ရေမြောင်းအတွင်း စွန့်ပစ်ခံရပြီး တစ်ကိုယ်လုံး ပုရွက်ဆိတ်များအကိုက်ခံထားရသည့် လသားအရွယ် ကလေးငယ်ကို အချိန်မီကယ်တင်နိုင်ခဲ့
1178
သန့်ဇင် (NP News) - ဇန်နဝါရီ ၁၆
နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်တွင် ရေမြောင်းအတွင်း စွန့်ပစ်ခံရပြီး မျက်နှာမှလွဲ၍ တစ်ကိုယ်လုံး ပုရွက်ဆိတ်များ အကိုက်ခံထားရသည့် လသားအရွယ်ကလေးငယ်ကို အချိန်မီကယ်တင်နိုင်ခဲ့ကြောင်း သဗ္ဗသုခနာ ရေးကူညီမှုအသင်းထံမှ သိရသည်။
အဆိုပါကလေးငယ်ကို ယမန်နေ့(ဇန်နဝါရီလ ၁၅ ရက်)၊ နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပရပ်ကွက် နေပြည်တော်ဘူတာကြီးရှေ့၊ သံလွင်လမ်းမဘေး ရေမြောင်းအတွင်းတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဘူတာကြီးရှေ့တည့်တည်မှာပဲ ကောင်လေး(၂)ယောက်က အပေါ့သွားချင်တယ် ဆိုပြီး ဆင်းလိုက်တာမှာ ကောင်လေးတစ်ယောက်က တွေ့တာ။ ။အခုဒီကလေးလေးက အစ်ကိုတို့ ခန့်မှန်းရသလောက်ဆိုရင် မနက် ဝေလီဝေလင်းမှာ စွန့်ပစ်ထားတာဖြစ်ဖို့ ရာခိုင်နှုန်းများတယ်။ ညကတည်းက စွန့်ပစ်တာ မဟုတ်တာ တော်သေးတယ်။ အခုနေပြည်တော်မှာ အရမ်းအေးနေတယ်။ အဲဒီလောက်အေးနေတာကို ညဘက်ကသာ ပစ်ထား ရင် ဒီကလေးသေမှာ။ နောက်တစ်ချက်က လမ်းဘေးလေလွင့်ခွေးတွေ အရမ်းများတယ်။ မဟုတ်ရင် ခွေးဆွဲသွားမှာ လေ” ဟု သဗ္ဗသုခနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
စွန့်ပစ်ခံထားရသည့် ကလေးငယ်မှာ (၃)လသားအရွယ် မိန်းကလေးဖြစ်ပြီး ကလေးငယ်တွင် မျက်နှာမှလွဲ၍ ခန္ဓာကိုယ်အနှံ့ ပုရွက်ဆိတ်အကိုက်ခံရသည့်အစက်အပျောက်များစွာရရှိထားကြောင်း အထက်ပါတာဝန်ရှိသူက ဆို သည်။
“ခန့်မှန်းချေကတော့ (၃) နှစ်အရွယ်လို့ ခန့်မှန်းထားတယ်။ မိန်းကလေးပါ။ ကလေးကိုတော့ ကျွန်တော်တို့က တဆင့်ချိတ်လိုက်တော့ ကျွန်တော်တို့ သက်ဆိုင်ရာအုပ်ချုပ်ရေး၊ မြို့နယ်ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာန၊ လူကယ်ပြန်ဌာနတွေနဲ့ အဆင့်ဆင့်ချိတ်ဆက်ပြီးတော့ နောက်ဆုံးဘာပဲဖြစ်ဖြစ် ဆေးကုသမှုခံယူသင့်တယ်ဆိုပြီး ဆေးရုံပို့ထားတယ်။ လက်ရှိကတော့ ကလေးက ကျန်းမာရေးတော့ ကောင်းတဲ့အထဲမှာပါပါတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် စွန့်ပစ်ခံကလေးငယ်ကို ဥတ္တရသီရီမြို့နယ် ရှိသောကလေးရောဂါအထူးကု (ကုတင်-၅၀၀) ဆေးရုံကြီး သို့ ပို့ဆောင်ပေးထားသည့်အတွက် ကျန်းမာရေးမှာကောင်းမွန်နေလျက်ရှိကာ ကလေးငယ်၏ ကိစ္စအဝဝကိုလည်း သဗ္ဗသုခနာရေးကူညီမှုအသင်းကပင် တာဝန်ယူလုပ်ဆောင်ပေးနေလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်ကိုယ်တိုင်ကလည်း သမီးမွေးထားတဲ့ သမီးရှင်ပါ။ ကလေး ဖခင်တစ်ယောက်အနေနဲ့ပြောရရင်။ ဒီနောက်ပိုင်းကလေးတွေကို မှာချင်တာတစ်ခုပဲရှိတယ်။ တာဝန်မယူနိုင်ရင်မယူနဲ့ အဲဒီကလေးကို။ ဘဝတွေ အသက်တွေလေ။ အဲဒီလိုစွန်ပစ်မယ့်အစား။ အကယ်လို့ရသွားခဲ့ရင် မစွန့်ပစ်ဘဲနဲ့ လူမှုဝန်ထမ်းဦးစီးဌာနကို တိုက်ရိုက်ချိတ်လို့ရတယ်။ မည်သည့်အသင်းအဖွဲ့ကို မဆိုအကူတောင်းလို့ရတယ်။ တာဝန်မယူနိုင်ဘူးဆိုရင် မယူသင့်ရင် မယူနဲ့” ဟု အထက်ပါ သတင်းရင်းမြစ်က အကြံပြုထားသည်။
Zawgyi Version;
ေရေျမာင္းအတြင္း စြန႔္ပစ္ခံရၿပီး တစ္ကိုယ္လုံး ပု႐ြက္ဆိတ္မ်ားအကိုက္ခံထားရသည့္ လသားအ႐ြယ္ ကေလးငယ္ ကို အခ်ိန္မီကယ္တင္ႏိုင္ခဲ့
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၁၆
ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ပုဗၺသီရိၿမိဳ႕နယ္တြင္ ေရေျမာင္းအတြင္း စြန႔္ပစ္ခံရၿပီး မ်က္ႏွာမွလြဲ၍ တစ္ကိုယ္လုံး ပု႐ြက္ဆိတ္မ်ား အကိုက္ခံထားရသည့္ လသားအ႐ြယ္ကေလးငယ္ကို အခ်ိန္မီကယ္တင္ႏိုင္ခဲ့ေၾကာင္း သဗၺသုခနာ ေရးကူညီမႈအသင္းထံမွ သိရသည္။
အဆိုပါကေလးငယ္ကို ယမန္ေန႔(ဇန္နဝါရီလ ၁၅ ရက္)၊ နံနက္ပိုင္းက ပုဗၺသီရိၿမိဳ႕နယ္ မဂၤလာဒီပရပ္ကြက္ ေနျပည္ေတာ္ဘူတာႀကီးေရွ႕၊ သံလြင္လမ္းမေဘး ေရေျမာင္းအတြင္းေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ဘူတာႀကီးေရွ႕တည့္တည္မွာပဲ ေကာင္ေလး(၂)ေယာက္က အေပါ့သြားခ်င္တယ္ ဆိုၿပီး ဆင္းလိုက္တာမွာ ေကာင္ေလးတစ္ေယာက္က ေတြ႕တာ။ ။အခုဒီကေလးေလးက အစ္ကိုတို႔ ခန႔္မွန္းရသေလာက္ဆိုရင္ မနက္ ေဝလီေဝလင္းမွာ စြန႔္ပစ္ထားတာျဖစ္ဖို႔ ရာခိုင္ႏႈန္းမ်ားတယ္။ ညကတည္းက စြန႔္ပစ္တာ မဟုတ္တာ ေတာ္ေသးတယ္။ အခုေနျပည္ေတာ္မွာ အရမ္းေအးေနတယ္။ အဲဒီေလာက္ေအးေနတာကို ညဘက္ကသာ ပစ္ထား ရင္ ဒီကေလးေသမွာ။ ေနာက္တစ္ခ်က္က လမ္းေဘးေလလြင့္ေခြးေတြ အရမ္းမ်ားတယ္။ မဟုတ္ရင္ ေခြးဆြဲသြားမွာ ေလ” ဟု သဗၺသုခနာေရးကူညီမႈအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
စြန႔္ပစ္ခံထားရသည့္ ကေလးငယ္မွာ (၃)လသားအ႐ြယ္ မိန္းကေလးျဖစ္ၿပီး ကေလးငယ္တြင္ မ်က္ႏွာမွလြဲ၍ ခႏၶာကိုယ္အႏွံ႔ ပု႐ြက္ဆိတ္အကိုက္ခံရသည့္အစက္အေပ်ာက္မ်ားစြာရရွိထားေၾကာင္း အထက္ပါတာဝန္ရွိသူက ဆို သည္။
“ခန႔္မွန္းေခ်ကေတာ့ (၃) ႏွစ္အ႐ြယ္လို႔ ခန႔္မွန္းထားတယ္။ မိန္းကေလးပါ။ ကေလးကိုေတာ့ ကြၽန္ေတာ္တို႔က တဆင့္ခ်ိတ္လိုက္ေတာ့ ကြၽန္ေတာ္တို႔ သက္ဆိုင္ရာအုပ္ခ်ဳပ္ေရး၊ ၿမိဳ႕နယ္က်န္းမာေရးနဲ႔ ကုသေရးဦးစီးဌာန၊ လူကယ္ျပန္ဌာနေတြနဲ႔ အဆင့္ဆင့္ခ်ိတ္ဆက္ၿပီးေတာ့ ေနာက္ဆုံးဘာပဲျဖစ္ျဖစ္ ေဆးကုသမႈခံယူသင့္တယ္ဆိုၿပီး ေဆး႐ုံပို႔ထားတယ္။ လက္ရွိကေတာ့ ကေလးက က်န္းမာေရးေတာ့ ေကာင္းတဲ့အထဲမွာပါပါတယ္” ဟု ၎က ဆိုသည္။
လက္ရွိတြင္ စြန႔္ပစ္ခံကေလးငယ္ကို ဥတၱရသီရီၿမိဳ႕နယ္ ရွိေသာကေလးေရာဂါအထူးကု (ကုတင္-၅၀၀) ေဆး႐ုံႀကီး သို႔ ပို႔ေဆာင္ေပးထားသည့္အတြက္ က်န္းမာေရးမွာေကာင္းမြန္ေနလ်က္ရွိကာ ကေလးငယ္၏ ကိစၥအဝဝကိုလည္း သဗၺသုခနာေရးကူညီမႈအသင္းကပင္ တာဝန္ယူလုပ္ေဆာင္ေပးေနလ်က္ရွိေၾကာင္း သိရသည္။
“ကြၽန္ေတာ္ကိုယ္တိုင္ကလည္း သမီးေမြးထားတဲ့ သမီးရွင္ပါ။ ကေလး ဖခင္တစ္ေယာက္အေနနဲ႔ေျပာရရင္။ ဒီေနာက္ပိုင္းကေလးေတြကို မွာခ်င္တာတစ္ခုပဲရွိတယ္။ တာဝန္မယူႏိုင္ရင္မယူနဲ႔ အဲဒီကေလးကို။ ဘဝေတြ အသက္ေတြေလ။ အဲဒီလိုစြန္ပစ္မယ့္အစား။ အကယ္လို႔ရသြားခဲ့ရင္ မစြန႔္ပစ္ဘဲနဲ႔ လူမႈဝန္ထမ္းဦးစီးဌာနကို တိုက္႐ိုက္ခ်ိတ္လို႔ရတယ္။ မည္သည့္အသင္းအဖြဲ႕ကို မဆိုအကူေတာင္းလို႔ရတယ္။ တာဝန္မယူႏိုင္ဘူးဆိုရင္ မယူသင့္ရင္ မယူနဲ႔” ဟု အထက္ပါ သတင္းရင္းျမစ္က အႀကံျပဳထားသည္။