လာမည့်မတ်လတွင် BTS အဖွဲ့ဝင် J-Hope ၏ သီချင်းအသစ်ထွက်ရှိမည်
75
Pika (NP News) - ဇန်နဝါရီ ၁၇
တောင်ကိုရီးယားနာမည်ကျော်အမျိုးသားအဆိုတော်အဖွဲ့ BTS ၏အဖွဲ့ဝင်တစ်ဦးဖြစ်သူ J-Hope ၏ သီချင်းအသစ်သည် လာမည့်မတ်လတွင်ထွက်ရှိလာတော့မည်ဖြစ်ကြောင်း သိရ သည်။
အဆိုပါသီချင်းထွက်ရှိမှုသည် (၂၀၂၄)ခုနှစ် အောက်တိုဘာလ(၁၇)ရက်တွင် J-Hope ၏ စစ်မှုထမ်းကာလပြီးဆုံးပြီးနောက်ပိုင်း ပထမဆုံးသီချင်းအသစ်ထွက်ရှိလာမှုဖြစ်သည်။ ထို့ပြင် J-Hope ၏ ဖျော်ဖြေရေးခရီးစဉ်သည် ယခုနှစ်အတွင်းစတင်မည်ဖြစ်ပြီး ဖေဖော်ဝါရီလ(၂၈)ရက်၊ မတ်လ(၁)ရက်နှင့်(၂)ရက်တို့တွင် ဆိုးလ်မြို့ဆောင်ပါခရိုင် KSPO Dome ဖျော်ဖြေရေးရုံအတွင်း သုံးညကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် BTS အဖွဲ့၏အချို့အဖွဲ့ဝင်များမှာ စစ်မှုထမ်းတာဝန်ကို ဆက်လက်ထမ်းဆောင်နေကြဆဲဖြစ်ပြီး အဖွဲ့ဝင်အားလုံးသည် စစ်မှုထမ်းတာဝန်ပြီးဆုံးမည့် (၂၀၂၅)ခုနှစ်တွင် ပြန်လည်ပေါင်းစည်းကာ ဖျော်ဖြေရေးလုပ်ငန်းများ စတင်လုပ်ဆောင်နိုင်ဖွယ်ရှိနေကြောင်းလည်း သိရသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ(၁၇)ရက်တွင် စစ်မှုထမ်းတာဝန်ကိုပြီးဆုံးခဲ့သော J-Hope သည် အနုပညာနယ်ပယ်တွင် အောင်မြင်မှုများစွာကို ရယူနိုင်ထားသူဖြစ်ပြီး မိန်းကလေးပရိသတ်အများအပြားကြားတွင် ရေပန်းစားလျက်ရှိသည့် အနုပညာရှင်တစ်ဦးလည်းဖြစ်သည်။
ထို့ပြင် J-Hope သည် ပြီးခဲ့သည့်နှစ်တွင် ဆိုးလ်မြို့မှာ ဇိမ်ခံတိုက်ခန်းနှစ်ခန်းကို ဝယ်ယူခဲ့ပြီးနောက် လူအများအပြား၏ အာရုံစိုက်မှုများကို ရရှိခဲ့ကြောင်းလည်း သိရသည်။J-Hope သည် အဆိုပါတိုက်ခန်းနှစ်ခန်းစလုံးအတွက် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ(၁၅ ဒသမ ၄)သန်းကို ငွေသားဖြင့်သာပေးချေခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါဝယ်ယူမှုနှင့်အတူ J-Hope တွင် စုစုပေါင်းဇိမ်ခံအိမ်လေးခုကို ပိုင်ဆိုင်ထားပြီး ၎င်း၏အဆင့်အတန်းမှာ ပိုမိုပေါ်လွင်လာခဲ့ကြောင်းလည်း သိရသည်။
zawgyi version
လာမည့္မတ္လတြင္ BTS အဖြဲ႕ဝင္ J-Hope ၏ သီခ်င္းအသစ္ထြက္ရွိမည္
Pika (NP News) - ဇန္နဝါရီ ၁၇
ေတာင္ကိုရီးယားနာမည္ေက်ာ္အမ်ိဳးသားအဆိုေတာ္အဖြဲ႕ BTS ၏အဖြဲ႕ဝင္တစ္ဦးျဖစ္သူ J-Hope ၏ သီခ်င္းအသစ္သည္ လာမည့္မတ္လတြင္ထြက္ရွိလာေတာ့မည္ျဖစ္ေၾကာင္း သိရ သည္။
အဆိုပါသီခ်င္းထြက္ရွိမႈသည္ (၂၀၂၄)ခုႏွစ္ ေအာက္တိုဘာလ(၁၇)ရက္တြင္ J-Hope ၏ စစ္မႈထမ္းကာလၿပီးဆုံးၿပီးေနာက္ပိုင္း ပထမဆုံးသီခ်င္းအသစ္ထြက္ရွိလာမႈျဖစ္သည္။ ထို႔ျပင္ J-Hope ၏ ေဖ်ာ္ေျဖေရးခရီးစဥ္သည္ ယခုႏွစ္အတြင္းစတင္မည္ျဖစ္ၿပီး ေဖေဖာ္ဝါရီလ(၂၈)ရက္၊ မတ္လ(၁)ရက္ႏွင့္(၂)ရက္တို႔တြင္ ဆိုးလ္ၿမိဳ႕ေဆာင္ပါခ႐ိုင္ KSPO Dome ေဖ်ာ္ေျဖေရး႐ုံအတြင္း သုံးညက်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။ လက္ရွိအခ်ိန္တြင္ BTS အဖြဲ႕၏အခ်ိဳ႕အဖြဲ႕ဝင္မ်ားမွာ စစ္မႈထမ္းတာဝန္ကို ဆက္လက္ထမ္းေဆာင္ေနၾကဆဲျဖစ္ၿပီး အဖြဲ႕ဝင္အားလုံးသည္ စစ္မႈထမ္းတာဝန္ၿပီးဆုံးမည့္ (၂၀၂၅)ခုႏွစ္တြင္ ျပန္လည္ေပါင္းစည္းကာ ေဖ်ာ္ေျဖေရးလုပ္ငန္းမ်ား စတင္လုပ္ေဆာင္ႏိုင္ဖြယ္ရွိေနေၾကာင္းလည္း သိရသည္။ ၿပီးခဲ့သည့္ႏွစ္ ေအာက္တိုဘာလ(၁၇)ရက္တြင္ စစ္မႈထမ္းတာဝန္ကိုၿပီးဆုံးခဲ့ေသာ J-Hope သည္ အႏုပညာနယ္ပယ္တြင္ ေအာင္ျမင္မႈမ်ားစြာကို ရယူႏိုင္ထားသူျဖစ္ၿပီး မိန္းကေလးပရိသတ္အမ်ားအျပားၾကားတြင္ ေရပန္းစားလ်က္ရွိသည့္ အႏုပညာရွင္တစ္ဦးလည္းျဖစ္သည္။
ထို႔ျပင္ J-Hope သည္ ၿပီးခဲ့သည့္ႏွစ္တြင္ ဆိုးလ္ၿမိဳ႕မွာ ဇိမ္ခံတိုက္ခန္းႏွစ္ခန္းကို ဝယ္ယူခဲ့ၿပီးေနာက္ လူအမ်ားအျပား၏ အာ႐ုံစိုက္မႈမ်ားကို ရရွိခဲ့ေၾကာင္းလည္း သိရသည္။J-Hope သည္ အဆိုပါတိုက္ခန္းႏွစ္ခန္းစလုံးအတြက္ စုစုေပါင္းတန္ဖိုး အေမရိကန္ေဒၚလာ(၁၅ ဒသမ ၄)သန္းကို ေငြသားျဖင့္သာေပးေခ်ခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ အဆိုပါဝယ္ယူမႈႏွင့္အတူ J-Hope တြင္ စုစုေပါင္းဇိမ္ခံအိမ္ေလးခုကို ပိုင္ဆိုင္ထားၿပီး ၎၏အဆင့္အတန္းမွာ ပိုမိုေပၚလြင္လာခဲ့ေၾကာင္းလည္း သိရသည္။