ဇွဲကပင်တောင်တွင်သာတွေ့နိုင်သော ပန်းမျိုးစိတ်တစ်မျိုးကို ပထမဆုံးအကြိမ် မှတ်တမ်းတင်နိုင်ခဲ့

 1890

စော (NP News) - ဇန်နဝါရီ ၁၆

ကရင်ပြည်နယ်၊ ဇွဲကပင်တောင်တွင်သာ တွေ့ရနိုင်သော ပန်းမျိုးစိတ်တစ်မျိုးကို ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်း တင်နိုင်ခဲ့ကြောင်း Native Species Conservation & Identification ၏ အချက်အလက်များအရ သိရသည်။ အဆိုပါပန်းမျိုးစိတ်ကို ဇွဲကပင်တောင်တွင်သာ ပထမဆုံးတွေ့ရှိပြီး မှတ်တမ်းတင်နိုင်ခဲ့သောကြောင့် ဇွဲကပင် ပန်းထိမ်ငို (Globba zwegabinensis) ဟု အမည်ပေးခဲ့ကြောင်း သိရသည်။
ကမ္ဘာပေါ်တွင် ပန်းထိမ်ငိုပန်း မျိုးစိတ်ပေါင်း (၁၄၀) မျိုးရှိသည့်အနက် မြန်မာနိုင်ငံတွင် အသစ် မှတ်တမ်းတင်နိုင် သော ဇွဲကပင် ပန်းထိမ်ငိုပန်း အပါအဝင် (၂၈)မျိုးခန့်အပြင် အခြားအမည်မပေးရသေးသည့်မျိုးစိတ်များလည်း ကျန်ရှိနေနိုင်သေးကြောင်း NSCI က ထုတ်ပြန်ထားသည်။
“ဒီအပင်နဲ့ဆင်တဲ့ အပင်ပုံကို တခြားအရပ်ဒေသတွေ မြင်ဖူးရင် မျိုးကွဲတယ်လို့ သိထားပေးကြပါ။ (၂၈) မျိုးလောက် တောင် ရှိတဲ့အတွက် မျိုးမတူပါဘူး။ ပုံစံချင်းဆင်နေကြတာပါ။ ဒီမျိုးစိတ်က ဇွဲကပင်မှာပဲရှိကြောင်း ကျွန်တော်တို့ ရှာဖွေမွှေနှောက် သက်သေခံပြီးမှ တင်ခဲ့တာပါ။ (၂၈)မျိုးဆိုတာ လက်ရှိရထားသမျှ မှတ်တမ်းတွေနဲ့ပဲ တွက်ထား တာဖြစ်ပါတယ်။ ဒီထက်လည်း မျိုးစိတ်များများ ပိုရှိနိုင်သေးတယ်။ နာမည်မပေးရသေးတဲ့ မျိုးစိတ်တွေလည်း ကျန်နေနိုင်သေးတယ်” ဟု Native Species Conservation & Identification ၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။
တောပန်းထိမ်ငိုပန်း အများစုသည် အနိမ့်ပိုင်းတွင် ပေါက်ကြသော်လည်း ယင်း ဇွဲကပင် ပန်းထိမ်ငိုပန်းသည် ပင်လယ်ရေမျက်နှာပြင် အမြင့်မီတာ (၇၀ဝ)၊ ပေအားဖြင့် (၂၂၉၆) ပေခန့် ထုံးကျောက်သားကြားတွင် တိုးဝင် ပေါက်ရောက်နေကြကြောင်း သိရသည်။
မိုးရာသီတွင် အဆိုပါပန်းထိမ်ငိုပန်းမျိုးစိတ်သည် ရေနှင့်အစာကို စုဆောင်းပြီး နွေရာသီပူပြင်းလာသောအခါ စုဆောင်းထားသမျှကို ချွေတာကာ ရှင်သန်ပေါက်ရောက်ကြကြောင်း သိရသည်။ ကရင်ပြည်နယ်သည် ဇီဝမျိုးစုံ မျိုးကွဲများ စုံလင်စွာ တွေ့နိုင်သော ပြည်နယ်တစ်ခုဖြစ်ပြီး ထုံး ကျောက်တောင်၊ စမ်းချောင်း၊ ရေတံခွန်နှင့် သစ်တော များစွာ တွေ့နိုင်၍ အပင်များ၊ တိရစ္ဆာန်များကို စုံစုံလင်လင် တွေ့ရှိ နေရဆဲဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ဇြဲကပင္ေတာင္တြင္သာေတြ႕ႏိုင္ေသာ ပန္းမ်ိဳးစိတ္တစ္မ်ိဳးကို ပထမဆုံးအႀကိမ္ မွတ္တမ္းတင္ႏိုင္ခဲ့
ေစာ (NP News) - ဇန္နဝါရီ ၁၆

ကရင္ျပည္နယ္၊ ဇြဲကပင္ေတာင္တြင္သာ ေတြ႕ရႏိုင္ေသာ ပန္းမ်ိဳးစိတ္တစ္မ်ိဳးကို ပထမဆုံးအႀကိမ္အျဖစ္ မွတ္တမ္း တင္ႏိုင္ခဲ့ေၾကာင္း Native Species Conservation & Identification ၏ အခ်က္အလက္မ်ားအရ သိရသည္။ အဆိုပါပန္းမ်ိဳးစိတ္ကို ဇြဲကပင္ေတာင္တြင္သာ ပထမဆုံးေတြ႕ရွိၿပီး မွတ္တမ္းတင္ႏိုင္ခဲ့ေသာေၾကာင့္ ဇြဲကပင္ ပန္းထိမ္ငို (Globba zwegabinensis) ဟု အမည္ေပးခဲ့ေၾကာင္း သိရသည္။
ကမာၻေပၚတြင္ ပန္းထိမ္ငိုပန္း မ်ိဳးစိတ္ေပါင္း (၁၄၀) မ်ိဳးရွိသည့္အနက္ ျမန္မာႏိုင္ငံတြင္ အသစ္ မွတ္တမ္းတင္ႏိုင္ ေသာ ဇြဲကပင္ ပန္းထိမ္ငိုပန္း အပါအဝင္ (၂၈)မ်ိဳးခန႔္အျပင္ အျခားအမည္မေပးရေသးသည့္မ်ိဳးစိတ္မ်ားလည္း က်န္ရွိေနႏိုင္ေသးေၾကာင္း NSCI က ထုတ္ျပန္ထားသည္။
“ဒီအပင္နဲ႔ဆင္တဲ့ အပင္ပုံကို တျခားအရပ္ေဒသေတြ ျမင္ဖူးရင္ မ်ိဳးကြဲတယ္လို႔ သိထားေပးၾကပါ။ (၂၈) မ်ိဳးေလာက္ ေတာင္ ရွိတဲ့အတြက္ မ်ိဳးမတူပါဘူး။ ပုံစံခ်င္းဆင္ေနၾကတာပါ။ ဒီမ်ိဳးစိတ္က ဇြဲကပင္မွာပဲရွိေၾကာင္း ကြၽန္ေတာ္တို႔ ရွာေဖြေမႊေႏွာက္ သက္ေသခံၿပီးမွ တင္ခဲ့တာပါ။ (၂၈)မ်ိဳးဆိုတာ လက္ရွိရထားသမွ် မွတ္တမ္းေတြနဲ႔ပဲ တြက္ထား တာျဖစ္ပါတယ္။ ဒီထက္လည္း မ်ိဳးစိတ္မ်ားမ်ား ပိုရွိႏိုင္ေသးတယ္။ နာမည္မေပးရေသးတဲ့ မ်ိဳးစိတ္ေတြလည္း က်န္ေနႏိုင္ေသးတယ္” ဟု Native Species Conservation & Identification ၏ ထုတ္ျပန္ခ်က္တြင္ ဆိုထားသည္။
ေတာပန္းထိမ္ငိုပန္း အမ်ားစုသည္ အနိမ့္ပိုင္းတြင္ ေပါက္ၾကေသာ္လည္း ယင္း ဇြဲကပင္ ပန္းထိမ္ငိုပန္းသည္ ပင္လယ္ေရမ်က္ႏွာျပင္ အျမင့္မီတာ (၇၀ဝ)၊ ေပအားျဖင့္ (၂၂၉၆) ေပခန႔္ ထုံးေက်ာက္သားၾကားတြင္ တိုးဝင္ ေပါက္ေရာက္ေနၾကေၾကာင္း သိရသည္။
မိုးရာသီတြင္ အဆိုပါပန္းထိမ္ငိုပန္းမ်ိဳးစိတ္သည္ ေရႏွင့္အစာကို စုေဆာင္းၿပီး ေႏြရာသီပူျပင္းလာေသာအခါ စုေဆာင္းထားသမွ်ကို ေခြၽတာကာ ရွင္သန္ေပါက္ေရာက္ၾကေၾကာင္း သိရသည္။ ကရင္ျပည္နယ္သည္ ဇီဝမ်ိဳးစုံ မ်ိဳးကြဲမ်ား စုံလင္စြာ ေတြ႕ႏိုင္ေသာ ျပည္နယ္တစ္ခုျဖစ္ၿပီး ထုံး ေက်ာက္ေတာင္၊ စမ္းေခ်ာင္း၊ ေရတံခြန္ႏွင့္ သစ္ေတာ မ်ားစြာ ေတြ႕ႏိုင္၍ အပင္မ်ား၊ တိရစာၦန္မ်ားကို စုံစုံလင္လင္ ေတြ႕ရွိ ေနရဆဲျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.