မုံရွာ-မန္တလေးလမ်းပေါ်တွင် ခရီးသည်တင်အန်စာတုံးကားတစ်စီး ခရီးခေတ္တနားစဉ် အကြမ်းဖက်အဖွဲ့ထောင်ထားသော လက်လုပ်မိုင်းပေါက်ကွဲသည့်အတွက် အမျိုးသမီး(၂)ထိခိုက်ဒဏ်ရာရ
3916
NP News - ဇန်နဝါရီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် ခရီးသည်တင်အန်စာတုံးကားတစ်စီး ခရီးခေတ္တနားစဉ် အကြမ်းဖက်အဖွဲ့ထောင်ထားသော လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီး(၂)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီလ ၁၅ ရက်)၊ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်က ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး ကားလမ်း၏ တောင်ဘက်ဘေး မီတာ(၅၀)ခန့်အကွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါယာဉ်ပေါ်တွင် ယာဉ်မောင်းအမျိုးသားတစ်ဦးနှင့်အတူ ခရီးသည်အမျိုးသမီး(၆)ဦးတို့ လိုက်ပါလာခြင်း ဖြစ်ကာ မန္တလေးမြို့မှ ပုလဲမြို့နယ်သို့ထွက်ခွာလာစဉ် အခင်းဖြစ်နေရာအရောက်၌ အပေါ့အပါးသွားရန် အနားပေး ချိန် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် အသက်(၃၅)နှစ်အရွယ် ဒေါ်ခိုင်နှင်းဌေးနှင့် အသက်(၇၄)နှစ်အရွယ် ဒေါ်စိန်တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီး(၂)ဦးကို မုံရွာမြို့လူမှုကူညီရေးအသင်းက ချောင်းဦးမြို့နယ်ပြည်သူ့ဆေးရုံ ကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ကျူးလွန်သူများအား ဖော်ထုတ်ဖမ်း၍ ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူ နိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Zawgyi Version;
မုံ႐ြာ-မႏၲေလးလမ္းေပၚတြင္ ခရီးသည္တင္အန္စာတုံးကားတစ္စီး ခရီးေခတၱနားစဥ္ အၾကမ္းဖက္အဖြဲ႕ေထာင္ထား ေသာ လက္လုပ္မိုင္းေပါက္ကြဲသည့္အတြက္ အမ်ိဳးသမီး(၂)ထိခိုက္ဒဏ္ရာရ
NP News - ဇန္နဝါရီ ၁၆
စစ္ကိုင္းတိုင္းေဒသႀကီး၊ ေခ်ာင္းဦးၿမိဳ႕နယ္၊ မုံ႐ြာ-မႏၲေလးလမ္းေပၚတြင္ ခရီးသည္တင္အန္စာတုံးကားတစ္စီး ခရီးေခတၱနားစဥ္ အၾကမ္းဖက္အဖြဲ႕ေထာင္ထားေသာ လက္လုပ္မိုင္းေပါက္ကြဲမႈေၾကာင့္ အမ်ိဳးသမီး(၂)ဦး ထိခိုက္ ဒဏ္ရာရရွိခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ဇန္နဝါရီလ ၁၅ ရက္)၊ မြန္းလြဲ ၁၂ နာရီ ၄၅ မိနစ္အခ်ိန္က ေခ်ာင္းဦးၿမိဳ႕နယ္၊ မုံ႐ြာ-မႏၲေလး ကားလမ္း၏ ေတာင္ဘက္ေဘး မီတာ(၅၀)ခန႔္အကြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါယာဥ္ေပၚတြင္ ယာဥ္ေမာင္းအမ်ိဳးသားတစ္ဦးႏွင့္အတူ ခရီးသည္အမ်ိဳးသမီး(၆)ဦးတို႔ လိုက္ပါလာျခင္း ျဖစ္ကာ မႏၲေလးၿမိဳ႕မွ ပုလဲၿမိဳ႕နယ္သို႔ထြက္ခြာလာစဥ္ အခင္းျဖစ္ေနရာအေရာက္၌ အေပါ့အပါးသြားရန္ အနားေပး ခ်ိန္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ကားေပၚတြင္လိုက္ပါလာသည့္ အသက္(၃၅)ႏွစ္အ႐ြယ္ ေဒၚခိုင္ႏွင္းေဌးႏွင့္ အသက္(၇၄)ႏွစ္အ႐ြယ္ ေဒၚစိန္တို႔တြင္ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
ထိခိုက္ဒဏ္ရာရရွိခဲ့သည့္ အမ်ိဳးသမီး(၂)ဦးကို မုံ႐ြာၿမိဳ႕လူမႈကူညီေရးအသင္းက ေခ်ာင္းဦးၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံ ႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး က်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္း၍ ဥပေဒႏွင့္အညီ ထိေရာက္စြာ အျပစ္ေပးအေရးယူ ႏိုင္ေရး လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။