“ကျော်ဟိန်း-စိုင်းစိုင်းရဲ့ လူသားအားလုံးကို လေးစားလျက်ပါ”
397
အိဖြူ (NP News) - ဇန်နဝါရီ ၂ဝ
“The Statesman Myanmar” ရဲ့အပတ်စဉ်ဖော်ပြနေတဲ့ အနုပညာအနှစ်ချုပ်ကဏ္ဍကနေ အနုပညာသတင်းတွေ ကို ဖော်ပြပေးပါမယ်။
ဒီတစ်ပတ်အတွက် “ကျော်ဟိန်းရဲ့“လူသားအသည်းနှလုံးနဲ့ကျွန်တော်” ကို မျိုးဆက် သုံးဆက် ပေါင်းစပ်ဖန်တီး၊ ၂ဝ၂၅ ခုနှစ် ရွှေကြိုရွေးချယ်ပွဲရဲ့စိတ်ပျက်ဖွယ်ရာများ” အစရှိတဲ့ အနုပညာ ဆက်စပ် သတင်းတွေကို ဖော်ပြပေးပါ မယ်။
ကျော်ဟိန်းရဲ့ “လူသားအသည်းနှလုံးနဲ့ကျွန်တော်” ကို မျိုးဆက် သုံးဆက် ပေါင်းစပ်ဖန်တီး
စွယ်စုံရအနုပညာရှင် ထပ်ဆင့်အကယ်ဒမီ ဦးကျော်ဟိန်းရဲ့ “လူသားအသည်းနှလုံးနဲ့ကျွန်တော်” သီချင်းကို တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်က ကိုယ်တိုင်ရေးစပ်သီကုံးထားတဲ့ Rapping စာသားများ ထည့်သွင်းကာ ဆင့်ပွား ပြန်လည်ဖန်တီးမှုပြုလုပ်ခဲ့ရာ ထူးခြားမှုဂီတရသတစ်ခုအဖြစ် နားဆင်သူအပေါင်းရဲ့မှတ်ချက်များစွာ ပြန်လည် ရရှိခဲ့ ပါတယ်။
စိုင်းစိုင်းခမ်းလှိုင်က (၂၀၂၅) ခုနှစ် ဇန်နဝါရီလ (၉) ရက်မှာ သီချင်းအသစ်တစ်ပုဒ်ထွက်ရှိခဲ့ခြင်း ဖြစ်ပြီး၊ ဦးကျော်ဟိန်းနဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ “လူသားအသည်းနှလုံးနဲ့ကျွန်တော်”အမည်ရှိ ဦးကျော်ဟိန်း ရဲ့တေးသီချင်း ဟောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ “လူသားအားလုံးကိုလေးစားပါတယ်” ဆိုတဲ့အဆိုက ဒီနေ့အထိတိုင် ကျော်ဟိန်းရဲ့ အမှတ်အသားတစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်အနေနဲ့ ဦးကျော်ဟိန်းအပေါ် လေးစားမှု၊ တေးသီချင်းကို တန်ဖိုးထားမှုအဖြစ် အနုပညာကြေး ငွေကျပ် သိန်း (၁၀ဝ)ထက်မနည်းတဲ့ပမာဏကို လက်ခံပေးစေ လိုကြောင်း ကမ်းလှမ်းစကားပြောကြားခဲ့ပေမယ့် အကယ်ဒမီ ကျော်ဟိန်းမိသားစုက အဆိုပါ ငွေကြေးကို လက်ခံယူခဲ့ခြင်းမရှိဘဲ ကွယ်လွန်သူ ဖခင်ဖြစ်သူ ဦးကျော်ဟိန်းအားရည်စူးကာ ရုပ်ရှင်လောကမှ လိုအပ်နေသူများ အတွက်ကိုသာ လှူဒါန်းပေးဖို့ အကြံပြု စကားဆိုခဲ့ကြောင်း၊ ဒါကြောင့်လည်း အဆိုပါအနုပညာကြေး အလှူငွေ ကျပ်သိန်း (၁၀ဝ) ကျပ်တိတိကို စိုင်းစိုင်းခမ်းလှိုင်နဲ့အတူ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူများထံ (၂၀၂၅)ခုနှစ် ဇန်နဝါရီလ ပထမအပတ်က သွားရောက်လှူဒါန်းခဲ့ကြပါတယ်။
“လူသားအသည်းနှလုံးနဲ့ကျွန်တော်”သီချင်းကို Original Lyrics Composer ဒီနေ့ပုဏ္ဏက၊ Vocals- ဦးကျော်ဟိန်း rom original 1979 version၊ Rap & lyrics - စိုင်းစိုင်းခမ်းလှိုင်၊ Music Producer - မောင်မောင်ပြည့်စုံ၊ Mixing - ကိုမြင့်ဇော်၊ Video Director - XZ ၊ Video Sponsor - Honey Gold Myanma၊ မူလလက်ဟောင်း စိုင်းစိုင်းခမ်းလှိုင်တို့က ဆင့်ပွားပေါင်းစပ် ဖန်တီးထားခြင်းဖြစ်ပါတယ်။
သီချင်းကို အသစ်ပြန်လည်ဖန်တီးမှုမှာ (၁၉၄၇) ခုနှစ် မွေးဖွားသူ ဦးကျော်ဟိန်း၊ (၁၉၇၉) ခုနှစ် မွေးဖွားသူ စိုင်းစိုင်းခမ်းလှိုင်၊ အသက် (၂၅) နှစ်အရွယ်ခန့်သာရှိသေးတဲ့ Video Director - XZ တို့ရဲ့မျိုးဆက် သုံးဆက်လို့ ဆိုနိုင်တဲ့ အနုပညာ ဖန်တီးမှုလက်ရာတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။
“လူသားအသည်းနှလုံးနဲ့ကျွန်တော်”တေးသီချင်းက အကယ်ဒမီကျော်ဟိန်းရဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၅) နှစ်ကျော်က အောင်မြင်ကျော်ကြားပြီးသားသီချင်းတစ်ပုဒ်ဖြစ်ပြီး မူရင်းအဆိုရှင်ဖြစ်သူ ဦးကျော်ဟိန်းရဲ့မူရင်းအသံ၊ မူရင်းဗီဒီယို ရုပ်ကတ်တချို့ကို ထည့်သွင်းအသုံးပြုကာ စိုင်းစိုင်းခမ်းလှိုင်ရဲ့ Rapping စာသားတွေ၊ Modern အနုပညာဖန်တီးမှုတွေနဲ့ပေါင်းစပ်ကာ မွမ်းမံဖန်တီးထားခြင်း ဖြစ်ပါ တယ်။
စိုင်းစိုင်းခမ်းလှိုင်က သူ့အနေနဲ့ ဦးကျော်ဟိန်း-စိုင်းစိုင်း ဆိုပြီး မကြေညာရဲခဲ့ကြောင်း ရိုးသား ပွင့်လင်းစွာဝန်ခံခဲ့ပါတယ်။ ဒါ့ပြင် တေးသံရှင် ချစ်ကောင်းနဲ့ “လူကြမ်းလေး” သီချင်း၊ တေးသံရှင် ဇော်ဝင်းထွဋ်ရဲ့ “ပထမဆု” သီချင်း တို့ကို ၎င်းတို့နဲ့အတူ တွဲဖက်သီဆိုခွင့်ရရှိခဲ့ဖူးပြီး၊ အခုတစ်ခါမှာတော့ စွယ်စုံရအနုပညာရှင်တစ်ဦးဖြစ်သူ အကယ်ဒမီကျော်ဟိန်းရဲ့ “လူသားအသည်းနှလုံးနဲ့ကျွန်တော်” သီချင်း ကိုလည်း မွမ်းမံသီဆိုခွင့်ရရှိခဲ့တာကြောင့် အိပ်မက်တစ်ခုဖြစ်ကြောင်း မီဒီယာများထံ ဖွင့်ဟထားချက်အရ သိရပါတယ်။
“လူသားအသည်းနှလုံးနဲ့ကျွန်တော်” သီချင်းကို တေးစာသား ဒီနေ့ပုဏ္ဏက၊ သံစဉ် စိန်ဇမန်၊ တေးဂီတ The Aces၊ အသံဖမ်း ဦးဘသိန်းတို့က ဖန်တီးခဲ့ကြကာ အကယ်ဒမီကျော်ဟိန်းက (၁၉၇၉) ခုနှစ်မှာ စတင် သီဆိုခဲ့ခြင်းဖြစ်ပြီး (၁၉၈၁)ခုနှစ်မှာ တေးသံရှင် လွှမ်းမိုးက ပြန်လည်သီဆိုခဲ့ပါတယ်။ ဒီသီချင်းက ဦးကျော်ဟိန်း သီဆိုစဉ်ကတည်းက လူထု အားပေးနှစ်ခြိုက်တဲ့ တေးသီချင်းတစ်ပုဒ်ဖြစ်ရုံမက ကျော်ဟိန်း နဲ့လူသားအသည်းနှလုံး ကျွန်တော်က တစ်သား တည်းထပ်တူကျတဲ့အထိ အောင်မြင်မှု ကြီးမားစွာရရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။
ဦးကျော်ဟိန်းဟာ (၂၀ဝ၈) ခုနှစ် အသက် (၆၁) နှစ်အရွယ်မှာ အနုပညာလောကကို အပြီးတိုင် စွန့်ခွာပြီး ရဟန်းဘောင်သို့ ဝင်ရောက်သွားခဲ့ခြင်းဖြစ်ပါတယ်။ ဦးကျော်ဟိန်း(ခ)ဦးကိတ္တိသာရက ဩစ တြေးလျနိုင်ငံ ကင်ဘာရာမြို့တော်မှာ ရဟန်းအဖြစ်နဲ့ သီတင်းသုံးနေထိုင်ခဲ့ပြီး (၂၀၂၀) ပြည့်နှစ် ဇူလိုင် (၁၁) ရက်က ဩစတြေးလျ နိုင်ငံ ဒေသစံတော်ချိန် မနက်ပိုင်းက နှလုံးသွေးကြောပိတ်တဲ့ရောဂါနဲ့ သက် တော် (၇၃) နှစ်အရွယ်မှာ သင်္ကန်းဝတ် နဲ့ ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်ပါတယ်။
သမီးဖြစ်သူရဲ့ နာမည်ကို မဝေဖန်ကြဖို့ နေဝင်းတို့ဇနီးမောင်နှံ မေတ္တာရပ်ခံ
အဆိုတော် အကယ်ဒမီ နေဝင်းနဲ့အိမ့်ချစ်ချောတို့ရဲ့သမီးလေး ရက်(၁၀ဝ)ပြည့်မွေးနေ့အလှူ မင်္ဂလာနဲ့ နာမည်ပေး ကင်ပွန်းတပ်အခမ်းအနားကို (၂၀၂၅)ခုနှစ် ဇန်န ဝါရီလ (၁၁) ရက် စနေနေ့က မဟာဓမ္မိတာရုံ ပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်များအား အရုဏ်ဆွမ်း၊ နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။
သမီးလေးရဲ့နာမည်ကို “နေအရာရာချော” လို့ခေါ်တွင်စေပြီး ခင်ပွန်းဖြစ်သူ နေဝင်းရဲ့နာမည် ရှေ့စာလုံး “ နေ” နဲ့ ဇနီးဖြစ်သူ အိမ့်ချစ်ချောရဲ့နာမည် နောက်ဆုံးစာလုံး “ချော” ကို ထိပ်စ နောက် ပိတ်အဖြစ်သတ်မှတ်ပြီး မိဘနှစ်ပါးစလုံးအတွက် “အရာရာ” အဖြစ်သတ်မှတ်ကာ “နေအရာရာချော” လို့ မှတ်ယူအမည်တွင်စေလိုကြောင်း ယူဆမိပါတယ်။ နာမည်လေးက ဆန်းသစ်နေတဲ့အတွက် သမီးလေးကို ချစ်စနိုးနဲ့စနောက်ခဲ့ကြပြီး ကလေးနာမည် ကင်ပွန်းတပ်မှုအပေါ် ဗေဒင်ဆရာလမ်းညွှန်သူများ ပေါများ သွားခဲ့သလို မတောင်းဘဲပေးအပ်ကြတဲ့ အကြံဥာဏ်ပညာရှင်တွေလည်း ပြည့်လျှံသွားတာကို သတိပြုမိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်တစ်ခွင် “နေရာတကာပါ၊ လူတကာချစ်၊ နေရာတကာစား၊ ” အစရှိတဲ့ အခွီပို့စိလေးတွေ တက်ခဲ့ပါ တယ်။ အဲဒီနောက်မှာတော့ မိခင်ဖြစ်သူ အိမ့်ချစ်ချောက “သမီးဖြစ်သူရဲ့နာမည်ကို မဝေဖန်ကြဖို့၊ ကိုယ်တိုင် မွေးဖွားလာတဲ့ သားသမီးမှ မိမိစိတ်တိုင်းကျပေးကြဖို့၊ သမီးလေးရဲ့နာမည်လေးကို မိမိတို့နှစ်ဦးသား စိတ်တိုင်းကျ ခေါ်တွင်စေခြင်းမျိုးဖြစ်ကြောင်း မေတ္တာရပ်ခံကြောင်း” ၎င်းတို့ဖေ့စ်ဘွတ်ခ်အကောင့်မှာ ပို့စ်တင်ခဲ့ခြင်းဖြစ်ပါတယ်။ “နေအရာရာချော (ခ) အရာရာလေး” ကို (၂၀၂၄) ခုနှစ် အောက်တိုဘာလ (၄) ရက်ကမွေးဖွားခဲ့ခြင်းဖြစ်ပြီး မွေးဖွားချိန်မှာ ပေါင်ချိန် ခုနစ်ပေါင်ကျော်ရှိကာ မိဘ၊ ဆွေမျိုးတွေရဲ့အချစ်တော် အရာရာလေးဖြစ်ခဲ့တာပါ။
(၂၀၂၅) ခုနှစ် ရွှေကြိုမောင်မယ်ရွေးချယ်ပွဲအတွင်းက စိတ်ပျက်ဖွယ်ရာများ
ရွှေကြိုရွေးချယ်ပွဲလို့ စကားစလိုက်တာနဲ့တစ်ပြိုင်နက် လက်ရှိကျင်းပနေတဲ့ (၂၀၂၅) ရွှေကြို မောင်မယ်ပွဲစဉ် အတွင်းက အမျိုးသားတွေရဲ့ငိုယိုပြမှုတွေကို ကနဦးမြင်မိကြရင်း မြန်မာ့ရုပ်ရှင်လောကအတွက် ရင်လေး စိတ်ပျက်မိစေတာအမှန်ပါ။
အခုနှစ် ရွှေကြိုမောင်မယ်အချို့ ထုတ်ဖော်ပြသလိုက်တဲ့ မူရင်းပုံရိပ်တွေအပေါ် လူအများက ဆိုးရွား လှတဲ့မှတ်ချက်များစွာပေးခဲ့ကြပြီး စင်မြင့်ထက်မှာ သရုပ်ဆောင်ခိုင်းခြင်းမဟုတ်တဲ့ အနုပညာမီဒီယာတွေနဲ့ အင်တာဗျူးဖြေဆိုချိန်အတွင်း ]အကြောင်းမဲ့ငိုယိုပြခြင်း၊ ဒရမ်မာခင်းကာ ညည်းတွားပြခြင်း၊ လူသိများ အောင်မြင်လိုသူသာ များပြားခြင်း၊ အကဲဖြတ်ဒိုင်တွေက မေးခွန်းမေးချိန်မှာ အနုပညာရဲ့အဓိပ္ပာယ်၊ ရုပ်ရှင် ဇာတ်ကားအကြောင်း၊ ဝါရင့်အနုပညာရှင်ကြီးတွေအကြောင်း လေ့လာထားမှုနည်းပါးခြင်း၊ သာမန် အခြေခံဗဟုသုတတောင်မရှိကြခြင်း၊ အဆိုးရွားဆုံးကတော့ မြန်မာနိုင်ငံက (၁၂)လ ရာသီပွဲတော်တောင် မပြောပြ နိုင်သူတွေပါဝင်ခဲ့ကြတာကြောင့် ဒီလိုအချက်တွေက ကြည့်ရှုမိသူလူအများကို စိတ်ပျက်စေမိတဲ့အချက်တွေပဲ ဖြစ်ပါတယ်။
(၂၀၂၄)ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားအတွက် ရွှေကြိုမောင်မယ်ရွေးချယ်ပွဲကို အကဲဖြတ်ဒိုင်တွေအဖြစ် ဦးအောင်လွင်၊ ဦးငြိမ်းမင်း၊ ဦးမီးပွား၊ ရန်အောင်၊ ခန့်စည်သူ၊ ဒါရိုက်တာဝိုင်း၊ ညိုမင်းလွင်၊ မေသန်းနု စတဲ့ ဝါရင့်သမ္ဘာရင့်အနုပညာရှင်ကြီးတွေ ရွေးချယ်ဆုံးဖြတ်ခြင်းဖြစ်ပါတယ်။ ဒီနှစ်မှာ Voting စနစ်နဲ့ရွေးချယ်ခဲ့ခြင်းဖြစ်ကာ ရွှေကြိုမောင်မယ် အယောက် (၄၀)ကိုရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါ အယောက် (၄၀)ထဲမှာ အထက်ပါဖော်ပြပါလူပုဂ္ဂိုလ်များ ရွေးချယ်ခံထားရခြင်း ကြောင့် ရွှေကြိုရွေးချယ်ရေး အကဲဖြတ်ဒိုင်အဖွဲ့တွေရဲ့ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်လျက်ရှိကြပါတယ်။ မင်းသား၊ မင်းသမီးဖြစ်လိုသူ လူငယ်တွေက အနုပညာလောကထဲဝင်ရောက်နိုင်စေဖို့ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားအတွက် ရွှေကြိုမောင်မယ်ရွေးချယ်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လေ့ရှိကြပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက ကြီးမှူးကျင်းပတဲ့ ရွှေကြိုမောင်မယ် ရွေးချယ်ပွဲက ရွေးချယ်သတ်မှတ်မှုပုံစံ နှစ်စဉ် မတူကွဲပြား လေ့ရှိပါတယ်။
တစ်ချိန်က တက်သစ်စအနုပညာရှင်အမျိုးသမီးလေးတွေကို အကယ်ဒမီဗန်းကိုင်အဖြစ် ခေါ်ဝေါ် သုံးစွဲခဲ့ပြီး၊ နောက်ပိုင်းမှာ အကယ်ဒမီရွှေကြိုအဖြစ် ပြောင်းလဲခေါ်တွင်စေခဲ့ကာ အနုပညာရှင်ကြီးတွေ ရဲ့မျိုးဆက် ဖြစ်တဲ့ သားသမီးနဲ့ ဆွေမျိုးနီးစပ်တွေကိုအသုံးပြုခဲ့ကြပါတယ်။ ထပ်မံပြောင်းလဲမှုအရ ရွှေကြိုမယ်/မောင် အဖြစ် ခေါ်တွင်စေခဲ့ပြီး အနုပညာလောကမှမဟုတ်သူ အနုပညာဝါသနာပါသူ ဝါသနာရှင် လူငယ်များကို ဖိတ်ခေါ်ယှဉ်ပြိုင် စေခြင်းမျိုးဖြစ်လာခဲ့တာပါ။
ဒီတပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့ရပ်နားခွင့်ပြုပါရှင်။
Zawgyi Version;
“ေက်ာ္ဟိန္း-စိုင္းစိုင္းရဲ႕ လူသားအားလုံးကို ေလးစားလ်က္ပါ”
အိျဖဴ (NP News) - ဇန္နဝါရီ ၂ဝ
“The Statesman Myanmar” ရဲ႕အပတ္စဥ္ေဖာ္ျပေနတဲ့ အႏုပညာအႏွစ္ခ်ဳပ္က႑ကေန အႏုပညာသတင္းေတြ ကို ေဖာ္ျပေပးပါမယ္။
ဒီတစ္ပတ္အတြက္ “ေက်ာ္ဟိန္းရဲ႕“လူသားအသည္းႏွလုံးနဲ႔ကြၽန္ေတာ္” ကို မ်ိဳးဆက္ သုံးဆက္ ေပါင္းစပ္ဖန္တီး၊ ၂ဝ၂၅ ခုႏွစ္ ေ႐ႊႀကိဳေ႐ြးခ်ယ္ပြဲရဲ႕စိတ္ပ်က္ဖြယ္ရာမ်ား” အစရွိတဲ့ အႏုပညာ ဆက္စပ္ သတင္းေတြကို ေဖာ္ျပေပးပါ မယ္။
ေက်ာ္ဟိန္းရဲ႕ “လူသားအသည္းႏွလုံးနဲ႔ကြၽန္ေတာ္” ကို မ်ိဳးဆက္ သုံးဆက္ ေပါင္းစပ္ဖန္တီး
စြယ္စုံရအႏုပညာရွင္ ထပ္ဆင့္အကယ္ဒမီ ဦးေက်ာ္ဟိန္းရဲ႕ “လူသားအသည္းႏွလုံးနဲ႔ကြၽန္ေတာ္” သီခ်င္းကို ေတးသံရွင္ စိုင္းစိုင္းခမ္းလႈိင္က ကိုယ္တိုင္ေရးစပ္သီကုံးထားတဲ့ Rapping စာသားမ်ား ထည့္သြင္းကာ ဆင့္ပြား ျပန္လည္ဖန္တီးမႈျပဳလုပ္ခဲ့ရာ ထူးျခားမႈဂီတရသတစ္ခုအျဖစ္ နားဆင္သူအေပါင္းရဲ႕မွတ္ခ်က္မ်ားစြာ ျပန္လည္ ရရွိခဲ့ ပါတယ္။
စိုင္းစိုင္းခမ္းလႈိင္က (၂၀၂၅) ခုႏွစ္ ဇန္နဝါရီလ (၉) ရက္မွာ သီခ်င္းအသစ္တစ္ပုဒ္ထြက္ရွိခဲ့ျခင္း ျဖစ္ၿပီး၊ ဦးေက်ာ္ဟိန္းနဲ႔ စိုင္းစိုင္းခမ္းလႈိင္ရဲ႕ “လူသားအသည္းႏွလုံးနဲ႔ကြၽန္ေတာ္”အမည္ရွိ ဦးေက်ာ္ဟိန္း ရဲ႕ေတးသီခ်င္း ေဟာင္းတစ္ပုဒ္ပဲ ျဖစ္ပါတယ္။ “လူသားအားလုံးကိုေလးစားပါတယ္” ဆိုတဲ့အဆိုက ဒီေန႔အထိတိုင္ ေက်ာ္ဟိန္းရဲ႕ အမွတ္အသားတစ္ခုအျဖစ္ တည္ရွိေနဆဲျဖစ္ပါတယ္။ စိုင္းစိုင္းခမ္းလႈိင္အေနနဲ႔ ဦးေက်ာ္ဟိန္းအေပၚ ေလးစားမႈ၊ ေတးသီခ်င္းကို တန္ဖိုးထားမႈအျဖစ္ အႏုပညာေၾကး ေငြက်ပ္ သိန္း (၁၀ဝ)ထက္မနည္းတဲ့ပမာဏကို လက္ခံေပးေစ လိုေၾကာင္း ကမ္းလွမ္းစကားေျပာၾကားခဲ့ေပမယ့္ အကယ္ဒမီ ေက်ာ္ဟိန္းမိသားစုက အဆိုပါ ေငြေၾကးကို လက္ခံယူခဲ့ျခင္းမရွိဘဲ ကြယ္လြန္သူ ဖခင္ျဖစ္သူ ဦးေက်ာ္ဟိန္းအားရည္စူးကာ ႐ုပ္ရွင္ေလာကမွ လိုအပ္ေနသူမ်ား အတြက္ကိုသာ လႉဒါန္းေပးဖို႔ အႀကံျပဳ စကားဆိုခဲ့ေၾကာင္း၊ ဒါေၾကာင့္လည္း အဆိုပါအႏုပညာေၾကး အလႉေငြ က်ပ္သိန္း (၁၀ဝ) က်ပ္တိတိကို စိုင္းစိုင္းခမ္းလႈိင္နဲ႔အတူ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးက တာဝန္ရွိသူမ်ားထံ (၂၀၂၅)ခုႏွစ္ ဇန္နဝါရီလ ပထမအပတ္က သြားေရာက္လႉဒါန္းခဲ့ၾကပါတယ္။
“လူသားအသည္းႏွလုံးနဲ႔ကြၽန္ေတာ္”သီခ်င္းကို Original Lyrics Composer ဒီေန႔ပုဏၰက၊ Vocals- ဦးေက်ာ္ဟိန္း rom original 1979 version၊ Rap & lyrics - စိုင္းစိုင္းခမ္းလႈိင္၊ Music Producer - ေမာင္ေမာင္ျပည့္စုံ၊ Mixing - ကိုျမင့္ေဇာ္၊ Video Director - XZ ၊ Video Sponsor - Honey Gold Myanma၊ မူလလက္ေဟာင္း စိုင္းစိုင္းခမ္းလႈိင္တို႔က ဆင့္ပြားေပါင္းစပ္ ဖန္တီးထားျခင္းျဖစ္ပါတယ္။
သီခ်င္းကို အသစ္ျပန္လည္ဖန္တီးမႈမွာ (၁၉၄၇) ခုႏွစ္ ေမြးဖြားသူ ဦးေက်ာ္ဟိန္း၊ (၁၉၇၉) ခုႏွစ္ ေမြးဖြားသူ စိုင္းစိုင္းခမ္းလႈိင္၊ အသက္ (၂၅) ႏွစ္အ႐ြယ္ခန႔္သာရွိေသးတဲ့ Video Director - XZ တို႔ရဲ႕မ်ိဳးဆက္ သုံးဆက္လို႔ ဆိုႏိုင္တဲ့ အႏုပညာ ဖန္တီးမႈလက္ရာတစ္ခုလို႔လည္း ဆိုႏိုင္ပါတယ္။
“လူသားအသည္းႏွလုံးနဲ႔ကြၽန္ေတာ္”ေတးသီခ်င္းက အကယ္ဒမီေက်ာ္ဟိန္းရဲ႕ လြန္ခဲ့တဲ့ ႏွစ္ေပါင္း (၄၅) ႏွစ္ေက်ာ္က ေအာင္ျမင္ေက်ာ္ၾကားၿပီးသားသီခ်င္းတစ္ပုဒ္ျဖစ္ၿပီး မူရင္းအဆိုရွင္ျဖစ္သူ ဦးေက်ာ္ဟိန္းရဲ႕မူရင္းအသံ၊ မူရင္းဗီဒီယို ႐ုပ္ကတ္တခ်ိဳ႕ကို ထည့္သြင္းအသုံးျပဳကာ စိုင္းစိုင္းခမ္းလႈိင္ရဲ႕ Rapping စာသားေတြ၊ Modern အႏုပညာဖန္တီးမႈေတြနဲ႔ေပါင္းစပ္ကာ မြမ္းမံဖန္တီးထားျခင္း ျဖစ္ပါ တယ္။
စိုင္းစိုင္းခမ္းလႈိင္က သူ႔အေနနဲ႔ ဦးေက်ာ္ဟိန္း-စိုင္းစိုင္း ဆိုၿပီး မေၾကညာရဲခဲ့ေၾကာင္း ႐ိုးသား ပြင့္လင္းစြာဝန္ခံခဲ့ပါတယ္။ ဒါ့ျပင္ ေတးသံရွင္ ခ်စ္ေကာင္းနဲ႔ “လူၾကမ္းေလး” သီခ်င္း၊ ေတးသံရွင္ ေဇာ္ဝင္းထြဋ္ရဲ႕ “ပထမဆု” သီခ်င္း တို႔ကို ၎တို႔နဲ႔အတူ တြဲဖက္သီဆိုခြင့္ရရွိခဲ့ဖူးၿပီး၊ အခုတစ္ခါမွာေတာ့ စြယ္စုံရအႏုပညာရွင္တစ္ဦးျဖစ္သူ အကယ္ဒမီေက်ာ္ဟိန္းရဲ႕ “လူသားအသည္းႏွလုံးနဲ႔ကြၽန္ေတာ္” သီခ်င္း ကိုလည္း မြမ္းမံသီဆိုခြင့္ရရွိခဲ့တာေၾကာင့္ အိပ္မက္တစ္ခုျဖစ္ေၾကာင္း မီဒီယာမ်ားထံ ဖြင့္ဟထားခ်က္အရ သိရပါတယ္။
“လူသားအသည္းႏွလုံးနဲ႔ကြၽန္ေတာ္” သီခ်င္းကို ေတးစာသား ဒီေန႔ပုဏၰက၊ သံစဥ္ စိန္ဇမန္၊ ေတးဂီတ The Aces၊ အသံဖမ္း ဦးဘသိန္းတို႔က ဖန္တီးခဲ့ၾကကာ အကယ္ဒမီေက်ာ္ဟိန္းက (၁၉၇၉) ခုႏွစ္မွာ စတင္ သီဆိုခဲ့ျခင္းျဖစ္ၿပီး (၁၉၈၁)ခုႏွစ္မွာ ေတးသံရွင္ လႊမ္းမိုးက ျပန္လည္သီဆိုခဲ့ပါတယ္။ ဒီသီခ်င္းက ဦးေက်ာ္ဟိန္း သီဆိုစဥ္ကတည္းက လူထု အားေပးႏွစ္ၿခိဳက္တဲ့ ေတးသီခ်င္းတစ္ပုဒ္ျဖစ္႐ုံမက ေက်ာ္ဟိန္း နဲ႔လူသားအသည္းႏွလုံး ကြၽန္ေတာ္က တစ္သား တည္းထပ္တူက်တဲ့အထိ ေအာင္ျမင္မႈ ႀကီးမားစြာရရွိခဲ့တဲ့ သီခ်င္းတစ္ပုဒ္ျဖစ္ပါတယ္။
ဦးေက်ာ္ဟိန္းဟာ (၂၀ဝ၈) ခုႏွစ္ အသက္ (၆၁) ႏွစ္အ႐ြယ္မွာ အႏုပညာေလာကကို အၿပီးတိုင္ စြန႔္ခြာၿပီး ရဟန္းေဘာင္သို႔ ဝင္ေရာက္သြားခဲ့ျခင္းျဖစ္ပါတယ္။ ဦးေက်ာ္ဟိန္း(ခ)ဦးကိတၱိသာရက ဩစ ေၾတးလ်ႏိုင္ငံ ကင္ဘာရာၿမိဳ႕ေတာ္မွာ ရဟန္းအျဖစ္နဲ႔ သီတင္းသုံးေနထိုင္ခဲ့ၿပီး (၂၀၂၀) ျပည့္ႏွစ္ ဇူလိုင္ (၁၁) ရက္က ဩစေၾတးလ် ႏိုင္ငံ ေဒသစံေတာ္ခ်ိန္ မနက္ပိုင္းက ႏွလုံးေသြးေၾကာပိတ္တဲ့ေရာဂါနဲ႔ သက္ ေတာ္ (၇၃) ႏွစ္အ႐ြယ္မွာ သကၤန္းဝတ္ နဲ႔ ပ်ံလြန္ေတာ္မူသြားခဲ့ျခင္းျဖစ္ပါတယ္။
သမီးျဖစ္သူရဲ႕ နာမည္ကို မေဝဖန္ၾကဖို႔ ေနဝင္းတို႔ဇနီးေမာင္ႏွံ ေမတၱာရပ္ခံ
အဆိုေတာ္ အကယ္ဒမီ ေနဝင္းနဲ႔အိမ့္ခ်စ္ေခ်ာတို႔ရဲ႕သမီးေလး ရက္(၁၀ဝ)ျပည့္ေမြးေန႔အလႉ မဂၤလာနဲ႔ နာမည္ေပး ကင္ပြန္းတပ္အခမ္းအနားကို (၂၀၂၅)ခုႏွစ္ ဇန္န ဝါရီလ (၁၁) ရက္ စေနေန႔က မဟာဓမၼိတာ႐ုံ ပရိယတၱိစာသင္တိုက္ရွိ သံဃာေတာ္မ်ားအား အ႐ုဏ္ဆြမ္း၊ ေန႔ဆြမ္း ဆပ္ကပ္လႉဒါန္းခဲ့ျခင္းျဖစ္ပါတယ္။
သမီးေလးရဲ႕နာမည္ကို “ေနအရာရာေခ်ာ” လို႔ေခၚတြင္ေစၿပီး ခင္ပြန္းျဖစ္သူ ေနဝင္းရဲ႕နာမည္ ေရွ႕စာလုံး “ ေန” နဲ႔ ဇနီးျဖစ္သူ အိမ့္ခ်စ္ေခ်ာရဲ႕နာမည္ ေနာက္ဆုံးစာလုံး “ေခ်ာ” ကို ထိပ္စ ေနာက္ ပိတ္အျဖစ္သတ္မွတ္ၿပီး မိဘႏွစ္ပါးစလုံးအတြက္ “အရာရာ” အျဖစ္သတ္မွတ္ကာ “ေနအရာရာေခ်ာ” လို႔ မွတ္ယူအမည္တြင္ေစလိုေၾကာင္း ယူဆမိပါတယ္။ နာမည္ေလးက ဆန္းသစ္ေနတဲ့အတြက္ သမီးေလးကို ခ်စ္စႏိုးနဲ႔စေနာက္ခဲ့ၾကၿပီး ကေလးနာမည္ ကင္ပြန္းတပ္မႈအေပၚ ေဗဒင္ဆရာလမ္းၫႊန္သူမ်ား ေပါမ်ား သြားခဲ့သလို မေတာင္းဘဲေပးအပ္ၾကတဲ့ အႀကံဥာဏ္ပညာရွင္ေတြလည္း ျပည့္လွ်ံသြားတာကို သတိျပဳမိခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ ေဖ့စ္ဘြတ္ခ္ လူမႈကြန္ရက္တစ္ခြင္ “ေနရာတကာပါ၊ လူတကာခ်စ္၊ ေနရာတကာစား၊ ” အစရွိတဲ့ အခြီပို႔စိေလးေတြ တက္ခဲ့ပါ တယ္။ အဲဒီေနာက္မွာေတာ့ မိခင္ျဖစ္သူ အိမ့္ခ်စ္ေခ်ာက “သမီးျဖစ္သူရဲ႕နာမည္ကို မေဝဖန္ၾကဖို႔၊ ကိုယ္တိုင္ ေမြးဖြားလာတဲ့ သားသမီးမွ မိမိစိတ္တိုင္းက်ေပးၾကဖို႔၊ သမီးေလးရဲ႕နာမည္ေလးကို မိမိတို႔ႏွစ္ဦးသား စိတ္တိုင္းက် ေခၚတြင္ေစျခင္းမ်ိဳးျဖစ္ေၾကာင္း ေမတၱာရပ္ခံေၾကာင္း” ၎တို႔ေဖ့စ္ဘြတ္ခ္အေကာင့္မွာ ပို႔စ္တင္ခဲ့ျခင္းျဖစ္ပါတယ္။ “ေနအရာရာေခ်ာ (ခ) အရာရာေလး” ကို (၂၀၂၄) ခုႏွစ္ ေအာက္တိုဘာလ (၄) ရက္ကေမြးဖြားခဲ့ျခင္းျဖစ္ၿပီး ေမြးဖြားခ်ိန္မွာ ေပါင္ခ်ိန္ ခုနစ္ေပါင္ေက်ာ္ရွိကာ မိဘ၊ ေဆြမ်ိဳးေတြရဲ႕အခ်စ္ေတာ္ အရာရာေလးျဖစ္ခဲ့တာပါ။
(၂၀၂၅) ခုႏွစ္ ေ႐ႊႀကိဳေမာင္မယ္ေ႐ြးခ်ယ္ပြဲအတြင္းက စိတ္ပ်က္ဖြယ္ရာမ်ား
ေ႐ႊႀကိဳေ႐ြးခ်ယ္ပြဲလို႔ စကားစလိုက္တာနဲ႔တစ္ၿပိဳင္နက္ လက္ရွိက်င္းပေနတဲ့ (၂၀၂၅) ေ႐ႊႀကိဳ ေမာင္မယ္ပြဲစဥ္ အတြင္းက အမ်ိဳးသားေတြရဲ႕ငိုယိုျပမႈေတြကို ကနဦးျမင္မိၾကရင္း ျမန္မာ့႐ုပ္ရွင္ေလာကအတြက္ ရင္ေလး စိတ္ပ်က္မိေစတာအမွန္ပါ။
အခုႏွစ္ ေ႐ႊႀကိဳေမာင္မယ္အခ်ိဳ႕ ထုတ္ေဖာ္ျပသလိုက္တဲ့ မူရင္းပုံရိပ္ေတြအေပၚ လူအမ်ားက ဆိုး႐ြား လွတဲ့မွတ္ခ်က္မ်ားစြာေပးခဲ့ၾကၿပီး စင္ျမင့္ထက္မွာ သ႐ုပ္ေဆာင္ခိုင္းျခင္းမဟုတ္တဲ့ အႏုပညာမီဒီယာေတြနဲ႔ အင္တာဗ်ဴးေျဖဆိုခ်ိန္အတြင္း ]အေၾကာင္းမဲ့ငိုယိုျပျခင္း၊ ဒရမ္မာခင္းကာ ညည္းတြားျပျခင္း၊ လူသိမ်ား ေအာင္ျမင္လိုသူသာ မ်ားျပားျခင္း၊ အကဲျဖတ္ဒိုင္ေတြက ေမးခြန္းေမးခ်ိန္မွာ အႏုပညာရဲ႕အဓိပၸာယ္၊ ႐ုပ္ရွင္ ဇာတ္ကားအေၾကာင္း၊ ဝါရင့္အႏုပညာရွင္ႀကီးေတြအေၾကာင္း ေလ့လာထားမႈနည္းပါးျခင္း၊ သာမန္ အေျခခံဗဟုသုတေတာင္မရွိၾကျခင္း၊ အဆိုး႐ြားဆုံးကေတာ့ ျမန္မာႏိုင္ငံက (၁၂)လ ရာသီပြဲေတာ္ေတာင္ မေျပာျပ ႏိုင္သူေတြပါဝင္ခဲ့ၾကတာေၾကာင့္ ဒီလိုအခ်က္ေတြက ၾကည့္ရႈမိသူလူအမ်ားကို စိတ္ပ်က္ေစမိတဲ့အခ်က္ေတြပဲ ျဖစ္ပါတယ္။
(၂၀၂၄)ခုႏွစ္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲအခမ္းအနားအတြက္ ေ႐ႊႀကိဳေမာင္မယ္ေ႐ြးခ်ယ္ပြဲကို အကဲျဖတ္ဒိုင္ေတြအျဖစ္ ဦးေအာင္လြင္၊ ဦးၿငိမ္းမင္း၊ ဦးမီးပြား၊ ရန္ေအာင္၊ ခန႔္စည္သူ၊ ဒါ႐ိုက္တာဝိုင္း၊ ညိဳမင္းလြင္၊ ေမသန္းႏု စတဲ့ ဝါရင့္သမာၻရင့္အႏုပညာရွင္ႀကီးေတြ ေ႐ြးခ်ယ္ဆုံးျဖတ္ျခင္းျဖစ္ပါတယ္။ ဒီႏွစ္မွာ Voting စနစ္နဲ႔ေ႐ြးခ်ယ္ခဲ့ျခင္းျဖစ္ကာ ေ႐ႊႀကိဳေမာင္မယ္ အေယာက္ (၄၀)ကိုေ႐ြးခ်ယ္ခဲ့ျခင္း ျဖစ္ပါတယ္။ အဆိုပါ အေယာက္ (၄၀)ထဲမွာ အထက္ပါေဖာ္ျပပါလူပုဂၢိဳလ္မ်ား ေ႐ြးခ်ယ္ခံထားရျခင္း ေၾကာင့္ ေ႐ႊႀကိဳေ႐ြးခ်ယ္ေရး အကဲျဖတ္ဒိုင္အဖြဲ႕ေတြရဲ႕ဆုံးျဖတ္ခ်က္ကို ေမးခြန္းထုတ္လ်က္ရွိၾကပါတယ္။ မင္းသား၊ မင္းသမီးျဖစ္လိုသူ လူငယ္ေတြက အႏုပညာေလာကထဲဝင္ေရာက္ႏိုင္ေစဖို႔ ႏွစ္စဥ္က်င္းပေလ့ရွိတဲ့ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲ အခမ္းအနားအတြက္ ေ႐ႊႀကိဳေမာင္မယ္ေ႐ြးခ်ယ္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ေလ့ရွိၾကပါတယ္။ ျမန္မာႏိုင္ငံ ႐ုပ္ရွင္ အစည္းအ႐ုံးက ႀကီးမႉးက်င္းပတဲ့ ေ႐ႊႀကိဳေမာင္မယ္ ေ႐ြးခ်ယ္ပြဲက ေ႐ြးခ်ယ္သတ္မွတ္မႈပုံစံ ႏွစ္စဥ္ မတူကြဲျပား ေလ့ရွိပါတယ္။
တစ္ခ်ိန္က တက္သစ္စအႏုပညာရွင္အမ်ိဳးသမီးေလးေတြကို အကယ္ဒမီဗန္းကိုင္အျဖစ္ ေခၚေဝၚ သုံးစြဲခဲ့ၿပီး၊ ေနာက္ပိုင္းမွာ အကယ္ဒမီေ႐ႊႀကိဳအျဖစ္ ေျပာင္းလဲေခၚတြင္ေစခဲ့ကာ အႏုပညာရွင္ႀကီးေတြ ရဲ႕မ်ိဳးဆက္ ျဖစ္တဲ့ သားသမီးနဲ႔ ေဆြမ်ိဳးနီးစပ္ေတြကိုအသုံးျပဳခဲ့ၾကပါတယ္။ ထပ္မံေျပာင္းလဲမႈအရ ေ႐ႊႀကိဳမယ္/ေမာင္ အျဖစ္ ေခၚတြင္ေစခဲ့ၿပီး အႏုပညာေလာကမွမဟုတ္သူ အႏုပညာဝါသနာပါသူ ဝါသနာရွင္ လူငယ္မ်ားကို ဖိတ္ေခၚယွဥ္ၿပိဳင္ ေစျခင္းမ်ိဳးျဖစ္လာခဲ့တာပါ။
ဒီတပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါရွင္။