ရေဝေးဟိန္ဒူသုသာန်ရှိ အုတ်ဂူများမှာ ပျက်စီးယိုယွင်းနေ၍ ပုံစံတူအုတ်ဂူများအဖြစ် ပြန်လည်တည်ဆောက်ရန် ခွင့်ပြုချက်ပေးခဲ့

 230

စော(NP News)-ဇန်နဝါရီ ၁၉

ရေဝေးဟိန္ဒူသုသာန်ရှိ အုတ်ဂူများမှာ ပျက်စီးယိုယွင်းနေ၍ ပုံစံတူအုတ်ဂူများအဖြစ် ပြန်လည်တည်ဆောက်ရန် ခွင့်ပြုချက်ပေးခဲ့ကြောင်း မြန်မာတစ်နိုင်ငံလုံးဆိုင်ရာတမိလ်(ဟိန္ဒူ) သာသနာရေးရန်ပုံငွေအဖွဲ့ က ယနေ့(ဇန်နဝါရီ ၁၉ ရက်) ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ကြေညာထားခြင်းဖြစ်သည်။
လွန်ခဲ့သော အနှစ်(၂ဝ)ကျော်ကာလက ရန်ကုန်တိုင်းဒေသကြီး၊ ရေဝေးဟိန္ဒူသုသာန်တွင် ဂူသွင်းမြှုပ်နှံ တည်ဆောက်ခဲ့သော အုတ်ဂူများမှာ ယခုအချိန်တွင် ပြိုကျပျက်စီးယိုယွင်းနေပြီး သုသာန် အင်္ဂါရပ်နှင့် ကိုက်ညီမှုမရှိ ဖြစ်ပေါ်လျက်ရှိနေကြောင်း မြန်မာတစ်နိုင်ငံလုံးဆိုင်ရာတမိလ်(ဟိန္ဒူ) သာသနာရေးရန်ပုံငွေအဖွဲ့ က ဆိုသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေးဌာန၏ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်စွဲပါ ကြေညာချက်အရ ရေဝေးဟိန္ဒူသုသာန်တွင်းရှိ A (6) ဟုခေါ်သော ရေချိုး ဆောင်၏ အနောက်ဘက်အခြမ်းနှင့် A(9)ဟုခေါ်သော ရေချိုး ဆောင်၏အရှေ့ဘက်ခြမ်းတို့၌ တည်ရှိနေပြီး သတ်မှတ်အင်္ဂါရပ်နှင့်မညီဖြစ်နေသော အုတ်ဂူဟောင်းများကို သတ်မှတ်အင်္ဂါရပ်နှင့် အညီ ပုံစံတူအုတ်ဂူများအဖြစ် နဂိုမူလနေရာတွင်ဖြစ်စေ၊ အခြားသတ်မှတ်ပေးသည့်နေရာတွင်ဖြစ်စေ ပြန်လည်တည်ဆောက်ရန် နှင့် အုတ်ဂူ မသွင်းဘဲ ရိုးရိုးမြေမြှုပ်ထားသည့်နေရာများတွင်လည်း ပုံစံတူ အုတ်ဂူများတည်ဆောက်ပေးရန် လမ်းညွှန် ခွင့်ပြုချက်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါနေရာများရှိ အုတ်ဂူဟောင်း ပိုင်ရှင်များသည် ဇန်နဝါရီလ ၁ ရက်မှ ဖေဖော်ဝါရီလ ၂၈ ရက်အထိ ရက်ပေါင်း (၆၀) အတွင်း နေ့စဉ်နံနက် (၉)နာရီမှ (၁၂) နာရီအထိ ရေဝေး(ဟိန္ဒူ)သုသာန်သို့ လာရောက်၍ ရေဝေး(ဟိန္ဒူ) သုသာန်အုပ်ချုပ်ရေးကော်မတီနှင့်တွေ့ဆုံပြီး ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် သတ်မှတ်ရက်အတွင်း လာရောက်တွေ့ဆုံခြင်း ဆက်သွယ်ဆောင်ရွက်ခြင်း(လုံးဝ)မရှိသော အုတ်ဂူ ပိုင်ရှင်များ၏ အုတ်ဂူဟောင်းများကို ရေဝေး(ဟိန္ဒူ)သုသာန်အုပ်ချုပ်ရေးအဖွဲ့ ၏ကြီးကြပ်မှုဖြင့် စနစ်တကျ တူးဖော်၍ အရိုးပြာအိုးသွင်းပြီး (၂ပေx၂ပေ)ပတ်လည် သတ်မှတ်ပုံစံအုတ်ဂူလေးများကို အုတ်ဂူအမည်ပါအတိုင်း ကမ္ပည်းထိုး၍ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာတမိလ်(ဟိန္ဒူ) သာသနာ‌ရေးရန်ပုံငွေအဖွဲ့၏ ရန်ပုံငွေဖြင့် တည်ဆောက် မြှုပ်နှံပေးသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version;
ေရေဝးဟိႏၵဴသုသာန္ရွိ အုတ္ဂူမ်ားမွာ ပ်က္စီးယိုယြင္းေန၍ ပုံစံတူအုတ္ဂူမ်ားအျဖစ္ ျပန္လည္တည္ေဆာက္ရန္ ခြင့္ျပဳခ်က္ေပးခဲ့
ေစာ(NP News)-ဇန္နဝါရီ ၁၉

ေရေဝးဟိႏၵဴသုသာန္ရွိ အုတ္ဂူမ်ားမွာ ပ်က္စီးယိုယြင္းေန၍ ပုံစံတူအုတ္ဂူမ်ားအျဖစ္ ျပန္လည္တည္ေဆာက္ရန္ ခြင့္ျပဳခ်က္ေပးခဲ့ေၾကာင္း ျမန္မာတစ္ႏိုင္ငံလုံးဆိုင္ရာတမိလ္(ဟိႏၵဴ) သာသနာေရးရန္ပုံေငြအဖြဲ႕ က ယေန႔(ဇန္နဝါရီ ၁၉ ရက္) ထုတ္ ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ ေၾကညာထားျခင္းျဖစ္သည္။
လြန္ခဲ့ေသာ အႏွစ္(၂ဝ)ေက်ာ္ကာလက ရန္ကုန္တိုင္းေဒသႀကီး၊ ေရေဝးဟိႏၵဴသုသာန္တြင္ ဂူသြင္းျမႇဳပ္ႏွံ တည္ေဆာက္ခဲ့ေသာ အုတ္ဂူမ်ားမွာ ယခုအခ်ိန္တြင္ ၿပိဳက်ပ်က္စီးယိုယြင္းေနၿပီး သုသာန္ အဂၤါရပ္ႏွင့္ ကိုက္ညီမႈမရွိ ျဖစ္ေပၚလ်က္ရွိေနေၾကာင္း ျမန္မာတစ္ႏိုင္ငံလုံးဆိုင္ရာတမိလ္(ဟိႏၵဴ) သာသနာေရးရန္ပုံေငြအဖြဲ႕ က ဆိုသည္။
ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၊ ၿမိဳ႕ျပပတ္ဝန္းက်င္ထိန္းသိမ္းေရး ႏွင့္ သန႔္ရွင္းေရးဌာန၏ ၂၀၂၄ ခုႏွစ္၊ ေအာက္တိုဘာလ ၃၀ ရက္စြဲပါ ေၾကညာခ်က္အရ ေရေဝးဟိႏၵဴသုသာန္တြင္းရွိ A (6) ဟုေခၚေသာ ေရခ်ိဳး ေဆာင္၏ အေနာက္ဘက္အျခမ္းႏွင့္ A(9)ဟုေခၚေသာ ေရခ်ိဳး ေဆာင္၏အေရွ႕ဘက္ျခမ္းတို႔၌ တည္ရွိေနၿပီး သတ္မွတ္အဂၤါရပ္ႏွင့္မညီျဖစ္ေနေသာ အုတ္ဂူေဟာင္းမ်ားကို သတ္မွတ္အဂၤါရပ္ႏွင့္ အညီ ပုံစံတူအုတ္ဂူမ်ားအျဖစ္ နဂိုမူလေနရာတြင္ျဖစ္ေစ၊ အျခားသတ္မွတ္ေပးသည့္ေနရာတြင္ျဖစ္ေစ ျပန္လည္တည္ေဆာက္ရန္ ႏွင့္ အုတ္ဂူ မသြင္းဘဲ ႐ိုး႐ိုးေျမျမႇဳပ္ထားသည့္ေနရာမ်ားတြင္လည္း ပုံစံတူ အုတ္ဂူမ်ားတည္ေဆာက္ေပးရန္ လမ္းၫႊန္ ခြင့္ျပဳခ်က္ေပးခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
အဆိုပါေနရာမ်ားရွိ အုတ္ဂူေဟာင္း ပိုင္ရွင္မ်ားသည္ ဇန္နဝါရီလ ၁ ရက္မွ ေဖေဖာ္ဝါရီလ ၂၈ ရက္အထိ ရက္ေပါင္း (၆၀) အတြင္း ေန႔စဥ္နံနက္ (၉)နာရီမွ (၁၂) နာရီအထိ ေရေဝး(ဟိႏၵဴ)သုသာန္သို႔ လာေရာက္၍ ေရေဝး(ဟိႏၵဴ) သုသာန္အုပ္ခ်ဳပ္ေရးေကာ္မတီႏွင့္ေတြ႕ဆုံၿပီး ဆက္လက္ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ေၾကာင့္ သတ္မွတ္ရက္အတြင္း လာေရာက္ေတြ႕ဆုံျခင္း ဆက္သြယ္ေဆာင္႐ြက္ျခင္း(လုံးဝ)မရွိေသာ အုတ္ဂူ ပိုင္ရွင္မ်ား၏ အုတ္ဂူေဟာင္းမ်ားကို ေရေဝး(ဟိႏၵဴ)သုသာန္အုပ္ခ်ဳပ္ေရးအဖြဲ႕ ၏ႀကီးၾကပ္မႈျဖင့္ စနစ္တက် တူးေဖာ္၍ အ႐ိုးျပာအိုးသြင္းၿပီး (၂ေပx၂ေပ)ပတ္လည္ သတ္မွတ္ပုံစံအုတ္ဂူေလးမ်ားကို အုတ္ဂူအမည္ပါအတိုင္း ကမၸည္းထိုး၍ ျမန္မာတစ္ႏိုင္ငံလုံးဆိုင္ရာတမိလ္(ဟိႏၵဴ) သာသနာ‌ေရးရန္ပုံေငြအဖြဲ႕၏ ရန္ပုံေငြျဖင့္ တည္ေဆာက္ ျမႇဳပ္ႏွံေပးသြားမည္ျဖစ္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.