AI နည်းပညာက ငါးနှစ်အတွင်း လူပေါင်းသန်းချီ အလုပ်လက်မဲ့ဖြစ်သွားစေနိုင်ဟုဆို

 107

Pika (NP News) - ဇန်နဝါရီ ၂ဝ

AI နည်းပညာ ဖြန့်ကြက်ချထားမှုသည် ကမ္ဘာတစ်ဝန်းရှိ အလုပ်သမားဈေးကွက်ကို အကြီးအကျယ် အကျပ်ရိုက် စေမည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာကုမ္ပဏီများတွင် ကြီးမားသော အလုပ်ထုတ်ပယ်မှုများကို ဖြစ်ပေါ်စေ နိုင်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းတွင် ထုတ်ပြန်ခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF)၏ အနာဂတ် အလုပ်အကိုင်ဆိုင်ရာ အစီရင်ခံစာတစ်ခုအရ သိရသည်။ ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းကြီးရာ ပေါင်းများစွာကို စစ်တမ်းကောက်ယူခဲ့သော လေ့လာမှုတွင် ကုမ္ပဏီကြီးများ၏ (၄၁) ရာခိုင်နှုန်းသည် AI နည်းပညာ၏ စွမ်းဆောင်ရည်များကို မြှင့်တင်ရန်အတွက် (၂၀၃၀)ပြည့်နှစ်တွင် ၎င်းတို့၏လုပ်သားအင်အား ကို လျှော့ချရန် စီစဉ်နေကြောင်း သိရသည်။
နောက်ထပ်အနေဖြင့် ကုမ္ပဏီများ၏ (၇၇) ရာခိုင်နှုန်းသည် ပိုမိုကောင်းမွန်သော လူသား-စက်ပိုင်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် (၂၀၂၅) ခုနှစ် မှ (၂၀၃၀) ပြည့်နှစ်အထိ ၎င်းတို့၏ လက်ရှိဝန်ထမ်းများကို အရည် အချင်းမြှင့်တင်ရန် ပြင်ဆင်နေကြောင်း သိရသည်။ ယခုဆယ်စုနှစ်ကုန်တွင် အလုပ်အကိုင်အသစ် သန်း(၁၇၀)ကို ဖန်တီးပေးနိုင်မည်ဟု အစီရင်ခံစာက ခန့်မှန်းထားပြီး အလုပ်အကိုင်(၉၂)သန်းမှာ အလုပ်လက်မဲ့ဖြစ်သွားနိုင် ကြောင်း ခန့်မှန်း ဖော်ပြထားသည်။
ထို့ပြင် AI နည်းပညာ၊ ဒေတာကြီးများနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာကျွမ်းကျင်မှုများသည် ဝယ်လိုအား မြင့်မား လာနိုင်ကြောင်း WEF က မှတ်ချက်ပြု ပြောဆိုထားသည်။
WEF ၏အလုပ်၊ လုပ်ခနှင့် အလုပ်ဖန်တီးမှုဆိုင်ရာအကြီးအကဲ တေးလ်လီယိုပိုးလ် က “မျိုးဆက်သစ် AI နည်းပညာနဲ့ လျင်မြန်တဲ့နည်းပညာပြောင်းလဲမှုတွေလိုမျိုး ခေတ်ရေစီးကြောင်းတွေဟာ စက်မှုလုပ်ငန်းနဲ့အလုပ်သမားဈေးကွက် တွေကို အဆုံးသတ်စေမှာဖြစ်ပြီး မကြုံစဖူးအခွင့်အလမ်းတွေနဲ့ လေးနက်တဲ့အန္တရာယ်တွေကို ဖန်တီးပေး ပါတယ်” ဟု ပြောခဲ့သည်။
အထူးသဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာဌာနတွင် AI နည်း ပညာ၊ စက်ရုပ်များနှင့် စွမ်းအင်စနစ်များ တိုးတက်လာခြင်းသည် အဆိုပါ နယ်ပယ်များတွင် အထူး ကျွမ်းကျင်သူ အခန်းကဏ္ဍများ၏လိုအပ်ချက်ကို မြှင့်တင်ပေးနိုင်ရန် မျှော်လင့်ထားကြောင်း WEF ကပြော ကြားခဲ့သည်။ ထို့ပြင် AI နည်းပညာနှင့် အခြားသော နည်းပညာဆိုင်ရာ ခေတ်ရေစီးကြောင်းများကြောင့် အရေအတွက်အများဆုံးကျဆင်းမှု နှင့် ရင်ဆိုင်ရမည့် အလုပ်အကိုင်အမျိုးအစားများကို အစီရင်ခံစာတွင် ရေးသားဖော်ပြထားပြီး ၎င်းတို့တွင် ဝန်ဆောင်မှု အရာ ရှိများ၊ အမှုဆောင်အတွင်းရေးမှူးများ၊ စာရင်းကိုင် အရာရှိများနှင့် ဂရပ်ဖစ်ဒီဇိုင်နာများ ပါဝင်ကြောင်းသိရသည်။

Zawgyi Version;
AI နည္းပညာက ငါးႏွစ္အတြင္း လူေပါင္းသန္းခ်ီ အလုပ္လက္မဲ့ျဖစ္သြားေစႏိုင္ဟုဆို
Pika (NP News) - ဇန္နဝါရီ ၂ဝ

AI နည္းပညာ ျဖန႔္ၾကက္ခ်ထားမႈသည္ ကမာၻတစ္ဝန္းရွိ အလုပ္သမားေဈးကြက္ကို အႀကီးအက်ယ္ အက်ပ္႐ိုက္ ေစမည္ျဖစ္ၿပီး ကမာၻလုံးဆိုင္ရာကုမၸဏီမ်ားတြင္ ႀကီးမားေသာ အလုပ္ထုတ္ပယ္မႈမ်ားကို ျဖစ္ေပၚေစ ႏိုင္ေၾကာင္း ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ထုတ္ျပန္ခဲ့ေသာ ကမာၻ႔စီးပြားေရးဖိုရမ္ (WEF)၏ အနာဂတ္ အလုပ္အကိုင္ဆိုင္ရာ အစီရင္ခံစာတစ္ခုအရ သိရသည္။ ကမာၻတစ္ဝန္းရွိ စီးပြားေရးလုပ္ငန္းႀကီးရာ ေပါင္းမ်ားစြာကို စစ္တမ္းေကာက္ယူခဲ့ေသာ ေလ့လာမႈတြင္ ကုမၸဏီႀကီးမ်ား၏ (၄၁) ရာခိုင္ႏႈန္းသည္ AI နည္းပညာ၏ စြမ္းေဆာင္ရည္မ်ားကို ျမႇင့္တင္ရန္အတြက္ (၂၀၃၀)ျပည့္ႏွစ္တြင္ ၎တို႔၏လုပ္သားအင္အား ကို ေလွ်ာ့ခ်ရန္ စီစဥ္ေနေၾကာင္း သိရသည္။
ေနာက္ထပ္အေနျဖင့္ ကုမၸဏီမ်ား၏ (၇၇) ရာခိုင္ႏႈန္းသည္ ပိုမိုေကာင္းမြန္ေသာ လူသား-စက္ပိုင္း ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈအတြက္ (၂၀၂၅) ခုႏွစ္ မွ (၂၀၃၀) ျပည့္ႏွစ္အထိ ၎တို႔၏ လက္ရွိဝန္ထမ္းမ်ားကို အရည္ အခ်င္းျမႇင့္တင္ရန္ ျပင္ဆင္ေနေၾကာင္း သိရသည္။ ယခုဆယ္စုႏွစ္ကုန္တြင္ အလုပ္အကိုင္အသစ္ သန္း(၁၇၀)ကို ဖန္တီးေပးႏိုင္မည္ဟု အစီရင္ခံစာက ခန႔္မွန္းထားၿပီး အလုပ္အကိုင္(၉၂)သန္းမွာ အလုပ္လက္မဲ့ျဖစ္သြားႏိုင္ ေၾကာင္း ခန႔္မွန္း ေဖာ္ျပထားသည္။
ထို႔ျပင္ AI နည္းပညာ၊ ေဒတာႀကီးမ်ားႏွင့္ ဆိုက္ဘာလုံၿခဳံေရးဆိုင္ရာကြၽမ္းက်င္မႈမ်ားသည္ ဝယ္လိုအား ျမင့္မား လာႏိုင္ေၾကာင္း WEF က မွတ္ခ်က္ျပဳ ေျပာဆိုထားသည္။
WEF ၏အလုပ္၊ လုပ္ခႏွင့္ အလုပ္ဖန္တီးမႈဆိုင္ရာအႀကီးအကဲ ေတးလ္လီယိုပိုးလ္ က “မ်ိဳးဆက္သစ္ AI နည္းပညာနဲ႔ လ်င္ျမန္တဲ့နည္းပညာေျပာင္းလဲမႈေတြလိုမ်ိဳး ေခတ္ေရစီးေၾကာင္းေတြဟာ စက္မႈလုပ္ငန္းနဲ႔အလုပ္သမားေဈးကြက္ ေတြကို အဆုံးသတ္ေစမွာျဖစ္ၿပီး မႀကဳံစဖူးအခြင့္အလမ္းေတြနဲ႔ ေလးနက္တဲ့အႏၲရာယ္ေတြကို ဖန္တီးေပး ပါတယ္” ဟု ေျပာခဲ့သည္။
အထူးသျဖင့္ ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္ႏွင့္ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ အင္ဂ်င္နီယာဌာနတြင္ AI နည္း ပညာ၊ စက္႐ုပ္မ်ားႏွင့္ စြမ္းအင္စနစ္မ်ား တိုးတက္လာျခင္းသည္ အဆိုပါ နယ္ပယ္မ်ားတြင္ အထူး ကြၽမ္းက်င္သူ အခန္းက႑မ်ား၏လိုအပ္ခ်က္ကို ျမႇင့္တင္ေပးႏိုင္ရန္ ေမွ်ာ္လင့္ထားေၾကာင္း WEF ကေျပာ ၾကားခဲ့သည္။ ထို႔ျပင္ AI နည္းပညာႏွင့္ အျခားေသာ နည္းပညာဆိုင္ရာ ေခတ္ေရစီးေၾကာင္းမ်ားေၾကာင့္ အေရအတြက္အမ်ားဆုံးက်ဆင္းမႈ ႏွင့္ ရင္ဆိုင္ရမည့္ အလုပ္အကိုင္အမ်ိဳးအစားမ်ားကို အစီရင္ခံစာတြင္ ေရးသားေဖာ္ျပထားၿပီး ၎တို႔တြင္ ဝန္ေဆာင္မႈ အရာ ရွိမ်ား၊ အမႈေဆာင္အတြင္းေရးမႉးမ်ား၊ စာရင္းကိုင္ အရာရွိမ်ားႏွင့္ ဂရပ္ဖစ္ဒီဇိုင္နာမ်ား ပါဝင္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.