ကျေးလက်ပြည်သူ ၂၇ဝဝ ဦးအတွက် ၂၄ နာရီ လျှပ်စစ်မီးရရှိစေမည့် ဆိုလာအသေးစားဓာတ်အားပေးစနစ် နှင့် ရေပေးဝေရေးလုပ်ငန်းစီမံကိန်း စတင်ဖွင့်လှစ်
2118
NP News - ဇန်နဝါရီ ၁၆
ကျေးလက်ပြည်သူ ၂၇၀၀ ဦးအတွက် ၂၄ နာရီ လျှပ်စစ်မီးရရှိစေမည့် ဆိုလာအသေးစားဓာတ်အားပေးစနစ် နှင့် ရေပေးဝေရေးလုပ်ငန်းစီမံကိန်းကို စတင်ဖွင့်လှစ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ၏ ထုတ်ပြန်ချက် အရ သိရသည်။
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် ပံ့ပိုးကူညီသည့် “တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ကံမော်ကြီးကျေးရွာနှင့် ရေငံကြီးကျေးရွာ ဆိုလာအသေးစား ဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေးလုပ်ငန်းစီမံကိန်း” ပြီးမြောက်အောင်မြင်ခြင်းအခမ်းအနားကို ဇန်နဝါရီလ ၁၄ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Ms. Ma Jia နှင့် ကျေးလက် ပြည်သူများ တက်ရောက်ခဲ့ကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါစီမံကိန်းသည် ကျေးရွာ ၂ ရွာမှ အိမ်ထောင်စု ၅၄၀၊ ကျေးလက်ပြည်သူ ၂၇၀၀ ဦးအတွက် ၂၄ နာရီ လျှပ်စစ်မီးရရှိရေးကို ကူညီဖော်ဆောင်ပေးခဲ့ကြောင်း၊ သန့်ရှင်းသော သောက်သုံးရေပြဿနာကို ဖြေရှင်းပေးခဲ့ကြောင်း၊ ရေထွက်ကုန်ထုတ်လုပ်မှုအတွက် ပံ့ပိုးကူညီပေးခဲ့ပြီး အခြေခံပြည်သူများအတွက် အကျိုးဖော်ဆောင်ပေးခဲ့ကြောင်း၊ ယခုနှစ်သည် တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၇၅ နှစ်ပြည့်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်ရေးနည်းလမ်းများရှာဖွေခြင်း၊ ပြည်သူလူနေမှုဘဝကိုမြှင့်တင်ခြင်း စသည့်ကဏ္ဍများတွင် တရုတ်နိုင်ငံမှ တတ်စွမ်းသမျှ စဉ်ဆက်မပြတ် ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း တရုတ်သံအမတ်ကြီးက ပြောသည်။
အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် ကျေးရွာကိုယ်စားလှယ်တို့က တရုတ်နိုင်ငံမှ ငွေကြေးပံ့ပိုးကူညီပေးမှုအပေါ် ကျေးဇူးတင်ကြောင်း၊ အဆိုပါစီမံကိန်းသည် အစိုးရ၊ စီးပွားရေးလုပ်ငန်း၊ ပြည်သူစသည့် သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှု၏ စံပြဖြစ်ကြောင်း၊ ကျေးရွာပြည်သူများအတွက် လျှပ်စစ်ဓာတ်အားနှင့် ရေရရှိရေးကို ကူညီပေးခဲ့ရုံသာမက ဒေသ၏ အသေးစားလက်မှုလုပ်ငန်း၊ ပညာရေးနှင့် ကျန်းမာရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးခဲ့ကြောင်း၊ သက်ဆိုင်ရာစက်ကိရိယာများကို ထိန်းသိမ်းကာ အကျိုးရှိစွာအသုံးချသွားပြီး စီမံကိန်း၏ အကျိုးသက်ရောက်မှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်ဟုလည်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Zawgyi Version;
ေက်းလက္ျပည္သူ ၂၇ဝဝ ဦးအတြက္ ၂၄ နာရီ လွ်ပ္စစ္မီးရရွိေစမည့္ ဆိုလာအေသးစားဓာတ္အားေပးစနစ္ ႏွင့္ ေရေပးေဝေရးလုပ္ငန္းစီမံကိန္း စတင္ဖြင့္လွစ္
NP News - ဇန္နဝါရီ ၁၆
ေက်းလက္ျပည္သူ ၂၇၀၀ ဦးအတြက္ ၂၄ နာရီ လွ်ပ္စစ္မီးရရွိေစမည့္ ဆိုလာအေသးစားဓာတ္အားေပးစနစ္ ႏွင့္ ေရေပးေဝေရးလုပ္ငန္းစီမံကိန္းကို စတင္ဖြင့္လွစ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံး ၏ ထုတ္ျပန္ခ်က္ အရ သိရသည္။
လန္ခ်န္း-မဲေခါင္ ပူးေပါင္းေဆာင္႐ြက္မႈအထူးရန္ပုံေငြျဖင့္ ပံ့ပိုးကူညီသည့္ “တနသၤာရီတိုင္းေဒသႀကီး ဘုတ္ျပင္းခ႐ိုင္ ကံေမာ္ႀကီးေက်း႐ြာႏွင့္ ေရငံႀကီးေက်း႐ြာ ဆိုလာအေသးစား ဓာတ္အားေပးစနစ္ႏွင့္ ေရေပးေဝေရးလုပ္ငန္းစီမံကိန္း” ၿပီးေျမာက္ေအာင္ျမင္ျခင္းအခမ္းအနားကို ဇန္နဝါရီလ ၁၄ ရက္က ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အခမ္းအနားသို႔ ျမန္မာႏိုင္ငံ သမဝါယမႏွင့္ေက်းလက္ဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးလွမိုး၊ တနသၤာရီတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးျမတ္ကို၊ ျမန္မာႏိုင္ငံဆိုင္ရာတ႐ုတ္သံအမတ္ႀကီး Ms. Ma Jia ႏွင့္ ေက်းလက္ ျပည္သူမ်ား တက္ေရာက္ခဲ့ေၾကာင္း တ႐ုတ္သံ႐ုံး၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါစီမံကိန္းသည္ ေက်း႐ြာ ၂ ႐ြာမွ အိမ္ေထာင္စု ၅၄၀၊ ေက်းလက္ျပည္သူ ၂၇၀၀ ဦးအတြက္ ၂၄ နာရီ လွ်ပ္စစ္မီးရရွိေရးကို ကူညီေဖာ္ေဆာင္ေပးခဲ့ေၾကာင္း၊ သန႔္ရွင္းေသာ ေသာက္သုံးေရျပႆနာကို ေျဖရွင္းေပးခဲ့ေၾကာင္း၊ ေရထြက္ကုန္ထုတ္လုပ္မႈအတြက္ ပံ့ပိုးကူညီေပးခဲ့ၿပီး အေျခခံျပည္သူမ်ားအတြက္ အက်ိဳးေဖာ္ေဆာင္ေပးခဲ့ေၾကာင္း၊ ယခုႏွစ္သည္ တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံ သံတမန္ဆက္ဆံေရးထူေထာင္ျခင္း ၇၅ ႏွစ္ျပည့္ျဖစ္ၿပီး ျမန္မာႏိုင္ငံအတြက္ ဖြံ႕ၿဖိဳးတိုးတက္ေရးနည္းလမ္းမ်ားရွာေဖြျခင္း၊ ျပည္သူလူေနမႈဘဝကိုျမႇင့္တင္ျခင္း စသည့္က႑မ်ားတြင္ တ႐ုတ္ႏိုင္ငံမွ တတ္စြမ္းသမွ် စဥ္ဆက္မျပတ္ ပံ့ပိုးကူညီေပးသြားမည္ျဖစ္ေၾကာင္း တ႐ုတ္သံအမတ္ႀကီးက ေျပာသည္။
အဆိုပါအခမ္းအနားတြင္ ျပည္ေထာင္စုဝန္ႀကီး ဦးလွမိုး၊ တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးျမတ္ကိုႏွင့္ ေက်း႐ြာကိုယ္စားလွယ္တို႔က တ႐ုတ္ႏိုင္ငံမွ ေငြေၾကးပံ့ပိုးကူညီေပးမႈအေပၚ ေက်းဇူးတင္ေၾကာင္း၊ အဆိုပါစီမံကိန္းသည္ အစိုးရ၊ စီးပြားေရးလုပ္ငန္း၊ ျပည္သူစသည့္ သုံးပြင့္ဆိုင္ပူးေပါင္းေဆာင္႐ြက္မႈ၏ စံျပျဖစ္ေၾကာင္း၊ ေက်း႐ြာျပည္သူမ်ားအတြက္ လွ်ပ္စစ္ဓာတ္အားႏွင့္ ေရရရွိေရးကို ကူညီေပးခဲ့႐ုံသာမက ေဒသ၏ အေသးစားလက္မႈလုပ္ငန္း၊ ပညာေရးႏွင့္ က်န္းမာေရးလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္မႈကို ျမႇင့္တင္ေပးခဲ့ေၾကာင္း၊ သက္ဆိုင္ရာစက္ကိရိယာမ်ားကို ထိန္းသိမ္းကာ အက်ိဳးရွိစြာအသုံးခ်သြားၿပီး စီမံကိန္း၏ အက်ိဳးသက္ေရာက္မႈကို ျမႇင့္တင္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ၾကသည္ဟုလည္း သံ႐ုံး၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။