လူ(၃၅)ဦးသေဆုံးအောင် ကားနဲ့ဝင်တိုက်ခဲ့တဲ့အမျိုးသားကို တရုတ်အစိုးရ ကွပ်မျက်

 111

Pika (NP News) - ဇန်နဝါရီ ၂၁

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက တရုတ်နိုင်ငံတောင်ပိုင်း ဇူဟိုင်မြို့မှာ လူ(၃၅)ဦးကိုသေဆုံးအောင် ကားနဲ့ဝင်တိုက်ခဲ့တဲ့ အမျိုးသားကို တရုတ်အစိုးရက ဇန်နဝါရီလ(၂၀)ရက်နေ့မှာ ကွပ်မျက်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ(၁၁)ရက်က အသက်(၆၂)နှစ်အရွယ် Fan Weiqiu ဆိုတဲ့ အမျိုးသားဟာ အားကစားရုံအပြင်ဘက်မှာ လေ့ကျင့်ခန်းလုပ်နေတဲ့ လူအုပ်ကြီးကို SUV ကားနဲ့ဝင်တိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီဖြစ်ရပ်အတွင်း အခြားလူ(၄၅)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၂၀၁၄)ခုနှစ်နောက်ပိုင်း တရုတ်နိုင်ငံမှာ အဆိုးရွားဆုံး ရာဇဝတ်မှုတစ်ခုဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအမျိုးသားဟာ ပြီးခဲ့တဲ့လမှာ သေဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပြီး ၎င်းရဲ့ရည်ရွယ်ချက်ဟာ ယုတ်မာပြီး ဆိုးရွားတဲ့ရည်ရွယ်ချက်မျိုးဖြစ်တယ်လို့ တရားရုံးက ပြောကြားခဲ့ပါတယ်။
ပြည်သူ့တရားရုံးချုပ်က ထုတ်ပြန်တဲ့ သေဒဏ်အမိန့်အရ Fan Weiqiu ကို Zhuhai တရားရုံးက ကွပ်မျက်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ CCTV က ရေးသားဖော်ပြခဲ့ပါတယ်။ ဒါ့ပြင် မြူနီစီပယ်အစိုးရရှေ့နေဟာ ကွပ်မျက်မှုကို ဥပဒေနဲ့ အညီကြီးကြပ်ဖို့အတွက် အမှုထမ်းတွေကို စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
လူ(၃၅)ဦးေသဆုံးေအာင္ ကားနဲ႔ဝင္တိုက္ခဲ့တဲ့အမ်ိဳးသားကို တ႐ုတ္အစိုးရ ကြပ္မ်က္
Pika (NP News) - ဇန္နဝါရီ ၂၁

ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလက တ႐ုတ္ႏိုင္ငံေတာင္ပိုင္း ဇူဟိုင္ၿမိဳ႕မွာ လူ(၃၅)ဦးကိုေသဆုံးေအာင္ ကားနဲ႔ဝင္တိုက္ခဲ့တဲ့ အမ်ိဳးသားကို တ႐ုတ္အစိုးရက ဇန္နဝါရီလ(၂၀)ရက္ေန႔မွာ ကြပ္မ်က္ခဲ့တယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလ(၁၁)ရက္က အသက္(၆၂)ႏွစ္အ႐ြယ္ Fan Weiqiu ဆိုတဲ့ အမ်ိဳးသားဟာ အားကစား႐ုံအျပင္ဘက္မွာ ေလ့က်င့္ခန္းလုပ္ေနတဲ့ လူအုပ္ႀကီးကို SUV ကားနဲ႔ဝင္တိုက္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ အဲဒီျဖစ္ရပ္အတြင္း အျခားလူ(၄၅)ဦးလည္း ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး (၂၀၁၄)ခုႏွစ္ေနာက္ပိုင္း တ႐ုတ္ႏိုင္ငံမွာ အဆိုး႐ြားဆုံး ရာဇဝတ္မႈတစ္ခုျဖစ္ခဲ့တယ္လို႔ သိရပါတယ္။ အဲဒီအမ်ိဳးသားဟာ ၿပီးခဲ့တဲ့လမွာ ေသဒဏ္ခ်မွတ္ခံခဲ့ရတာျဖစ္ၿပီး ၎ရဲ႕ရည္႐ြယ္ခ်က္ဟာ ယုတ္မာၿပီး ဆိုး႐ြားတဲ့ရည္႐ြယ္ခ်က္မ်ိဳးျဖစ္တယ္လို႔ တရား႐ုံးက ေျပာၾကားခဲ့ပါတယ္။
ျပည္သူ႔တရား႐ုံးခ်ဳပ္က ထုတ္ျပန္တဲ့ ေသဒဏ္အမိန္႔အရ Fan Weiqiu ကို Zhuhai တရား႐ုံးက ကြပ္မ်က္ခဲ့တယ္လို႔ ႏိုင္ငံပိုင္မီဒီယာ CCTV က ေရးသားေဖာ္ျပခဲ့ပါတယ္။ ဒါ့ျပင္ ျမဴနီစီပယ္အစိုးရေရွ႕ေနဟာ ကြပ္မ်က္မႈကို ဥပေဒနဲ႔ အညီႀကီးၾကပ္ဖို႔အတြက္ အမႈထမ္းေတြကို ေစလႊတ္ခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.