မြိတ်မြို့ရှိ ရော်ဘာဂိုထောင်မီးလောင်မှု အချိန်(၂)နာရီခွဲကျော်အထိ မီးမငြှိမ်းနိုင်သေး

597
သန့်ဇင် (NP News) - ဇန်နဝါရီ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ရော်ဘာဂိုထောင်မီးလောင်မှု အချိန်(၂)နာရီခွဲကျော်အထိ မီးမငြှိမ်းနိုင်သေးကြောင်း ချစ်ကြည်ရေး ပရဟိတအသင်း(မြိတ်)ထံမှ သိရသည်။
မီးလောင်မှုသည် ယနေ့(ဇန်နဝါရီလ ၁၈ ရက်)၊ မွန်းလွဲ ၂ နာရီ ၃၂ မိနစ်က စတင်ကာ မြိတ်မြို့နယ်၊ ရှမ်းချောင်ရပ်ကွက်ရှိ ရော်ဘာဂိုထောင်တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အခုအချိန်ထိမီးလောင်နေတုန်းပါ။ မီးက များပါတယ်။ ငြှိမ်းနေတုန်းပါပဲ။ လောင်တာက ရော်ဘာဂိုထောင်ပါဟု” ဟု သွားရောက် မီးငြှိမ်းသတ်နေသည့် ချစ်ကြည်ရေး ပရဟိတအသင်း(မြိတ်)မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ ရော်ဘာဂိုထောင် မီးလောင်မှုဖြစ်စဉ်အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှုကို တွက်ဆမရသေးသော်လည်း အချိန်(၂)နာရီခွဲအကြာ မီးလောင်နေဆဲဖြစ်သည့်အတွက် မြိတ်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ်(၄)စီးတို့ အပါအဝင် ဒေသတွင်း ပရဟိတအသင်းများကလည်း သွားရောက် ပူပေါင်းမီးငြှိမ်းသတ်လျက်ရှိကြောင်း ကနဦး သိရသည်။
Zawgyi Version;
ၿမိတ္ၿမိဳ႕ရွိ ေရာ္ဘာဂိုေထာင္မီးေလာင္မႈ အခ်ိန္(၂)နာရီခြဲေက်ာ္အထိ မီးမျငႇိမ္းႏိုင္ေသး
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၁၈
တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ၿမိဳ႕ရွိ ေရာ္ဘာဂိုေထာင္မီးေလာင္မႈ အခ်ိန္(၂)နာရီခြဲေက်ာ္အထိ မီးမျငႇိမ္းႏိုင္ေသးေၾကာင္း ခ်စ္ၾကည္ေရး ပရဟိတအသင္း(ၿမိတ္)ထံမွ သိရသည္။
မီးေလာင္မႈသည္ ယေန႔(ဇန္နဝါရီလ ၁၈ ရက္)၊ မြန္းလြဲ ၂ နာရီ ၃၂ မိနစ္က စတင္ကာ ၿမိတ္ၿမိဳ႕နယ္၊ ရွမ္းေခ်ာင္ရပ္ကြက္ရွိ ေရာ္ဘာဂိုေထာင္တစ္ခုတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“အခုအခ်ိန္ထိမီးေလာင္ေနတုန္းပါ။ မီးက မ်ားပါတယ္။ ျငႇိမ္းေနတုန္းပါပဲ။ ေလာင္တာက ေရာ္ဘာဂိုေထာင္ပါဟု” ဟု သြားေရာက္ မီးျငႇိမ္းသတ္ေနသည့္ ခ်စ္ၾကည္ေရး ပရဟိတအသင္း(ၿမိတ္)မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါ ေရာ္ဘာဂိုေထာင္ မီးေလာင္မႈျဖစ္စဥ္အေၾကာင္းအရင္းႏွင့္ ပ်က္စီးဆုံးရႈံးမႈကို တြက္ဆမရေသးေသာ္လည္း အခ်ိန္(၂)နာရီခြဲအၾကာ မီးေလာင္ေနဆဲျဖစ္သည့္အတြက္ ၿမိတ္ခ႐ိုင္မီးသတ္စခန္းမွ မီးျငႇိမ္းသတ္ယာဥ္(၄)စီး၊ ေရသယ္ယာဥ္(၄)စီးတို႔ အပါအဝင္ ေဒသတြင္း ပရဟိတအသင္းမ်ားကလည္း သြားေရာက္ ပူေပါင္းမီးျငႇိမ္းသတ္လ်က္ရွိေၾကာင္း ကနဦး သိရသည္။