စင်ကာပူနိုင်ငံ၊ ချန်ဂီလေဆိပ် ၂၀၂၄ ခုနှစ်ရဲ့ ကမ္ဘာ့စတုတ္ထ အလုပ်အများဆုံး နိုင်ငံတကာလေဆိပ်အဖြစ် အဆင့်သတ်မှတ်ခံရ
97
ရောင်နီ (NP News) - ဇန်နဝါရီ ၁၇
စင်ကာပူနိုင်ငံ၊ ချန်ဂီလေဆိပ်လေကြောင်းလိုင်းဟာ ၂၀၂၄ ခုနှစ်ရဲ့စတုတ္ထမြောက် အလုပ်အများဆုံး နိုင်ငံတကာလေဆိပ်ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။
လေဆိပ်ဟာ ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတကာဧည့်သည်တွေကို ရောင်းချခဲ့တဲ့ လေယာဉ်ထိုင်ခုံ စုစုပေါင်း ၄၁.၅ သန်း ရှိပြီး ၂၀၂၃ ခုနှစ်က ပမာဏ ၃၆.၁ သန်းထက် ၁၆ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ ကမ္ဘာလုံးဆိုင်ရာ ခရီးသွားဒေတာ ပံ့ပိုးပေးသူ OAG Aviation က ဇန်နဝါရီ ၁၅ ရက်က ထုတ်ပြန်တဲ့ နောက်ဆုံး ကိန်းဂဏန်းများအရ သိရပါတယ်။
အဲဒီအဆင့်သတ်မှတ်ချက်တွေဟာ နိုင်ငံတကာလေကြောင်းခရီးစဉ်အတွက် စီစဉ်ထားတဲ့ လေကြောင်းလိုင်း ထိုင်ခုံဆိုင်ရာအချက်အလက်တွေကို အသုံးပြုပြီး စုစည်းထားတာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်က ချန်ဂီလေဆိပ်ဟာ ကမ္ဘာ့ပဉ္စမမြောက် အလုပ်အများဆုံး နိုင်ငံတကာလေဆိပ်အဖြစ် အဆင့်သတ်မှတ်ခံခဲ့ရတာဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာတော့ ကမ္ဘာ့စတုတ္တမြောက် အလုပ်အများဆုံး နိုင်ငံတကာလေဆိပ်အဖြစ် အဆင့်တိုးသွားတာဖြစ်ပါတယ်။
ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကတော့ ထိုင်ခုံပမာဏ ၆၀.၂ သန်းနဲ့ ၂၀၂၄ ခုနှစ်ရဲ့ကမ္ဘာ့အလုပ်အများဆုံး နိုင်ငံတကာလေဆိပ်အဖြစ် ဦးဆောင်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ လန်ဒန် Heathrow လေဆိပ်က ထိုင်ခုံ ၄၈.၄ သန်းနဲ့ ဒုတိယနေရာ၊ တောင်ကိုရီးယား ဆိုးလ်မြို့ရဲ့ Incheon International Airport ကတော့ ထိုင်ခုံ ၄၁.၆ သန်းနဲ့ တတိယနေရာမှာ ရပ်တည်နေတယ်လို့ သိရပါတယ်။
Zawgyi Version;
စင္ကာပူႏိုင္ငံ၊ ခ်န္ဂီေလဆိပ္ ၂၀၂၄ ခုႏွစ္ရဲ႕ ကမာၻ႔စတုတၳ အလုပ္အမ်ားဆုံး ႏိုင္ငံတကာေလဆိပ္အျဖစ္ အဆင့္သတ္မွတ္ခံရ
ေရာင္နီ (NP News) - ဇန္နဝါရီ ၁၇
စင္ကာပူႏိုင္ငံ၊ ခ်န္ဂီေလဆိပ္ေလေၾကာင္းလိုင္းဟာ ၂၀၂၄ ခုႏွစ္ရဲ႕စတုတၳေျမာက္ အလုပ္အမ်ားဆုံး ႏိုင္ငံတကာေလဆိပ္ျဖစ္လာခဲ့တယ္လို႔ သိရပါတယ္။
ေလဆိပ္ဟာ ၂၀၂၄ ခုႏွစ္အတြင္း ႏိုင္ငံတကာဧည့္သည္ေတြကို ေရာင္းခ်ခဲ့တဲ့ ေလယာဥ္ထိုင္ခုံ စုစုေပါင္း ၄၁.၅ သန္း ရွိၿပီး ၂၀၂၃ ခုႏွစ္က ပမာဏ ၃၆.၁ သန္းထက္ ၁၆ ရာခိုင္ႏႈန္း တိုးလာခဲ့တယ္လို႔ ကမာၻလုံးဆိုင္ရာ ခရီးသြားေဒတာ ပံ့ပိုးေပးသူ OAG Aviation က ဇန္နဝါရီ ၁၅ ရက္က ထုတ္ျပန္တဲ့ ေနာက္ဆုံး ကိန္းဂဏန္းမ်ားအရ သိရပါတယ္။
အဲဒီအဆင့္သတ္မွတ္ခ်က္ေတြဟာ ႏိုင္ငံတကာေလေၾကာင္းခရီးစဥ္အတြက္ စီစဥ္ထားတဲ့ ေလေၾကာင္းလိုင္း ထိုင္ခုံဆိုင္ရာအခ်က္အလက္ေတြကို အသုံးျပဳၿပီး စုစည္းထားတာျဖစ္ပါတယ္။ ၂၀၂၃ ခုႏွစ္က ခ်န္ဂီေလဆိပ္ဟာ ကမာၻ႔ပၪၥမေျမာက္ အလုပ္အမ်ားဆုံး ႏိုင္ငံတကာေလဆိပ္အျဖစ္ အဆင့္သတ္မွတ္ခံခဲ့ရတာျဖစ္ၿပီး ၂၀၂၄ ခုႏွစ္မွာေတာ့ ကမာၻ႔စတုတၱေျမာက္ အလုပ္အမ်ားဆုံး ႏိုင္ငံတကာေလဆိပ္အျဖစ္ အဆင့္တိုးသြားတာျဖစ္ပါတယ္။
ဒူဘိုင္းအျပည္ျပည္ဆိုင္ရာေလဆိပ္ကေတာ့ ထိုင္ခုံပမာဏ ၆၀.၂ သန္းနဲ႔ ၂၀၂၄ ခုႏွစ္ရဲ႕ကမာၻ႔အလုပ္အမ်ားဆုံး ႏိုင္ငံတကာေလဆိပ္အျဖစ္ ဦးေဆာင္ခဲ့ပါတယ္။
အဲဒီေနာက္မွာေတာ့ လန္ဒန္ Heathrow ေလဆိပ္က ထိုင္ခုံ ၄၈.၄ သန္းနဲ႔ ဒုတိယေနရာ၊ ေတာင္ကိုရီးယား ဆိုးလ္ၿမိဳ႕ရဲ႕ Incheon International Airport ကေတာ့ ထိုင္ခုံ ၄၁.၆ သန္းနဲ႔ တတိယေနရာမွာ ရပ္တည္ေနတယ္လို႔ သိရပါတယ္။