ရေနံနှင့် သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်သည့် ရေနံမြေသစ်များ ရှာဖွေတွေ့ရှိနိုင်ရေး ကွင်းဆက် လေ့လာသုတေသနပြုနိုင်ရန် ပြည်ထောင်စုဝန်ကြီး ပြော

449

နာမူ (NP News) - ဇန်နဝါရီ ၂၁
ယခုနှစ်အတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်သည့် ရေနံမြေသစ်များ ရှာဖွေတွေ့ရှိနိုင်ရေး ကွင်းဆက် လေ့လာသုတေသနပြုနိုင်ရန် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောကြားသည်။
ယမန်နေ့ (ဇန်နဝါရီလ ၁၉ ရက်) တွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းရှိ အသုံးချသုတေသနဌာန၏ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အထက်ပါကဲ့သို့ ပြောခဲ့ခြင်း ဖြစ်သည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့များ တူးဖော်စမ်းသပ်ရာတွင် အရေးအကြီးဆုံးဖြစ်သည့် အရည်အသွေးမှန်ကန်သည့် အဖြေများ ရရှိရန် သုတေသနနှင့် ဓာတ်ခွဲခန်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းထားသည်။
ထို့ပြင် စွမ်းအင် ဝန်ကြီးဌာန၏ ရည်မှန်းချက်ဖြစ်သော “2025, the Year of Myanmar Energy” ဆောင်ပုဒ်နှင့်အညီ ၂၀၂၅ ခုနှစ်အတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်သည့် အနည်ကျချိုင့်ဝှမ်းနှင့် ရေနံမြေသစ်များ ရှာဖွေ တွေ့ရှိနိုင်ရန် ကွင်းဆင်းလေ့လာသုတေသနပြုနိုင်ရေး သက်ဆိုင်ရာတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ရန် အသိပေးထားသည်။
အလားတူ တက္ကသိုလ်များနှင့်ချိတ်ဆက်ပြီး Project Base သုတေသနကျမ်းများ ထွက်ပေါ်လာရေး ဆောင်ရွက်ရန် လည်း ပြောကြားသည်။
ထို့ပြင် Apply Research အဆင့်အထိရောက်အောင် ကြိုးစားဆောင်ရွက်ရန်နှင့် ဓာတ်ခွဲခန်းသုံးပစ္စည်းများ ပျက်စီး ဆုံးရှုံးမှုမရှိစေရေး ကိုလည်း ပြည်ထောင်စုဝန်ကြီးက အသိပေးထားသည်။
ပြီးခဲ့သည့်ရက်ကလည်း ပညာရေးဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနတို့ ပူးပေါင်းကာ ရေနံချောင်းတက္ကသိုလ်တွင် ရေနံဘူမိဗေဒဘာသာရပ် စတင်ကာ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောကြားထားသည်။
Zawgyi Version;
ယခုႏွစ္အတြင္း ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ ခိုေအာင္းႏိုင္သည့္ ေရနံေျမသစ္မ်ား ရွာေဖြေတြ႕ရွိႏိုင္ေရး ကြင္းဆက္ ေလ့လာသုေတသနျပဳႏိုင္ရန္ ျပည္ေထာင္စုဝန္ႀကီး ေျပာ
နာမူ (NP News) - ဇန္နဝါရီ ၂၁
ယခုႏွစ္အတြင္း ေရနံႏွင့္သဘာဝဓာတ္ေငြ႕ ခိုေအာင္းႏိုင္သည့္ ေရနံေျမသစ္မ်ား ရွာေဖြေတြ႕ရွိႏိုင္ေရး ကြင္းဆက္ ေလ့လာသုေတသနျပဳႏိုင္ရန္ စြမ္းအင္ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလြင္က ေျပာၾကားသည္။
ယမန္ေန႔ (ဇန္နဝါရီလ ၁၉ ရက္) တြင္ ျမန္မာ့ေရနံႏွင့္သဘာဝဓာတ္ေငြ႕လုပ္ငန္းရွိ အသုံးခ်သုေတသနဌာန၏ အစည္းအေဝးခန္းမ၌ တာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံစဥ္ ျပည္ေထာင္စုဝန္ႀကီးက အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္း ျဖစ္သည္။
ေရနံႏွင့္ သဘာဝဓာတ္ေငြ႕မ်ား တူးေဖာ္စမ္းသပ္ရာတြင္ အေရးအႀကီးဆုံးျဖစ္သည့္ အရည္အေသြးမွန္ကန္သည့္ အေျဖမ်ား ရရွိရန္ သုေတသနႏွင့္ ဓာတ္ခြဲခန္းလုပ္ငန္းမ်ားကို စနစ္တက်ေဆာင္႐ြက္ၾကရန္ ျပည္ေထာင္စုဝန္ႀကီးက တိုက္တြန္းထားသည္။
ထို႔ျပင္ စြမ္းအင္ ဝန္ႀကီးဌာန၏ ရည္မွန္းခ်က္ျဖစ္ေသာ “2025, the Year of Myanmar Energy” ေဆာင္ပုဒ္ႏွင့္အညီ ၂၀၂၅ ခုႏွစ္အတြင္း ေရနံႏွင့္သဘာဝဓာတ္ေငြ႕ ခိုေအာင္းႏိုင္သည့္ အနည္က်ခ်ိဳင့္ဝွမ္းႏွင့္ ေရနံေျမသစ္မ်ား ရွာေဖြ ေတြ႕ရွိႏိုင္ရန္ ကြင္းဆင္းေလ့လာသုေတသနျပဳႏိုင္ေရး သက္ဆိုင္ရာတကၠသိုလ္မ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ရန္ အသိေပးထားသည္။
အလားတူ တကၠသိုလ္မ်ားႏွင့္ခ်ိတ္ဆက္ၿပီး Project Base သုေတသနက်မ္းမ်ား ထြက္ေပၚလာေရး ေဆာင္႐ြက္ရန္ လည္း ေျပာၾကားသည္။
ထို႔ျပင္ Apply Research အဆင့္အထိေရာက္ေအာင္ ႀကိဳးစားေဆာင္႐ြက္ရန္ႏွင့္ ဓာတ္ခြဲခန္းသုံးပစၥည္းမ်ား ပ်က္စီး ဆုံးရႈံးမႈမရွိေစေရး ကိုလည္း ျပည္ေထာင္စုဝန္ႀကီးက အသိေပးထားသည္။
ၿပီးခဲ့သည့္ရက္ကလည္း ပညာေရးဝန္ႀကီးဌာနႏွင့္ စြမ္းအင္ဝန္ႀကီးဌာနတို႔ ပူးေပါင္းကာ ေရနံေခ်ာင္းတကၠသိုလ္တြင္ ေရနံဘူမိေဗဒဘာသာရပ္ စတင္ကာ ဖြင့္လွစ္ေပးသြားမည္ျဖစ္ေၾကာင္း စြမ္းအင္ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလြင္က ေျပာၾကားထားသည္။