ဘိလပ်မြေစက်ရုံအချို့ ဂေါဒန်ကျောက်ပြတ်လပ်နေ
901
NP News - ဇန်န၀ါရီ ၂ဝ
ဘိလပ်မြေထုတ်လုပ်ရာတွင် အဓိက လိုအပ်သော ဂေါဒန်ကျောက် မရရှိခြင်းကြောင့် ပြည်တွင်း ဘိလပ်မြေစက်ရုံအချို့ ကုန်ချောထုတ်လုပ်ရန် အခက်အခဲဖြစ်ပေါ်နေကြောင်း မြိုင်ကလေးဘိလပ်မြေစက်ရုံ မှ အရောင်းတာဝန်ခံတစ်ဦးထံမှ သိရသည်။
“ ဂေါ်ဒန်ကျောက် အကောင်းစားထွက်ရှိတာက သီပေါဘက်ကထွက်တာပါ ။ မြိုင်ကလေးမှာဆိုရင် သီပေါ ထွက်ဂေါ်ဒန်နဲ့ဘဲဘိလပ်မြေထုတ်တာ၊အခုတိုက်ပွဲတွေဖြစ်တော့ ဂေါ်ဒန်တွေမလာနိုင်တော့ဘူး ၊ ကြံတံဆိပ် ဘိလပ်မြေ စက်ရုံကကုန်ချောထုတ်နိုင်တဲ့ပမာဏ ကျဆင်းသွားတာပေါ့” ဟု ယင်းအရောင်းတာဝန်ခံကပြောသည်။
သို့သော်လည်းမန္တလေးတိုင်းအတွင်းရှိကျောက်ဆည်နှင့် သရက် မြို့များမှဘိလပ်မြေများ ဆက်လက်ထွက်ရှိနေဆဲ ဖြစ်ရာ ဈေးကွက်အတွက် လိုအပ်ချက်အချို့ကိုဖြေရှင်းပေးနေရကြောင်း သိရသည်။
လက်တလောတွင်ဘိလပ်မြေဈေးမှာ နှစ်ဆခန့်မြင့်တက်နေပြီး ယခင်နှစ်က ဈေးအနိမ့်ဆုံးဖြစ်သည့် လူရိုင်းခေါင်း (Alpha) ဘိလပ်မြေတစ်အိတ်လျှင် တစ်သောင်းခွဲဝန်းကျင်မှ လက်ရှိတွင် နှစ်သောင်းနှစ်ထောင်အထိ မြင့်တက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ပြည်တွင်းတွင် ပုဂ္ဂလိကပိုင်ဘိလပ်မြေစက်ရုံ (၁၆) ရုံ နှင့် နိုင်ငံပိုင်ဘိ လပ်မြေစက်ရုံ (၃)ရုံရှိပြီး အဆိုပါစက်ရုံများ စက်စွမ်းအားပြည့်လည်ပတ်ပါက ဘိလပ်မြေတန်ချိန် (၁၆) သန်းခန့်ထုတ်လုပ်နိုင်ကြောင်း သိရသည်။ လက်ရှိ ပြည်တွင်း အသုံးပြုနေသည့်ဘိလပ်မြေသည် တစ်နှစ်လျှင် တန်ချိန် (၁ဝ) သန်းနှင့် (၁၁)သန်းကြားရှိကြောင်း သိရသည်။
Zawgyi Version;
ဘိလပ္ေျမစက္႐ုံအခ်ိဳ႕ ေဂါဒန္ေက်ာက္ျပတ္လပ္ေန
NP News - ဇန္န၀ါရီ ၂ဝ
ဘိလပ္ေျမထုတ္လုပ္ရာတြင္ အဓိက လိုအပ္ေသာ ေဂါဒန္ေက်ာက္ မရရွိျခင္းေၾကာင့္ ျပည္တြင္း ဘိလပ္ေျမစက္႐ုံအခ်ိဳ႕ ကုန္ေခ်ာထုတ္လုပ္ရန္ အခက္အခဲျဖစ္ေပၚေနေၾကာင္း ၿမိဳင္ကေလးဘိလပ္ေျမစက္႐ုံ မွ အေရာင္းတာဝန္ခံတစ္ဦးထံမွ သိရသည္။
“ ေဂၚဒန္ေက်ာက္ အေကာင္းစားထြက္ရွိတာက သီေပါဘက္ကထြက္တာပါ ။ ၿမိဳင္ကေလးမွာဆိုရင္ သီေပါ ထြက္ေဂၚဒန္နဲ႔ဘဲဘိလပ္ေျမထုတ္တာ၊အခုတိုက္ပြဲေတြျဖစ္ေတာ့ ေဂၚဒန္ေတြမလာႏိုင္ေတာ့ဘူး ၊ ႀကံတံဆိပ္ ဘိလပ္ေျမ စက္႐ုံကကုန္ေခ်ာထုတ္ႏိုင္တဲ့ပမာဏ က်ဆင္းသြားတာေပါ့” ဟု ယင္းအေရာင္းတာဝန္ခံကေျပာသည္။
သို႔ေသာ္လည္းမႏၲေလးတိုင္းအတြင္းရွိေက်ာက္ဆည္ႏွင့္ သရက္ ၿမိဳ႕မ်ားမွဘိလပ္ေျမမ်ား ဆက္လက္ထြက္ရွိေနဆဲ ျဖစ္ရာ ေဈးကြက္အတြက္ လိုအပ္ခ်က္အခ်ိဳ႕ကိုေျဖရွင္းေပးေနရေၾကာင္း သိရသည္။
လက္တေလာတြင္ဘိလပ္ေျမေဈးမွာ ႏွစ္ဆခန႔္ျမင့္တက္ေနၿပီး ယခင္ႏွစ္က ေဈးအနိမ့္ဆုံးျဖစ္သည့္ လူ႐ိုင္းေခါင္း (Alpha) ဘိလပ္ေျမတစ္အိတ္လွ်င္ တစ္ေသာင္းခြဲဝန္းက်င္မွ လက္ရွိတြင္ ႏွစ္ေသာင္းႏွစ္ေထာင္အထိ ျမင့္တက္ေနေၾကာင္း ေဈးကြက္အတြင္းမွ သိရသည္။
ျပည္တြင္းတြင္ ပုဂၢလိကပိုင္ဘိလပ္ေျမစက္႐ုံ (၁၆) ႐ုံ ႏွင့္ ႏိုင္ငံပိုင္ဘိ လပ္ေျမစက္႐ုံ (၃)႐ုံရွိၿပီး အဆိုပါစက္႐ုံမ်ား စက္စြမ္းအားျပည့္လည္ပတ္ပါက ဘိလပ္ေျမတန္ခ်ိန္ (၁၆) သန္းခန႔္ထုတ္လုပ္ႏိုင္ေၾကာင္း သိရသည္။ လက္ရွိ ျပည္တြင္း အသုံးျပဳေနသည့္ဘိလပ္ေျမသည္ တစ္ႏွစ္လွ်င္ တန္ခ်ိန္ (၁ဝ) သန္းႏွင့္ (၁၁)သန္းၾကားရွိေၾကာင္း သိရသည္။