ လာလိုက်ပြီတဲ့ စစ်တပ်က လှမ်းထုရင် သူတို့က ဘယ် လာမလဲ ဆိုတော့ ဘုရားကျောင်းဆောင်တို့ ဓမ္မာရုံတို့ အိမ်တွေထဲ ဝင်မှာလေ။ ဝင်သွားရင် ဒီစစ်တပ်က အိမ်ထဲ ဝင်သွားတယ်လို့၊ ကျောင်းထဲ ဝင်သွားတယ်လို့ မညှာဘူးလေ။ အဲဒီလူတွေကို ပြောရတာကလေ အန်ကယ့်အနေနဲ့ ပြောရတာကလေ စကားမပြော တတ်တဲ့ ခွေးကိုသာ သင်လိုက်ချင်တော့တယ် သူတို့ ကိုတော့ ပြောလို့ မရတော့ဘူး။ အဲဒီလိုကို ဖြစ်နေတာ။
မေး - ပဒါန်းဟာ ရခိုင်ရဲ့ တစ်ဖက် ခရီးလမ်းဆုံက နေရာပေါ့။ AA က ပဒါန်းကို လာသိမ်းမယ်၊ အရပ် ဖက် အုပ်ချုပ်ရေးကိုကျ ဗမာ PDF တွေကို ပေးပြီး နောက်ကွယ်က ကြိုးကိုင်မယ် ဆိုတာမျိုးကို လက်ခံ နိုင်လား။
ဖြေ - ဟင်း အံမယ်လေး အဲဒါကတော့ မေးကို မမေးနဲ့တော့ လုံးဝကို လုံးဝ ကို လက်ခံဖို့က ဝေးသေး ဝေးသေး။ လုံးဝ လက်မခံနိုင်ဘူး။ ကြားထဲဖြတ်ပြောဦး မယ် စစ်တွေမှာ တခါက ဟို ရှောင်ကြသေးတယ်လေ စစ်ဘေးရှောင်ကြတုန်းက။ ကျွန်တော်တို့ မိသားစု အနေနဲ့ ဆန်အိတ်တွေကော အဝတ်အစားတွေကော သွားလှူတာ သနားလို့ ဆိုပြီး လှူခဲ့တယ်နော်။ မိုခါမုန် တိုင်းတုန်းကလည်း ပိုက်ဆံ ထောက်ပံ့သေးတယ်။ အခုလို ဖြစ်စဉ်ကြီးဗျာ စစ်တပ်က သုံ့ပန်းတွေကိုလည်း အငြိုးတကြီးဗျာ သင်္ဘောပေါ်က ဆင်းလာတယ် ဓားတွေနဲ့ ခုတ်တာကစပြီး အခုတိုင်းကို ကြည့်ရ တာတော့ ကိုယ့်ရွာမှာ လာပြီး စစ်ဘေးရှောင်တာကို ဪသာ် သူတို့နဲ့တော့ မဆိုင်ပါဘူး ဆိုပြီး စိတ်က ထိန်းနေရတယ် ပွင့်ပွင့်လင်းလင်း ပြောရရင် AA အကြောင်းကို ကြားတောင် မကြားချင်ဘူး။ ငါတို့ ဗမာတွေက တိုင်းရင်းသားတွေကို ချစ်တယ်လေ။ သူတို့ကျတော့ ကိုယ့်စီးပွားရေးကိုယ် လုပ်တာ။ ဘာမှ ရခိုင်အရေး ကရင် အရေး ရှမ်းအရေး မဟုတ်ဘူး။ လက်နက်ကိုင်တွေက စီးပွားရေး လုပ်စားနေကြတာ။ ပဒါန်းကလေ အမ်း - စစ်တွေ သွားရတယ်၊ နောက် တစ်ခါ ဆော - ယော - ထီးလင်း - ဂန့်ဂေါ သွားရ တယ်။ နောက်တစ်ခါ စစ်ကိုင် - မုံရွာ သွားတဲ့လမ်း၊ မကွေး - နေပြည်တော် သွားတဲ့ လမ်း၊ နောက်တစ်ခါ ပြည် - ဥသျှစ်ပင် - ရန်ကုန်သွားတဲ့လမ်း လမ်းဆုံ လမ်းခွထဲမှာ နေတာ။ စိုးတော့ စိုးရိမ်တာပေါ့ ကိုယ့် ညီရာ။
မေး - ပဒါန်းဟာ စစ်ရဲ့ ခြိမ်းခြောက်မှု အောက်မှာ ရှိနေတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ မီဒီယာကနေ တဆင့်ပေါ့လေ။ ဘာများ ပြောချင်ပါ သလဲ။
ဖြေ - ဒီမှာ ကြားရတာပေါ့လေ။ ခြိမ်းခြောက်စကားပေါ့ PDF ဘက်က ကြားရတာပေါ့။ နှစ်လပိုင်း ကျရင်တော့ တိုက်ပွဲ ဖော်မယ်လို့လည်း ကြားရတယ်။ ရှောင်ဖို့ရှိတာ ရှောင်ကြပေါ့လေ။ တိုက်ပွဲ ဖော်မယ်လို့ ကြားရတာ တွေလည်း ရှိတယ်။ ပြည်သူအနေနဲ့ ဒေသခံအနေနဲ့ ပြောရမယ်ဆိုရင် ဒေသခံတွေက စိုးရိမ်နေတယ်။ အဲဒီ အကြမ်းဖက် အဖွဲ့အစည်းကို အမြန်ဆုံး ငြိမ်းချမ်းသွားအောင် ကျွန်တော်တို့ ငယ်ငယ်က သူပုန် ဗိုလ်သက်ထွန်းကို လုပ်သလို အမြန်ဆုံး ငြိမ်းချမ်းသွားအောင် တပ်မတော်ကြီးက အကြမ်းဖက် အဖွဲ့အစည်းကို နှိမ်နင်းပေးပါလို့ ပြည်သူတစ်ယောက် အနေနဲ့ တောင်းဆိုချင်တယ်။
မေး - ဒါက နောက်ဆုံး မေးခွန်းပါ ပဒါန်းကို စစ်လာရင် ဘယ်ဘက်ကို အားပြုပြီး ရှောင်ကြမလဲ ခင်ဗျာ။
ဖြေ - မကွေးကိုပေါ့နော်။ မကွေးမြို့ပေါ်ဘက်ပေါ့။ လက်လုပ်လက်စားတွေကတော့ ဘယ်လွယ်မလဲ။ အသေခံရဖို့။ အခုကို ဒုက္ခတွေ များနေကြတယ်လေ။
ကျေးဇူးတင်ပါတယ် ခင်ဗျာ။
zawgyi version
အမ္း-အက်၊ ပဒါန္း-အပူ ေဒသခံေတြရဲ႕အသံ ဗေလာင္ဆူ
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၁၅
ရခိုင္ျပည္နယ္၏ တစ္ဖက္ကမ္းတြင္ ရွိေသာ ငဖဲၿမိဳ႕နယ္အတြင္းက ပဒါန္းၿမိဳ႕သည္ အခ်က္အခ်ာက်ေသာ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး သမိုင္းတ ေလွ်ာက္တြင္ လည္း ေအးခ်မ္းသည့္ ေနရာေဒသငယ္ တစ္ခုျဖစ္ခဲ့သည္။ သို႔ေသာ္ ယခုအခါ စစ္မီး ဟပ္ျခင္းကို ႀကဳံေတြ႕ေနၾကရသည္။ စစ္သည္ မည္သည့္ အခါတြင္မွ ပဒါန္းသို႔ ေရာက္မလာႏိုင္ဟု ယူဆခဲ့ ၾကေသာ္လည္း ရခိုင္ျပည္နယ္ဘက္မွ တဖြဲဖြဲေရာက္ရွိလာေသာ စစ္ေဘးဒုကၡသည္မ်ားက ပဒါန္းၿမိဳ႕ အနီးသို႔ စစ္ စတင္ေရာက္ေနေၾကာင္းကို ေဖာ္ျပသည္။ အမ္းၿမိဳ႕နယ္အတြင္း တိုက္ပြဲမ်ားျဖစ္ပြားစဥ္ ေအာက္တိုဘာလ အတြင္းက ပဒါန္းၿမိဳ႕ခံ တစ္ဦးထံ ဆက္သြယ္ၿပီး အေျခအေနကို ေမးျမန္ကာ ထိုစဥ္က ေဖာ္ျပခဲ့ဖူး၏။ ယခု ေနာက္ဆုံး အေျခအေနမ်ားႏွင့္ ပတ္သက္၍ အထက္ပါ ေဒသခံကိုပင္ ဆက္သြယ္ ေမးျမန္းကာ NP News ပရိသတ္မ်ားအတြက္ ထပ္မံေဖာ္ျပအပ္ပါသည္။
ေမး - ပထမဆုံး သိခ်င္တာက ပဒါန္းဟာ အရင္က ေကာ စစ္ကို ေတြ႕ႀကဳံဖူးလား ခင္ဗ်။
ေျဖ - ဟိုး အဂၤလိပ္မင္းတုန္းကလည္း တစ္ခါမွ မႀကဳံဖူးဘူး။ ဗိုလ္သက္ထြန္းတို႔ဆိုတာကလည္း ရခိုင္႐ိုးမမွာ ေနတာေလ ပဒါန္းက မေရွာင္ရဘူး။ ေတာက္ေလွ်ာက္လည္း စီးပြားေရး ေကာင္းခဲ့တယ္။ ဗိုလ္သက္ထြန္းတုန္းက မင္းလွၿမိဳ႕နယ္ အေနာက္ ဘက္ျခမ္း က လက္ပံတံခါးတို႔ ရွမ္းတပ္တို႔ ကေတာ့ ေျပးရတယ္။ သူက ရခိုင္႐ိုးမ ေတာင္တန္းဘက္မွာ ေနတယ္ေလ။ ပဒါန္းကေတာ့ ဘယ္တုန္းကမွ မေရွာင္ရဘူး။ အမ္းက်သြားတယ္ ဆိုေတာ့ လူေတြက ေက်ာ္လာမလားဆိုၿပီး အားေလ်ာ့ေနၾကတာေပါ့။
ေမး - ပဒါန္းရဲ႕ အဓိက စီးပြားေရးက ဘာမ်ား ျဖစ္မလဲ ခင္ဗ်ာ။
ေျဖ - ပဒါန္းက အဓိက စီးပြားေရးက လယ္ယာ လုပ္တယ္။ ေနာက္တစ္ခါ လမ္းဆုံ လမ္းခြဆိုေတာ့ ကုန္စုံဆိုင္ေတြ ရွိတယ္။ ေ႐ႊဆိုင္ေတြ ရွိတယ္။ ေနာက္ တစ္ခါ ကြၽန္ေတာ္တို႔နဲ႔ အနီးတစ္ဝိုက္မွာ ေက်ာက္မီး ေသြး လုပ္ကြက္ေတြ ရွိတယ္။ ေရနံ လက္ယက္တြင္းေတြနဲ႔ နီးတယ္။
ေမး - လက္ရွိ ပဒါန္းၿမိဳ႕က ေဒသခံေတြရဲ႕ စိုးရိမ္မႈက ဘယ္လို ရွိေနပါသလဲ။
ေျဖ - ပဒါန္းၿမိဳ႕ကေတာ့ ပိုက္ဆံရွိ အသိုင္း အဝိုင္းက ေတာ့ စိုးရိမ္တာေပါ့ေလ။ တခ်ိဳ႕က်ေတာ့ လည္း မေကြးမွာ အိမ္ေတြ ဘာေတြ ငွားၿပီးၿပီလို႔ ေျပာၾက တယ္။ သုံးပုံ ပုံ တစ္ပုံေလာက္ေတာ့ စိုးရိမ္တာ ရွိတာ ေပါ့။ က်န္တဲ့သူေတြက မစိုးရိမ္ဘူးလား ဆိုေတာ့ အခုလိုေပါ့ အိမ္သြားငွားဖို႔တို႔ ဘာဖို႔ေတာ့ မရွိပါဘူး။
ေမး - တိုက္ပြဲေရာက္မွာေတာ့ စိုးရိမ္ၾကတယ္ ဒါေပမဲ့ ၿမိဳ႕မွာေတာ့ အေျခအေန ၾကည့္ေနတယ္ ဆိုတဲ့ သေဘာလား။
ေျဖ - ဟုတ္တယ္ ဟုတ္တယ္ တိုက္ပြဲ ျဖစ္မွာ စိုးတယ္။ AA ကြၽံလာမွာ စိုးတယ္။ ဗမာအခ်င္းခ်င္း PDF ေတြက ဝင္လာမွာ စိုးတယ္။ သူတို႔ကို ဝင္လာလို႔ ရွိရင္ေတာ့ ၿမိဳ႕လည္း ပ်က္မယ္ ေနာက္တစ္ခါ ျပည္သူေတြ ဒုကၡေရာက္မယ္ ဆိုတာေတာ့ စိုးရိမ္တာေပါ့။
ေမး - ပထမတစ္ႀကိမ္ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာ လလယ္တုန္းက NP News အတြက္ အန္ကယ့္ကို ကြၽန္ေတာ္က အင္တာဗ်ဴး လုပ္ခဲ့ေသး တယ္ေလ။ အဲဒီတုန္းက ပဒါန္းၿမိဳ႕ဟာ အခုထက္ အေျခအေနေတြ ေကာင္းခဲ့တယ္လို႔ ကြၽန္ေတာ္ နားလည္ရပါတယ္။ ၾကားကာလမွာ ဘယ္ေလာက္ အထိ စိုးရိမ္စိတ္ ျမင့္တက္လာခဲ့သလဲ။
ေျဖ - ဟုတ္ကဲ့ သိပ္ၿပီးေတာ့ နင္းကန္ၿပီး ေျပာင္းလဲ စိုးရိမ္လာတာေတာ့ မဟုတ္ဘူး။ ကြၽန္ေတာ္တို႔က အမ္းကိုပဲ နားေထာင္ေနတာေလ။ အမ္းကေနၿပီး ဒီဘက္ကို ကြၽံလာႏိုင္လား၊ မလာႏိုင္လား နားေထာင္ ၿပီးေတာ့ ေနၾကတာေပါ့။ အမ္းက က်သြားတယ္လို႔ ဆိုတဲ့ အခါ ဒီဘက္ကို ဝင္လာရင္ေတာ့ စိုးရိမ္စိတ္ ရွိတယ္။ ဒါေပမဲ့ ပဒါန္းမွာက (၃၇၅) အေျမာက္တပ္ ရွိတယ္။ (၄၀၉) အေျမာက္ တပ္ရင္း ရွိတယ္။ (၉၀၅) အေျမာက္တပ္မ ရွိတယ္။ ကပစ (၁၄) စက္႐ုံ ရွိေတာ့ သိပ္ၿပီး အရမ္း နင္းကန္ေတာ့ မစိုးရိမ္ဘူး။
ေမး - ပဒါန္းဘက္ကို တိုက္ပြဲ ေရာက္လာခဲ့ရင္ ဘယ္ေလာက္ အတိုင္းအတာ အထိ ပ်က္စီးသြားႏိုင္ ပါသလဲ။
ေျဖ - ပဒါန္းၿမိဳ႕ကေတာ့ တကယ္လို႔မ်ား ျဖစ္ရင္ေတာ့ ပ်က္စီးတာေပါ့။ ငဖဲၿမိဳ႕နယ္ ဆိုေပမယ့္ ပဒါန္းက ငဖဲၿမိဳ႕ထက္ သုံးထပ္တိုက္ေတြ ဒါမ်ိဳးေတြက အစရွိၿပီး လမ္းဆုံ လမ္းခြျဖစ္ေတာ့ ေတာ္ေတာ္ေလးေတာ့ စိုးရိမ္တာေပါ့ဗ်ာ။
ေမး - အမ္း အေျခအေနက ပဒါန္းၿမိဳ႕ စီးပြားေရးကို ဘယ္ေလာက္ သက္ေရာက္လဲ။
ေျဖ - စီးပြားေရးကေတာ့ ေျပာကိုမေနနဲ႔ေတာ့။ ထမင္းဆိုင္ေတြပဲ ေျပာျပမယ္ေနာ္။ ဘယ္လို ေခၚမလဲ မႏၲေလး - စစ္ေတြ၊ မႏၲေလး - ပဒါန္း စစ္ေတြ၊ ေနျပည္ေတာ္ - ပဒါန္း - စစ္ေတြ အဲဒီလို သြားတဲ့ လမ္းဆုံလမ္းခြက ဆိုင္ေတြေပါ့။ ဟိုတုန္းက ေခတ္ ေကာင္းတုန္းကဆိုင္ ေရာင္းေကာင္းတဲ့ ဆိုင္တစ္ ဆိုင္ကို တစ္ေန႔ တစ္ည ေရာင္းရေငြသည္ (၂၅) သိန္း ဖိုးေလာက္ ေရာင္းရတယ္။ အဲဒီလိုဆိုင္ဟာ ကိုဗစ္ကလည္း ကိုဗစ္မို႔လို႔၊ ကိုဗစ္ၿပီးေတာ့ ႏိုင္ငံေရးနဲ႔ ဆက္သြားေကာ။ ကိုဗစ္တုန္းကေတာ့ အေရာင္း မပ်က္ဘူး ဒါေပမဲ့ အဲဒါထက္ေတာ့ နည္းတာေပါ့။ ႏိုင္ငံေရးတုန္းကလည္း အနည္းအပါးေရာင္းရေသး တယ္။ အခု လုံးဝ မေရာင္းရတာကေတာ့ AA က ေနၿပီး ရခိုင္က ၿမိဳ႕ေတြကို တိုက္တာကေန ပိတ္တာ မ်ိဳးေတြ ရွိလာတာက အခုထိပဲ။ ဆိုင္ေတြ အမ်ားႀကီး ပဲ။ ေ႐ႊဆိုင္ေတြေကာ၊ ကားဝပ္ေရွာ့ေတြေကာ အကုန္ကို တန႔္သြားတာပဲ။ ဥပမာ တစ္ခု ေျပာျပမယ္ စားေသာက္ဆိုင္ေတြနဲ႔ ပတ္သက္လို႔ေပါ့။ ဆိုင္သာ ပိတ္ထားရတာ ယစ္မ်ိဳးလိုင္စင္က တစ္ႏွစ္ တစ္ႏွစ္ ေဆာင္ရတာ မေလွ်ာ့ဘူး။ မေဆာင္ရင္လည္း ယစ္မ်ိဳး လိုင္စင္ကို ႏိုင္ငံေတာ္က ျပန္သိမ္းမွာကိုး။ အဲဒီေတာ့ သိမ္းမွာ စိုးေတာ့ ဆိုင္ႀကီး ပိတ္ထားရင္လည္း ေဆာင္ေနရတာပဲ။ မေဆာင္ရင္ လိုင္စင္သိမ္းမယ္တဲ့။ ဆိုေတာ့ လိုင္စင္ ဘယ္သိမ္းခံႏိုင္မလဲ အဲဒီလို ျဖစ္ေန ၾကတာပဲ။
ေမး - သာမန္လက္လုပ္လက္လုပ္ လက္စားေတြရဲ႕ ဘဝကေကာ ဘယ္ေလာက္အထိ ထိခိုက္မႈ ရွိပါသလဲ။
ေျဖ - ထိခိုက္မႈ ရွိတာကေတာ့ ေျပာမေနနဲ႔။ အခု ေလာေလာဆယ္ေလးမွာ ဥပမာ ေက်ာက္မီးေသြး ကုမၸဏီေတြမွာ သြားၿပီးေတာ့ အခါတိုင္း ဆိုၾကပါစို႔ဗ်ာ တစ္ေသာင္းရတယ္ ဆိုပါစို႔ အခုက အလုပ္သမားက ေပါေတာ့ ႏွိမ္တာေပါ့။ ေဈးကိုေလ။ တစ္ေန႔ လုပ္ခ အရင္က တစ္ေသာင္းရရင္ အခုက ခုႏွစ္ေထာင္ ေလာက္ပဲ ရေတာ့တယ္။ ၿပီးေတာ့ အမ္းကေန စစ္ေဘး ေရွာင္လာတဲ့လူေတြကလည္း ပဒါန္းမွာ အမ်ားႀကီးပဲ။ အရင္တုန္းကေတာ့ ရွမ္းျပည္နယ္ ေျမာက္ပိုင္း လားရႈိးမွာ ျဖစ္ေနေတာ့ ဟယ္ ဘုရား ဘုရား ဘုရား တို႔ဆီမ်ား ျဖစ္မလာပါနဲ႔ ဘုရား ဘုရား။ အမ္း - စစ္ေတြ လမ္းေလး ေကာင္းေနေတာ့ ဘုရား ဘုရား တေနတာ။ AA က ရခိုင္ျပည္နယ္ထဲ ဝင္ခ်လိုက္ေတာ့ အက်ိဳးကို နည္းေကာ။ ေနာက္ဆုံး အဆင့္က ဘယ္ လိုျဖစ္ေနတုန္းဆိုေတာ့ အမ္းကေန စစ္ေဘးေရွာင္ လာတာက ငဖဲၿမိဳ႕နယ္မွာ ဆိုရင္ ရာခ်ီေထာင္ခ်ီ ရွိတယ္။ ထားပါေတာ့ ငဖဲၿမိဳ႕နယ္မွာ ႐ြာအုပ္စုေတြ ရွိတယ္ေလ။ ပဒါန္မွာကို အမ်ားႀကီး ရွိႏိုင္တယ္။
ေမး - ေဒသခံ တစ္ေယာက္ အေနနဲ႔ေပါ့ အန္ကယ္တို႔ ေဒသကို ဗဗ ေတြ စိမ့္ဝင္လာမွာကို ဘယ္ေလာက္ စိုးရိမ္လဲ။
ေျဖ - စိမ့္ဝင္လာလို႔ကေတာ့ ပိုက္ဆံမရွိလို႔မေျပးႏိုင္ တဲ့သူသာ(ဒီမွာက်န္ခဲ့မွာ) ေပါ့။ အကုန္နီးပါးက ေရွာင္ဖို႔ တိမ္းဖို႔ေတာ့ အဆင္သင့္ ျဖစ္ေနတယ္။
ေမး - စီးပြားေရး သမားေတြက ေျခလွမ္းျပင္ထား ၾကတာမ်ိဳးလား။
ေျဖ - ဟုတ္တယ္။ စီးပြားေရး သမားေတြက်ေတာ့ ျဗဳန္းဆို အကုန္မသယ္ႏိုင္မွာ စိုးလို႔ေလ။ တခ်ိဳ႕က လည္း စီးပြားေရးေတြကို ဥပမာ ခရီးသည္တင္ကားလို ဟာမ်ိဳးဆို ေနရာေ႐ြ႕ထားတာတို႔ လုပ္ထားၾကတယ္ ေလ။
ေမး - ပဒါန္းက ပုံမွန္အတိုင္းေကာ စည္ကားေသး ရဲ႕လား ခင္ဗ်ာ။
ေျဖ - ပဒါန္းက အခုအတိုင္းေတာ့ ပုံမွန္ပဲ။ စိတ္က သာ အဲဒီလို ေက်ာ္လာမလား ဆိုၿပီး ျဖစ္ေနတာ။ ၿပီးခဲ့တဲ့ တစ္လပိုင္း သုံးရက္ေလာက္က ထင္တယ္ လြတ္လပ္ေရးေန႔ မေရာက္ခင္က ငဖဲကေန ကပစက စစ္သားေတြရယ္၊ ငဖဲဘက္က ျပည္သူ႔စစ္ေတြရယ္ ငဖဲဘက္ကေန ေစတုတၱရာကို သြားသလား ဒါမွ မဟုတ္ ငဖဲနဲ႔ ေစတုတၱရာ နယ္စပ္ကို လုံၿခဳံေရးရလား မသိဘူး ကားနဲ႔သြားေတာ့ ဖရဲသီး သတင္းေပးတယ္ ထင္တယ္ ဆြဲမိုင္းနဲ႔ ကားကို မိုင္းဆြဲခံလိုက္ရတယ္။ ထိခိုက္တာ ရွိတယ္ေျပာတယ္။ အဲဒီလိုေတြ ရွိတယ္။ အုပ္ခ်ဳပ္ေရး ဘက္မွာလည္း လုံၿခဳံေရးအရ ေနလာၾက ရတာေတြလည္း ရွိတာေပါ့။
ေမး - အရပ္စကားနဲ႔ ေျပာရမယ္ဆိုရင္ေတာ့ ဖရဲသီးေပါ့ေနာ္။ သတင္းေပးေတြ ရွိေနတာလည္း ကြၽန္ေတာ္တို႔ ျမင္ရတယ္။ သူတို႔ဟာ ၿမိဳ႕ေတြကို တိုက္ပြဲေခၚေနတဲ့သူေတြေပါ့ေလ။ တို႔ၿမိဳ႕ကို လာသိမ္း လွည့္ ဆိုသူေတြေပါ့။ ဒီလိုလူေတြကို အန္ကယ္က ဘာမ်ား ေျပာခ်င္လဲ။
ေျဖ - အဲဒီဖရဲသီး တစ္ဖက္ပိတ္ေတြကေတာ့ ေျပာကို ေျပာမေန႔နဲ႔ သူတို႔ေတြကေတာ့ ကိုယ္ခံရဖို႔ကို ထည့္ မတြက္ပဲ သူတို႔ပုံစံက စစ္တပ္ကို လာလုပ္ေစခ်င္ တာေပါ့။ စစ္တပ္ကလည္း သူတို႔မွာလည္း ျပန္တြယ္ဖို႔ ဆိုတာ ရွိၿပီးသားပဲ။ လာတဲ့သူေတြက မိုးကုတ္မွာလား သေျပပန္းနဲ႔ ႀကိဳတဲ့ အဖြဲ႕ေတြဟာေလ။ အခုလာတဲ့ PDF တို႔ ဘာတို႔က အၾကမ္းဖက္အဖြဲ႕ေတြက စစ္တပ္ထဲကို တစ္ခါတည္းသြားမွာ မဟုတ္ဘူးေလ။ လာလိုက္ၿပီတဲ့ စစ္တပ္က လွမ္းထုရင္ သူတို႔က ဘယ္ လာမလဲ ဆိုေတာ့ ဘုရားေက်ာင္းေဆာင္တို႔ ဓမၼာ႐ုံတို႔ အိမ္ေတြထဲ ဝင္မွာေလ။ ဝင္သြားရင္ ဒီစစ္တပ္က အိမ္ထဲ ဝင္သြားတယ္လို႔၊ ေက်ာင္းထဲ ဝင္သြားတယ္လို႔ မညႇာဘူးေလ။ အဲဒီလူေတြကို ေျပာရတာကေလ အန္ကယ့္အေနနဲ႔ ေျပာရတာကေလ စကားမေျပာ တတ္တဲ့ ေခြးကိုသာ သင္လိုက္ခ်င္ေတာ့တယ္ သူတို႔ ကိုေတာ့ ေျပာလို႔ မရေတာ့ဘူး။ အဲဒီလိုကို ျဖစ္ေနတာ။
ေမး - ပဒါန္းဟာ ရခိုင္ရဲ႕ တစ္ဖက္ ခရီးလမ္းဆုံက ေနရာေပါ့။ AA က ပဒါန္းကို လာသိမ္းမယ္၊ အရပ္ ဖက္ အုပ္ခ်ဳပ္ေရးကိုက် ဗမာ PDF ေတြကို ေပးၿပီး ေနာက္ကြယ္က ႀကိဳးကိုင္မယ္ ဆိုတာမ်ိဳးကို လက္ခံ ႏိုင္လား။
ေျဖ - ဟင္း အံမယ္ေလး အဲဒါကေတာ့ ေမးကို မေမးနဲ႔ေတာ့ လုံးဝကို လုံးဝ ကို လက္ခံဖို႔က ေဝးေသး ေဝးေသး။ လုံးဝ လက္မခံႏိုင္ဘူး။ ၾကားထဲျဖတ္ေျပာဦး မယ္ စစ္ေတြမွာ တခါက ဟို ေရွာင္ၾကေသးတယ္ေလ စစ္ေဘးေရွာင္ၾကတုန္းက။ ကြၽန္ေတာ္တို႔ မိသားစု အေနနဲ႔ ဆန္အိတ္ေတြေကာ အဝတ္အစားေတြေကာ သြားလႉတာ သနားလို႔ ဆိုၿပီး လႉခဲ့တယ္ေနာ္။ မိုခါမုန္ တိုင္းတုန္းကလည္း ပိုက္ဆံ ေထာက္ပံ့ေသးတယ္။ အခုလို ျဖစ္စဥ္ႀကီးဗ်ာ စစ္တပ္က သုံ႔ပန္းေတြကိုလည္း အၿငိဳးတႀကီးဗ်ာ သေဘၤာေပၚက ဆင္းလာတယ္ ဓားေတြနဲ႔ ခုတ္တာကစၿပီး အခုတိုင္းကို ၾကည့္ရ တာေတာ့ ကိုယ့္႐ြာမွာ လာၿပီး စစ္ေဘးေရွာင္တာကို ဪသာ္ သူတို႔နဲ႔ေတာ့ မဆိုင္ပါဘူး ဆိုၿပီး စိတ္က ထိန္းေနရတယ္ ပြင့္ပြင့္လင္းလင္း ေျပာရရင္ AA အေၾကာင္းကို ၾကားေတာင္ မၾကားခ်င္ဘူး။ ငါတို႔ ဗမာေတြက တိုင္းရင္းသားေတြကို ခ်စ္တယ္ေလ။ သူတို႔က်ေတာ့ ကိုယ့္စီးပြားေရးကိုယ္ လုပ္တာ။ ဘာမွ ရခိုင္အေရး ကရင္ အေရး ရွမ္းအေရး မဟုတ္ဘူး။ လက္နက္ကိုင္ေတြက စီးပြားေရး လုပ္စားေနၾကတာ။ ပဒါန္းကေလ အမ္း - စစ္ေတြ သြားရတယ္၊ ေနာက္ တစ္ခါ ေဆာ - ေယာ - ထီးလင္း - ဂန႔္ေဂါ သြားရ တယ္။ ေနာက္တစ္ခါ စစ္ကိုင္ - မုံ႐ြာ သြားတဲ့လမ္း၊ မေကြး - ေနျပည္ေတာ္ သြားတဲ့ လမ္း၊ ေနာက္တစ္ခါ ျပည္ - ဥသွ်စ္ပင္ - ရန္ကုန္သြားတဲ့လမ္း လမ္းဆုံ လမ္းခြထဲမွာ ေနတာ။ စိုးေတာ့ စိုးရိမ္တာေပါ့ ကိုယ့္ ညီရာ။
ေမး - ပဒါန္းဟာ စစ္ရဲ႕ ၿခိမ္းေျခာက္မႈ ေအာက္မွာ ရွိေနတဲ့ ေဒသတစ္ခု ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ မီဒီယာကေန တဆင့္ေပါ့ေလ။ ဘာမ်ား ေျပာခ်င္ပါ သလဲ။
ေျဖ - ဒီမွာ ၾကားရတာေပါ့ေလ။ ၿခိမ္းေျခာက္စကားေပါ့ PDF ဘက္က ၾကားရတာေပါ့။ ႏွစ္လပိုင္း က်ရင္ေတာ့ တိုက္ပြဲ ေဖာ္မယ္လို႔လည္း ၾကားရတယ္။ ေရွာင္ဖို႔ရွိတာ ေရွာင္ၾကေပါ့ေလ။ တိုက္ပြဲ ေဖာ္မယ္လို႔ ၾကားရတာ ေတြလည္း ရွိတယ္။ ျပည္သူအေနနဲ႔ ေဒသခံအေနနဲ႔ ေျပာရမယ္ဆိုရင္ ေဒသခံေတြက စိုးရိမ္ေနတယ္။ အဲဒီ အၾကမ္းဖက္ အဖြဲ႕အစည္းကို အျမန္ဆုံး ၿငိမ္းခ်မ္းသြားေအာင္ ကြၽန္ေတာ္တို႔ ငယ္ငယ္က သူပုန္ ဗိုလ္သက္ထြန္းကို လုပ္သလို အျမန္ဆုံး ၿငိမ္းခ်မ္းသြားေအာင္ တပ္မေတာ္ႀကီးက အၾကမ္းဖက္ အဖြဲ႕အစည္းကို ႏွိမ္နင္းေပးပါလို႔ ျပည္သူတစ္ေယာက္ အေနနဲ႔ ေတာင္းဆိုခ်င္တယ္။
ေမး - ဒါက ေနာက္ဆုံး ေမးခြန္းပါ ပဒါန္းကို စစ္လာရင္ ဘယ္ဘက္ကို အားျပဳၿပီး ေရွာင္ၾကမလဲ ခင္ဗ်ာ။
ေျဖ - မေကြးကိုေပါ့ေနာ္။ မေကြးၿမိဳ႕ေပၚဘက္ေပါ့။ လက္လုပ္လက္စားေတြကေတာ့ ဘယ္လြယ္မလဲ။ အေသခံရဖို႔။ အခုကို ဒုကၡေတြ မ်ားေနၾကတယ္ေလ။
ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။