ပုပ္ပါး(၂၀၀)မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်နိုင်ရန်အတွက် လိုအပ်သည်များကို နိုင်ငံတော်မူဝါဒနှင့်အညီ ပံ့ပိုးပေးမည်ဟုဆို
246
ယွန်း (NP News)- ဇန်နဝါရီ ၁၅
ပုပ္ပါး(၂၀၀)မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်နိုင်ရန်အတွက် လိုအပ်သည်များကို နိုင်ငံတော်မူဝါဒနှင့်အညီ ပံ့ပိုးပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က အသိပေးပြောကြားထားသည်။
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က ဇန်နဝါရီ(၁၄)ရက်တွင် တိုင်းဒေကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည့် ပုပ္ပါး (၂၀၀) မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းတာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရန် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များကို အသုံးပြု၍ နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လေအားလျှပ်စစ်စီမံကိန်းလည်း တစ်ခုအပါအဝင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လေစွမ်းအင်ဖြင့် လျှပ်စစ်ထုတ်လုပ်နိုင်ရန် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှု ဆောင်ရွက်ဆဲ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် MOU လက်မှတ်ရေးထိုးထားသည့် လေအားလျှပ်စစ်စီမံကိန်း (၈) ခုတွင် ကျောက်ပန်းတောင်းမြိုနယ်၌ အကောင်အထည်ဖော်ဆောင်ရွက်မည့် ပုပ္ပါး (၂၀၀) မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်းလည်း ပါဝင်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းအား အမြန်ဆုံးအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းများဆောင်ရွက်နေမှုများအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်သည်များကို နိုင်ငံတော်မူဝါဒများနှင့်အညီ ကူညီပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဦးမျိုးအောင်က အသိပေးပြောထားသည်။
ယခုကာလတွင် လျှပ်စစ်ဓာတ်အား ပျမ်းမျှတစ်ရက်လျှင်(၂၂၀၀)မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်ပြီး ထုတ်လုပ်နိုင်မှု၏ (၅၀)ရာခိုင်နှုန်းခန့်ကိုသာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်သည့်အတွက် နေပြည်တော် အပါအဝင် တစ်နိုင်ငံလုံးကို အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေနေရ ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြီးခဲ့သည့်ရက်ပိုင်းတွင် အသိပေးထုတ်ပြန်ထားသည်။
zawgyi version
ပုပၸါး(၂၀၀)မဂၢါဝပ္ ေလအားလွ်ပ္စစ္စီမံကိန္း အေကာင္အထည္ေဖာ္ႏိုင္ရန္အတြက္ လိုအပ္သည္မ်ားကို ႏိုင္ငံေတာ္မူဝါဒႏွင့္အညီ ပံ့ပိုးေပးမည္ဟုဆို
ယြန္း (NP News)- ဇန္နဝါရီ ၁၅
ပုပၸါး(၂၀၀)မဂၢါဝပ္ ေလအားလွ်ပ္စစ္စီမံကိန္း အေကာင္အထည္ေဖာ္ႏိုင္ရန္အတြက္ လိုအပ္သည္မ်ားကို ႏိုင္ငံေတာ္မူဝါဒႏွင့္အညီ ပံ့ပိုးေပးမည္ျဖစ္ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးမ်ိဳးေအာင္က အသိေပးေျပာၾကားထားသည္။
မႏၲေလးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္က ဇန္နဝါရီ(၁၄)ရက္တြင္ တိုင္းေဒႀကီးအစိုးရအဖြဲ႕႐ုံး အစည္းအေဝးခန္းမ၌ ျပဳလုပ္ခဲ့သည့္ ပုပၸါး (၂၀၀) မဂၢါဝပ္ ေလအားလွ်ပ္စစ္စီမံကိန္း အေကာင္ အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ေရးအတြက္ စီမံကိန္းတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ႏိုင္ငံေတာ္အေနျဖင့္ လွ်ပ္စစ္ဓာတ္အား လိုအပ္ခ်က္ျဖည့္ဆည္းေပးႏိုင္ရန္ ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္အရင္းအျမစ္မ်ားကို အသုံးျပဳ၍ နည္းလမ္းမ်ိဳးစုံျဖင့္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိရာ ေလအားလွ်ပ္စစ္စီမံကိန္းလည္း တစ္ခုအပါအဝင္ျဖစ္သည္။ ျမန္မာႏိုင္ငံတြင္ ေလစြမ္းအင္ျဖင့္ လွ်ပ္စစ္ထုတ္လုပ္ႏိုင္ရန္ ျဖစ္ေျမာက္ႏိုင္စြမ္းေလ့လာမႈ ေဆာင္႐ြက္ဆဲ လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနႏွင့္ MOU လက္မွတ္ေရးထိုးထားသည့္ ေလအားလွ်ပ္စစ္စီမံကိန္း (၈) ခုတြင္ ေက်ာက္ပန္းေတာင္းၿမိဳနယ္၌ အေကာင္အထည္ေဖာ္ေဆာင္႐ြက္မည့္ ပုပၸါး (၂၀၀) မဂၢါဝပ္ ေလအားလွ်ပ္စစ္စီမံကိန္းလည္း ပါဝင္ေၾကာင္း သိရသည္။
အဆိုပါစီမံကိန္းအား အျမန္ဆုံးေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ေရးႏွင့္ လုပ္ငန္းမ်ားေဆာင္႐ြက္ေနမႈမ်ားအေပၚ တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ လိုအပ္သည္မ်ားကို ႏိုင္ငံေတာ္မူဝါဒမ်ားႏွင့္အညီ ကူညီပံ့ပိုးေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း ဦးမ်ိဳးေအာင္က အသိေပးေျပာထားသည္။
ယခုကာလတြင္ လွ်ပ္စစ္ဓာတ္အား ပ်မ္းမွ်တစ္ရက္လွ်င္(၂၂၀၀)မဂၢါဝပ္သာ ထုတ္လုပ္ႏိုင္ၿပီး ထုတ္လုပ္ႏိုင္မႈ၏ (၅၀)ရာခိုင္ႏႈန္းခန႔္ကိုသာ ထုတ္လုပ္ျဖန႔္ျဖဴးေပးႏိုင္သည့္အတြက္ ေနျပည္ေတာ္ အပါအဝင္ တစ္ႏိုင္ငံလုံးကို အလွည့္က်စနစ္ျဖင့္ လွ်ပ္စစ္ဓာတ္အားျဖန႔္ျဖဴးေပေနရ ေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနမွ ၿပီးခဲ့သည့္ရက္ပိုင္းတြင္ အသိေပးထုတ္ျပန္ထားသည္။