ဘောလိဝုဒ်ရုပ်ရှင်သရုပ်ဆောင်တစ်ဦးကို ဓားဖြင့်တိုက်ခိုက်ခဲ့သည့် ဒုတိယမြောက်သံသယရှိသူတစ်ဦးကို အိန္ဒိယရဲတပ်ဖွဲ့ဖမ်းဆီး
309
Pika (NP News) - ဇန်နဝါရီ ၂၂
အိန္ဒိယရဲတပ်ဖွဲ့သည် ဘောလိဝုဒ်ရုပ်ရှင်သရုပ်ဆောင် Saif Ali Khan ဓားဖြင့်တိုက်ခိုက်ခံခဲ့ရသည့်ဖြစ်စဉ်တွင် ပါဝင်ပတ်သက်နေသည်ဟုယူဆရသော ဒုတိယမြောက်သံသယရှိသူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
အသက်(၅၄)နှစ်အရွယ် Saif Ali Khan သည် မွမ်ဘိုင်းမြို့တွင်ရှိသော ၎င်း၏နေအိမ်သို့ ဖောက်ထွင်းဝင်ရောက်ရန် ကြိုးပမ်းမှုတစ်ခုအတွင်း ဓားဖြင့်(၆)ချက် ထိုးခံခဲ့ရခြင်းဖြစ်ကြောင်း သိရ သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း Saif Ali Khan သည် ကျောရိုး၊လည်ပင်းနှင့်လက်တို့တွင် ဓားဒဏ်ရာများရရှိခဲ့သော်လည်း ခွဲစိတ်ကုသမှုများခံယူခဲ့ပြီးနောက် ဘေးအန္တရာယ်ကင်းသွားပြီဖြစ်ကြောင်း ဆရာဝန်များက ပြောကြားခဲ့သည်။ မီးရထားဌာနကာကွယ်ရေးတပ်ဖွဲ့ ကိုယ်စားလှယ် ဆန်ဂျီဗ်ဆင်ဟာက 'သံသယရှိသူဟာ Jnaneswari Express ရထားနဲ့ခရီးသွားနေတယ်လို့ မွမ်ဘိုင်းရဲတပ်ဖွဲ့ရဲ့ အကြောင်းကြားချက်ကို ကျွန်တော်တို့လက်ခံရရှိခဲ့ပါတယ်။ မွမ်ဘိုင်းရဲအရာ ရှိတွေကို ဗီဒီယိုခေါ်ဆိုမှုကနေတစ်ဆင့် ဆက်သွယ်ခဲ့ပြီး သံသယရှိသူရဲ့အထောက်အထားကို အတည်ပြုနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သံသယရှိသူကို ဖမ်းဆီးထိန်းသိမ်းထားပါပြီ'ဟုပြောဆိုခဲ့သည်။
ရဲတပ်ဖွဲ့သည် Saif Ali Khan အား ဓားဖြင့်တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်သည်ဟု ယူဆရ သော သံသယရှိသူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် တစ်ရက်အကြာတွင် အခြားသံသယရှိသူတစ်ဦးကို ထပ်မံဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။
zawgyi version
ေဘာလိဝုဒ္႐ုပ္ရွင္သ႐ုပ္ေဆာင္တစ္ဦးကို ဓားျဖင့္တိုက္ခိုက္ခဲ့သည့္ ဒုတိယေျမာက္သံသယရွိသူတစ္ဦးကို အိႏၵိယရဲတပ္ဖြဲ႕ဖမ္းဆီး
Pika (NP News) - ဇန္နဝါရီ ၂၂
အိႏၵိယရဲတပ္ဖြဲ႕သည္ ေဘာလိဝုဒ္႐ုပ္ရွင္သ႐ုပ္ေဆာင္ Saif Ali Khan ဓားျဖင့္တိုက္ခိုက္ခံခဲ့ရသည့္ျဖစ္စဥ္တြင္ ပါဝင္ပတ္သက္ေနသည္ဟုယူဆရေသာ ဒုတိယေျမာက္သံသယရွိသူတစ္ဦးကို ဖမ္းဆီးထိန္းသိမ္းခဲ့ေၾကာင္း သိရသည္။
အသက္(၅၄)ႏွစ္အ႐ြယ္ Saif Ali Khan သည္ မြမ္ဘိုင္းၿမိဳ႕တြင္ရွိေသာ ၎၏ေနအိမ္သို႔ ေဖာက္ထြင္းဝင္ေရာက္ရန္ ႀကိဳးပမ္းမႈတစ္ခုအတြင္း ဓားျဖင့္(၆)ခ်က္ ထိုးခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရ သည္။ အဆိုပါတိုက္ခိုက္မႈအတြင္း Saif Ali Khan သည္ ေက်ာ႐ိုး၊လည္ပင္းႏွင့္လက္တို႔တြင္ ဓားဒဏ္ရာမ်ားရရွိခဲ့ေသာ္လည္း ခြဲစိတ္ကုသမႈမ်ားခံယူခဲ့ၿပီးေနာက္ ေဘးအႏၲရာယ္ကင္းသြားၿပီျဖစ္ေၾကာင္း ဆရာဝန္မ်ားက ေျပာၾကားခဲ့သည္။ မီးရထားဌာနကာကြယ္ေရးတပ္ဖြဲ႕ ကိုယ္စားလွယ္ ဆန္ဂ်ီဗ္ဆင္ဟာက 'သံသယရွိသူဟာ Jnaneswari Express ရထားနဲ႔ခရီးသြားေနတယ္လို႔ မြမ္ဘိုင္းရဲတပ္ဖြဲ႕ရဲ႕ အေၾကာင္းၾကားခ်က္ကို ကြၽန္ေတာ္တို႔လက္ခံရရွိခဲ့ပါတယ္။ မြမ္ဘိုင္းရဲအရာ ရွိေတြကို ဗီဒီယိုေခၚဆိုမႈကေနတစ္ဆင့္ ဆက္သြယ္ခဲ့ၿပီး သံသယရွိသူရဲ႕အေထာက္အထားကို အတည္ျပဳႏိုင္ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ သံသယရွိသူကို ဖမ္းဆီးထိန္းသိမ္းထားပါၿပီ'ဟုေျပာဆိုခဲ့သည္။
ရဲတပ္ဖြဲ႕သည္ Saif Ali Khan အား ဓားျဖင့္တိုက္ခိုက္မႈတြင္ ပါဝင္ပတ္သက္သည္ဟု ယူဆရ ေသာ သံသယရွိသူတစ္ဦးကို ဖမ္းဆီးထိန္းသိမ္းခဲ့ၿပီးေနာက္ တစ္ရက္အၾကာတြင္ အျခားသံသယရွိသူတစ္ဦးကို ထပ္မံဖမ္းဆီးထိန္းသိမ္းခဲ့ျခင္းျဖစ္သည္။