ညစ်ညမ်းစာပေ ထုတ်ဝေခြင်းများနှင့် မမှန်မကန်သတင်းများ ထုတ်လွှင့်ကြေညာမှုများ လုပ်ဆောင်ပါက ဥပဒေအရ အရေးယူဆောင်ရွက်မည်ဟု ဆို

 217

ချယ်ရီ (NP News)- ဇန်နဝါရီ ၂၂

ညစ်ညမ်းစာပေ ထုတ်ဝေခြင်းများနှင့် မမှန်မကန်သတင်းများ ထုတ်လွှင့်ကြေညာမှုများလုပ်ဆောင်ပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၁ရက်)၊ နံနက် (၁၀)နာရီအချိန်ခန့်က သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြောကြားစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

ယခုအချိန်၌ စာပေထုတ်ဝေမှုလုပ်ငန်းများတွင် ညစ်ညမ်းစာပေများကို ထုတ်ဝေဖြန့်ချိမှုများတွေ့ရှိနေရ၍ သက်ဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်နေရကာ ထိုစာအုပ်များသည် လူငယ်များ၏ စဉ်းစားတွေးခေါ်မှုနှင့် ခံစားနားလည်မှုတို့ကို လွဲမှားစေနိုင်သော ဟီရိဩတ္တပ္ပမရှိသည့် စာအုပ်၊ စာစောင်များဖြစ်သဖြင့် ယခုကဲ့သို့ အရေးယူဆောင်ရွက်ခြင်းသည် နိုင်ငံနှင့်လူမျိုးအတွက် စာပေအဆိပ်သင့်မှုကို ကာကွယ်တားဆီးခြင်းမျိုးဖြစ်ပြီး အလားတူ တေးသီချင်း၊ ဗီဒီယိုထုတ်လွှင့်မှုတို့တွင်လည်း ညစ်ညမ်းမှုများ ပါဝင်နေသဖြင့် လိုအပ်သလို အရေးယူထိန်းကျောင်း ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့်လည်း မိမိ၏လုပ်ငန်းတာဝန်များကို ဥပဒေနှင့်အညီ လွတ်လပ်စွာလုပ်ဆောင်နိုင်ကြသော်လည်း အထူးသဖြင့် ယနေ့ဖြစ်ပေါ်နေသော အကြမ်းဖက်သမားများ၏ လုပ်ဆောင်မှုများအပေါ် ဝိုင်းဝန်းဆန့်ကျင်ပေးရန်နှင့် ပြည်သူများ မှန်ကန်စွာရပ်တည်ဆောင်ရွက်နိုင်ရေးအတွက် မီဒီယာနည်းလမ်းတို့ဖြင့် ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ထို့ပြင် သတင်းမီဒီယာများအနေဖြင့်လည်း အကြမ်းဖက်သမားများကို အားပေးအားမြှောက်ဖြစ်စေသည့် သတင်းများ၊ ပြည်သူများကို အထိတ်တလန့်ဖြစ်စေသည့် သတင်းများနှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေမည့် သတင်းများကို ရေးသားဖော်ပြခြင်း မပြုရန် ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားထားသည်။ အထက်ပါ တားမြစ်ချက်များကို လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည်ကိုလည်း ကျယ်ပြန့်စွာ အသိပေးထားရန်လိုအပ်ပြီး ထိုကဲ့သို့ ရေးသားဖော်ပြခြင်းများ မပြုလုပ်ရန်လည်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် ဝိုင်းဝန်းကြပ်မတ်ကာ ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားသည်။

ထို့ကြောင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ယနေ့ဖြစ်ပေါ်နေသည့် ပကတိအခြေအနေမှန်များ၊ ပြည်တွင်း/ ပြည်ပနိုင်ငံရေး အခြေအနေများကို စဉ်းစားချင့်ချိန်ဆောင်ရွက်မှသာ အကျိုးရှိနိုင်မည်ဖြစ်ပြီး ယနေ့ခေတ်၌ သတင်းမီဒီယာသည် လွန်စွာအရေးကြီးကြောင်းနှင့် သတင်းမီဒီယာများ၏ လွှမ်းမိုးမှုသည် မိမိတို့၏ နေ့စဉ်ဘဝများကို လွန်စွာအကျိုးသက်ရောက်မှု ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ထည့်သွင်းပြောကြားသည်။

zawgyi version
ညစ္ညမ္းစာေပ ထုတ္ေဝျခင္းမ်ားႏွင့္ မမွန္မကန္သတင္းမ်ား ထုတ္လႊင့္ေၾကညာမႈမ်ား လုပ္ ေဆာင္ပါက ဥပေဒအရ အေရးယူေဆာင္႐ြက္မည္ဟု ဆို
ခ်ယ္ရီ(NP News)- ဇန္နဝါရီ ၂၂

ညစ္ညမ္းစာေပ ထုတ္ေဝျခင္းမ်ားႏွင့္ မမွန္မကန္သတင္းမ်ား ထုတ္လႊင့္ေၾကညာမႈမ်ားလုပ္ေဆာင္ပါက ဥပေဒအရ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။ ယမန္ေန႔ (ဇန္နဝါရီလ ၂၁ရက္)၊ နံနက္ (၁၀)နာရီအခ်ိန္ခန႔္က သတင္းမီဒီယာက႑ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီဝင္မ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးပြဲတြင္ ျပန္ၾကားေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းက အမွာစကားေျပာၾကားစဥ္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။

ယခုအခ်ိန္၌ စာေပထုတ္ေဝမႈလုပ္ငန္းမ်ားတြင္ ညစ္ညမ္းစာေပမ်ားကို ထုတ္ေဝျဖန႔္ခ်ိမႈမ်ားေတြ႕ရွိေနရ၍ သက္ဆိုင္ရာဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္မႈမ်ား လုပ္ေဆာင္ေနရကာ ထိုစာအုပ္မ်ားသည္ လူငယ္မ်ား၏ စဥ္းစားေတြးေခၚမႈႏွင့္ ခံစားနားလည္မႈတို႔ကို လြဲမွားေစႏိုင္ေသာ ဟီရိဩတၱပၸမရွိသည့္ စာအုပ္၊ စာေစာင္မ်ားျဖစ္သျဖင့္ ယခုကဲ့သို႔ အေရးယူေဆာင္႐ြက္ျခင္းသည္ ႏိုင္ငံႏွင့္လူမ်ိဳးအတြက္ စာေပအဆိပ္သင့္မႈကို ကာကြယ္တားဆီးျခင္းမ်ိဳးျဖစ္ၿပီး အလားတူ ေတးသီခ်င္း၊ ဗီဒီယိုထုတ္လႊင့္မႈတို႔တြင္လည္း ညစ္ညမ္းမႈမ်ား ပါဝင္ေနသျဖင့္ လိုအပ္သလို အေရးယူထိန္းေက်ာင္း ေဆာင္႐ြက္ေနေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားသည္။

ထို႔ေနာက္ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီအေနျဖင့္လည္း မိမိ၏လုပ္ငန္းတာဝန္မ်ားကို ဥပေဒႏွင့္အညီ လြတ္လပ္စြာလုပ္ေဆာင္ႏိုင္ၾကေသာ္လည္း အထူးသျဖင့္ ယေန႔ျဖစ္ေပၚေနေသာ အၾကမ္းဖက္သမားမ်ား၏ လုပ္ေဆာင္မႈမ်ားအေပၚ ဝိုင္းဝန္းဆန႔္က်င္ေပးရန္ႏွင့္ ျပည္သူမ်ား မွန္ကန္စြာရပ္တည္ေဆာင္႐ြက္ႏိုင္ေရးအတြက္ မီဒီယာနည္းလမ္းတို႔ျဖင့္ ကူညီေဆာင္႐ြက္ေပးရန္ လိုအပ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။

ထို႔ျပင္ သတင္းမီဒီယာမ်ားအေနျဖင့္လည္း အၾကမ္းဖက္သမားမ်ားကို အားေပးအားေျမႇာက္ျဖစ္ေစသည့္ သတင္းမ်ား၊ ျပည္သူမ်ားကို အထိတ္တလန႔္ျဖစ္ေစသည့္ သတင္းမ်ားႏွင့္ တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းမႈကို ပ်က္ျပားေစမည့္ သတင္းမ်ားကို ေရးသားေဖာ္ျပျခင္း မျပဳရန္ ျပည္ေထာင္စုဝန္ႀကီးက ထည့္သြင္းေျပာၾကားထားသည္။ အထက္ပါ တားျမစ္ခ်က္မ်ားကို လိုက္နာျခင္းမရွိပါက တည္ဆဲဥပေဒမ်ားႏွင့္အညီ အေရးယူေဆာင္႐ြက္မည္ကိုလည္း က်ယ္ျပန႔္စြာ အသိေပးထားရန္လိုအပ္ၿပီး ထိုကဲ့သို႔ ေရးသားေဖာ္ျပျခင္းမ်ား မျပဳလုပ္ရန္လည္း ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီအေနျဖင့္ ဝိုင္းဝန္းၾကပ္မတ္ကာ ပူးေပါင္းေဆာင္႐ြက္ေပးၾကရန္လိုအပ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက တိုက္တြန္းေျပာၾကားသည္။

ထို႔ေၾကာင့္ လုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ ယေန႔ျဖစ္ေပၚေနသည့္ ပကတိအေျခအေနမွန္မ်ား၊ ျပည္တြင္း/ ျပည္ပႏိုင္ငံေရး အေျခအေနမ်ားကို စဥ္းစားခ်င့္ခ်ိန္ေဆာင္႐ြက္မွသာ အက်ိဳးရွိႏိုင္မည္ျဖစ္ၿပီး ယေန႔ေခတ္၌ သတင္းမီဒီယာသည္ လြန္စြာအေရးႀကီးေၾကာင္းႏွင့္ သတင္းမီဒီယာမ်ား၏ လႊမ္းမိုးမႈသည္ မိမိတို႔၏ ေန႔စဥ္ဘဝမ်ားကို လြန္စြာအက်ိဳးသက္ေရာက္မႈ ရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္း ထည့္သြင္းေျပာၾကားသည္။

Related news

© 2021. All rights reserved.