တောင်ငူရှေးဟောင်းနယ်မြေက ချင်းမိုင်ကဲ့သို့ ပြည်တွင်း/ပြည်ပ ခရီးသွားများ စိတ်ဝင်စားစရာနေရာဖြစ်နိုင်
184
စော (NP News) - ဇန်နဝါရီ ၁၅
တောင်ငူမြို့နှင့် ပတ်ဝန်းကျင်ရှိ တိမ်မြုပ်နေသော ရှေးဟောင်းနေရာများကို အပြည့်အဝဖော် ထုတ်မည်ဆိုပါက ပြည်တွင်း၊ ပြည်ပခရီးသွားများအတွက် စိတ်ဝင်စားစရာနေရာဖြစ်နိုင်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက NP News ကို ပြောသည်။
လက်ရှိတွင် ကေတုမတီမြို့ဟောင်းနှင့် ပတ်သက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာနမှ ကွင်းဆင်းလေ့လာခဲ့ပြီး တူးဖော်သုတေသနလုပ်ငန်းကို ဇန်နဝါရီလတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
"တောင်ငူက ပြန်ပြီးတော့ မြို့ရိုးပတ် ချာလည်ကိုဖော်ဖို့အတွက်ကို ရေတိုရေရှည်လုပ်ငန်း တွေဆောင်ရွက်ဖို့ရှိတယ်။ ကျုံးတွေလည်း ပဲခူးထက်စာရင် တောင်ငူကကျုံးလေးဘက်လုံးရှိတယ်။ မန္တလေးမြို့လိုပဲ လေးဘက်လုံးရှိတယ်။ ကျွန်တော်တို့က မြို့ရိုးတစ်လျှောက်ကို ဖော်လိုက်ရင် မြို့ရိုးတွေ ထွက်လာမယ်။ တံခါးပေါက်တွေ ထွက်လာမယ်။ အဲဒါဆိုရင် ချင်းမိုင်လို ဆောင်ရွက်လို့ရတယ်။ ချင်းမိုင်လို ခရီးသွားလုပ်ငန်းကိုအထောက်အကူဖြစ်စေ တဲ့ မြို့တစ်ခုအနေနဲ့ ဆောင်ရွက်လို့ရတယ်"ဟု ဦးကျော်မျိုးဝင်းက ပြောသည်။
အဆိုပါတူးဖော်သုတေသနလုပ်ငန်းကို ပဲခူး တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်တိုင် ကူညီခြင်း၊ အားပေးခြင်းနှင့် ပံ့ပိုးပေးခြင်းရှိနေကြောင်း သိရသည်။ "အခုအနေအထားမှာတော့ ရှေးဟောင်းဆိုက်တွေက နည်းသေးတယ်ပေါ့နော်။ တူးဖော်ရေး ရှေးဟောင်းဆိုက်တွေက နည်းသေးတယ်။ သမိုင်း ရာဇဝင်အားဖြင့်ကတော့ သူကတော်တော်လေးကို ယဉ်ကျေးမှုထုထည်၊ ကွင်းဆင်းတဲ့တွေ့ရှိချက်မှာလည်း ယဉ်ကျေးမှုထုထည်တော်တော်လေးကြီး တယ်။ သူ့ချည်းပဲမဟုတ်ဘူး။ ကေတုမတီမြို့ဟောင်း ထက်စောတဲ့ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးရဲ့ ဟိုဘက်တစ် ချက်မှာလည်း သူ့အရင်တောင်ငူကြီးတို့၊ တောင်ငူလေးတို့ ဒါမျိုးမြို့ဟောင်းတွေက သူနဲ့ဆက် နွှယ်နေတဲ့ မြို့ဟောင်းတွေလည်းရှိတယ်။ သူရဲ့အရှေ့ဘက်မှာလည်း ဒွါရဝတီမြို့ဟောင်းဆိုတာ ကေတု မတီမတည်ခင် ဒွါရဝတီမြို့ကို မင်းကြီးညိုကနေတည်ပြီးတော့ အနှစ် (၂၀)နေခဲ့တယ်။ သမိုင်း ရာဇဝင်အရ အနှစ်(၂၀)နေခဲ့ပြီးတော့မှ ကေတုမတီမြို့ဟောင်းကို ထူထောင်တာပေါ့။ အဲဒီလို မျိုးပေါ့ စသဖြင့် အဲဒီဟာတွေပါ ဆက်စပ်ပြီးတော့ တူးဖော်ပြီးတော့ ထိန်းသိမ်းလိုက်မယ်။ နိုင်ငံခြား သားခရီးသွားတွေ၊ ပြည်တွင်း၊ ပြည်ပခရီးသွားတွေ ပြမယ်ဆိုရင်တော့ ယိုးဒယားမှာရှိတဲ့ ချင်းမိုင်လိုပေါ့။ နိုင်ငံတကာကနေ လည်ပတ်စရာ၊ ပြည်တွင်းက ဧည့် သည်တွေလည်ပတ်စရာမြို့ တစ်မြို့ဖြစ်လာမယ်လို့ မှန်းဆတယ်။ ယူဆတယ်"ဟု ၎င်းကဆက်လက် ပြောသည်။
မင်းကြီးညို တည်ထောင်ခဲ့သော ကေတုမတီမြို့ဟောင်းသည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင် တည်ရှိကာ ယခုအချိန်တွင်နှစ်ပေါင်း (၅၁၄)နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။
zawgyi version
ေတာင္ငူေရွးေဟာင္းနယ္ေျမက ခ်င္းမိုင္ကဲ့သို႔ ျပည္တြင္း/ျပည္ပ ခရီးသြားမ်ား စိတ္ဝင္စားစရာေနရာျဖစ္ႏိုင္
ေစာ (NP News) - ဇန္နဝါရီ ၁၅
ေတာင္ငူၿမိဳ႕ႏွင့္ ပတ္ဝန္းက်င္ရွိ တိမ္ျမဳပ္ေနေသာ ေရွးေဟာင္းေနရာမ်ားကို အျပည့္အဝေဖာ္ ထုတ္မည္ဆိုပါက ျပည္တြင္း၊ ျပည္ပခရီးသြားမ်ားအတြက္ စိတ္ဝင္စားစရာေနရာျဖစ္ႏိုင္ေၾကာင္း သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ေရွးေဟာင္းသုေတသနႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးေက်ာ္မ်ိဳးဝင္းက NP News ကို ေျပာသည္။
လက္ရွိတြင္ ေကတုမတီၿမိဳ႕ေဟာင္းႏွင့္ ပတ္သက္၍ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳး သားျပတိုက္ဦးစီးဌာနမွ ကြင္းဆင္းေလ့လာခဲ့ၿပီး တူးေဖာ္သုေတသနလုပ္ငန္းကို ဇန္နဝါရီလတြင္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
"ေတာင္ငူက ျပန္ၿပီးေတာ့ ၿမိဳ႕႐ိုးပတ္ ခ်ာလည္ကိုေဖာ္ဖို႔အတြက္ကို ေရတိုေရရွည္လုပ္ငန္း ေတြေဆာင္႐ြက္ဖို႔ရွိတယ္။ က်ဳံးေတြလည္း ပဲခူးထက္စာရင္ ေတာင္ငူကက်ဳံးေလးဘက္လုံးရွိတယ္။ မႏၲေလးၿမိဳ႕လိုပဲ ေလးဘက္လုံးရွိတယ္။ ကြၽန္ေတာ္တို႔က ၿမိဳ႕႐ိုးတစ္ေလွ်ာက္ကို ေဖာ္လိုက္ရင္ ၿမိဳ႕႐ိုးေတြ ထြက္လာမယ္။ တံခါးေပါက္ေတြ ထြက္လာမယ္။ အဲဒါဆိုရင္ ခ်င္းမိုင္လို ေဆာင္႐ြက္လို႔ရတယ္။ ခ်င္းမိုင္လို ခရီးသြားလုပ္ငန္းကိုအေထာက္အကူျဖစ္ေစ တဲ့ ၿမိဳ႕တစ္ခုအေနနဲ႔ ေဆာင္႐ြက္လို႔ရတယ္"ဟု ဦးေက်ာ္မ်ိဳးဝင္းက ေျပာသည္။
အဆိုပါတူးေဖာ္သုေတသနလုပ္ငန္းကို ပဲခူး တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ကိုယ္တိုင္ ကူညီျခင္း၊ အားေပးျခင္းႏွင့္ ပံ့ပိုးေပးျခင္းရွိေနေၾကာင္း သိရသည္။ "အခုအေနအထားမွာေတာ့ ေရွးေဟာင္းဆိုက္ေတြက နည္းေသးတယ္ေပါ့ေနာ္။ တူးေဖာ္ေရး ေရွးေဟာင္းဆိုက္ေတြက နည္းေသးတယ္။ သမိုင္း ရာဇဝင္အားျဖင့္ကေတာ့ သူကေတာ္ေတာ္ေလးကို ယဥ္ေက်းမႈထုထည္၊ ကြင္းဆင္းတဲ့ေတြ႕ရွိခ်က္မွာလည္း ယဥ္ေက်းမႈထုထည္ေတာ္ေတာ္ေလးႀကီး တယ္။ သူ႔ခ်ည္းပဲမဟုတ္ဘူး။ ေကတုမတီၿမိဳ႕ေဟာင္း ထက္ေစာတဲ့ ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီးရဲ႕ ဟိုဘက္တစ္ ခ်က္မွာလည္း သူ႔အရင္ေတာင္ငူႀကီးတို႔၊ ေတာင္ငူေလးတို႔ ဒါမ်ိဳးၿမိဳ႕ေဟာင္းေတြက သူနဲ႔ဆက္ ႏႊယ္ေနတဲ့ ၿမိဳ႕ေဟာင္းေတြလည္းရွိတယ္။ သူရဲ႕အေရွ႕ဘက္မွာလည္း ဒြါရဝတီၿမိဳ႕ေဟာင္းဆိုတာ ေကတု မတီမတည္ခင္ ဒြါရဝတီၿမိဳ႕ကို မင္းႀကီးညိဳကေနတည္ၿပီးေတာ့ အႏွစ္ (၂၀)ေနခဲ့တယ္။ သမိုင္း ရာဇဝင္အရ အႏွစ္(၂၀)ေနခဲ့ၿပီးေတာ့မွ ေကတုမတီၿမိဳ႕ေဟာင္းကို ထူေထာင္တာေပါ့။ အဲဒီလို မ်ိဳးေပါ့ စသျဖင့္ အဲဒီဟာေတြပါ ဆက္စပ္ၿပီးေတာ့ တူးေဖာ္ၿပီးေတာ့ ထိန္းသိမ္းလိုက္မယ္။ ႏိုင္ငံျခား သားခရီးသြားေတြ၊ ျပည္တြင္း၊ ျပည္ပခရီးသြားေတြ ျပမယ္ဆိုရင္ေတာ့ ယိုးဒယားမွာရွိတဲ့ ခ်င္းမိုင္လိုေပါ့။ ႏိုင္ငံတကာကေန လည္ပတ္စရာ၊ ျပည္တြင္းက ဧည့္ သည္ေတြလည္ပတ္စရာၿမိဳ႕ တစ္ၿမိဳ႕ျဖစ္လာမယ္လို႔ မွန္းဆတယ္။ ယူဆတယ္"ဟု ၎ကဆက္လက္ ေျပာသည္။
မင္းႀကီးညိဳ တည္ေထာင္ခဲ့ေသာ ေကတုမတီၿမိဳ႕ေဟာင္းသည္ ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕နယ္တြင္ တည္ရွိကာ ယခုအခ်ိန္တြင္ႏွစ္ေပါင္း (၅၁၄)ႏွစ္ရွိၿပီျဖစ္ေၾကာင္း သိရသည္။