ဒေါ်နယ်ထရမ့်ရဲ့ကျမ်းသစ္စာကျိန်ဆိုပွဲကို ဟန်ဂေရီဝန်ကြီးချုပ် မတက်ရောက်နိုင်

 501

Pika (NP News) ဇန်နဝါရီ ၁၆

ဟန်ဂေရီဝန်ကြီးချုပ်ဗစ်တောအော်ဗန်ဟာ အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်မှာ မဟုတ်ဘူးလို့ အတည်ပြုခဲ့တယ်လို့ ဟန်ဂေရီအစိုးရက ဇန်နဝါရီလ(၁၅)ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဗစ်တောအော်ဗန်ဟာ ပြည်တွင်းရေးကိစ္စတွေနဲ့ အချိန်ဇယားပြည့်နေတာမလို့ လာမယ့် ဇန်နဝါရီလ(၂၀)ရက်မှာ ကျင်းပမယ့် ဒေါ်နယ်ထရမ့်ရဲ့ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့ မဖြစ်နိုင်ခဲ့တာလို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က အမေရိကန်သမ္မတအဖြစ် ပြန်လည်တာဝန်ယူခြင်းဟာ ယူကရိန်းမှာငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်လိမ့်မယ်ဆိုတဲ့ ၎င်းရဲ့ယုံကြည်မှုတွေကို ဒေါ်နယ်ထရမ့်ရဲ့ထောက်ခံသူ ဗစ်တောအော်ဗန်က ယခင်က ထုတ်ဖော်ပြောဆိုခဲ့ဖူးတယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ယူကရိန်းပဋိပက္ခဆက်လက်ဖြစ်ပွားနေစေဖို့အတွက် ဥရောပသမဂ္ဂရဲ့ထောက်ခံမှုတွေကို ဗစ်တောအော်ဗန်က ဝေဖန်ပြောဆိုခဲ့ပြီး ရုရှား-ယူကရိန်းအကျပ်အတည်းကို ဖြေရှင်းဖို့ ရည်ရွယ်တဲ့စေ့စပ်ညှိနှိုင်းမှုတွေ အဆင်ပြေချော့မွေ့စေဖို့ ခိုင်မာတဲ့နိုင်ငံတကာခေါင်းဆောင်မှုရဲ့အရေးကြီးမှုတွေကို အလေးပေးပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ဗစ်တောအော်ဗန်ဟာ ဟန်ဂေရီနိုင်ငံတွင်းမှာ (၂၀၂၅)ခုနှစ်အတွက် စီးပွါးရေးနဲ့လူမှုရေးပြုပြင်ပြောင်းလဲမှုတွေကို ဆက်တိုက်အကောင်အထည်ဖော်ဖို့ အာရုံစိုက်နေတယ်လို့လည်း သိရပါတယ်။
ဟန်ဂေရီအစိုးရဟာ နိုင်ငံရဲ့စီးပွားရေးကို ပြန်လည်အသက်ဝင်လာစေဖို့ရည်ရွယ်ထားတဲ့ငြိမ်းချမ်းရေးဘတ်ဂျက်တစ်ခုကို ထုတ်ပြန်ပြသခဲ့တယ်လို့လည်း သိရပါတယ်။
အဲဒီဘတ်ဂျက်အတွင် အဓိကလုပ်ဆောင်မှုတွေထဲမှာ မိသားစုအခွန်အကျိုးခံစားခွင့်နှစ်ဆ၊ လုပ်ခညှိနှိုင်းမှုတွေကနေတစ်ဆင့် ငွေကြေးဖောင်းပွမှုကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ အသက်(၃၅)နှစ်အောက် လူငယ်တွေအတွက် အိမ်ရာ ပံ့ပိုးပေးမှုတိုးချဲ့ခြင်းတို့ ပါဝင်တယ်လို့လည်း သိရပါတယ်။
ဒီဆောင်ရွက်မှုတွေဟာ ဟန်ဂေရီနိုင်ငံကို အခြားဥရောပနိုင်ငံတွေထက် သာလွန်တဲ့စီးပွားရေးတိုးတက်မှုရရှိစေဖို့အတွက် ဗစ်တောအော်ဗန်ရဲ့ကျယ်ပြန်တဲ့ ရည်မှန်းချက်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ေဒၚနယ္ထရမ့္ရဲ႕က်မ္းသစၥာက်ိန္ဆိုပြဲကို ဟန္ေဂရီဝန္ႀကီးခ်ဳပ္ မတက္ေရာက္ႏိုင္
Pika (NP News) ဇန္နဝါရီ ၁၆

ဟန္ေဂရီဝန္ႀကီးခ်ဳပ္ဗစ္ေတာေအာ္ဗန္ဟာ အေမရိကန္ေ႐ြးေကာက္ခံသမၼတေဒၚနယ္ထရမ့္ရဲ႕ က်မ္းသစၥာက်ိန္ဆိုပြဲကို တက္ေရာက္မွာ မဟုတ္ဘူးလို႔ အတည္ျပဳခဲ့တယ္လို႔ ဟန္ေဂရီအစိုးရက ဇန္နဝါရီလ(၁၅)ရက္မွာ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ဗစ္ေတာေအာ္ဗန္ဟာ ျပည္တြင္းေရးကိစၥေတြနဲ႔ အခ်ိန္ဇယားျပည့္ေနတာမလို႔ လာမယ့္ ဇန္နဝါရီလ(၂၀)ရက္မွာ က်င္းပမယ့္ ေဒၚနယ္ထရမ့္ရဲ႕က်မ္းသစၥာက်ိန္ဆိုပြဲကို တက္ေရာက္ဖို႔ မျဖစ္ႏိုင္ခဲ့တာလို႔ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က အေမရိကန္သမၼတအျဖစ္ ျပန္လည္တာဝန္ယူျခင္းဟာ ယူကရိန္းမွာၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္ႏိုင္လိမ့္မယ္ဆိုတဲ့ ၎ရဲ႕ယုံၾကည္မႈေတြကို ေဒၚနယ္ထရမ့္ရဲ႕ေထာက္ခံသူ ဗစ္ေတာေအာ္ဗန္က ယခင္က ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးတယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ယူကရိန္းပဋိပကၡဆက္လက္ျဖစ္ပြားေနေစဖို႔အတြက္ ဥေရာပသမဂၢရဲ႕ေထာက္ခံမႈေတြကို ဗစ္ေတာေအာ္ဗန္က ေဝဖန္ေျပာဆိုခဲ့ၿပီး ႐ုရွား-ယူကရိန္းအက်ပ္အတည္းကို ေျဖရွင္းဖို႔ ရည္႐ြယ္တဲ့ေစ့စပ္ညႇိႏႈိင္းမႈေတြ အဆင္ေျပေခ်ာ့ေမြ႕ေစဖို႔ ခိုင္မာတဲ့ႏိုင္ငံတကာေခါင္းေဆာင္မႈရဲ႕အေရးႀကီးမႈေတြကို အေလးေပးေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ဗစ္ေတာေအာ္ဗန္ဟာ ဟန္ေဂရီႏိုင္ငံတြင္းမွာ (၂၀၂၅)ခုႏွစ္အတြက္ စီးပြါးေရးနဲ႔လူမႈေရးျပဳျပင္ေျပာင္းလဲမႈေတြကို ဆက္တိုက္အေကာင္အထည္ေဖာ္ဖို႔ အာ႐ုံစိုက္ေနတယ္လို႔လည္း သိရပါတယ္။
ဟန္ေဂရီအစိုးရဟာ ႏိုင္ငံရဲ႕စီးပြားေရးကို ျပန္လည္အသက္ဝင္လာေစဖို႔ရည္႐ြယ္ထားတဲ့ၿငိမ္းခ်မ္းေရးဘတ္ဂ်က္တစ္ခုကို ထုတ္ျပန္ျပသခဲ့တယ္လို႔လည္း သိရပါတယ္။
အဲဒီဘတ္ဂ်က္အတြင္ အဓိကလုပ္ေဆာင္မႈေတြထဲမွာ မိသားစုအခြန္အက်ိဳးခံစားခြင့္ႏွစ္ဆ၊ လုပ္ခညႇိႏႈိင္းမႈေတြကေနတစ္ဆင့္ ေငြေၾကးေဖာင္းပြမႈကို ကိုင္တြယ္ေျဖရွင္းဖို႔နဲ႔ အသက္(၃၅)ႏွစ္ေအာက္ လူငယ္ေတြအတြက္ အိမ္ရာ ပံ့ပိုးေပးမႈတိုးခ်ဲ႕ျခင္းတို႔ ပါဝင္တယ္လို႔လည္း သိရပါတယ္။
ဒီေဆာင္႐ြက္မႈေတြဟာ ဟန္ေဂရီႏိုင္ငံကို အျခားဥေရာပႏိုင္ငံေတြထက္ သာလြန္တဲ့စီးပြားေရးတိုးတက္မႈရရွိေစဖို႔အတြက္ ဗစ္ေတာေအာ္ဗန္ရဲ႕က်ယ္ျပန္တဲ့ ရည္မွန္းခ်က္ရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.