သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခြင်းမတိုင်မီ လူထုအောင်ပွဲ ဧရာမ မဟာအခမ်းအနားကြီးအတွင်း “TikTok” ပြန်လာပြီ” လို့ ကြွေးကြော်ရင်း ဒေါ်နယ်ထရမ့်က ဝင်ရောက်လာတယ်လို့ “ DeadLine.com” ဖော်ပြ

 140

Htay Oung (NP News) - ဇန်နဝါရီ ၂ဝ

သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခြင်းမတိုင်မီ ကြာသပတေးနေ့ လူထုအောင်ပွဲ ဧရာမ မဟာအခန်းအနားကြီး အတွင်း “TikTok” ပြန်လာပြီ” လို့ ကြွေးကြော်ရင်း ဒေါ်နယ်ထရမ့်က ဝင်ရောက်လာတယ်လို့ “ DeadLine.com” ဒဟ်ဂျစ်တယ် သတင်းဝက်ဘ်ဆိုက်က ယမန်နေ့က ရေးသားပါတယ်။
အဲဒီနောက် Telsa, Space X , Star Link နဲံ Twitter တစ်ဖြစ်လဲ X လူမှုကွန်ရက် ပလက်ဖောင်းပိုင်ရှင် (၂၀၂၅ -ခုနှစ် အသားတင် ကန်ဒေါ်လာ ၄၀၀ ဘီလီယံပိုင်ရှင် ကမ္ဘာ့အချမ်းသာဆုံး) အယ်လွန်မာ့စ်ကို စင်မြင့်ပေါ်သို့ ကြွရောက်ပါရန် ဖိတ်ခေါ်လိုက်ပါတယ်။
တရုတ်ပြည်မကြီးမှာ အခြေစိုက်တဲ့ “ဘိုက်ဒန့်စ်” ByteDance ကုမ္ပဏီပိုင် “TikTok” ပလက်ဖောင်းအား ရုတ်သိမ်းပစ်မယ့် အမေရိကန်ဥပဒေသစ်ကို အချိန်ပိုပေးဖို့ သမ္မတရဲ့အခွင့်အာဏာအသုံးပြုမယ်လို့ ထရမ့်က ကတိပြုပါတယ်။
TikTok ကို တရုတ် ဘိုက်ဒန့်နဲ့ အမေရိကန်တို့ ၅၀% စီ မျှဝေပိုင်ဆိုင်မယ့် ပလက်ဖောင်းဖြစ်စေလိုတယ်လို့ ထရမ့်က ဆိုပေမယ့် တရုတ်ကုမ္ပဏီဘက်က သဘောတူ-မတူ ရှင်းလင်းစွာ မသိရသေးပါဘူး။
.
“ကျွန်တော်တို့က ပိုက်ဆံထည့်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့လုပ်နေတာ သူတို့မှာ ဖုံးကွယ်ထားတာ ဘာမှ မရှိဘူး ဆိုတဲ့သဘောတူညီချက်ကိုပဲ ပေးထားတာပါ။ ဘယ့်နှယ်လဲ အစီအစဉ်ကောင်းရဲ့လား” လို့ ပရိဿတ်ကြီးကို ထရမ့်က မေးခွန်းထုတ်လိုက်ပါတယ်။
အမေရိကန်နိုင်ငံ လူငယ်အများစု သန်း ၁၇၀ ခန့်နဲ့ စီးပွားရေးလုပ်ငန်းရှင် သန်း ၁၅၀ ခန့်က နှစ်သက်စွာ အသုံးပြုနေတဲ့ TikTok လူမှုကွန်ရက်ပလက်ဖောင်းဟာ အွန်လိုင်းအက်ပလီကေးရှင်းများဆိုင်ရာ ဥပဒေ အသက်ဝင် မှုကြောင့် ဇန်နဝါရီ ၁၉ (မြန်မာ ဇန်နဝါရီ ၂၀ ရက်နေ့ နံနက် ၈ နာရီခန့်) အမေရိကန် ပြည်ထောင်စုအတွင်း ရပ်တန့်နေပါတယ်။
“လူ့သမိုင်းတလျှောက် အကြီးမားဆုံး နှင်ထုတ်ပွဲ ဖြစ်စေရမယ်” လို့ ကြွေးကြော်ထားတဲ့ ဒေါ်နယ်ထရမ့်ဟာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို လူ့တိရစ္ဆာန် “ရာဇဝတ်ကောင်” များအဖြစ် ရည်ညွှန်းလိုက်ပါတယ်။ အထောက်အထားမဲ့ ဝင်ရောက်လာသူများရဲ့ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုများအကြောင်း သတင်း ဗွီဒီယိုကိုလည်း လူထုစုဝေးပွဲအတွင်း ပြသခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲမှာ သူအရေးနိမ့်ခဲ့ရခြင်းဟာ မဲမသမာမှုများကြောင့်ဖြစ်ပြီး ဘိုင်ဒင်အစိုးရဲ့ လုပ်ရပ်များကို ပြန်လည်စိစစ်မှာဖြစ်ကြောင်း၊ လုပ်ကြံဿတ်ဖြတ်ခြင်းခံခဲ့ရတဲ့ သမ္မတ ဂျွန်အက်ဖ်ကနေဒီ၊ ရောဘတ်ကနေဒီနဲ့ မာတင်လူသာကင်းတို့ရဲ့အကြောင်းကို ( ပြီးခဲ့တဲ့ ရွေးကောက်မဲဆွယ်ကာလ ၃-ကြိမ်တိုင် လုပ်ကြံဿတ်ဖြတ်ရန် အားထုတ်ခြင်းခံရသူ) ဒေါ်နယ်ထရမ့်က ဆိုပါတယ်။ သူအနိုင်ရရှိမယ့် ရွေးကောက်ပွဲအတွက် ဒေါ်လာ သန်း ၂၅၀ အသုံးပြုခဲ့သူ အယ်လွန်မတ်စ်ကို “အစိုးရ စွမ်းဆောင်ရည်ဌာန” ဦးစီးသူအဖြစ် တာဝန် ပေးအပ်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ အဲ့ဒီရာထူးဟာ ဒုတိယသမ္မတတစ်ဦးနဲ့ တန်းတူ အခွင့်အာဏာ ရရှိလိမ့်မယ်လို့ ဝေဖန်သူများက ဆိုပါတယ်။
သိသာထင်ရှားတဲ့ အပြောင်းအလဲတွေအတွက် အရေးတကြီး ရှေ့ဆက်ရန် ကျန်ရှိနေသေးကြောင်း၊ ဒီအတွက် စည်းလုံးညီညွတ်ကြရန် ဒေါ်နယ်ထရမ့်ရဲ့တစ်နာရီကြာမိန့်ခွန်းဟာ ပကတိ ချောချောမောမောဖြစ်ခဲ့တာတော့ မရှိပါဘူး။ စင်ရဲ့ လက်ဝဲဘက်ရှိ လိင်ပြောင်းအခွင့်အရေးတိုက်ပွဲဝင်သူများ၊ လူမျိုးရေး ခွဲခြားသတ်မှတ်ရာ ရောက်ရှိမှု အယူအဆကို ဆန့်ကျင်သူတို့က အော်ဟစ် ရှုတ်ချခြင်းများလည်း ရှိခဲ့ပါတယ်။
သောကြာနေ့မှာ ဒေါ်နယ်ထရမ့်ဟာ လော့စ်အိန်ဂျယ်လိစ် မီးလောင်ကျွမ်းမှုကို သွားရောက် ကြည့်ရှုဖို့ စီစဉ် ထားပါတယ်။ ထရမ့် မဲဆွယ်စဉ် အတူပါဝင်ခဲ့ပြီး ယခု မီးဘေးသင့် ခံလိုက်ရတဲ့ မြန်မာသိ ဟောလိဝုဒ် သရုပ် ဆောင် မီးလ်ဂစ်ဗ်ဆင်၊ ဂျွန်ဗွိုက်နဲ့ ဆီဗက်စတာ စတာလုံးတို့ကို ယဉ်ကျေးမှုအထူးသံတမန်များအဖြစ် ခန့်အပ်ပြီး ဟောလိဝုဒ်ကို ပြန်လည်ထူထောင်မယ်လို့ ဆိုပါတယ်။
လူထုအစည်းအဝေးပွဲ အခန်းအနားမှူးဖြစ်သူ အမေရိကန်ဂျာနယ်လစ် “မီဂျန်ကယ်လီ” ကတော့ ခုမှ ထရမ့်ဘက်က ပါချင်တဲ့ “ဟောလိဝုဒ် သာကူး” တွေကို စင်မြင့်ပေါ်က ထိုးနှက်ပြောဆိုပါတယ်။
#HtayOung #OungMarine #TikTok #Donal_Trump #Elon_Musk #Hollywood #fyp

Zawgyi Version;
သမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆိုျခင္းမတိုင္မီ လူထုေအာင္ပြဲ ဧရာမ မဟာအခမ္းအနားႀကီးအတြင္း “TikTok” ျပန္လာၿပီ” လို႔ ေႂကြးေၾကာ္ရင္း ေဒၚနယ္ထရမ့္က ဝင္ေရာက္လာတယ္လို႔ “ DeadLine.com” ေဖာ္ျပ
Htay Oung (NP News) - ဇန္နဝါရီ ၂ဝ

သမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆိုျခင္းမတိုင္မီ ၾကာသပေတးေန႔ လူထုေအာင္ပြဲ ဧရာမ မဟာအခန္းအနားႀကီး အတြင္း “TikTok” ျပန္လာၿပီ” လို႔ ေႂကြးေၾကာ္ရင္း ေဒၚနယ္ထရမ့္က ဝင္ေရာက္လာတယ္လို႔ “ DeadLine.com” ဒဟ္ဂ်စ္တယ္ သတင္းဝက္ဘ္ဆိုက္က ယမန္ေန႔က ေရးသားပါတယ္။
အဲဒီေနာက္ Telsa, Space X , Star Link နဲံ Twitter တစ္ျဖစ္လဲ X လူမႈကြန္ရက္ ပလက္ေဖာင္းပိုင္ရွင္ (၂၀၂၅ -ခုႏွစ္ အသားတင္ ကန္ေဒၚလာ ၄၀၀ ဘီလီယံပိုင္ရွင္ ကမာၻ႔အခ်မ္းသာဆုံး) အယ္လြန္မာ့စ္ကို စင္ျမင့္ေပၚသို႔ ႂကြေရာက္ပါရန္ ဖိတ္ေခၚလိုက္ပါတယ္။
တ႐ုတ္ျပည္မႀကီးမွာ အေျခစိုက္တဲ့ “ဘိုက္ဒန႔္စ္” ByteDance ကုမၸဏီပိုင္ “TikTok” ပလက္ေဖာင္းအား ႐ုတ္သိမ္းပစ္မယ့္ အေမရိကန္ဥပေဒသစ္ကို အခ်ိန္ပိုေပးဖို႔ သမၼတရဲ႕အခြင့္အာဏာအသုံးျပဳမယ္လို႔ ထရမ့္က ကတိျပဳပါတယ္။
TikTok ကို တ႐ုတ္ ဘိုက္ဒန႔္နဲ႔ အေမရိကန္တို႔ ၅၀% စီ မွ်ေဝပိုင္ဆိုင္မယ့္ ပလက္ေဖာင္းျဖစ္ေစလိုတယ္လို႔ ထရမ့္က ဆိုေပမယ့္ တ႐ုတ္ကုမၸဏီဘက္က သေဘာတူ-မတူ ရွင္းလင္းစြာ မသိရေသးပါဘူး။
.
“ကြၽန္ေတာ္တို႔က ပိုက္ဆံထည့္မွာ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔လုပ္ေနတာ သူတို႔မွာ ဖုံးကြယ္ထားတာ ဘာမွ မရွိဘူး ဆိုတဲ့သေဘာတူညီခ်က္ကိုပဲ ေပးထားတာပါ။ ဘယ့္ႏွယ္လဲ အစီအစဥ္ေကာင္းရဲ႕လား” လို႔ ပရိႆတ္ႀကီးကို ထရမ့္က ေမးခြန္းထုတ္လိုက္ပါတယ္။
အေမရိကန္ႏိုင္ငံ လူငယ္အမ်ားစု သန္း ၁၇၀ ခန႔္နဲ႔ စီးပြားေရးလုပ္ငန္းရွင္ သန္း ၁၅၀ ခန႔္က ႏွစ္သက္စြာ အသုံးျပဳေနတဲ့ TikTok လူမႈကြန္ရက္ပလက္ေဖာင္းဟာ အြန္လိုင္းအက္ပလီေကးရွင္းမ်ားဆိုင္ရာ ဥပေဒ အသက္ဝင္ မႈေၾကာင့္ ဇန္နဝါရီ ၁၉ (ျမန္မာ ဇန္နဝါရီ ၂၀ ရက္ေန႔ နံနက္ ၈ နာရီခန႔္) အေမရိကန္ ျပည္ေထာင္စုအတြင္း ရပ္တန႔္ေနပါတယ္။
“လူ႔သမိုင္းတေလွ်ာက္ အႀကီးမားဆုံး ႏွင္ထုတ္ပြဲ ျဖစ္ေစရမယ္” လို႔ ေႂကြးေၾကာ္ထားတဲ့ ေဒၚနယ္ထရမ့္ဟာ တရားမဝင္ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားကို လူ႔တိရစာၦန္ “ရာဇဝတ္ေကာင္” မ်ားအျဖစ္ ရည္ၫႊန္းလိုက္ပါတယ္။ အေထာက္အထားမဲ့ ဝင္ေရာက္လာသူမ်ားရဲ႕က်ဴးလြန္ခဲ့တဲ့ရာဇဝတ္မႈမ်ားအေၾကာင္း သတင္း ဗြီဒီယိုကိုလည္း လူထုစုေဝးပြဲအတြင္း ျပသခဲ့ပါတယ္။
၂၀၂၀ ျပည့္ႏွစ္ သမၼတေ႐ြးေကာက္ပြဲမွာ သူအေရးနိမ့္ခဲ့ရျခင္းဟာ မဲမသမာမႈမ်ားေၾကာင့္ျဖစ္ၿပီး ဘိုင္ဒင္အစိုးရဲ႕ လုပ္ရပ္မ်ားကို ျပန္လည္စိစစ္မွာျဖစ္ေၾကာင္း၊ လုပ္ႀကံႆတ္ျဖတ္ျခင္းခံခဲ့ရတဲ့ သမၼတ ဂြၽန္အက္ဖ္ကေနဒီ၊ ေရာဘတ္ကေနဒီနဲ႔ မာတင္လူသာကင္းတို႔ရဲ႕အေၾကာင္းကို ( ၿပီးခဲ့တဲ့ ေ႐ြးေကာက္မဲဆြယ္ကာလ ၃-ႀကိမ္တိုင္ လုပ္ႀကံႆတ္ျဖတ္ရန္ အားထုတ္ျခင္းခံရသူ) ေဒၚနယ္ထရမ့္က ဆိုပါတယ္။ သူအႏိုင္ရရွိမယ့္ ေ႐ြးေကာက္ပြဲအတြက္ ေဒၚလာ သန္း ၂၅၀ အသုံးျပဳခဲ့သူ အယ္လြန္မတ္စ္ကို “အစိုးရ စြမ္းေဆာင္ရည္ဌာန” ဦးစီးသူအျဖစ္ တာဝန္ ေပးအပ္မွာ ျဖစ္တယ္လို႔လည္း ေျပာပါတယ္။ အဲ့ဒီရာထူးဟာ ဒုတိယသမၼတတစ္ဦးနဲ႔ တန္းတူ အခြင့္အာဏာ ရရွိလိမ့္မယ္လို႔ ေဝဖန္သူမ်ားက ဆိုပါတယ္။
သိသာထင္ရွားတဲ့ အေျပာင္းအလဲေတြအတြက္ အေရးတႀကီး ေရွ႕ဆက္ရန္ က်န္ရွိေနေသးေၾကာင္း၊ ဒီအတြက္ စည္းလုံးညီၫြတ္ၾကရန္ ေဒၚနယ္ထရမ့္ရဲ႕တစ္နာရီၾကာမိန႔္ခြန္းဟာ ပကတိ ေခ်ာေခ်ာေမာေမာျဖစ္ခဲ့တာေတာ့ မရွိပါဘူး။ စင္ရဲ႕ လက္ဝဲဘက္ရွိ လိင္ေျပာင္းအခြင့္အေရးတိုက္ပြဲဝင္သူမ်ား၊ လူမ်ိဳးေရး ခြဲျခားသတ္မွတ္ရာ ေရာက္ရွိမႈ အယူအဆကို ဆန႔္က်င္သူတို႔က ေအာ္ဟစ္ ရႈတ္ခ်ျခင္းမ်ားလည္း ရွိခဲ့ပါတယ္။
ေသာၾကာေန႔မွာ ေဒၚနယ္ထရမ့္ဟာ ေလာ့စ္အိန္ဂ်ယ္လိစ္ မီးေလာင္ကြၽမ္းမႈကို သြားေရာက္ ၾကည့္ရႈဖို႔ စီစဥ္ ထားပါတယ္။ ထရမ့္ မဲဆြယ္စဥ္ အတူပါဝင္ခဲ့ၿပီး ယခု မီးေဘးသင့္ ခံလိုက္ရတဲ့ ျမန္မာသိ ေဟာလိဝုဒ္ သ႐ုပ္ ေဆာင္ မီးလ္ဂစ္ဗ္ဆင္၊ ဂြၽန္ဗြိဳက္နဲ႔ ဆီဗက္စတာ စတာလုံးတို႔ကို ယဥ္ေက်းမႈအထူးသံတမန္မ်ားအျဖစ္ ခန႔္အပ္ၿပီး ေဟာလိဝုဒ္ကို ျပန္လည္ထူေထာင္မယ္လို႔ ဆိုပါတယ္။
လူထုအစည္းအေဝးပြဲ အခန္းအနားမႉးျဖစ္သူ အေမရိကန္ဂ်ာနယ္လစ္ “မီဂ်န္ကယ္လီ” ကေတာ့ ခုမွ ထရမ့္ဘက္က ပါခ်င္တဲ့ “ေဟာလိဝုဒ္ သာကူး” ေတြကို စင္ျမင့္ေပၚက ထိုးႏွက္ေျပာဆိုပါတယ္။
#HtayOung #OungMarine #TikTok #Donal_Trump #Elon_Musk #Hollywood #fyp

Related news

© 2021. All rights reserved.