ကယားပြည်နယ်ကို ဖျက်ဆီးနေတဲ့ ကိုယ်ကျိုးရှာ အကြမ်းဖက်သူပုန်များ
959
မင်းမင်း (NP News) - ဇန်နဝါရီ ၁၆
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်မှာ ကျရောက်မယ့် (၇၃)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကို ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ဖို့ ပြင်ဆင်နေတဲ့အချိန် ဇန်နဝါရီလ ၁၄ ရက် ညနေပိုင်းက KNPP/KNDF/PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့တွေက ကယားပြည်နယ်နေ့အခမ်းအနား မကျင်းပနိုင် အောင် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်နှောင့်ယှက်ဖျက်ဆီးခဲ့ကြပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေဘက်က ပြန်လည်ပစ်ခတ်ချေမှုန်းခဲ့တဲ့နောက်ပိုင်းမှသာ အကြမ်းဖက်အဖွဲ့တွေဟာ ပစ်ခတ်မှု တွေ ရပ်တန့်ပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့ကြတာဖြစ်ပါတယ်။
KNDF ပူးပေါင်းအကြမ်းဖက်အဖွဲ့တွေဟာ သူတို့ကိုယ်ကျိုးစီးပွားအတွက် ကယားပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဖန်တီးပြီး ကယားပြည်နယ်ကို တိုက်ခိုက်ဖျက်ဆီးနေတာ ဒီတစ်ကြိမ်တည်း မဟုတ်ပါဘူး။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်တုန်းကလည်း လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမရှေ့၌ (၇၁)ကြိမ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲကို ဒေသခံတိုင်းရင်းသားပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေတဲ့အချိန်မှာ KNDF ပူးပေါင်းအကြမ်းဖက်အဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နှောင့်ယှက်ဖျက်ဆီးခဲ့တာကြောင့် အပြစ်မဲ့ဒေသခံတွေနဲ့ ကျောင်းသား/ကျောင်းသူတွေ သေဆုံးထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။
အလားတူ လွိုင်ကော်မြို့ အပါအဝင် လွိုင်ကော်တက္ကသိုလ်နဲ့ လွိုင်ကော်အကျဉ်းထောင်တို့ကိုလည်း KNDF ပူးပေါင်းအကြမ်းဖက်အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး ကယားပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် အကြမ်းဖက်လုပ်ရပ်များကို နည်းမျိုးစုံဖြင့် ကျူးလွန်ခဲ့ကြတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒါ့အပြင် ကယားဒေသက ကျောင်းသား/ကျောင်းသူ ကလေးငယ်တေွ ပညာသင်ကြားလို့ မရအောင်၊ ပညာသင်ကြားခွင့် တွေဆုံးရှုံးအောင်လုပ်နေတာလည်း KNDF ပူးပေါင်းအကြမ်းဖက်အဖွဲ့တွေပဲဖြစ်ပါတယ်။
အဲဒီလိုမျိုး ကိုယ့်ပြည်နယ်ကို ပြန်ဖျက်ဆီးပြီး ကိုယ်ကျိုးစီးပွားရှာခဲ့ကြတဲ့ KNDF ပူးပေါင်းအကြမ်းဖက်အဖွဲ့တွေ ကြောင့် လွိုင်ကော်မြို့ပျက်စီးခဲ့ရတာဖြစ်ပြီး အစိုးရနဲ့ တပ်မတော်တို့ရဲ့ပြန်လည်ထူထောင်တည်ဆောက်မှုတွေ ကြောင့် ပြန်လည်စည်ကားလာတာ သိပ်မကြာသေးပါဘူး။ ဒီလိုမျိုး ပြန်လည်စည်ကားစပြုလာတဲ့အချိန်မှာ ကယား ပြည်နယ်ပျက်စီးအောင်၊ ကယားဒေသခံတွေနဲ့ ကယားလူမျိုးတွေ ဒုက္ခရောက်အောင် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်နှောင့်ယှက်ဖျက်ဆီးနေတဲ့ ပြည်ဖျက်အကြမ်းဖက်သူပုန်တွေရဲ့ယုတ်မာအောက်တန်းကျမှုကတော့ ပြောစရာစကားတောင် မရှိတော့ပါဘူး။ ပြောရမယ်ဆိုရင် ကယားပြည်နယ် ပျက်စီးအောင်၊ ကယားဒေသခံတွေ ဒုက္ခရောက်အောင်၊ ကယားလူမျိုးတွေ ဒုက္ခရောက်အောင်လုပ်နေတဲ့ အဓိကတရားခံတွေဟာ စစ်သွေးကြွနေတဲ့ ကယားအကြမ်းဖက် သူပုန်တွေပဲဖြစ်ပါတယ်။
Zawgyi Version;
ကယားျပည္နယ္ကို ဖ်က္ဆီးေနတဲ့ ကိုယ္က်ိဳးရွာ အၾကမ္းဖက္သူပုန္မ်ား
မင္းမင္း (NP News) - ဇန္နဝါရီ ၁၆
၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီလ ၁၅ ရက္မွာ က်ေရာက္မယ့္ (၇၃)ႏွစ္ေျမာက္ ကယားျပည္နယ္ေန႔အခမ္းအနားကို ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕မွာ စည္ကားသိုက္ၿမိဳက္စြာက်င္းပႏိုင္ဖို႔ ျပင္ဆင္ေနတဲ့အခ်ိန္ ဇန္နဝါရီလ ၁၄ ရက္ ညေနပိုင္းက KNPP/KNDF/PDF ပူးေပါင္းအၾကမ္းဖက္အဖြဲ႕ေတြက ကယားျပည္နယ္ေန႔အခမ္းအနား မက်င္းပႏိုင္ ေအာင္ ေရွာ့တိုက္ဒုံးေတြနဲ႔ ပစ္ခတ္ေႏွာင့္ယွက္ဖ်က္ဆီးခဲ့ၾကပါတယ္။
လုံၿခဳံေရးတပ္ဖြဲ႕ေတြဘက္က ျပန္လည္ပစ္ခတ္ေခ်မႈန္းခဲ့တဲ့ေနာက္ပိုင္းမွသာ အၾကမ္းဖက္အဖြဲ႕ေတြဟာ ပစ္ခတ္မႈ ေတြ ရပ္တန႔္ၿပီး ဆုတ္ခြာထြက္ေျပးသြားခဲ့ၾကတာျဖစ္ပါတယ္။
KNDF ပူးေပါင္းအၾကမ္းဖက္အဖြဲ႕ေတြဟာ သူတို႔ကိုယ္က်ိဳးစီးပြားအတြက္ ကယားျပည္နယ္အတြင္းမွာ တိုက္ပြဲေတြ ဖန္တီးၿပီး ကယားျပည္နယ္ကို တိုက္ခိုက္ဖ်က္ဆီးေနတာ ဒီတစ္ႀကိမ္တည္း မဟုတ္ပါဘူး။ ၂၀၂၃ ခုႏွစ္၊ ဇန္နဝါရီလ ၁၅ ရက္တုန္းကလည္း လြိဳင္ေကာ္ၿမိဳ႕၊ ျပည္နယ္ခန္းမေရွ႕၌ (၇၁)ႀကိမ္ေျမာက္ ကယားျပည္နယ္ေန႔ အထိမ္းအမွတ္ မုခ္ဦးဖြင့္ပြဲကို ေဒသခံတိုင္းရင္းသားျပည္သူမ်ားျဖင့္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပျပဳလုပ္ေနတဲ့အခ်ိန္မွာ KNDF ပူးေပါင္းအၾကမ္းဖက္အဖြဲ႕က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေႏွာင့္ယွက္ဖ်က္ဆီးခဲ့တာေၾကာင့္ အျပစ္မဲ့ေဒသခံေတြနဲ႔ ေက်ာင္းသား/ေက်ာင္းသူေတြ ေသဆုံးထိခိုက္ဒဏ္ရာရတာေတြ ရွိခဲ့ပါတယ္။
အလားတူ လြိဳင္ေကာ္ၿမိဳ႕ အပါအဝင္ လြိဳင္ေကာ္တကၠသိုလ္နဲ႔ လြိဳင္ေကာ္အက်ဥ္းေထာင္တို႔ကိုလည္း KNDF ပူးေပါင္းအၾကမ္းဖက္အဖြဲ႕ေတြက ဝင္ေရာက္တိုက္ခိုက္ဖ်က္ဆီးခဲ့ၿပီး ကယားျပည္နယ္အတြင္း တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္ အၾကမ္းဖက္လုပ္ရပ္မ်ားကို နည္းမ်ိဳးစုံျဖင့္ က်ဴးလြန္ခဲ့ၾကတာ အားလုံးအသိပဲျဖစ္ပါတယ္။ ဒါ့အျပင္ ကယားေဒသက ေက်ာင္းသား/ေက်ာင္းသူ ကေလးငယ္ေတြ ပညာသင္ၾကားလို႔ မရေအာင္၊ ပညာသင္ၾကားခြင့္ ေတြဆုံးရႈံးေအာင္လုပ္ေနတာလည္း KNDF ပူးေပါင္းအၾကမ္းဖက္အဖြဲ႕ေတြပဲျဖစ္ပါတယ္။
အဲဒီလိုမ်ိဳး ကိုယ့္ျပည္နယ္ကို ျပန္ဖ်က္ဆီးၿပီး ကိုယ္က်ိဳးစီးပြားရွာခဲ့ၾကတဲ့ KNDF ပူးေပါင္းအၾကမ္းဖက္အဖြဲ႕ေတြ ေၾကာင့္ လြိဳင္ေကာ္ၿမိဳ႕ပ်က္စီးခဲ့ရတာျဖစ္ၿပီး အစိုးရနဲ႔ တပ္မေတာ္တို႔ရဲ႕ျပန္လည္ထူေထာင္တည္ေဆာက္မႈေတြ ေၾကာင့္ ျပန္လည္စည္ကားလာတာ သိပ္မၾကာေသးပါဘူး။ ဒီလိုမ်ိဳး ျပန္လည္စည္ကားစျပဳလာတဲ့အခ်ိန္မွာ ကယား ျပည္နယ္ပ်က္စီးေအာင္၊ ကယားေဒသခံေတြနဲ႔ ကယားလူမ်ိဳးေတြ ဒုကၡေရာက္ေအာင္ ရည္႐ြယ္ခ်က္ရွိရွိ ပစ္ခတ္ တိုက္ခိုက္ေႏွာင့္ယွက္ဖ်က္ဆီးေနတဲ့ ျပည္ဖ်က္အၾကမ္းဖက္သူပုန္ေတြရဲ႕ယုတ္မာေအာက္တန္းက်မႈကေတာ့ ေျပာစရာစကားေတာင္ မရွိေတာ့ပါဘူး။ ေျပာရမယ္ဆိုရင္ ကယားျပည္နယ္ ပ်က္စီးေအာင္၊ ကယားေဒသခံေတြ ဒုကၡေရာက္ေအာင္၊ ကယားလူမ်ိဳးေတြ ဒုကၡေရာက္ေအာင္လုပ္ေနတဲ့ အဓိကတရားခံေတြဟာ စစ္ေသြးႂကြေနတဲ့ ကယားအၾကမ္းဖက္ သူပုန္ေတြပဲျဖစ္ပါတယ္။