ဒေါပုံမြို့နယ်တွင် ယာဥ်ပေါ်၌ လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သတိလစ်မေ့မြောနေသူအမျိုးသားတစ်ဦးကို တွေ့ရှိ
1960
ချယ်ရီ (NP News) - ဇန်နဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်တစ်နေရာ၌ ကားပေါ်တွင် လည်ပင်းပြတ်ရှဒဏ်ရာဖြင့် တွေ့ရသောကြောင့် ဆေးရုံပို့စဉ် သေဆုံးသွားသော အမျိုးသားမှာ အခင်းဖြစ်နေရာမှ အားတင်းကာ ကားကို မောင်းနှင်လာခဲ့ ဖွယ်ရှိ ကြောင်း သစ္စာမဏ္ဍိုင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ အမျိုးသားကို ယမန်နေ့(ဇန်နဝါရီလ ၁၅ ရက်)၊ ည ၈နာရီ ၂၀ မိနစ်ဝန်းကျင်အချိန်ခန့်က ဒေါပုံမြို့နယ်၊ ဇေယျာသီရိရပ်ကွက်၊ (၆)လမ်းထိပ်ရှိ ပေ(၈၀)လမ်းမပေါ်တွင် ၎င်း၏ ကားပေါ်၌ ဓားဒဏ်များဖြင့် သတိမေ့ အနေအထားဖြင့် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
စတင်တွေ့ချိန်တွင် လည်ပင်း၌ (၃)လက်မခန့်အကျယ်ရှိသော ဓားပြတ်ရှဒဏ်ရာနှင့် ဘယ်ဘက်ရင်အုံအောက်၌ ဓားထိုးသွင်းဒဏ်ရာ(၁)ချက်တို့ဖြင့် ၎င်း၏ ယာဉ်မောင်းရာထိုင်ခုံတွင် သတိလစ်မေ့မြောနေကြောင်း သိရသည်။
“ကျွန်တော့်ကို လက်ရှိရပ်ကွက်ထဲက လူတစ်ယောက်ကပြောတယ်။ ကားတစ်စီးက Prado ကားတစ်စီးကို လာတိုက်တယ်။ တိုက်တော့ သွားကြည့်လိုက်တော့ အဲဒီလူက သူ့လည်ပင်းကိုသူ ပုဆိုးအစကြီးနဲ့ အုပ်ထားတာ။ အုပ်ထားတာကြည့်လိုက်တော့ ရင်ဘက်မှာလည်း သွေးတွေနဲ့ တအားဖြစ်နေတော့ အဲဒါနဲ့ ကျွန်တော်တို့ လူမှုကူညီရေးအသင်းကို လှမ်းခေါ်လို့ သွားကြည့်လိုက်တော့ လူနာက အသက်ငွေ့ငွေ့ပဲ ရှိတော့တယ်။ လည်ပင်းကို သူ့ဟာသူကိုင်ထားပြီးတော့ သူအားတင်းပြီးမောင်းလာတဲ့ သဘောရှိတယ်။ ဘယ်နေရာမှာဖြစ်လာခဲ့တယ်ဆိုတာ အခုချိန်အထိ မသိသေးဘူး။ ရဲက စုံစမ်းနေဆဲပဲ ရှိသေးတယ်” ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်
အဆိုပါ အမျိုးသား မောင်းနှင်လာခဲ့သည့် ကားကိုယ်ထည်တွင်လည်း ပွန်းပဲ နှင့် ချိုင့်ရာများကို တွေ့ရသောကြောင့် လမ်းတလျှောက်တွင် တိုက်မိခဲ့ခြင်း များ ရှိနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။
“ကျွန်တော်ကိုယ်တိုင်ဦးစီးပြီး ကားပေါ်တင်လိုက်တယ်။ ရဲစခန်းကို မောင်းသွားပြီး ရဲဆေးစာနဲ့ ရန်ကုန်ဆေးရုံကြီး ကိုသွားတယ်။ ရန်ကုန်ဆေးရုံကြီးကိုသွားတော့ အဲဒီကောင်လေးက ဆုံးသွားတယ်” ဟု ၎င်းက ပြောသည်။
နောက်ပိုင်း စစ်ဆေးဖော်ထုတ်ချက်များ အရ သေဆုံးသူ အမျိုးသားမှာ ဒေါပုံမြို့နယ်၊ ဇေယျာသီရိရပ်ကွက် အတွင်း နေထိုင်သော အသက်(၃၅)နှစ်အရွယ်ခန့်ရှိ ကိုကျော်ကျော်ဟန်ဖြစ်ကြောင်း သိရသည်။
“သူမောင်းလာတာ ဇေယျာသီရိ(၆)လမ်းထိပ်အနားကျတော့ သူက လုံးဝကိုမရတော့တဲ့ အခြေအနေကိုဖြစ် သွားတာ။ အဲဒီမှာ သူအမျိုးသမီးနဲ့ မိသားစုတွေရောက်လာပြီးတော့ ချက်ချင်းကိုပဲ သူ့အမျိုးသမီးကိုပါ ဆေးရုံကို ခေါ်သွားတာ။ သူ့မှာ သားသမီးတော့ ရှိလောက်တယ်” ဟု ၎င်းက ပြောသည်။
Zawgyi Version;