အဆိုတော်တစ်ဦး အင်းလျားကန်ထဲ ခုန်ချသတ်သေမှုဖြစ်ပွား၊ ရုပ်အလောင်းပြန်ဆယ်တွေ့ရှိ

 17558

အိဖြူ (NP News) - ဇန်နဝါရီ ၁၉

မြန်မာသံစဥ် အဆိုတော်ကောင်းမြင့်စံသည် အင်းလျားကန်ထဲ ခုန်ချသတ်သေမှုဖြစ်ပွားခဲ့ကာ ရုပ်အလောင်းအား ယနေ့ ဇန်နဝါရီလ ၁၉ ရက် နံနက်ခင်းအချိန်တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ကနဦး ထွက်ပေါ်လျက်ရှိသော သတင်းများအရ ကောင်းမြင့်စံသည် ဇန်နဝါရီလ ၁၇ ရက်က နေအိမ်မှ ပျောက်သွားခဲ့ခြင်းဖြစ်ပြီး နှစ်ရက်အကြာဖြစ်သည့် ဇန်နဝါရီလ ၁၉ ရက်တွင် နာရေးသတင်းအား မိသားစုမှ ကြားသိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ကောင်းမြင့်စံ(ခ) သိန်းစံ သည် စိတ်ကျရောဂါဖြစ်ပွားနေပြီး၊ ယင်းရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးအဖြစ် မိမိကိုယ်ကိုယ် အဆုံးစီရင်သည်အထိ ဖြစ်ပေါ်ခဲ့ခြင်းမျိုးဖြစ်နိုင် ကြောင်း ၄င်းနှင့်နီးစပ်သူအသိုင်းအဝိုင်းများထံ မှ ကြားသိရသည်။

၄င်းသည် အနုပညာ လောကတွင် လူသိများထင်ရှားသူတစ်ဦး မဟုတ်သော်ငြားလည်း မြန်မာသံစဥ်အသိုင်းအဝိုင်းတွင် ပရိသတ် အထိုက်အလျောက်ရှိသူဖြစ်ကြောင်း၊ ကိုယ်ပိုင်သံစဥ် တေးစီးရီး ထုတ်လုပ်ခဲ့ဖူးပြီး၊ တေးသံရှင် စိုင်းဆိုင်မောဝ် အပါအဝင် မြန်မာသံအဆိုရှင်တွေရဲ့တေးသီချင်းများကို ကိုယ်ပိုင်ဟန်ဖြင့် ပြန်လည်သီဆိုခဲ့သူဖြစ်ကြောင်း သိရသည်။
အဆိုတော် ကောင်းမြင့်စံ (ခ) သိန်းစံသည် ကွယ်လွန်ချိန်တွင် အသက် ၃၉ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး၊ ၄င်း၏ ကြွင်းရစ်တဲ့ရုပ်အလောင်းကို ဇန်နဝါရီ ၂၀ ရက် နေ့လယ် ၃ နာရီအချိန်တွင် မြောက်ဥက္ကလာပဆေးရုံမှ ထိန်ပင်သုသာန်ဆီ ပို့ဆောင်သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။
လာမည့် ဇန်နဝါရီ ၂၅ ရက် နံနက် ၇ နာရီအချိန်တွင် တိုက်အမှတ်(၂၈)၊ အခန်း(၂ဝ၂)၊ မာလာမြိုင်(၄)လမ်း၊ (၁၆) ရပ်ကွက်၊ လှိုင်မြို့နယ်ရှိ ၄င်း၏ နေအိမ်တွင် ရက်လည်ဆွမ်းသွပ်တရားနာမည်ဖြစ်ကြောင်း မိသားစုဝင်များမှ နာရေးဖိတ်ကြားစာနှင့်တကွ ဖော်ပြအသိပေးထားသည်။

ကောင်းမြင့်စံ (ခ) သိန်းစံ သေဆုံးမှုဖြစ်စဥ်အပေါ် လူအများက မေးခွန်းထုတ်နေကြပြီး၊ သက်ဆိုင်ရာလုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ကောင်းမြင့်စံ သေဆုံးမှုဖြစ်စဥ်နှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version;
အဆိုေတာ္တစ္ဦး အင္းလ်ားကန္ထဲ ခုန္ခ်သတ္ေသမႈျဖစ္ပြား၊ ႐ုပ္အေလာင္းျပန္ဆယ္ေတြ႕ရွိ
အိျဖဴ (NP News) - ဇန္နဝါရီ ၁၉

ျမန္မာသံစဥ္ အဆိုေတာ္ေကာင္းျမင့္စံသည္ အင္းလ်ားကန္ထဲ ခုန္ခ်သတ္ေသမႈျဖစ္ပြားခဲ့ကာ ႐ုပ္အေလာင္းအား ယေန႔ ဇန္နဝါရီလ ၁၉ ရက္ နံနက္ခင္းအခ်ိန္တြင္ ျပန္လည္ေတြ႕ရွိခဲ့ေၾကာင္း စုံစမ္းသိရွိရသည္။
ကနဦး ထြက္ေပၚလ်က္ရွိေသာ သတင္းမ်ားအရ ေကာင္းျမင့္စံသည္ ဇန္နဝါရီလ ၁၇ ရက္က ေနအိမ္မွ ေပ်ာက္သြားခဲ့ျခင္းျဖစ္ၿပီး ႏွစ္ရက္အၾကာျဖစ္သည့္ ဇန္နဝါရီလ ၁၉ ရက္တြင္ နာေရးသတင္းအား မိသားစုမွ ၾကားသိခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။
ေကာင္းျမင့္စံ(ခ) သိန္းစံ သည္ စိတ္က်ေရာဂါျဖစ္ပြားေနၿပီး၊ ယင္းေရာဂါ၏ ေနာက္ဆက္တြဲဆိုးက်ိဳးအျဖစ္ မိမိကိုယ္ကိုယ္ အဆုံးစီရင္သည္အထိ ျဖစ္ေပၚခဲ့ျခင္းမ်ိဳးျဖစ္ႏိုင္ ေၾကာင္း ၄င္းႏွင့္နီးစပ္သူအသိုင္းအဝိုင္းမ်ားထံ မွ ၾကားသိရသည္။

၄င္းသည္ အႏုပညာ ေလာကတြင္ လူသိမ်ားထင္ရွားသူတစ္ဦး မဟုတ္ေသာ္ျငားလည္း ျမန္မာသံစဥ္အသိုင္းအဝိုင္းတြင္ ပရိသတ္ အထိုက္အေလ်ာက္ရွိသူျဖစ္ေၾကာင္း၊ ကိုယ္ပိုင္သံစဥ္ ေတးစီးရီး ထုတ္လုပ္ခဲ့ဖူးၿပီး၊ ေတးသံရွင္ စိုင္းဆိုင္ေမာဝ္ အပါအဝင္ ျမန္မာသံအဆိုရွင္ေတြရဲ႕ေတးသီခ်င္းမ်ားကို ကိုယ္ပိုင္ဟန္ျဖင့္ ျပန္လည္သီဆိုခဲ့သူျဖစ္ေၾကာင္း သိရသည္။
အဆိုေတာ္ ေကာင္းျမင့္စံ (ခ) သိန္းစံသည္ ကြယ္လြန္ခ်ိန္တြင္ အသက္ ၃၉ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္ၿပီး၊ ၄င္း၏ ႂကြင္းရစ္တဲ့႐ုပ္အေလာင္းကို ဇန္နဝါရီ ၂၀ ရက္ ေန႔လယ္ ၃ နာရီအခ်ိန္တြင္ ေျမာက္ဥကၠလာပေဆး႐ုံမွ ထိန္ပင္သုသာန္ဆီ ပို႔ေဆာင္သၿဂႋဳဟ္မည္ျဖစ္ေၾကာင္း သိရသည္။
လာမည့္ ဇန္နဝါရီ ၂၅ ရက္ နံနက္ ၇ နာရီအခ်ိန္တြင္ တိုက္အမွတ္(၂၈)၊ အခန္း(၂ဝ၂)၊ မာလာၿမိဳင္(၄)လမ္း၊ (၁၆) ရပ္ကြက္၊ လႈိင္ၿမိဳ႕နယ္ရွိ ၄င္း၏ ေနအိမ္တြင္ ရက္လည္ဆြမ္းသြပ္တရားနာမည္ျဖစ္ေၾကာင္း မိသားစုဝင္မ်ားမွ နာေရးဖိတ္ၾကားစာႏွင့္တကြ ေဖာ္ျပအသိေပးထားသည္။

ေကာင္းျမင့္စံ (ခ) သိန္းစံ ေသဆုံးမႈျဖစ္စဥ္အေပၚ လူအမ်ားက ေမးခြန္းထုတ္ေနၾကၿပီး၊ သက္ဆိုင္ရာလုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ ေကာင္းျမင့္စံ ေသဆုံးမႈျဖစ္စဥ္ႏွင့္ပတ္သက္၍ စုံစမ္းေဖာ္ထုတ္သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.