ဝန်ကြီးဌာနနှစ်ခု ပူးပေါင်းကာ ရေနံချောင်းတက္ကသိုလ်၌ ရေနံဘူမိဗေဒဘာသာရပ်ကို ၂၀၂၅ ခုနှစ် ပညာသင်နှစ်မှ စတင်ကာ ဖွင့်လှစ်ပေးမည်

 478

နာမူ (NP News) - ဇန်နဝါရီ ၁၉

ဝန်ကြီးဌာနနှစ်ခု ပူးပေါင်းကာ ရေနံချောင်းတက္ကသိုလ်၌ ရေနံဘူမိဗေဒပညာရပ်ကို ၂၀၂၅ ခုနှစ် ပညာသင်နှစ်မှ စတင်ကာ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ဇန်နဝါရီလ ၁၈ ရက်တွင် မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအောက်မြန်မာပြည်ရုံးခွဲ (စိမ်းလဲ့မေ့) ၌ ပြုလုပ်ခဲ့သည့်တွေ့ဆုံပွဲတွင် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်ကဏ္ဍသည် အရေးကြီးသောကဏ္ဍတစ်ခုဖြစ်ပြီး စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ယခုနှစ်အတွင်း “2025, The Year of Myanmar Energy” ဆောင်ပုဒ်နှင့်အညီ စွမ်းအင်ကဏ္ဍခေတ်တစ်ခေတ်ဆန်းသစ်စေရေး ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ပြင် ပညာရေးဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနတို့ ပူးပေါင်းကာ ရေနံချောင်းတက္ကသိုလ်၌ ရေနံဘူမိဗေဒဘာသာရပ်ကို ၄ နှစ် ဘွဲ့သင်တန်းအဖြစ် ၂၀၂၅ ခုနှစ် ပညာသင်နှစ်မှစတင်ကာ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အလားတူ သက်ဆိုင်ရာဘာသာရပ်အလိုက် ဘွဲ့များရရှိပြီး မိမိတို့ဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်လိုပါက လက်ခံခန့်ထားပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားသည်။
မျိုးဆက်သစ်ဘူမိဗေဒပညာရှင်များ၊ ရေနံအင်ဂျင်နီယာများအပါအဝင် စက်မှု၊ ဓာတုအင်ဂျင်နီယာများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးအတွက် Stakeholder များက ဝိုင်းဝန်းပံ့ပိုးအားပေးဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဘာသာရပ်အလိုက် ကျောင်းသူ ကျောင်းသားများအား ပညာသင်ဆုများ ပေးအပ်နိုင်ရေးစီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ရေနံချောင်းတက္ကသိုလ်ကို ၁၉၇၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဝိဇ္ဇာဘာသာရပ် (၅) ခု၊ သိပ္ပံဘာသာရပ် (၆)ခုတို့ဖြင့် ဖွင့်လှစ်သင်ကြားနေခြင်းဖြစ်ကာ ရေနံဘူမိဗေဒဘာသာရပ်ကို သီးသန့် ဘာသာရပ်တစ်ခုအနေဖြင့် ပထမဆုံး ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။

Zawgyi Version;
ဝန္ႀကီးဌာနႏွစ္ခု ပူးေပါင္းကာ ေရနံေခ်ာင္းတကၠသိုလ္၌ ေရနံဘူမိေဗဒဘာသာရပ္ကို ၂၀၂၅ ခုႏွစ္ ပညာသင္ႏွစ္မွ စတင္ကာ ဖြင့္လွစ္ေပးမည္
နာမူ (NP News) - ဇန္နဝါရီ ၁၉

ဝန္ႀကီးဌာနႏွစ္ခု ပူးေပါင္းကာ ေရနံေခ်ာင္းတကၠသိုလ္၌ ေရနံဘူမိေဗဒပညာရပ္ကို ၂၀၂၅ ခုႏွစ္ ပညာသင္ႏွစ္မွ စတင္ကာ ဖြင့္လွစ္ေပးသြားမည္ျဖစ္ေၾကာင္း စြမ္းအင္ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလြင္က ေျပာၾကားသည္။
ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလြင္က ဇန္နဝါရီလ ၁၈ ရက္တြင္ ျမန္မာ့ေရနံ ႏွင့္ သဘာဝဓာတ္ေငြ႕လုပ္ငန္းေအာက္ျမန္မာျပည္႐ုံးခြဲ (စိမ္းလဲ့ေမ့) ၌ ျပဳလုပ္ခဲ့သည့္ေတြ႕ဆုံပြဲတြင္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ႏိုင္ငံ့စီးပြားဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ စြမ္းအင္က႑သည္ အေရးႀကီးေသာက႑တစ္ခုျဖစ္ၿပီး စြမ္းအင္ဝန္ႀကီးဌာနအေနျဖင့္ ယခုႏွစ္အတြင္း “2025, The Year of Myanmar Energy” ေဆာင္ပုဒ္ႏွင့္အညီ စြမ္းအင္က႑ေခတ္တစ္ေခတ္ဆန္းသစ္ေစေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားသည္။

ထို႔ျပင္ ပညာေရးဝန္ႀကီးဌာနႏွင့္ စြမ္းအင္ဝန္ႀကီးဌာနတို႔ ပူးေပါင္းကာ ေရနံေခ်ာင္းတကၠသိုလ္၌ ေရနံဘူမိေဗဒဘာသာရပ္ကို ၄ ႏွစ္ ဘြဲ႕သင္တန္းအျဖစ္ ၂၀၂၅ ခုႏွစ္ ပညာသင္ႏွစ္မွစတင္ကာ ဖြင့္လွစ္ေပးသြားမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။
အလားတူ သက္ဆိုင္ရာဘာသာရပ္အလိုက္ ဘြဲ႕မ်ားရရွိၿပီး မိမိတို႔ဝန္ႀကီးဌာန၌ တာဝန္ထမ္းေဆာင္လိုပါက လက္ခံခန႔္ထားေပးႏိုင္ေရး ညႇိႏႈိင္းေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက အသိေပးေျပာၾကားသည္။
မ်ိဳးဆက္သစ္ဘူမိေဗဒပညာရွင္မ်ား၊ ေရနံအင္ဂ်င္နီယာမ်ားအပါအဝင္ စက္မႈ၊ ဓာတုအင္ဂ်င္နီယာမ်ား၏ စြမ္းေဆာင္ရည္ျမႇင့္တင္ႏိုင္ေရးအတြက္ Stakeholder မ်ားက ဝိုင္းဝန္းပံ့ပိုးအားေပးေဆာင္႐ြက္ေပးသြားမည္ျဖစ္ၿပီး ဘာသာရပ္အလိုက္ ေက်ာင္းသူ ေက်ာင္းသားမ်ားအား ပညာသင္ဆုမ်ား ေပးအပ္ႏိုင္ေရးစီစဥ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။
ေရနံေခ်ာင္းတကၠသိုလ္ကို ၁၉၇၇ ခုႏွစ္တြင္ စတင္ဖြင့္လွစ္ခဲ့ျခင္းျဖစ္ၿပီး ဝိဇၨာဘာသာရပ္ (၅) ခု၊ သိပၸံဘာသာရပ္ (၆)ခုတို႔ျဖင့္ ဖြင့္လွစ္သင္ၾကားေနျခင္းျဖစ္ကာ ေရနံဘူမိေဗဒဘာသာရပ္ကို သီးသန႔္ ဘာသာရပ္တစ္ခုအေနျဖင့္ ပထမဆုံး ဖြင့္လွစ္သင္ၾကားသြားမည္ျဖစ္သည္။

Related news

© 2021. All rights reserved.