ရုရှားရေနံကဏ္ဍအပေါ် အမေရိကန်၏ ပိတ်ဆို့မှုအသစ်နှင့်အတူ ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်လာ

 100

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၉

ရုရှား၏ ရေနံကဏ္ဍအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များကို အမေရိကန်က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း သိရသည်။ အမေရိကန်၏ ရေနံစိမ်း သိုလှောင်မှုကျဆင်းခြင်းသည် ကမ္ဘာ့ ရေနံဈေးနှုန်းမြင့်တက်လာမှုအတွက် အထောက်အကူတစ်ခုဖြစ်စေခဲ့ခြင်းမျိုးဖြစ်ခဲ့ကြောင်းလည်း သိရသည်။
ဈေးကွက်အချက်အလက်များအရ Bren က ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၈၂ ဒသမ ၁၀)ဒေါ်လာအထိ ရောက်ရှိခဲ့ပြီး (၂)ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ကာ ပြီးခဲ့သည့်နှစ် ဩဂုတ်လနောက်ပိုင်း အမြင့်ဆုံးဈေးနှုန်းဖြစ်ကြောင်း သိရသည်။
US West Texas Intermediate (WTI) ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၈၀) အထိ မြင့်တက်ခဲ့ပြီး (၃)ရာခိုင် နှုန်းကျော် မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ထုတ်ပြန်ကြေညာခဲ့ပြီးနောက်ပိုင်းတည်းက ကမ္ဘာ့ရေနံစိမ်းသည် အမေရိ ကန်ဒေါ်လာ(၅)ဒေါ်လာဝန်းကျင်မြင့်တက်ခဲ့ပြီး WTI ရေနံစိမ်းသည် အမေရိကန်ဒေါ် လာ(၄)ဒေါ်လာဝန်းကျင် မြင့် တက်ခဲ့ကြောင်း Investing.com ၏ အချက်အလက်များအရ သိရသည်။
ထို့ပြင် ပြီးခဲ့သည့်သီတင်းပတ်တွင် အမေရိကန်၏ ရေနံစိမ်းသိုလှောင်မှုသည် (၂၀၂၂)ခုနှစ်နောက်ပိုင်း အနိမ့်ဆုံး အဆင့်သို့ ကျဆင်းသွားခဲ့ကြောင်း US Energy Information Administration ၏ အဆိုအရ သိရသည်။ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအသစ်သည် Gazprom Neft နှင့် Surgutneftegas ကဲ့သို့သော အဓိကရုရှား ရေနံကုမ္ပဏီများ နှင့် ရုရှားရေနံသယ်ယူပို့ဆောင်ရေးတွင် ပါဝင်သည့် သင်္ဘောဒါဇင်ပေါင်းများစွာကို ပစ်မှတ်ထားခဲ့ ခြင်းဖြစ်ကြောင်း လည်း သိရသည်။
အဆိုပါပိတ်ဆို့အရေးယူမှုများမှာ တရားမဝင်ကြောင်း ရုရှားအစိုးရက ပြစ်တင်ရှုတ်ချခဲ့ပြီး ယင်းလုပ်ရပ်များသည် ကမ္ဘာလုံးဆိုင်ရာစွမ်းအင်ဈေးကွက်များကို မတည်မငြိမ်ဖြစ်စေနိုင်ကြောင်း ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က သတိပေးခဲ့သည်။

Zawgyi Version;
႐ုရွားေရနံက႑အေပၚ အေမရိကန္၏ ပိတ္ဆို႔မႈအသစ္ႏွင့္အတူ ကမာၻ႔ေရနံေဈးႏႈန္း ျမင့္တက္လာ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၉

႐ုရွား၏ ေရနံက႑အေပၚ ပိတ္ဆို႔အေရးယူမႈအသစ္မ်ားကို အေမရိကန္က ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ ကမာၻ႔ ေရနံေဈးႏႈန္းမ်ား ျမင့္တက္လာခဲ့ေၾကာင္း သိရသည္။ အေမရိကန္၏ ေရနံစိမ္း သိုေလွာင္မႈက်ဆင္းျခင္းသည္ ကမာၻ႔ ေရနံေဈးႏႈန္းျမင့္တက္လာမႈအတြက္ အေထာက္အကူတစ္ခုျဖစ္ေစခဲ့ျခင္းမ်ိဳးျဖစ္ခဲ့ေၾကာင္းလည္း သိရသည္။
ေဈးကြက္အခ်က္အလက္မ်ားအရ Bren က ေရနံစိမ္းေဈးႏႈန္းသည္ တစ္စည္လွ်င္ အေမရိကန္ေဒၚလာ (၈၂ ဒသမ ၁၀)ေဒၚလာအထိ ေရာက္ရွိခဲ့ၿပီး (၂)ရာခိုင္ႏႈန္းေက်ာ္ ျမင့္တက္လာခဲ့ကာ ၿပီးခဲ့သည့္ႏွစ္ ဩဂုတ္လေနာက္ပိုင္း အျမင့္ဆုံးေဈးႏႈန္းျဖစ္ေၾကာင္း သိရသည္။
US West Texas Intermediate (WTI) ေရနံစိမ္းေဈးႏႈန္းသည္ တစ္စည္လွ်င္ အေမရိကန္ေဒၚလာ (၈၀) အထိ ျမင့္တက္ခဲ့ၿပီး (၃)ရာခိုင္ ႏႈန္းေက်ာ္ ျမင့္တက္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ႐ုရွားအေပၚ ပိတ္ဆို႔အေရးယူမႈမ်ား ကို အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ပိုင္းတည္းက ကမာၻ႔ေရနံစိမ္းသည္ အေမရိ ကန္ေဒၚလာ(၅)ေဒၚလာဝန္းက်င္ျမင့္တက္ခဲ့ၿပီး WTI ေရနံစိမ္းသည္ အေမရိကန္ေဒၚ လာ(၄)ေဒၚလာဝန္းက်င္ ျမင့္ တက္ခဲ့ေၾကာင္း Investing.com ၏ အခ်က္အလက္မ်ားအရ သိရသည္။
ထို႔ျပင္ ၿပီးခဲ့သည့္သီတင္းပတ္တြင္ အေမရိကန္၏ ေရနံစိမ္းသိုေလွာင္မႈသည္ (၂၀၂၂)ခုႏွစ္ေနာက္ပိုင္း အနိမ့္ဆုံး အဆင့္သို႔ က်ဆင္းသြားခဲ့ေၾကာင္း US Energy Information Administration ၏ အဆိုအရ သိရသည္။ ႐ုရွားအေပၚ ပိတ္ဆို႔အေရးယူမႈအသစ္သည္ Gazprom Neft ႏွင့္ Surgutneftegas ကဲ့သို႔ေသာ အဓိက႐ုရွား ေရနံကုမၸဏီမ်ား ႏွင့္ ႐ုရွားေရနံသယ္ယူပို႔ေဆာင္ေရးတြင္ ပါဝင္သည့္ သေဘၤာဒါဇင္ေပါင္းမ်ားစြာကို ပစ္မွတ္ထားခဲ့ ျခင္းျဖစ္ေၾကာင္း လည္း သိရသည္။
အဆိုပါပိတ္ဆို႔အေရးယူမႈမ်ားမွာ တရားမဝင္ေၾကာင္း ႐ုရွားအစိုးရက ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး ယင္းလုပ္ရပ္မ်ားသည္ ကမာၻလုံးဆိုင္ရာစြမ္းအင္ေဈးကြက္မ်ားကို မတည္မၿငိမ္ျဖစ္ေစႏိုင္ေၾကာင္း ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က သတိေပးခဲ့သည္။

Related news

© 2021. All rights reserved.