ထိုင်းနိုင်ငံ ဖူးခက်ကျွန်းမှာ jet ski တစ်စီးတိမ်းမှောက်ခဲ့ပြီး တရုတ်ခရီးသွားတစ်ဦးသေဆုံး

 127

Pika (NP News) - ဇန်နဝါရီ ၁၅

ထိုင်းနိုင်ငံ ဖူးခက်ကျွန်းမှာ ဇန်နဝါရီလ(၁၄)ရက်က jet ski တစ်စီးတိမ်းမှောက်ခဲ့ရာ တရုတ်နိုင်ငံသားတစ်ဦးသေဆုံးခဲ့ပြီး အခြားလူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။

အဲဒီတိမ်းမှောက်မှု ဘာကြောင့်ဖြစ်ပွားရတယ်ဆိုတဲ့အချက်ကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ ဒီဖြစ်ရပ်ဟာ ဖူးခက်ကျွန်းအနီးမှာ အချိန်(၂)ရက်အတွင်း တရုတ်ခရီးသွားတွေပါဝင်တဲ့ မတော်တဆမှုဖြစ်ရပ် ဒုတိယအကြိမ်မြောက်ဖြစ်ပွားတာလို့လည်း သိရပါတယ်။ ထိုင်းနိုင်ငံဟာ တရုတ်ခရီးသွားတွေအတွက် ရေပန်းစားတဲ့ ခရီးသွားနေရာတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

ဖူးခက်ကျွန်းမြောက်ဘက် ကော့ရာချာကျွန်း ကမ်းလွန်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁၃)ရက်က လည်း တရုတ်နိုင်ငံသား(၃၃)ဦးနဲ့ အမှုထမ်း(၅)ဦးလိုက်ပါလာတဲ့ သင်္ဘောတစ်စီးတိမ်းမှောက်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း အဲဒီသင်္ဘောပေါ်မှာလိုက်ပါလာတဲ့လူတွေအားလုံးကို အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့ပြီး လူအသေအပျောက်မရှိခဲ့ဘူးလို့လည်းသိရပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက ထိုင်းနိုင်ငံကို တရုတ်ခရီးသွား(၆ ဒသမ ၇)သန်း လာရောက်လည်ပတ်မှုနဲ့အတူ ထိုင်းနိုင်ငံကို အများဆုံးလာရောက်လည်ပတ်တဲ့ ဧည့်သည်တွေအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့သိရပါတယ်။

zawgyi version
ထိုင္းႏိုင္ငံ ဖူးခက္ကြၽန္းမွာ jet ski တစ္စီးတိမ္းေမွာက္ခဲ့ၿပီး တ႐ုတ္ခရီးသြားတစ္ဦးေသဆုံး
Pika (NP News) - ဇန္နဝါရီ ၁၅

ထိုင္းႏိုင္ငံ ဖူးခက္ကြၽန္းမွာ ဇန္နဝါရီလ(၁၄)ရက္က jet ski တစ္စီးတိမ္းေမွာက္ခဲ့ရာ တ႐ုတ္ႏိုင္ငံသားတစ္ဦးေသဆုံးခဲ့ၿပီး အျခားလူတစ္ဦးထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ မီဒီယာေတြက ေရးသားေဖာ္ျပခဲ့ပါတယ္။

အဲဒီတိမ္းေမွာက္မႈ ဘာေၾကာင့္ျဖစ္ပြားရတယ္ဆိုတဲ့အခ်က္ကို စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။ ဒီျဖစ္ရပ္ဟာ ဖူးခက္ကြၽန္းအနီးမွာ အခ်ိန္(၂)ရက္အတြင္း တ႐ုတ္ခရီးသြားေတြပါဝင္တဲ့ မေတာ္တဆမႈျဖစ္ရပ္ ဒုတိယအႀကိမ္ေျမာက္ျဖစ္ပြားတာလို႔လည္း သိရပါတယ္။ ထိုင္းႏိုင္ငံဟာ တ႐ုတ္ခရီးသြားေတြအတြက္ ေရပန္းစားတဲ့ ခရီးသြားေနရာတစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။

ဖူးခက္ကြၽန္းေျမာက္ဘက္ ေကာ့ရာခ်ာကြၽန္း ကမ္းလြန္မွာ ၿပီးခဲ့တဲ့ ဇန္နဝါရီလ(၁၃)ရက္က လည္း တ႐ုတ္ႏိုင္ငံသား(၃၃)ဦးနဲ႔ အမႈထမ္း(၅)ဦးလိုက္ပါလာတဲ့ သေဘၤာတစ္စီးတိမ္းေမွာက္ခဲ့တယ္လို႔ သိရပါတယ္။ ဒါေပမဲ့လည္း အဲဒီသေဘၤာေပၚမွာလိုက္ပါလာတဲ့လူေတြအားလုံးကို ေအာင္ျမင္စြာကယ္ဆယ္ႏိုင္ခဲ့ၿပီး လူအေသအေပ်ာက္မရွိခဲ့ဘူးလို႔လည္းသိရပါတယ္။ ၿပီးခဲ့တဲ့ႏွစ္တုန္းက ထိုင္းႏိုင္ငံကို တ႐ုတ္ခရီးသြား(၆ ဒသမ ၇)သန္း လာေရာက္လည္ပတ္မႈနဲ႔အတူ ထိုင္းႏိုင္ငံကို အမ်ားဆုံးလာေရာက္လည္ပတ္တဲ့ ဧည့္သည္ေတြအျဖစ္ မွတ္တမ္းဝင္ခဲ့တယ္လို႔သိရပါတယ္။

Related news

© 2021. All rights reserved.