“LNG နဲ့ ပုဂ္ဂလိက” က ရန်ကုန်မြို့ကြီးအတွက် အလင်းရောင်လား

 10349

ကိုချစ်ထုံး (NP News) - ဇန်နဝါရီ ၁၇

ဘယ်သူတွေဘာပြောပြော လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနကနေ လာမယ့်နွေရာသီအတွက် ကာလ တိုလျှပ်စစ်မီးရဖို့အတွက် LNG စက်ရုံစီမံကိန်းတွေကို အကောင်အထည်ဖော်တော့မယ်ဆိုတော့ ကျွန်တော့်အနေနဲ့တော့အမှောင်ထဲက အလင်းတစ်စက် တွေ့လိုက်ရသလို အားတက်ဝမ်းသာမိပါတယ်။ ဒီနေရာမှာ လျှပ်စစ်မီးက မြန်မာပြည်မှာ ဘာ့ကြောင့်လိုတာလဲ.. ဘယ်နေရာတွေမှာ ဘယ်လိုလိုတာလဲ ဆိုတာ အသေးစိတ်သိဖို့တော့လိုပါတယ်။ တကယ်တမ်းပြောရရင်တော့ ပြည်မ၊ တောင်တန်း အားလုံးလို တာပါ။ အနည်းအများ ပမာဏပဲကွာပါတယ်။ နေရာဒေသအလိုက် ဘယ်နေရာမှာဘယ်လောက် လိုမယ်ဆိုတာကတော့ သက်ဆိုင်ရာမှာလည်း အချက်အလက်တွေရှိသလို စာရှည်မှာစိုးလို့ ထည့်မရေးတော့ပါဘူး။

ရန်ကုန်လိုနေရာမှာ လျှပ်စစ်ဟာ အသက်သွေးကြောလို့ ပြောလို့ရသလို လျှပ်စစ်ကောင်း ကောင်းမရလို့ ဒေသမဖွံ့ဖြိုးတဲ့အတွက် အိမ်နီးချင်းတိုင်းပြည်တွေမှာ အလုပ်သွားလုပ်နေရတဲ့ မွန်၊ ကရင်နဲ့ တနင်္သာရီလို ဒေသတွေအတွက်ကလည်း လျှပ်စစ်ဟာ မရှိမဖြစ်ပါပဲ။ အခု LNG နဲ့ မီးပေး တော့မယ်ဆိုတော့ ပထမဆုံးဘယ်နေရာကို ပိုင်းလော့ပရော့ဂျက်အနေနဲ့ စလုပ်မလဲ။
ရန်ကုန်ကတော့ အားလုံးသိကြတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံး စီးပွားရေး မြို့တော်ဖြစ်တဲ့အပြင် နိုင်ငံတကာကုန်သွယ်မှုနဲ့ ဆက်သွယ်သွားလာရေးတို့အတွက် အဓိကဝင်ပေါက် ထွက်ပေါက်လည်းဖြစ်တဲ့အတွက် လျှပ်စစ်စွမ်းအင်ကို အခြားတိုင်းနဲ့ ပြည်နယ်တွေထက်ကို ပိုလိုအပ်တဲ့ အတွက် စုစုပေါင်းထွက်ရှိတဲ့ လျှပ်စစ်ပမာဏရဲ့ တစ်ဝက်နီးပါးကို သုံးစွဲနေရတာ ဖြစ်ပါတယ်။

ဒါကြောင့် ရန်ကုန်ကို မီးလင်းအောင် ပေးနိုင်ဖို့ဆိုတာ တက်လာတဲ့အစိုးရတိုင်းအတွက် စာမေးပွဲ တစ်ခုဖြစ်နေဆဲပါ။ ယခင်အစိုးရတွေခေတ်မှာ (၂၀၁၃)ကနေ (၂၀၁၅)အတွင်းမှာ စွမ်းအင်နဲ့ လျှပ်စစ် အတွက် ပေါ်လစီတစ်ခုနဲ့ စီမံကိန်းသုံးခုကို ဒုတိယသမ္မတကိုယ်တိုင်ဦးစီးကာ နိုင်ငံတကာအဖွဲ့အစည်း တွေအကူအညီနဲ့ ရေးဆွဲခဲ့ကြပေမယ့် အစိုးရပြောင်းခြင်း၊ တိုင်းပြည်အခြေအနေပြောင်းခြင်းတွေကြောင့် စီမံကိန်းနဲ့ မူဝါဒတွေဟာ စာရွက်တွေပေါ်မှာပဲ ကျန်နေခဲ့တာတွေ့ရပါတယ်။

ဒါပေမဲ့ LNG ဆိုတာတကယ်တော့ လုပ်ရတာတကယ်တော့ မလွယ်လှပါဘူး။ LNG အရည်ကို နိုင်ငံခြားကနေ တင်သွင်းရမယ်။ နောက်ဓာတ်ငွေ့အဖြစ်အသွင်ပြောင်းပေးမယ့်လုပ်ငန်းစဉ်၊ ဓာတ်ငွေ့ ကနေ လျှပ်စစ်ထုတ်မယ့်လုပ်ငန်းစဉ်၊ ထုတ်လို့ရရှိပြီး လျှပ်စစ်ကို ဖြန့်ဝေရောင်းချခြင်းလုပ်ငန်းစဉ်ဆိုပြီး ယေဘုယျတွက်နိုင်ပါတယ်။

LNG က ကျွန်တော်တို့နိုင်ငံနဲ့က မစိမ်းတဲ့အပြင် ဝယ်ယူတာကနေစပြီး လျှပ်စစ်ဖြန့်ဖြူးတာအထိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက အသိပညာရှင် အတတ် ပညာရှင်တွေ နားလည်တတ်ကျွမ်းပြီးဖြစ်ပါတယ်။ LNG ကိုရောင်းနေတဲ့ နိုင်ငံတွေကလည်း နိုင်ငံတော် မှာ စာရင်းရှိပြီးသားပါ။ ဒါကြောင့်လည်း LNG စီမံကိန်းကို လူထုကို ချပြလိုက်တာလို့လည်း မှတ်ယူမိပါတယ်။

ဒါပေမဲ့ ဘယ်လိုအကောင်အထည်ဖော်မယ်ဆိုတာကိုတော့ တော်တော်စိတ်ဝင်စားမိပါတယ်။ ဒီနေရာမှာ နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားလုပ်ငန်းရှင်တွေအနေနဲ့ နိုင်နိုင်နင်းနင်းပါဝင်လုပ်နိုင်မယ့် လုပ်ငန်းစဉ်ဟာ အလွန်နည်းပါးနေတာတွေ့ရပြီးအများစုက ပြည်ပရင်းနှီးမြှုပ်နှံမှုကို အလျင်အမြန် ခေါ်ယူလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီလို ဖိတ်ခေါ်ရာမှာလည်း နိုင်ငံတော်ရဲ့ စွမ်းအင်လုံခြုံရေး ရှုထောင့် ကနေလည်း မျက်ခြေမပြတ်ဖို့လိုပါတယ်။

တကယ်လုပ်တဲ့နေရာမှာလည်း လိုအပ်တဲ့ စံသတ်မှတ်ချက်တွေဖြစ်တဲ့ ၁။ ပြည်သူတတ်နိုင်သော ဈေးနှုန်း ( Affordable) ၂။ အရည်အသွေးကောင်း မွန်စေရေး(Quality) ၃။ လုံခြုံစိတ်ချရသောစွမ်းအင် အရင်းအမြစ်ဖြစ်စေရေး( Security ) ၄။ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် သက်ရောက်မှု သက်သာစေရေး ( Less Impect ) ၅။ အမြန်ဆုံး လျှပ်စစ်ဓာတ်အားပေးနိုင်ရေး(Quick Action )ဆိုတဲ့ သတ်မှတ်ချက်တွေ ရှိနေပေမယ့်လည်းလက်ရှိကြုံတွေ့နေတဲ့အခြေအနေ အချိန်အခါတွေကြောင့် အဆိုပါ အချက်အလက်တွေထဲက အမှတ် ၂/၃/၅ ဆိုတဲ့ သုံးချက်လောက် ပြည့်စုံနေရင်တောင် LNG စီမံကိန်းကို အမြန်ဆုံး စောစောစီးစီးအကောင်အထည်ဖော်သင့်တယ်လို့မြင်ပါတယ်။ ဒီ LNG စီမံကိန်းကို အကောင်အထည်ဖော်ရာမှာလည်း အစိုးရကနိုင်ငံပိုင်အနေနဲ့လုပ်မယ်ဆိုရင် မနိုင်ဝန်ထမ်းနေရသလို ဖြစ်ပြီး အလုပ်မဖြစ်မှာကိုလည်း စိုးမိပါတယ်။ ဒါကြောင့် ဒီလုပ်ငန်းစဉ်ကို အမြန်ဆုံးအကောင်အထည် ဖော်နိုင်ဖို့ဆိုရင် နိုင်ငံတော်အနေနဲ့ တိုင်းပြည်အတွက် ယုံကြည်စိတ်ချရတဲ့ ပြည်တွင်းပြည်ပ လုပ်ငန်းရှင် ပညာရှင်တွေကို သတ်မှတ်ရွေးချယ် တာဝန်ပေးသင့်ပါတယ်။

တာဝန်ပေးလို့ ထွက်လာတဲ့ လျှပ်စစ်ကိုလည်း စီမံခန့်ခွဲတဲ့နေရာမှာ အစကတည်းက ကြိုတင် သတ်မှတ်ထားသင့်ပါတယ်။ လက်ရှိ အစိုးရစီမံကိန်းတွေက ထွက်ရှိနေတဲ့ဓာတ်အားတွေကို ပြည်သူနဲ့ အစိုးရဌာနတွေကိုပေးပြီး LNG ကနေ ပုဂ္ဂလိက ကနေတာဝန်ယူထုတ်လုပ်လို့ထွက်လာတဲ့ ဓာတ်အား ကိုတော့ စက်မှုဇုန်တွေ လုပ်ငန်းတွေကို သတ်မှတ်ညှိနှိုင်းဈေးနဲ့ပေးမယ်ဆိုတဲ့ အစီအစဉ်မျိုးပေါ့။

ဒါတွေကို လက်ရှိရေတိုအတွက် အောင်မြင်စေလိုရင်တော့ အရေးအကြီးဆုံးအနေနဲ့ ဥပဒေတစ်ခု ပြဋ္ဌာန်းမထိန်းချုပ်နိုင်သေးရင်တောင် အမိန့်ညွှန်ကြားချက် လုပ်ထုံးလုပ်နည်းတွေနဲ့ စတင်လည်ပတ်စေပြီး ရေရှည်မှာ ဥပဒေတစ်ခုဖြစ်ပေါ်လာဖို့ အထောက်အကူပြုတဲ့အထိ ဖော်ဆောင်ဖို့လိုပါတယ်။

ကျွန်တော် မှတ်သားမိတဲ့အချက်လေးတစ်ခုတင်ပြပါရစေ။ (၂၀၁၈) ခုနှစ် ကျွန်တော်တို့နိုင်ငံ ငြိမ်းချမ်းနေတဲ့အချိန်တုန်းက မြန်မာတစ်နိုင်ငံလုံးက လျှပ်စစ်မီးသုံးစွဲနိုင်မှုဟာ စုစုပေါင်းလိုအပ်ချက်ရဲ့ (၃၈) ရာခိုင်နှုန်းသာရှိသေးပြီး ကုန်းတွင်းပိတ် အိမ်နီးချင်း လာအိုနိုင်ငံက တော့ စုစုပေါင်းလိုအပ်ချက်ရဲ့ (၉၂) ရာခိုင်နှုန်းတောင် ရှိနေပါတယ်တဲ့။ အခု (၂၀၂၅)ခုနှစ် ဇန်နဝါရီလဆန်းမှာ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနရဲ့ထုတ်ပြန်ချက်အရဆို စုစုပေါင်းစက်တပ်ဆင် အင်အားရဲ့တစ်ဝက်ကိုသာ ထုတ်လုပ်နိုင်ပြီး ထုတ် လုပ်မှုရဲ့ တစ်ဝက်(၅၀) ရာခိုင်နှုန်းကိုသာ ဖြန့်ဖြူးနိုင်တယ်လို့ဆိုထားတာကြောင့် ကျွန်တော်တို့ လက်ရှိ အချိန်မှာ (၂၀၁၈)ခုနှစ်က ရရှိနေတာထက်တောင် အဆပေါင်းများစွာ လျော့နည်းရရှိနေတယ်ဆိုတာ စိတ်မကောင်းစွာသိရှိမိပါတယ်။
အချုပ်အနေနဲ့ကတော့ တာဝန်ရှိသူတွေကို လေးလေးနက်နက် တိုက်တွန်းချင်တာကတော့ တကယ်တော့ လျှပ်စစ်ဆိုတာ စီးပွားရေးတစ်ခုဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ လက်ရှိအချိန်လျှပ်စစ် စီးပွားရေးကဏ္ဍမှာ စိတ်စေတနာရင်းနဲ့ နိုင်ငံပိုင်အရှုံးခံ လုပ်ကိုင်ပေးနေခဲ့ရာကနေ လိုအပ်တဲ့နေရာတွေ မှာ ပုဂ္ဂလိကဆီကို ယုံယုံကြည်ကြည်ထိန်းကွပ်ပြီး လုပ်ကိုင်ခွင့်ပေးသင့်နေပြီဖြစ်ပါတယ်လို့ အကြံပြုတင်ပြလိုက်ရပါတယ်။

zawgyi version
“ LNG နဲ႔ ပုဂၢလိက” က ရန္ကုန္ၿမိဳ႕ႀကီးအတြက္ အလင္းေရာင္လား
ကိုခ်စ္ထုံး (NP News) - ဇန္နဝါရီ ၁၇

ဘယ္သူေတြဘာေျပာေျပာ လွ်ပ္စစ္စြမ္းအား ဝန္ႀကီးဌာနကေန လာမယ့္ေႏြရာသီအတြက္ ကာလ တိုလွ်ပ္စစ္မီးရဖို႔အတြက္ LNG စက္႐ုံစီမံကိန္းေတြကို အေကာင္အထည္ေဖာ္ေတာ့မယ္ဆိုေတာ့ ကြၽန္ေတာ့္အေနနဲ႔ေတာ့အေမွာင္ထဲက အလင္းတစ္စက္ ေတြ႕လိုက္ရသလို အားတက္ဝမ္းသာမိပါတယ္။ ဒီေနရာမွာ လွ်ပ္စစ္မီးက ျမန္မာျပည္မွာ ဘာ့ေၾကာင့္လိုတာလဲ.. ဘယ္ေနရာေတြမွာ ဘယ္လိုလိုတာလဲ ဆိုတာ အေသးစိတ္သိဖို႔ေတာ့လိုပါတယ္။ တကယ္တမ္းေျပာရရင္ေတာ့ ျပည္မ၊ ေတာင္တန္း အားလုံးလို တာပါ။ အနည္းအမ်ား ပမာဏပဲကြာပါတယ္။ ေနရာေဒသအလိုက္ ဘယ္ေနရာမွာဘယ္ေလာက္ လိုမယ္ဆိုတာကေတာ့ သက္ဆိုင္ရာမွာလည္း အခ်က္အလက္ေတြရွိသလို စာရွည္မွာစိုးလို႔ ထည့္မေရးေတာ့ပါဘူး။

ရန္ကုန္လိုေနရာမွာ လွ်ပ္စစ္ဟာ အသက္ေသြးေၾကာလို႔ ေျပာလို႔ရသလို လွ်ပ္စစ္ေကာင္း ေကာင္းမရလို႔ ေဒသမဖြံ႕ၿဖိဳးတဲ့အတြက္ အိမ္နီးခ်င္းတိုင္းျပည္ေတြမွာ အလုပ္သြားလုပ္ေနရတဲ့ မြန္၊ ကရင္နဲ႔ တနသၤာရီလို ေဒသေတြအတြက္ကလည္း လွ်ပ္စစ္ဟာ မရွိမျဖစ္ပါပဲ။ အခု LNG နဲ႔ မီးေပး ေတာ့မယ္ဆိုေတာ့ ပထမဆုံးဘယ္ေနရာကို ပိုင္းေလာ့ပေရာ့ဂ်က္အေနနဲ႔ စလုပ္မလဲ။
ရန္ကုန္ကေတာ့ အားလုံးသိၾကတဲ့အတိုင္း ျမန္မာႏိုင္ငံရဲ႕ လူဦးေရအထူထပ္ဆုံး စီးပြားေရး ၿမိဳ႕ေတာ္ျဖစ္တဲ့အျပင္ ႏိုင္ငံတကာကုန္သြယ္မႈနဲ႔ ဆက္သြယ္သြားလာေရးတို႔အတြက္ အဓိကဝင္ေပါက္ ထြက္ေပါက္လည္းျဖစ္တဲ့အတြက္ လွ်ပ္စစ္စြမ္းအင္ကို အျခားတိုင္းနဲ႔ ျပည္နယ္ေတြထက္ကို ပိုလိုအပ္တဲ့ အတြက္ စုစုေပါင္းထြက္ရွိတဲ့ လွ်ပ္စစ္ပမာဏရဲ႕ တစ္ဝက္နီးပါးကို သုံးစြဲေနရတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ရန္ကုန္ကို မီးလင္းေအာင္ ေပးႏိုင္ဖို႔ဆိုတာ တက္လာတဲ့အစိုးရတိုင္းအတြက္ စာေမးပြဲ တစ္ခုျဖစ္ေနဆဲပါ။ ယခင္အစိုးရေတြေခတ္မွာ (၂၀၁၃)ကေန (၂၀၁၅)အတြင္းမွာ စြမ္းအင္နဲ႔ လွ်ပ္စစ္ အတြက္ ေပၚလစီတစ္ခုနဲ႔ စီမံကိန္းသုံးခုကို ဒုတိယသမၼတကိုယ္တိုင္ဦးစီးကာ ႏိုင္ငံတကာအဖြဲ႕အစည္း ေတြအကူအညီနဲ႔ ေရးဆြဲခဲ့ၾကေပမယ့္ အစိုးရေျပာင္းျခင္း၊ တိုင္းျပည္အေျခအေနေျပာင္းျခင္းေတြေၾကာင့္ စီမံကိန္းနဲ႔ မူဝါဒေတြဟာ စာ႐ြက္ေတြေပၚမွာပဲ က်န္ေနခဲ့တာေတြ႕ရပါတယ္။

ဒါေပမဲ့ LNG ဆိုတာတကယ္ေတာ့ လုပ္ရတာတကယ္ေတာ့ မလြယ္လွပါဘူး။ LNG အရည္ကို ႏိုင္ငံျခားကေန တင္သြင္းရမယ္။ ေနာက္ဓာတ္ေငြ႕အျဖစ္အသြင္ေျပာင္းေပးမယ့္လုပ္ငန္းစဥ္၊ ဓာတ္ေငြ႕ ကေန လွ်ပ္စစ္ထုတ္မယ့္လုပ္ငန္းစဥ္၊ ထုတ္လို႔ရရွိၿပီး လွ်ပ္စစ္ကို ျဖန႔္ေဝေရာင္းခ်ျခင္းလုပ္ငန္းစဥ္ဆိုၿပီး ေယဘုယ်တြက္ႏိုင္ပါတယ္။

LNG က ကြၽန္ေတာ္တို႔ႏိုင္ငံနဲ႔က မစိမ္းတဲ့အျပင္ ဝယ္ယူတာကေနစၿပီး လွ်ပ္စစ္ျဖန႔္ျဖဴးတာအထိ လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနနဲ႔ ျမန္မာ့ေရနံႏွင့္ သဘာဝဓာတ္ေငြ႕လုပ္ငန္းက အသိပညာရွင္ အတတ္ ပညာရွင္ေတြ နားလည္တတ္ကြၽမ္းၿပီးျဖစ္ပါတယ္။ LNG ကိုေရာင္းေနတဲ့ ႏိုင္ငံေတြကလည္း ႏိုင္ငံေတာ္ မွာ စာရင္းရွိၿပီးသားပါ။ ဒါေၾကာင့္လည္း LNG စီမံကိန္းကို လူထုကို ခ်ျပလိုက္တာလို႔လည္း မွတ္ယူမိပါတယ္။

ဒါေပမဲ့ ဘယ္လိုအေကာင္အထည္ေဖာ္မယ္ဆိုတာကိုေတာ့ ေတာ္ေတာ္စိတ္ဝင္စားမိပါတယ္။ ဒီေနရာမွာ ႏိုင္ငံေတာ္အစိုးရနဲ႔ တိုင္းရင္းသားလုပ္ငန္းရွင္ေတြအေနနဲ႔ ႏိုင္ႏိုင္နင္းနင္းပါဝင္လုပ္ႏိုင္မယ့္ လုပ္ငန္းစဥ္ဟာ အလြန္နည္းပါးေနတာေတြ႕ရၿပီးအမ်ားစုက ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈကို အလ်င္အျမန္ ေခၚယူလုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။ ဒီလို ဖိတ္ေခၚရာမွာလည္း ႏိုင္ငံေတာ္ရဲ႕ စြမ္းအင္လုံၿခဳံေရး ရႈေထာင့္ ကေနလည္း မ်က္ေျခမျပတ္ဖို႔လိုပါတယ္။

တကယ္လုပ္တဲ့ေနရာမွာလည္း လိုအပ္တဲ့ စံသတ္မွတ္ခ်က္ေတြျဖစ္တဲ့ ၁။ ျပည္သူတတ္ႏိုင္ေသာ ေဈးႏႈန္း ( Affordable) ၂။ အရည္အေသြးေကာင္း မြန္ေစေရး(Quality) ၃။ လုံၿခဳံစိတ္ခ်ရေသာစြမ္းအင္ အရင္းအျမစ္ျဖစ္ေစေရး( Security ) ၄။ သဘာဝပတ္ဝန္းက်င္ႏွင့္ လူမႈပတ္ဝန္းက်င္ သက္ေရာက္မႈ သက္သာေစေရး ( Less Impect ) ၅။ အျမန္ဆုံး လွ်ပ္စစ္ဓာတ္အားေပးႏိုင္ေရး(Quick Action )ဆိုတဲ့ သတ္မွတ္ခ်က္ေတြ ရွိေနေပမယ့္လည္းလက္ရွိႀကဳံေတြ႕ေနတဲ့အေျခအေန အခ်ိန္အခါေတြေၾကာင့္ အဆိုပါ အခ်က္အလက္ေတြထဲက အမွတ္ ၂/၃/၅ ဆိုတဲ့ သုံးခ်က္ေလာက္ ျပည့္စုံေနရင္ေတာင္ LNG စီမံကိန္းကို အျမန္ဆုံး ေစာေစာစီးစီးအေကာင္အထည္ေဖာ္သင့္တယ္လို႔ျမင္ပါတယ္။ ဒီ LNG စီမံကိန္းကို အေကာင္အထည္ေဖာ္ရာမွာလည္း အစိုးရကႏိုင္ငံပိုင္အေနနဲ႔လုပ္မယ္ဆိုရင္ မႏိုင္ဝန္ထမ္းေနရသလို ျဖစ္ၿပီး အလုပ္မျဖစ္မွာကိုလည္း စိုးမိပါတယ္။ ဒါေၾကာင့္ ဒီလုပ္ငန္းစဥ္ကို အျမန္ဆုံးအေကာင္အထည္ ေဖာ္ႏိုင္ဖို႔ဆိုရင္ ႏိုင္ငံေတာ္အေနနဲ႔ တိုင္းျပည္အတြက္ ယုံၾကည္စိတ္ခ်ရတဲ့ ျပည္တြင္းျပည္ပ လုပ္ငန္းရွင္ ပညာရွင္ေတြကို သတ္မွတ္ေ႐ြးခ်ယ္ တာဝန္ေပးသင့္ပါတယ္။

တာဝန္ေပးလို႔ ထြက္လာတဲ့ လွ်ပ္စစ္ကိုလည္း စီမံခန႔္ခြဲတဲ့ေနရာမွာ အစကတည္းက ႀကိဳတင္ သတ္မွတ္ထားသင့္ပါတယ္။ လက္ရွိ အစိုးရစီမံကိန္းေတြက ထြက္ရွိေနတဲ့ဓာတ္အားေတြကို ျပည္သူနဲ႔ အစိုးရဌာနေတြကိုေပးၿပီး LNG ကေန ပုဂၢလိက ကေနတာဝန္ယူထုတ္လုပ္လို႔ထြက္လာတဲ့ ဓာတ္အား ကိုေတာ့ စက္မႈဇုန္ေတြ လုပ္ငန္းေတြကို သတ္မွတ္ညႇိႏႈိင္းေဈးနဲ႔ေပးမယ္ဆိုတဲ့ အစီအစဥ္မ်ိဳးေပါ့။

ဒါေတြကို လက္ရွိေရတိုအတြက္ ေအာင္ျမင္ေစလိုရင္ေတာ့ အေရးအႀကီးဆုံးအေနနဲ႔ ဥပေဒတစ္ခု ျပ႒ာန္းမထိန္းခ်ဳပ္ႏိုင္ေသးရင္ေတာင္ အမိန႔္ၫႊန္ၾကားခ်က္ လုပ္ထုံးလုပ္နည္းေတြနဲ႔ စတင္လည္ပတ္ေစၿပီး ေရရွည္မွာ ဥပေဒတစ္ခုျဖစ္ေပၚလာဖို႔ အေထာက္အကူျပဳတဲ့အထိ ေဖာ္ေဆာင္ဖို႔လိုပါတယ္။

ကြၽန္ေတာ္ မွတ္သားမိတဲ့အခ်က္ေလးတစ္ခုတင္ျပပါရေစ။ (၂၀၁၈) ခုႏွစ္ ကြၽန္ေတာ္တို႔ႏိုင္ငံ ၿငိမ္းခ်မ္းေနတဲ့အခ်ိန္တုန္းက ျမန္မာတစ္ႏိုင္ငံလုံးက လွ်ပ္စစ္မီးသုံးစြဲႏိုင္မႈဟာ စုစုေပါင္းလိုအပ္ခ်က္ရဲ႕ (၃၈) ရာခိုင္ႏႈန္းသာရွိေသးၿပီး ကုန္းတြင္းပိတ္ အိမ္နီးခ်င္း လာအိုႏိုင္ငံက ေတာ့ စုစုေပါင္းလိုအပ္ခ်က္ရဲ႕ (၉၂) ရာခိုင္ႏႈန္းေတာင္ ရွိေနပါတယ္တဲ့။ အခု (၂၀၂၅)ခုႏွစ္ ဇန္နဝါရီလဆန္းမွာ လွ်ပ္စစ္စြမ္းအားဝန္ႀကီး ဌာနရဲ႕ထုတ္ျပန္ခ်က္အရဆို စုစုေပါင္းစက္တပ္ဆင္ အင္အားရဲ႕တစ္ဝက္ကိုသာ ထုတ္လုပ္ႏိုင္ၿပီး ထုတ္ လုပ္မႈရဲ႕ တစ္ဝက္(၅၀) ရာခိုင္ႏႈန္းကိုသာ ျဖန႔္ျဖဴးႏိုင္တယ္လို႔ဆိုထားတာေၾကာင့္ ကြၽန္ေတာ္တို႔ လက္ရွိ အခ်ိန္မွာ (၂၀၁၈)ခုႏွစ္က ရရွိေနတာထက္ေတာင္ အဆေပါင္းမ်ားစြာ ေလ်ာ့နည္းရရွိေနတယ္ဆိုတာ စိတ္မေကာင္းစြာသိရွိမိပါတယ္။
အခ်ဳပ္အေနနဲ႔ကေတာ့ တာဝန္ရွိသူေတြကို ေလးေလးနက္နက္ တိုက္တြန္းခ်င္တာကေတာ့ တကယ္ေတာ့ လွ်ပ္စစ္ဆိုတာ စီးပြားေရးတစ္ခုျဖစ္ပါတယ္။ ႏိုင္ငံေတာ္အေနနဲ႔ လက္ရွိအခ်ိန္လွ်ပ္စစ္ စီးပြားေရးက႑မွာ စိတ္ေစတနာရင္းနဲ႔ ႏိုင္ငံပိုင္အရႈံးခံ လုပ္ကိုင္ေပးေနခဲ့ရာကေန လိုအပ္တဲ့ေနရာေတြ မွာ ပုဂၢလိကဆီကို ယုံယုံၾကည္ၾကည္ထိန္းကြပ္ၿပီး လုပ္ကိုင္ခြင့္ေပးသင့္ေနၿပီျဖစ္ပါတယ္လို႔ အႀကံျပဳတင္ျပလိုက္ရပါတယ္။

Related news

© 2021. All rights reserved.