တရုတ်နှစ်သစ်ကူးဈေးရောင်းပွဲတော်ကို လသာမြို့နယ်၌ (၇)ရက်တိုင်ကျင်းပမည်
309
ပြည့်ဖြိုး (NP News) - ဇန်နဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်တွင် တရုတ်နှစ်သစ်ကူးအထိမ်းအမှတ် ဈေးရောင်းပွဲတော်ကို လာမည့် ဇန်နဝါရီ ၂၅ ရက်မှစ၍ ၃၁ ရက်အထိ (၇)ရက်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်း တရုတ်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် ဈေးရောင်းပွဲတော် ကျင်းပရေးကော်မတီမှ သိရသည်။
လာမည့် ဇန်နဝါရီ ၂၉ ရက်တွင် ကျရောက်မည့် တရုတ်နှစ်သစ်ကူးနေ့ကို ကြိုဆိုသည့်အနေဖြင့် အဆိုပါ ဈေးရောင်းပွဲတော်ကို ကျင်းပခြင်းဖြစ်ပြီး လသာမြို့နယ်ရှိ မဟာဗန္ဓုလလမ်းမကြီးပေါ်တွင် လမ်းမတော်လမ်းမှ လသာလမ်းတစ်လျှောက် နံနက် ၇ နာရီမှ နေ့လယ် ၁၁ နာရီအထိ လည်းကောင်း၊ ညနေ ၄ နာရီမှ ည ၁၁ နာရီအထိလည်းကောင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
“တရုတ်နှစ်သစ်ကူးအထိမ်းအမှတ်နဲ့ပြုလုပ်မယ့် ဈေးရောင်းပွဲတော်ကြီးမှာ လူသုံးကုန်၊ အလှကုန်၊ အစားအသောက်မျိုးစုံကို ရောင်းချပေးမယ့် ဈေးဆိုင်ခန်းတွေလည်း ပါဝင်မယ်။ ပွဲတော်လာ ပြည်သူတွေအပန်းဖြေကြည့်ရှု နိုင်ဖို့အတွက်ကိုလည်း တရုတ်ရိုးရာ ခြင်္သေ့၊ နဂါးအကအလှတွေထည့်သွင်း တင်ဆက်တာတွေ၊ နာမည်ကြီး DJ တွေနဲ့ ဖြေဖျော်တင်ဆက်မှုတွေ၊ အနုပညာရှင်တွေရဲ့ သီဆိုဖျော်ဖြေမှုတွေအပြင် ကလေးတွေအတွက် အပျော်စီးလှေ၊ ကလေးကစားကွင်းတွေ၊ ဓာတ်ပုံရိုက်ကူးဖို့အတွက် အလှဆင်ပေးထားတဲ့နေရာတွေကို ဖန်တီးပေးထားမယ့် အပြင် တရုတ်ရိုးရာမုန့်တွေနဲ့ ဧည့်ခံကျွေးမွေးမယ့်အစီစဉ်လည်း ပါဝင်မှာဖြစ်ပါတယ်။ လာရောက်လည်ပတ်ကြဖို့ကိုလည်း ဖိတ်ခေါ်ပါတယ်”ဟု ပွဲတော်ကျင်းပရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။
ယခုနှစ် ဇန်နဝါရီလ ၂၉ ရက်တွင် ကျရောက်မည့် တရုတ်နှစ်သစ်ကူးသည် တရုတ်ရိုးရာ ပြက္ခ ဒိန်အရ နဂါးနှစ်မှမြွေနှစ်သို့ ကူးပြောင်းရောက်ရှိခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် တရုတ်နှစ်သစ်ကူးနေ့အား အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် ယခု ၂၀၂၅ ခုနှစ်မှ စတင်သတ်မှတ်ထားကြောင်းသိရသည်။
zawgyi version
တ႐ုတ္ႏွစ္သစ္ကူးေဈးေရာင္းပြဲေတာ္ကို လသာၿမိဳ႕နယ္၌ (၇)ရက္တိုင္က်င္းပမည္
NP News - ဇန္နဝါရီ ၂၂
ရန္ကုန္တိုင္းေဒသႀကီး၊ လသာၿမိဳ႕နယ္တြင္ တ႐ုတ္ႏွစ္သစ္ကူးအထိမ္းအမွတ္ ေဈးေရာင္းပြဲေတာ္ကို လာမည့္ ဇန္နဝါရီ ၂၅ ရက္မွစ၍ ၃၁ ရက္အထိ (၇)ရက္တိုင္က်င္းပသြားမည္ျဖစ္ေၾကာင္း တ႐ုတ္ႏွစ္သစ္ကူးပြဲေတာ္အထိမ္းအမွတ္ ေဈးေရာင္းပြဲေတာ္ က်င္းပေရးေကာ္မတီမွ သိရသည္။
လာမည့္ ဇန္နဝါရီ ၂၉ ရက္တြင္ က်ေရာက္မည့္ တ႐ုတ္ႏွစ္သစ္ကူးေန႔ကို ႀကိဳဆိုသည့္အေနျဖင့္ အဆိုပါ ေဈးေရာင္းပြဲေတာ္ကို က်င္းပျခင္းျဖစ္ၿပီး လသာၿမိဳ႕နယ္ရွိ မဟာဗႏၶဳလလမ္းမႀကီးေပၚတြင္ လမ္းမေတာ္လမ္းမွ လသာလမ္းတစ္ေလွ်ာက္ နံနက္ ၇ နာရီမွ ေန႔လယ္ ၁၁ နာရီအထိ လည္းေကာင္း၊ ညေန ၄ နာရီမွ ည ၁၁ နာရီအထိလည္းေကာင္း စည္ကားသိုက္ၿမိဳက္စြာ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
“တ႐ုတ္ႏွစ္သစ္ကူးအထိမ္းအမွတ္နဲ႔ျပဳလုပ္မယ့္ ေဈးေရာင္းပြဲေတာ္ႀကီးမွာ လူသုံးကုန္၊ အလွကုန္၊ အစားအေသာက္မ်ိဳးစုံကို ေရာင္းခ်ေပးမယ့္ ေဈးဆိုင္ခန္းေတြလည္း ပါဝင္မယ္။ ပြဲေတာ္လာ ျပည္သူေတြအပန္းေျဖၾကည့္ရႈ ႏိုင္ဖို႔အတြက္ကိုလည္း တ႐ုတ္႐ိုးရာ ျခေသၤ့၊ နဂါးအကအလွေတြထည့္သြင္း တင္ဆက္တာေတြ၊ နာမည္ႀကီး DJ ေတြနဲ႔ ေျဖေဖ်ာ္တင္ဆက္မႈေတြ၊ အႏုပညာရွင္ေတြရဲ႕ သီဆိုေဖ်ာ္ေျဖမႈေတြအျပင္ ကေလးေတြအတြက္ အေပ်ာ္စီးေလွ၊ ကေလးကစားကြင္းေတြ၊ ဓာတ္ပုံ႐ိုက္ကူးဖို႔အတြက္ အလွဆင္ေပးထားတဲ့ေနရာေတြကို ဖန္တီးေပးထားမယ့္ အျပင္ တ႐ုတ္႐ိုးရာမုန႔္ေတြနဲ႔ ဧည့္ခံေကြၽးေမြးမယ့္အစီစဥ္လည္း ပါဝင္မွာျဖစ္ပါတယ္။ လာေရာက္လည္ပတ္ၾကဖို႔ကိုလည္း ဖိတ္ေခၚပါတယ္”ဟု ပြဲေတာ္က်င္းပေရးေကာ္မတီမွ တာဝန္ရွိသူ တစ္ဦးကေျပာၾကားသည္။
ယခုႏွစ္ ဇန္နဝါရီလ ၂၉ ရက္တြင္ က်ေရာက္မည့္ တ႐ုတ္ႏွစ္သစ္ကူးသည္ တ႐ုတ္႐ိုးရာ ျပကၡ ဒိန္အရ နဂါးႏွစ္မွေႁမြႏွစ္သို႔ ကူးေျပာင္းေရာက္ရွိျခင္းျဖစ္ၿပီး ျမန္မာႏိုင္ငံတြင္ တ႐ုတ္ႏွစ္သစ္ကူးေန႔အား အမ်ားျပည္သူ အလုပ္ပိတ္ရက္အျဖစ္ ယခု ၂၀၂၅ ခုႏွစ္မွ စတင္သတ္မွတ္ထားေၾကာင္းသိရသည္။