ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရ
648
NP News - ဇန်နဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်ဉ်မှာ ယနေ့(ဇန်နဝါရီလ ၁၅ ရက်)၊ နံနက် ၉နာရီအချိန်ခန့်က ကျုံပျော်မြို့နယ်၊ သောင်ရွာအုပ်စု၊ ဖိုးထောင်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းအနီး ဈေးဆိုင်ရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါကျေးရွာတွင်နေထိုင်သည့် ညောင်ပင်ဆိပ်ကျေးရွာအုပ်စု အုပ် ချုပ်ရေးမှူး ဦးမြင့်သောင်းသည် အထက်ပါနေရာအရောက်တွင် အကြမ်းဖက်သမားက သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးမြင့်သောင်းတွင် ကျည်ထိမှန်ဒဏ်ရများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် လုပ်ကြံသတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
zawgyi version
ဧရာဝတီတိုင္း က်ဳံေပ်ာ္ၿမိဳ႕နယ္တြင္ ေက်း႐ြာအုပ္စုအုပ္ခ်ဳပ္ေရးမႉးတစ္ဦး ေသနတ္ျဖင့္ လုပ္ႀကံသတ္ျဖတ္ခံရ
NP News - ဇန္နဝါရီ ၁၅
ဧရာဝတီတိုင္းေဒသႀကီး၊ က်ဳံေပ်ာ္ၿမိဳ႕နယ္တြင္ ေက်း႐ြာအုပ္စုအုပ္ခ်ဳပ္ေရးမႉးတစ္ဦး ေသနတ္ျဖင့္ လုပ္ႀကံသတ္ျဖတ္ခံခဲ့ရေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
ျဖစ္ဥ္မွာ ယေန႔(ဇန္နဝါရီလ ၁၅ ရက္)၊ နံနက္ ၉နာရီအခ်ိန္ခန႔္က က်ဳံေပ်ာ္ၿမိဳ႕နယ္၊ ေသာင္႐ြာအုပ္စု၊ ဖိုးေထာင္ေက်း႐ြာ အေျခခံပညာ မူလတန္းေက်ာင္းအနီး ေဈးဆိုင္ေရွ႕တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါေက်း႐ြာတြင္ေနထိုင္သည့္ ေညာင္ပင္ဆိပ္ေက်း႐ြာအုပ္စု အုပ္ ခ်ဳပ္ေရးမႉး ဦးျမင့္ေသာင္းသည္ အထက္ပါေနရာအေရာက္တြင္ အၾကမ္းဖက္သမားက ေသနတ္ျဖင့္ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ ဦးျမင့္ေသာင္းတြင္ က်ည္ထိမွန္ဒဏ္ရမ်ားရရွိကာ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ လုပ္ႀကံသတ္ျဖတ္ခဲ့သည့္ အၾကမ္းဖက္သမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီထိေရာက္စြာ အျပစ္ေပးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။