"သခင်ကြင်လျှင်ပန်တော်မူ" အပါအဝင် ညစ်ညမ်းစာအုပ်သုံးအုပ်၏ ပုံနှိပ်သူနှင့် ထုတ်ဝေသူများကို လုပ်ငန်းပိတ်သိမ်း

 8099

ယွန်း (NP News) - ဇန်နဝါရီ ၁၆

"သခင်ကြင်လျှင်ပန်တော်မူ" အပါအဝင် ညစ်ညမ်းစာပေသုံးအုပ်ကို ပုံနှိပ်ထုတ်ဝေခဲ့သည့် ပုံနှိပ်သူနှင့်ထုတ်ဝေသူ များကို လုပ်ငန်းပိတ်သိမ်းထားကြောင်း ပြန်ကြာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
ပြန်ကြားရေးဝန်ကြီးဌာနသည် ၂ဝ၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ စာရေးသူ Poe Sone Kyuu ရေးသားသည့် "သခင်ကြင်လျှင်ပန်တော်မူ" အပါအဝင် Suri Park ရေးသားသည့် "အို...ဤအချစ်များရယ် ဘာကြောင့်ဆုံဖို့ ခက်ရတယ်" နှင့် Mirellavc ရေးသားသည့် "ရင်ခွင်ညှာရယ်ချစ်လွန်းပို၏" ဆိုသည့် စာအုပ်များကို ဒေါ်အေးအေးသင်းမာစတာ (Master) မိတ္တူ နှင့် ဒေါ်အေးသီဟန်ဖြိုး(Euphoria Book House- ၀၃၁၅၃) တို့မှ ပုံနှိပ်ထုတ်ဝေခဲ့ကြောင်း သိရသည်။

အထက်ပါ ပုံနှိပ်သူနှင့်ထုတ်ဝေသူများသည် ပုံနှိပ်ခြင်း နှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ(၈)၊ ပုဒ်မခွဲ(ဂ)ပါ ညစ်ညမ်းစာများကိုဖော်ပြခြင်း စည်းကမ်းချက်ကိုဖောက်ဖျက်၍ ဟီရိဩတ္တပ္ပကင်းသော၊ မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံသော၊ လူငယ်များ၏ တွေးခေါ်မြော်မြင်မှုနှင့်ခံစားနားလည်မှုကို လွဲမှားစေနိုင်သောအကြောင်းအရာများကို ပုံနှိပ်၊ ထုတ်ဝေဖြန့်ချိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထို့ကြောင့် ဝန်ကြီးဌာနမှ အဆိုပါဥပဒေစည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်သော အထက်ဖော်ပြပါပုံနှိပ်သူ နှင့် ထုတ်ဝေသူများအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း လုပ်ငန်းအသိအမှတ်ပြု လက်မှတ်များကို ရုပ်သိမ်းခြင်း၊ ၎င်းတို့၏ ထုတ်ဝေစာအုပ်များကို တရားမဝင်ထုတ်ဝေစာအဖြစ် ထုတ်ပြန်ကြေညာခြင်း၊ ဥပဒေနှင့်အညီ တရားစွဲ ဆိုခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
"သခင္ၾကင္လွ်င္ပန္ေတာ္မူ" အပါအဝင္ ညစ္ညမ္းစာအုပ္သုံးအုပ္၏ ပုံႏွိပ္သူႏွင့္ ထုတ္ေဝသူမ်ားကို လုပ္ငန္း ပိတ္သိမ္း
ယြန္း (NP News) - ဇန္နဝါရီ ၁၆

"သခင္ၾကင္လွ်င္ပန္ေတာ္မူ" အပါအဝင္ ညစ္ညမ္းစာေပသုံးအုပ္ကို ပုံႏွိပ္ထုတ္ေဝခဲ့သည့္ ပုံႏွိပ္သူႏွင့္ထုတ္ေဝသူ မ်ားကို လုပ္ငန္းပိတ္သိမ္းထားေၾကာင္း ျပန္ၾကာေရးဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ထားသည္။
ျပန္ၾကားေရးဝန္ႀကီးဌာနသည္ ၂ဝ၁၄ ခုႏွစ္ ပုံႏွိပ္ျခင္းႏွင့္ထုတ္ေဝျခင္းလုပ္ငန္းဥပေဒ၊ နည္းဥပေဒမ်ားႏွင့္အညီ ပုံႏွိပ္ျခင္းလုပ္ငန္း၊ ထုတ္ေဝျခင္းလုပ္ငန္းမ်ားကို ႀကီးၾကပ္ေဆာင္႐ြက္လ်က္ ရွိေၾကာင္း သိရသည္။
ထိုသို႔ေဆာင္႐ြက္လ်က္ရွိရာ စာေရးသူ Poe Sone Kyuu ေရးသားသည့္ "သခင္ၾကင္လွ်င္ပန္ေတာ္မူ" အပါအဝင္ Suri Park ေရးသားသည့္ "အို...ဤအခ်စ္မ်ားရယ္ ဘာေၾကာင့္ဆုံဖို႔ ခက္ရတယ္" ႏွင့္ Mirellavc ေရးသားသည့္ "ရင္ခြင္ညႇာရယ္ခ်စ္လြန္းပို၏" ဆိုသည့္ စာအုပ္မ်ားကို ေဒၚေအးေအးသင္းမာစတာ (Master) မိတၱဴ ႏွင့္ ေဒၚေအးသီဟန္ၿဖိဳး(Euphoria Book House- ၀၃၁၅၃) တို႔မွ ပုံႏွိပ္ထုတ္ေဝခဲ့ေၾကာင္း သိရသည္။

အထက္ပါ ပုံႏွိပ္သူႏွင့္ထုတ္ေဝသူမ်ားသည္ ပုံႏွိပ္ျခင္း ႏွင့္ ထုတ္ေဝျခင္းလုပ္ငန္းဥပေဒပုဒ္မ(၈)၊ ပုဒ္မခြဲ(ဂ)ပါ ညစ္ညမ္းစာမ်ားကိုေဖာ္ျပျခင္း စည္းကမ္းခ်က္ကိုေဖာက္ဖ်က္၍ ဟီရိဩတၱပၸကင္းေသာ၊ ျမန္မာ့လူ႔အဖြဲ႕အစည္းက လက္မခံေသာ၊ လူငယ္မ်ား၏ ေတြးေခၚေျမာ္ျမင္မႈႏွင့္ခံစားနားလည္မႈကို လြဲမွားေစႏိုင္ေသာအေၾကာင္းအရာမ်ားကို ပုံႏွိပ္၊ ထုတ္ေဝျဖန႔္ခ်ိခဲ့ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ ဝန္ႀကီးဌာနမွ အဆိုပါဥပေဒစည္းကမ္းခ်က္မ်ားကို ေဖာက္ဖ်က္က်ဴးလြန္ေသာ အထက္ေဖာ္ျပပါပုံႏွိပ္သူ ႏွင့္ ထုတ္ေဝသူမ်ားအား ၂၀၂၅ ခုႏွစ္ ဇန္နဝါရီလအတြင္း လုပ္ငန္းအသိအမွတ္ျပဳ လက္မွတ္မ်ားကို ႐ုပ္သိမ္းျခင္း၊ ၎တို႔၏ ထုတ္ေဝစာအုပ္မ်ားကို တရားမဝင္ထုတ္ေဝစာအျဖစ္ ထုတ္ျပန္ေၾကညာျခင္း၊ ဥပေဒႏွင့္အညီ တရားစြဲ ဆိုျခင္းမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.