ပျဉ်းမနားတွင် ခင်မင်ရင်းနှီးသူကို သတ်ဖြတ်၊ စွန့်ပစ်သည့်ဖြစ်စဉ်မှ တရားခံအချို့ဖမ်းမိ

 781

ချယ်ရီ (NP News) - ဇန်နဝါရီ ၁၅

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်တွင် အသက်မပြည့်သေးသူအပါအဝင် လူငယ်(၃)ဦးက ငွေလိုသောကြောင့် ခင်မင်ရင်းနှီးသူကို သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ဖြစ်စဉ်တွင် သေဆုံးသူအမျိုးသား၏ရုပ်အလောင်းကို ပြီးခဲ့သည့် (ဇန်နဝါရီလ ၇ ရက်)က ပျဉ်းမနားမြို့နယ်၊ သဲကျွန်းကျေးရွာရှိ PNPT ကလေး အားကစားကွင်းအနီး၊ ယာခင်းလူသွားလမ်းပေါ်တွင် စတင်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အလောင်း၏ပါးစပ်အတွင်း ကျွန်းရွက်ခြောက်များ ဆို့သွင်းကာ လက်နှစ်ဖက်နှင့် ခြေထောက်နှစ်ဖက်တို့ကို အင်္ကျီ၊ ပလတ်စတစ်ကြိုးများဖြင့် ချည်နှောင်ထားပြီး ဦးခေါင်းနောက်စေ့တွင်လည်း ပြတ်ရှဒဏ်ရာ(၁)ချက်၊ ခန္ဓာကိုယ်တွင် ပွန်းခြစ်ဒဏ်ရာများ၊ ဝဲဘက်နားရွက်၌ သွေးထွက်ဒဏ်ရာများဖြင့် တွေ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရသည်။

အလောင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ပြစ်မှုကျူးလွန်သူများကို ဖမ်းမိရေး ရွာကောက်နယ်မြေရဲစခန်းတွင် (ပ) ၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုရေးဖွင့် စုံစမ်းဆောင်ရွက်ခဲ့ရာ သေဆုံးသူမှာ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်း (၁) ရပ်ကွက်တွင် နေထိုင်သော အသက်(၃၄)နှစ်အရွယ်ရှိ ကျော်ဇင်မိုးဖြစ်ကြောင်းနှင့် ၎င်းသည် ဇန်နဝါရီလ (၆) ရက်၊ ည (၈) နာရီခွဲအချိန်ခန့်က နေအိမ်မှ နှင်းဆီအဝိုင်းဘက်သို့ Infinix အမျိုးအစား ဖုန်း (၁) လုံး၊ ငွေကျပ် (၅၀,၀၀၀) ခန့်ပါ ပိုက်ဆံအိတ် (၁) လုံး၊ ယာဉ်မောင်းလိုင်စင် (၁) ခု၊ စမတ်ကတ်တို့ကို ယူဆောင်သွားကာ Scoppy အမျိုးအစားဆိုင်ကယ်(၁) စီးဖြင့် သွားရောက်ရာမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးနေသူဖြစ်သည်ဟု ဖော်ထုတ်သိရှိခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် အမှုနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီလ (၁၂) ရက်၊ ညပိုင်းတွင် ပြစ်မှုကျူးလွန်သူ ပျဉ်းမနားမြို့နယ်၊ မြို့သစ်ရပ်ကွက်တွင် နေထိုင်သည့် အသက်(၂၀)နှစ်အရွယ်ရှိ ဝေဠုကျော်နှင့် သဲကျွန်းကျေးရွာတွင် နေထိုင်သည့် အသက်(၁၆)နှစ်အရွယ် ကောင်းခန့်ဇော် (ခ) ဆင်ပေါက်တို့ (၂) ဦးကို ၎င်းတို့၏နေအိမ်အသီးသီး၌ အခင်းဖြစ်စဉ်က လုယက်ယူဆောင်သွားခဲ့သည့် သက်သေခံ Scoppy အမျိုးအစား ဆိုင်ကယ် (၁) စီးနှင့် Infinix အမျိုးအစားလက်ကိုင်ဖုန်း (၁) လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ ဝေဠုကျော်နှင့် ကောင်းခန့်ဇော် (ခ) ဆင်ပေါက်တို့၏ ထွက်ဆိုချက်အရ ၎င်းတို့နှင့်အတူ ပြစ်မှုကျူးလွန်ရာ၌ပါဝင်သူ ဖမ်းဆီးရန်ကျန်ရှိသည့် ကျော်ဇင်ထက်တို့ (၃) ဦးသည် PNPT ကလေးအားကစားကွင်းအနီးရှိ ယာခင်းလူသွားလမ်းပေါ်တွင် ခင်မင်ရင်းနှီးသူ ကျော်ဇင်မိုးနှင့် တွေ့ဆုံစဉ် ငွေကြေးလိုအပ်ချက်ကြောင့် ကျော်ဇင်မိုးကို သတ်ဖြတ်ခဲ့ကြပြီး ၎င်း၏ Scoppy အမျိုးအစား ဆိုင်ကယ်နှင့် infinix အမျိုးစား လက်ကိုင်ဖုန်း ၁ လုံး၊ ငွေကျပ် ၅၀,၀၀၀ ခန့်တို့ကို လုယက်ယူဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်ချက်အရ သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူ ဝေဠုကျော်နှင့် ကောင်းခန့်ဇော် (ခ) ဆင်ပေါက်တို့ (၂)ဦးကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရန်ကျန်ရှိနေသည့် ပြစ်မှုကျူးလွန်သူ ကျော်ဇင်ထက်ကို ဖမ်းဆီးရမိနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

zawgyi version
ပ်ဥ္းမနားတြင္ ခင္မင္ရင္းႏွီးသူကို သတ္ျဖတ္၊ စြန႔္ပစ္သည့္ျဖစ္စဥ္မွ တရားခံအခ်ိဳ႕ဖမ္းမိ
ခ်ယ္ရီ (NP News) - ဇန္နဝါရီ ၁၅

ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ပ်ဥ္းမနားၿမိဳ႕နယ္တြင္ အသက္မျပည့္ေသးသူအပါအဝင္ လူငယ္(၃)ဦးက ေငြလိုေသာေၾကာင့္ ခင္မင္ရင္းႏွီးသူကို သတ္ျဖတ္ၿပီး အေလာင္းစြန႔္ပစ္သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။ အဆိုပါ ျဖစ္စဥ္တြင္ ေသဆုံးသူအမ်ိဳးသား၏႐ုပ္အေလာင္းကို ၿပီးခဲ့သည့္ (ဇန္နဝါရီလ ၇ ရက္)က ပ်ဥ္းမနားၿမိဳ႕နယ္၊ သဲကြၽန္းေက်း႐ြာရွိ PNPT ကေလး အားကစားကြင္းအနီး၊ ယာခင္းလူသြားလမ္းေပၚတြင္ စတင္ေတြ႕ရွိခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

အေလာင္း၏ပါးစပ္အတြင္း ကြၽန္း႐ြက္ေျခာက္မ်ား ဆို႔သြင္းကာ လက္ႏွစ္ဖက္ႏွင့္ ေျခေထာက္ႏွစ္ဖက္တို႔ကို အက်ႌ၊ ပလတ္စတစ္ႀကိဳးမ်ားျဖင့္ ခ်ည္ေႏွာင္ထားၿပီး ဦးေခါင္းေနာက္ေစ့တြင္လည္း ျပတ္ရွဒဏ္ရာ(၁)ခ်က္၊ ခႏၶာကိုယ္တြင္ ပြန္းျခစ္ဒဏ္ရာမ်ား၊ ဝဲဘက္နား႐ြက္၌ ေသြးထြက္ဒဏ္ရာမ်ားျဖင့္ ေတြ႕ရျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရသည္။

အေလာင္းကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စစ္ေဆးမႈမ်ား ျပဳလုပ္ၿပီးေနာက္ ျပစ္မႈက်ဴးလြန္သူမ်ားကို ဖမ္းမိေရး ႐ြာေကာက္နယ္ေျမရဲစခန္းတြင္ (ပ) ၄/၂၀၂၅၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈေရးဖြင့္ စုံစမ္းေဆာင္႐ြက္ခဲ့ရာ ေသဆုံးသူမွာ ပ်ဥ္းမနားၿမိဳ႕နယ္၊ ေပါင္းေလာင္း (၁) ရပ္ကြက္တြင္ ေနထိုင္ေသာ အသက္(၃၄)ႏွစ္အ႐ြယ္ရွိ ေက်ာ္ဇင္မိုးျဖစ္ေၾကာင္းႏွင့္ ၎သည္ ဇန္နဝါရီလ (၆) ရက္၊ ည (၈) နာရီခြဲအခ်ိန္ခန႔္က ေနအိမ္မွ ႏွင္းဆီအဝိုင္းဘက္သို႔ Infinix အမ်ိဳးအစား ဖုန္း (၁) လုံး၊ ေငြက်ပ္ (၅၀,၀၀၀) ခန႔္ပါ ပိုက္ဆံအိတ္ (၁) လုံး၊ ယာဥ္ေမာင္းလိုင္စင္ (၁) ခု၊ စမတ္ကတ္တို႔ကို ယူေဆာင္သြားကာ Scoppy အမ်ိဳးအစားဆိုင္ကယ္(၁) စီးျဖင့္ သြားေရာက္ရာမွ ေနအိမ္သို႔ ျပန္လည္ေရာက္ရွိလာျခင္းမရွိဘဲ ေပ်ာက္ဆုံးေနသူျဖစ္သည္ဟု ေဖာ္ထုတ္သိရွိခဲ့ရေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ေနာက္ အမႈႏွင့္ပတ္သက္၍ ဆက္လက္ေဆာင္႐ြက္ခဲ့ရာ ဇန္နဝါရီလ (၁၂) ရက္၊ ညပိုင္းတြင္ ျပစ္မႈက်ဴးလြန္သူ ပ်ဥ္းမနားၿမိဳ႕နယ္၊ ၿမိဳ႕သစ္ရပ္ကြက္တြင္ ေနထိုင္သည့္ အသက္(၂၀)ႏွစ္အ႐ြယ္ရွိ ေဝဠဳေက်ာ္ႏွင့္ သဲကြၽန္းေက်း႐ြာတြင္ ေနထိုင္သည့္ အသက္(၁၆)ႏွစ္အ႐ြယ္ ေကာင္းခန႔္ေဇာ္ (ခ) ဆင္ေပါက္တို႔ (၂) ဦးကို ၎တို႔၏ေနအိမ္အသီးသီး၌ အခင္းျဖစ္စဥ္က လုယက္ယူေဆာင္သြားခဲ့သည့္ သက္ေသခံ Scoppy အမ်ိဳးအစား ဆိုင္ကယ္ (၁) စီးႏွင့္ Infinix အမ်ိဳးအစားလက္ကိုင္ဖုန္း (၁) လုံးတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသူ ေဝဠဳေက်ာ္ႏွင့္ ေကာင္းခန႔္ေဇာ္ (ခ) ဆင္ေပါက္တို႔၏ ထြက္ဆိုခ်က္အရ ၎တို႔ႏွင့္အတူ ျပစ္မႈက်ဴးလြန္ရာ၌ပါဝင္သူ ဖမ္းဆီးရန္က်န္ရွိသည့္ ေက်ာ္ဇင္ထက္တို႔ (၃) ဦးသည္ PNPT ကေလးအားကစားကြင္းအနီးရွိ ယာခင္းလူသြားလမ္းေပၚတြင္ ခင္မင္ရင္းႏွီးသူ ေက်ာ္ဇင္မိုးႏွင့္ ေတြ႕ဆုံစဥ္ ေငြေၾကးလိုအပ္ခ်က္ေၾကာင့္ ေက်ာ္ဇင္မိုးကို သတ္ျဖတ္ခဲ့ၾကၿပီး ၎၏ Scoppy အမ်ိဳးအစား ဆိုင္ကယ္ႏွင့္ infinix အမ်ိဳးစား လက္ကိုင္ဖုန္း ၁ လုံး၊ ေငြက်ပ္ ၅၀,၀၀၀ ခန႔္တို႔ကို လုယက္ယူေဆာင္ခဲ့ၾကျခင္းျဖစ္ေၾကာင္း ေဖာ္ထုတ္ခ်က္အရ သိရသည္။

ထို႔ေၾကာင့္ ျပစ္မႈက်ဴးလြန္သူ ေဝဠဳေက်ာ္ႏွင့္ ေကာင္းခန႔္ေဇာ္ (ခ) ဆင္ေပါက္တို႔ (၂)ဦးကို ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူ ေဆာင္႐ြက္လ်က္ရွိၿပီး ဖမ္းဆီးရန္က်န္ရွိေနသည့္ ျပစ္မႈက်ဴးလြန္သူ ေက်ာ္ဇင္ထက္ကို ဖမ္းဆီးရမိႏိုင္ေရးအတြက္ ဆက္လက္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.