မဆင်မခြင်မောင်းနှင်သည့် YBS ယာဉ်မောင်းများကို YRTC မှ ယာဉ်မောင်း Smart Card အပြင် ကညန ယာဉ်မောင်းလိုင်စင်ကိုပါ ပိတ်သိမ်းအရေးယူရန် ဆုံးဖြတ်ထား

 794

စော (NP News) - ဇန်နဝါရီ ၁၆

မဆင်မခြင်မောင်းနှင်သည့် YBS ယာဉ်မောင်းများကို YRTC မှ ယာဉ်မောင်း Smart Card အပြင် ကညန ယာဉ်မောင်းလိုင်စင်ကိုပါ အချိန်ကာလတစ်ခုအထိ ပိတ်သိမ်းအရေးယူရန် ဆုံးဖြတ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) ၏ ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုက ပြောကြားခဲ့သည်။
ယနေ့ (ဇန်နဝါရီလ ၁၆ ရက်) တွင် YRTC ၏ ရုံးချုပ်၌ ကျင်းပသော စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်း များအား အသိပညာပေးဆွေးနွေးပွဲတွင် အဆိုပါစကားကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ ဆွေးနွေးပွဲပြုလုပ်ခြင်းကြောင့် ယခင်နှစ်က ဘေးတံခါးဖွင့်မောင်းသဖြင့် ခရီးသည်ပြုတ်ကျသေဆုံးမှုနှုန်း (၆) ကြိမ်အထိရှိခဲ့ရာ ယခုနှစ်အတွင်း ခရီးသည်ပြုတ်ကျ သေဆုံးမှုနှုန်း (၃)ကြိမ်အထိ ကျဆင်းခဲ့ကြောင်း ၎င်းက ဆိုသည်။
စည်းကမ်းမဲ့မောင်းနှင်နေရခြင်း၏ အကြောင်းအရင်းမှာ ယာဉ်မောင်းများသည် ပုတ်ပြတ်စနစ်ဖြင့် လုယက်‌ မောင်းနှင်ကြပြီး အခေါက်ရေများများ ရလိုစိတ်ကြောင့် လောဘတရားများကြီးထွားလာကာ ကျော်တက်မောင်း၍ မရလျှင် ဒေါသများ ထွက်ကာ ရန်လိုစိတ်များဖြင့် ခရီးသည်များ နှင့် ယာဉ်မောင်းအချင်းချင်း လည်းမချေမငံ ဆက်ဆံခြင်းများ၊ ခိုက်ရန်ဖြစ်ပွားခြင်းများ၊ မီးနီဖြတ်သန်းမောင်းနှင်ခြင်း၊ သတ်မှတ်ကီလိုထက် မောင်းနှင်ခြင်း စသည်တို့ကို YRTC က လုံးဝ ခွင့်လွှတ်မည်မဟုတ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
“မိမိတို့၏ မဆင်မခြင်မောင်းနှင်မှုကြောင့် YRTC မှ ယာဉ်မောင်း Smart Card ဖျက်သိမ်းခြင်းအပြင် ရန်ကုန်တိုင်း ဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးကောင်စီမှ ကညန ယာဉ်မောင်းလိုင်စင်ကိုပါ အချိန်ကာလတစ်ခု သတ်မှတ်၍ ပိတ်သိမ်းအရေးယူရန် ဆုံးဖြတ်ထားပြီး” ဟု ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုက ပြောသည်။
ထို့ပြင် POS ကတ်ဖြတ်စနစ်အား ပိတ်ထားသည့်ယာဉ်လိုင်းများကိုလည်း ထိ‌‌ရောက်စွာ စစ်ဆေးအရေးယူနေပြီဖြစ် ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲကို မီးနီဖြတ်မောင်းသူ (၃၀) ဦး၊ ယှဉ်ပြိုင်ကျော်တက်သူ (၁၅) ဦး၊ မီးပွိုင့်တွင်လူ တင်/ချသူ (၁) ဦး၊ ဘေးတံခါးဖွင့်မောင်းသူ (၄၃) ဦး၊ မှတ်တိုင်တွင် အချိန်ကြာမြင့်စွာရပ်သူ (၃) ဦး၊ အရှိန်ပြင်းစွာမောင်းနှင်သူ (၈) ဦးစသည့် စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းစုစုပေါင်း (၁၀၀) ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
မဆင္မျခင္ေမာင္းႏွင္သည့္ YBS ယာဥ္ေမာင္းမ်ားကို YRTC မွ ယာဥ္ေမာင္း Smart Card အျပင္ ကညန ယာဥ္ေမာင္းလိုင္စင္ကိုပါ ပိတ္သိမ္းအေရးယူရန္ ဆုံးျဖတ္ထား
ေစာ (NP News) - ဇန္နဝါရီ ၁၆

မဆင္မျခင္ေမာင္းႏွင္သည့္ YBS ယာဥ္ေမာင္းမ်ားကို YRTC မွ ယာဥ္ေမာင္း Smart Card အျပင္ ကညန ယာဥ္ေမာင္းလိုင္စင္ကိုပါ အခ်ိန္ကာလတစ္ခုအထိ ပိတ္သိမ္းအေရးယူရန္ ဆုံးျဖတ္ထားေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးပုဂၢလိက သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈေကာ္မတီ(YRTC) ၏ ဒုတိယဥကၠ႒ ဦးခ်စ္ကိုကိုက ေျပာၾကားခဲ့သည္။
ယေန႔ (ဇန္နဝါရီလ ၁၆ ရက္) တြင္ YRTC၏ ႐ုံးခ်ဳပ္၌ က်င္းပေသာ စည္းကမ္းေဖာက္ဖ်က္သည့္ YBS ယာဥ္ေမာင္း မ်ားအား အသိပညာေပးေဆြးေႏြးပြဲတြင္ အဆိုပါစကားကို ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
ယခုကဲ့သို႔ ေဆြးေႏြးပြဲျပဳလုပ္ျခင္းေၾကာင့္ ယခင္ႏွစ္က ေဘးတံခါးဖြင့္ေမာင္းသျဖင့္ ခရီးသည္ျပဳတ္က်ေသဆုံးမႈႏႈန္း (၆) ႀကိမ္အထိရွိခဲ့ရာ ယခုႏွစ္အတြင္း ခရီးသည္ျပဳတ္က် ေသဆုံးမႈႏႈန္း (၃)ႀကိမ္အထိ က်ဆင္းခဲ့ေၾကာင္း ၎က ဆိုသည္။
စည္းကမ္းမဲ့ေမာင္းႏွင္ေနရျခင္း၏ အေၾကာင္းအရင္းမွာ ယာဥ္ေမာင္းမ်ားသည္ ပုတ္ျပတ္စနစ္ျဖင့္ လုယက္‌ ေမာင္းႏွင္ၾကၿပီး အေခါက္ေရမ်ားမ်ား ရလိုစိတ္ေၾကာင့္ ေလာဘတရားမ်ားႀကီးထြားလာကာ ေက်ာ္တက္ေမာင္း၍ မရလွ်င္ ေဒါသမ်ား ထြက္ကာ ရန္လိုစိတ္မ်ားျဖင့္ ခရီးသည္မ်ား ႏွင့္ ယာဥ္ေမာင္းအခ်င္းခ်င္း လည္းမေခ်မငံ ဆက္ဆံျခင္းမ်ား၊ ခိုက္ရန္ျဖစ္ပြားျခင္းမ်ား၊ မီးနီျဖတ္သန္းေမာင္းႏွင္ျခင္း၊ သတ္မွတ္ကီလိုထက္ ေမာင္းႏွင္ျခင္း စသည္တို႔ကို YRTC က လုံးဝ ခြင့္လႊတ္မည္မဟုတ္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။
“မိမိတို႔၏ မဆင္မျခင္ေမာင္းႏွင္မႈေၾကာင့္ YRTC မွ ယာဥ္ေမာင္း Smart Card ဖ်က္သိမ္းျခင္းအျပင္ ရန္ကုန္တိုင္း ေဒသႀကီး ယာဥ္အႏၲရာယ္၊ လမ္းအႏၲရာယ္ ကင္းရွင္းေစေရးေကာင္စီမွ ကညန ယာဥ္ေမာင္းလိုင္စင္ကိုပါ အခ်ိန္ကာလတစ္ခု သတ္မွတ္၍ ပိတ္သိမ္းအေရးယူရန္ ဆုံးျဖတ္ထားၿပီး” ဟု ဒုတိယဥကၠ႒ ဦးခ်စ္ကိုကိုက ေျပာသည္။
ထို႔ျပင္ POS ကတ္ျဖတ္စနစ္အား ပိတ္ထားသည့္ယာဥ္လိုင္းမ်ားကိုလည္း ထိ‌‌ေရာက္စြာ စစ္ေဆးအေရးယူေနၿပီျဖစ္ ေၾကာင္း သိရသည္။
အဆိုပါေဆြးေႏြးပြဲကို မီးနီျဖတ္ေမာင္းသူ (၃၀) ဦး၊ ယွဥ္ၿပိဳင္ေက်ာ္တက္သူ (၁၅) ဦး၊ မီးပြိဳင့္တြင္လူ တင္/ခ်သူ (၁) ဦး၊ ေဘးတံခါးဖြင့္ေမာင္းသူ (၄၃) ဦး၊ မွတ္တိုင္တြင္ အခ်ိန္ၾကာျမင့္စြာရပ္သူ (၃) ဦး၊ အရွိန္ျပင္းစြာေမာင္းႏွင္သူ (၈) ဦးစသည့္ စည္းကမ္းေဖာက္ဖ်က္သည့္ YBS ယာဥ္ေမာင္းစုစုေပါင္း (၁၀၀) ဦးတို႔ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.