အပြစ်မဲ့ဆရာ/မများ၊ ပညာရေးဝန်ထမ်းနှင့် ကျောင်းသား/သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် နိုင်ငံ့အနာဂတ်ကို ရိုက်ချိုးဖျက်ဆီးသည့် အကြမ်းဖက်လုပ်ရပ်ဖြစ်ဟု ဆို

 346

သန့်ဇင် (NP News) - ဇန်နဝါရီ ၂၂

မြေဖြူသာရှိသော အပြစ်မဲ့ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် နိုင်ငံ့အနာဂတ်ကို ရိုက်ချိုးဖျက်ဆီးသည့် အကြမ်း ဖက်လုပ်ရပ်ပင်ဖြစ်ကြောင်း နစက၏အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ရက်၊ နံနက်ပိုင်းက နစက အစည်းဝေးခန်းမ၌ ကျင်းပသော လွိုင်ကော်တက္ကသိုလ်အား အကြမ်းဖက်သောင်းကျန်းသူများဖျက်ဆီးမှုကြောင့် အဆောက်အအုံများ ပျက်စီးခဲ့မှုအခြေအနေနှင့် ပြန်လည်ပြုပြင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် နစက၏ အတွင်းရေးမှူးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံအနှံ့အပြားတွင်ရှိသည့် ကျောင်းသားကျောင်းသူများ အဆင့်မြင့်ပညာရပ်များကို အဆင်ပြေပြေသင်ယူလေ့လာနိုင်ရန် တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုစီတွင် အနည်းဆုံး တက္ကသိုလ်တစ်ခု ဖွင့်လှစ်ထားရှိကြောင်း နစကအတွင်းရေးမှူးက အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်တွင် KNPP/KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့တို့သည် စစ်ရေးပစ်မှတ်မဟုတ်သည့် ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်ကို မိုက်မိုက်မဲမဲ မဆင်မခြင် လက်နက်ကြီးလက်နက်ငယ်မျာဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တက္ကသိုလ်လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးအဖွဲ့များကိုလည်း သာလွန်အင်အားများဖြင့် အလစ်အငိုက်ဝင်ရောက်စီးနင်း တိုက်ခိုက်ပြီးနောက် တက္ကသိုလ်၏ ပညာရေးဆိုင်ရာအဆောက်အအုံများကို အဆင်အခြင်ကင်းမဲ့စွာဖျက်ဆီးခဲ့ကြောင်း နစကအတွင်းရေးမှူးက ပြောသည်။

ထို့ပြင် လွိုင်ကော်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသည့် ပါမောက္ခချုပ်အပါအဝင် ဆရာဆရာမများနှင့် ပညာရေးဝန်ထမ်း ၁၃၂ ဦးနှင့် အတူ မှီခိုသူမိသားစုဝင် ၆၄ ဦး၊ စုစုပေါင်း ၁၉၆ ဦးနှင့် ကျောင်းသားများကို အသုတ်လိုက် အတင်းအဓမ္မဖမ်းဆီးချုပ်နှောင် ခေါ်ဆောင်ပြီးနောက် ဆရာ၊ဆရာမများအနေဖြင့် နီးစပ်ရာစာသင်ခန်းများ၊ နေအိမ်များတွင် ကြောက်လန့်တကြား ပုန်းအောင်းနေထိုင်ခဲ့ရကြောင်း သိရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဆရာ၊ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူများ ထိခိုက်ဒဏ်ရာမရရှိစေရေးနှင့် အဆင့်မြင့် ပညာသင်ကြားရာ လွိုင်ကော်တက္ကသိုလ်၏ ပင်မဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၊ စာသင်ဆောင်များကိုတန်ဖိုးထားပြီး ထိန်းထိန်းသိမ်းသိမ်း တုံ့ပြန်ခဲ့ကြကြောင်း သိရသည်။

သို့သော် KNPP/KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့တို့သည် အရပ်ဖက်ပညာရေးဆိုင်ရာ အဆောက်အအုံများကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းများ၊ ဆရာ၊ဆရာမများ၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများကို အသက်အန္တရာယ်ဇုန်မှ ကင်းလွတ်ရာနေရာသို့ ထွက်ခွာခွင့်ပြုရမည့်အစား အတင်းအဓမ္မဖမ်းဆီးချုပ်နှောင်ပြီး လူသားတံတိုင်းအဖြစ် အသုံးချခဲ့ခြင်းများသည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းပင်ဖြစ်ကြောင်း နစက အတွင်းရေးမှူးက အစည်းအဝေးတွင်ပြောကြားခဲ့သည်။ လက်နက်ဟူ၍ အပ်တိုတစ်ချောင်းတောင်မရှိသည့် မြေဖြူသာရှိသော အပြစ်မဲ့ဆရာဆရာမများ၊ ပညာရေးဝန်ထမ်းများ၊ နိုင်ငံ့အနာ ဂတ်အတွက် အားကိုးအားထားပြုရမည့် ကျောင်းသား၊ ကျောင်းသူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် နိုင်ငံတော်၏အနာဂတ်ကို ရိုက်ချိုးဖျက်ဆီးသည့် စဉ်းစားဉာဏ်ကင်းမဲ့သော လူမဆန်သည့်လက်နက်အားကိုး အကြမ်းဖက်လုပ်ရပ်ပင်ဖြစ်ကြောင်းလည်း နစက အတွင်းရေးမှူးက ထည့်သွင်းပြောကြားခဲ့သည်။

ထိုသို့ ပညာရေးဆိုင်ရာလူသားအရင်းမြစ်များအား အကြမ်းဖက်မှုများလုပ်ဆောင်ခြင်းသည် နိုင်ငံ၏အနာဂတ်ကို ဖျက်ဆီးရုံသာမက နိုင်ငံတော်အတွက်လည်းများစွာထိခိုက်နိုင်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက NP News သို့ သုံးသပ်ပြောကြားသည်။

“နိုင်ငံတစ်ခုကိုပုန်ကန်တဲ့အခါမှာ။ ပညာရေးယန္တရားရှိတယ်။ အုပ်ချုပ်ရေးယန္တရားရှိတယ်။ စီးပွားရေးယန္တရားရှိတယ်။ ဒီယန္တရားတစ်ခုခုကို ပျက်သုန်းသွားအောင်လုပ်ဖို့ဆိုတာက သူတို့ဒီနည်းစဉ်ကိုသုံးတယ်။ များသောအားဖြင့် လက်နက်ကိုင်အကြမ်းဖက်မှုမှာ ဒေသခံပြည်သူ လူ ထုက ပညာနဲ့ထိတွေ့နေလို့မရဘူး။ ဆိုလိုတာက တွေးတတ်ခေါ်တတ်လို့မရဘူး။ ပြောရရင်တော့ တုံးတုံးအအလူတွေဖြစ်သွားမှသာလျှင် သူတို့ ပြောသမျှဖြစ်သွားမှ သူတို့သွားချင်တဲ့ လမ်းကြောင်းပုံစံပေါ်ကို ပုံသွင်းလို့ရမှာပေါ့။ ပညာရေးကို ဖျက်ဆီးခြင်းအားဖြင့် သူတို့အုပ်ချုပ်မှုကို တစ်နည်းတစ်လမ်းနဲ့ အသက်ပိုရှည်အောင်လုပ်တဲ့နည်းပေါ့။ တချို့က လက်နက်ကိုင်ပုန်ကန်မှုနဲ့ သောင်းကျန်းမှုက ဒီလောက်မှာပဲ ရပ်သွားတာ။ ပုံမှန်အားဖြင့်တော့ လူတွေကတွေးလိုက်ရင် သူတို့ကိုကြောက်ပြီးတော့ သူတို့အောက်မှာနေချင်နေကြလိမ့်မယ်။ အဲဒီဒေသတစ်ခုရဲ့တိုးတက်မှုက နောက်ပိုင်းက ဆက်ပြီးတော့ ကျယ်ပြန့်နိုင်မှုဘာညာဆိုတဲ့အပိုင်းတွေ အနာဂါတ်နဲ့ပတ်သက်တဲ့ အမြင်တွေအကုန်လုံးက ပျောက်ဆုံးသွားတာပဲ။ ဘာကြောင့်လည်းဆိုတော့ ပညာတက်မရှိတော့ဘူးပေါ့လေ”ဟု ၎င်းကပြောသည်။

zawgyi version
အျပစ္မဲ့ဆရာ/မမ်ား၊ ပညာေရးဝန္ထမ္းႏွင့္ ေက်ာင္းသား/သူမ်ားကို ပစ္မွတ္ထားတိုက္ခိုက္ျခင္းသည္ ႏိုင္ငံ့အနာဂတ္ကို ႐ိုက္ခ်ိဳးဖ်က္ဆီးသည့္ အၾကမ္းဖက္လုပ္ရပ္ျဖစ္ဟု ဆို
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၂၂

ေျမျဖဴသာရွိေသာ အျပစ္မဲ့ဆရာ၊ ဆရာမမ်ား၊ ပညာေရးဝန္ထမ္းမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ပစ္မွတ္ထားတိုက္ခိုက္ျခင္းသည္ ႏိုင္ငံ့အနာဂတ္ကို ႐ိုက္ခ်ိဳးဖ်က္ဆီးသည့္ အၾကမ္း ဖက္လုပ္ရပ္ပင္ျဖစ္ေၾကာင္း နစက၏အတြင္းေရးမႉး ဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြးက ေျပာၾကားခဲ့သည္။

ၿပီးခဲ့သည့္ ဇန္နဝါရီလ ၂၁ရက္၊ နံနက္ပိုင္းက နစက အစည္းေဝးခန္းမ၌ က်င္းပေသာ လြိဳင္ေကာ္တကၠသိုလ္အား အၾကမ္းဖက္ေသာင္းက်န္းသူမ်ားဖ်က္ဆီးမႈေၾကာင့္ အေဆာက္အအုံမ်ား ပ်က္စီးခဲ့မႈအေျခအေနႏွင့္ ျပန္လည္ျပဳျပင္ေရးဆိုင္ရာ ညႇိႏႈိင္းအစည္းအေဝးတြင္ နစက၏ အတြင္းေရးမႉးက အထက္ပါအတိုင္း ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံအႏွံ႔အျပားတြင္ရွိသည့္ ေက်ာင္းသားေက်ာင္းသူမ်ား အဆင့္ျမင့္ပညာရပ္မ်ားကို အဆင္ေျပေျပသင္ယူေလ့လာႏိုင္ရန္ တိုင္းေဒသႀကီး၊ ျပည္နယ္တစ္ခုစီတြင္ အနည္းဆုံး တကၠသိုလ္တစ္ခု ဖြင့္လွစ္ထားရွိေၾကာင္း နစကအတြင္းေရးမႉးက အစည္းအေဝးတြင္ ထည့္သြင္းေျပာၾကားခဲ့သည္။

ထို႔ေနာက္ ၂၀၂၃ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၃ ရက္ႏွင့္ ၁၄ ရက္တြင္ KNPP/KNDF အဖြဲ႕ႏွင့္ PDF အမည္ခံအၾကမ္းဖက္အဖြဲ႕တို႔သည္ စစ္ေရးပစ္မွတ္မဟုတ္သည့္ ကယားျပည္နယ္ လြိဳင္ေကာ္တကၠသိုလ္ကို မိုက္မိုက္မဲမဲ မဆင္မျခင္ လက္နက္ႀကီးလက္နက္ငယ္မ်ာျဖင့္ ရည္႐ြယ္ခ်က္ရွိရွိ လာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။ တကၠသိုလ္လုံၿခဳံေရးတာဝန္ထမ္းေဆာင္ေနသည့္ လုံၿခဳံေရးအဖြဲ႕မ်ားကိုလည္း သာလြန္အင္အားမ်ားျဖင့္ အလစ္အငိုက္ဝင္ေရာက္စီးနင္း တိုက္ခိုက္ၿပီးေနာက္ တကၠသိုလ္၏ ပညာေရးဆိုင္ရာအေဆာက္အအုံမ်ားကို အဆင္အျခင္ကင္းမဲ့စြာဖ်က္ဆီးခဲ့ေၾကာင္း နစကအတြင္းေရးမႉးက ေျပာသည္။

ထို႔ျပင္ လြိဳင္ေကာ္တကၠသိုလ္တြင္ တာဝန္ထမ္းေဆာင္ေနသည့္ ပါေမာကၡခ်ဳပ္အပါအဝင္ ဆရာဆရာမမ်ားႏွင့္ ပညာေရးဝန္ထမ္း ၁၃၂ ဦးႏွင့္ အတူ မွီခိုသူမိသားစုဝင္ ၆၄ ဦး၊ စုစုေပါင္း ၁၉၆ ဦးႏွင့္ ေက်ာင္းသားမ်ားကို အသုတ္လိုက္ အတင္းအဓမၼဖမ္းဆီးခ်ဳပ္ေႏွာင္ ေခၚေဆာင္ၿပီးေနာက္ ဆရာ၊ဆရာမမ်ားအေနျဖင့္ နီးစပ္ရာစာသင္ခန္းမ်ား၊ ေနအိမ္မ်ားတြင္ ေၾကာက္လန႔္တၾကား ပုန္းေအာင္းေနထိုင္ခဲ့ရေၾကာင္း သိရသည္။ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ ဆရာ၊ဆရာမမ်ား၊ ဝန္ထမ္းမ်ား၊ ေက်ာင္းသား၊ေက်ာင္းသူမ်ား ထိခိုက္ဒဏ္ရာမရရွိေစေရးႏွင့္ အဆင့္ျမင့္ ပညာသင္ၾကားရာ လြိဳင္ေကာ္တကၠသိုလ္၏ ပင္မေဆာင္၊ ဘြဲ႕ႏွင္းသဘင္ခန္းမ၊ စာသင္ေဆာင္မ်ားကိုတန္ဖိုးထားၿပီး ထိန္းထိန္းသိမ္းသိမ္း တုံ႔ျပန္ခဲ့ၾကေၾကာင္း သိရသည္။

သို႔ေသာ္ KNPP/KNDF အဖြဲ႕ႏွင့္ PDF အမည္ခံအၾကမ္းဖက္အဖြဲ႕တို႔သည္ အရပ္ဖက္ပညာေရးဆိုင္ရာ အေဆာက္အအုံမ်ားကို ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းမ်ား၊ ဆရာ၊ဆရာမမ်ား၊ ပညာေရးဝန္ထမ္းမ်ားႏွင့္ ေက်ာင္းသားေက်ာင္းသူမ်ားကို အသက္အႏၲရာယ္ဇုန္မွ ကင္းလြတ္ရာေနရာသို႔ ထြက္ခြာခြင့္ျပဳရမည့္အစား အတင္းအဓမၼဖမ္းဆီးခ်ဳပ္ေႏွာင္ၿပီး လူသားတံတိုင္းအျဖစ္ အသုံးခ်ခဲ့ျခင္းမ်ားသည္ စစ္ရာဇဝတ္မႈက်ဴးလြန္ျခင္းပင္ျဖစ္ေၾကာင္း နစက အတြင္းေရးမႉးက အစည္းအေဝးတြင္ေျပာၾကားခဲ့သည္။ လက္နက္ဟူ၍ အပ္တိုတစ္ေခ်ာင္းေတာင္မရွိသည့္ ေျမျဖဴသာရွိေသာ အျပစ္မဲ့ဆရာဆရာမမ်ား၊ ပညာေရးဝန္ထမ္းမ်ား၊ ႏိုင္ငံ့အနာ ဂတ္အတြက္ အားကိုးအားထားျပဳရမည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ပစ္မွတ္ထားတိုက္ခိုက္ျခင္းသည္ ႏိုင္ငံေတာ္၏အနာဂတ္ကို ႐ိုက္ခ်ိဳးဖ်က္ဆီးသည့္ စဥ္းစားဉာဏ္ကင္းမဲ့ေသာ လူမဆန္သည့္လက္နက္အားကိုး အၾကမ္းဖက္လုပ္ရပ္ပင္ျဖစ္ေၾကာင္းလည္း နစက အတြင္းေရးမႉးက ထည့္သြင္းေျပာၾကားခဲ့သည္။

ထိုသို႔ ပညာေရးဆိုင္ရာလူသားအရင္းျမစ္မ်ားအား အၾကမ္းဖက္မႈမ်ားလုပ္ေဆာင္ျခင္းသည္ ႏိုင္ငံ၏အနာဂတ္ကို ဖ်က္ဆီး႐ုံသာမက ႏိုင္ငံေတာ္အတြက္လည္းမ်ားစြာထိခိုက္ႏိုင္ေၾကာင္း ေသနဂၤမဟာဗ်ဴဟာေလ့လာေရးအဖြဲ႕မွ အမႈေဆာင္ဒါ႐ိုက္တာ ဦးသိန္းထြန္းဦးက NP News သို႔ သုံးသပ္ေျပာၾကားသည္။

“ႏိုင္ငံတစ္ခုကိုပုန္ကန္တဲ့အခါမွာ။ ပညာေရးယႏၲရားရွိတယ္။ အုပ္ခ်ဳပ္ေရးယႏၲရားရွိတယ္။ စီးပြားေရးယႏၲရားရွိတယ္။ ဒီယႏၲရားတစ္ခုခုကို ပ်က္သုန္းသြားေအာင္လုပ္ဖို႔ဆိုတာက သူတို႔ဒီနည္းစဥ္ကိုသုံးတယ္။ မ်ားေသာအားျဖင့္ လက္နက္ကိုင္အၾကမ္းဖက္မႈမွာ ေဒသခံျပည္သူ လူ ထုက ပညာနဲ႔ထိေတြ႕ေနလို႔မရဘူး။ ဆိုလိုတာက ေတြးတတ္ေခၚတတ္လို႔မရဘူး။ ေျပာရရင္ေတာ့ တုံးတုံးအအလူေတြျဖစ္သြားမွသာလွ်င္ သူတို႔ ေျပာသမွ်ျဖစ္သြားမွ သူတို႔သြားခ်င္တဲ့ လမ္းေၾကာင္းပုံစံေပၚကို ပုံသြင္းလို႔ရမွာေပါ့။ ပညာေရးကို ဖ်က္ဆီးျခင္းအားျဖင့္ သူတို႔အုပ္ခ်ဳပ္မႈကို တစ္နည္းတစ္လမ္းနဲ႔ အသက္ပိုရွည္ေအာင္လုပ္တဲ့နည္းေပါ့။ တခ်ိဳ႕က လက္နက္ကိုင္ပုန္ကန္မႈနဲ႔ ေသာင္းက်န္းမႈက ဒီေလာက္မွာပဲ ရပ္သြားတာ။ ပုံမွန္အားျဖင့္ေတာ့ လူေတြကေတြးလိုက္ရင္ သူတို႔ကိုေၾကာက္ၿပီးေတာ့ သူတို႔ေအာက္မွာေနခ်င္ေနၾကလိမ့္မယ္။ အဲဒီေဒသတစ္ခုရဲ႕တိုးတက္မႈက ေနာက္ပိုင္းက ဆက္ၿပီးေတာ့ က်ယ္ျပန႔္ႏိုင္မႈဘာညာဆိုတဲ့အပိုင္းေတြ အနာဂါတ္နဲ႔ပတ္သက္တဲ့ အျမင္ေတြအကုန္လုံးက ေပ်ာက္ဆုံးသြားတာပဲ။ ဘာေၾကာင့္လည္းဆိုေတာ့ ပညာတက္မရွိေတာ့ဘူးေပါ့ေလ”ဟု ၎ကေျပာသည္။

Related news

© 2021. All rights reserved.