ထိုင်းတက်ကြွလှုပ်ရှားသူတစ်ဦးက ဝန်ကြီးချုပ်ကို တိုင်ကြားတရားစွဲ

 967

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၆

ထိုင်းတက်ကြွလှုပ်ရှားသူတစ်ဦးဟာ ထိုင်းဝန်ကြီးချုပ် ပေထုံတန်ရှင်နာဝါထရာကို ရှေ့နေချုပ်ရုံးမှာ တိုင်ကြား တရားစွဲလိုက်တယ်လို့ သိရပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟာ ထောင်ကျဖူးတဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးကို သူမ အကြံပေးခန့်အပ်ခဲ့တာနဲ့ပတ်သက်ပြီး တိုင်ကြားခံရတာလည်းဖြစ်ပါတယ်။ ရှေနေချုပ်ရုံးဟာ ထိုင်ဝန်ကြီးချုပ်ရဲ့ အမှုကိစ္စကို ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးထံ ဆက်လက်တိုင်ကြားဖွယ်ရှိနေပါတယ်။
ထိုင်းတက်ကြွလှုပ်ရှားသူ ဆွန်သီရက်က ဝန်ကြီးချုပ်ဟာ ရာဇဝတ်မှုမှတ်တမ်းရှိဖူးသူတွေကို အစိုးရအဖွဲ့အတွင်း ခန့်အပ်တာမျိုး မလုပ်ရဘူးဆိုတဲ့စည်းကမ်းသတ်မှတ်ချက်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၁၆၀) ကို ချိုးဖောက် ခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်းဝန်းကြီးချုပ်က အကြံပေးခန့်ထားသူ နက်တာဝက်ဟာ နိုင်ငံရေးလုပ်ခွင့် (၁၀)နှစ် ပိတ်ပင်ခံထားရသူဖြစ်သလို ထောင်ဒဏ် ၂ နှစ်ကျဖူးသူဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူ ဆွန်သီရက်က ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ်ရဲ့အကြံပေးရာထူးဟာ နိုင်ငံရေးလုပ်ဆောင်မှုမျိုးဖြစ်တယ်လို့ ဆွန်သီရက်က ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ရှင်နာဝါထရာဝန်ကြီးချုပ် ဖြစ်လာပြီးနောက် တက်ကြွလှုပ်ရှားသူတွေဟာ ဖြူထိုင်းပါတီ နဲ့ ဝန်ကြီးချုပ်တို့ကို တိုင်တန်းတာ တရားစွဲတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလတုန်းကလည်း တက်ကြွလှုပ်ရှားသူနှစ်ဦးက ဖြူထိုင်းပါတီကို တိုင်ကြားတာတွေ လုပ်ခဲ့ဖူးပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟာ လက်ရှိ အချိန်မှာ အကြံပေးဖြစ်သူကို ထုတ်ပယ်ခြင်း လုပ်/မလုပ် ဆုံးဖြတ်ရဖွယ်ရှိပါတယ်။

Zawgyi Version;
ထိုင္းတက္ႂကြလႈပ္ရွားသူတစ္ဦးက ဝန္ႀကီးခ်ဳပ္ကို တိုင္ၾကားတရားစြဲ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၆

ထိုင္းတက္ႂကြလႈပ္ရွားသူတစ္ဦးဟာ ထိုင္းဝန္ႀကီးခ်ဳပ္ ေပထုံတန္ရွင္နာဝါထရာကို ေရွ႕ေနခ်ဳပ္႐ုံးမွာ တိုင္ၾကား တရားစြဲလိုက္တယ္လို႔ သိရပါတယ္။ ထိုင္းဝန္ႀကီးခ်ဳပ္ဟာ ေထာင္က်ဖူးတဲ့ တက္ႂကြလႈပ္ရွားသူတစ္ဦးကို သူမ အႀကံေပးခန္႔အပ္ခဲ့တာနဲ႔ပတ္သက္ၿပီး တိုင္ၾကားခံရတာလည္းျဖစ္ပါတယ္။ ေရွေနခ်ဳပ္႐ုံးဟာ ထိုင္ဝန္ႀကီးခ်ဳပ္ရဲ႕ အမႈကိစၥကို ထိုင္းဖြဲ႕စည္းပုံ အေျခခံဥပေဒခုံ႐ုံးထံ ဆက္လက္တိုင္ၾကားဖြယ္ရွိေနပါတယ္။
ထိုင္းတက္ႂကြလႈပ္ရွားသူ ဆြန္သီရက္က ဝန္ႀကီးခ်ဳပ္ဟာ ရာဇဝတ္မႈမွတ္တမ္းရွိဖူးသူေတြကို အစိုးရအဖြဲ႕အတြင္း ခန္႔အပ္တာမ်ိဳး မလုပ္ရဘူးဆိုတဲ့စည္းကမ္းသတ္မွတ္ခ်က္အျပင္ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ(၁၆၀) ကို ခ်ိဳးေဖာက္ ခဲ့တယ္လို႔ ဆိုပါတယ္။ ထိုင္းဝန္းႀကီးခ်ဳပ္က အႀကံေပးခန္႔ထားသူ နက္တာဝက္ဟာ ႏိုင္ငံေရးလုပ္ခြင့္ (၁၀)ႏွစ္ ပိတ္ပင္ခံထားရသူျဖစ္သလို ေထာင္ဒဏ္ ၂ ႏွစ္က်ဖူးသူျဖစ္တယ္လို႔ တက္ႂကြလႈပ္ရွားသူ ဆြန္သီရက္က ေျပာပါတယ္။
ထိုင္းဝန္ႀကီးခ်ဳပ္ရဲ႕အႀကံေပးရာထူးဟာ ႏိုင္ငံေရးလုပ္ေဆာင္မႈမ်ိဳးျဖစ္တယ္လို႔ ဆြန္သီရက္က ေျပာပါတယ္။ ထိုင္းႏိုင္ငံမွာ ရွင္နာဝါထရာဝန္ႀကီးခ်ဳပ္ ျဖစ္လာၿပီးေနာက္ တက္ႂကြလႈပ္ရွားသူေတြဟာ ျဖဴထိုင္းပါတီ နဲ႔ ဝန္ႀကီးခ်ဳပ္တို႔ကို တိုင္တန္းတာ တရားစြဲတာေတြ လုပ္ေဆာင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ေအာက္တိုဘာလတုန္းကလည္း တက္ႂကြလႈပ္ရွားသူႏွစ္ဦးက ျဖဴထိုင္းပါတီကို တိုင္ၾကားတာေတြ လုပ္ခဲ့ဖူးပါတယ္။ ထိုင္းဝန္ႀကီးခ်ဳပ္ဟာ လက္ရွိ အခ်ိန္မွာ အႀကံေပးျဖစ္သူကို ထုတ္ပယ္ျခင္း လုပ္/မလုပ္ ဆုံးျဖတ္ရဖြယ္ရွိပါတယ္။

Related news

© 2021. All rights reserved.