တစ်ရက်လျှင် ကင်ဆာရောဂါသည် (၄ဝဝ)ဦးအထိ ကုသနိုင်သည့်စက်သစ်များစတင်ဖွင့်လှစ်

 106

ပြည့်ဖြိုး (NP News) - ဇန်နဝါရီ ၂၂

တစ်ရက်လျှင်ကင်ဆာရောဂါသည် နှစ်ရာမှလေးရာအထိ ကုသပေးနိုင်မည့်ဓါတ်ရောင်ခြည် စက်သစ်များကို ဇန်နဝါရီလ ၂၁ ရက်မှစတင်ဖွင့်လှစ်ကုသပေးနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။

အဆိုပါ စက်သုံးလုံးကို ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမျိုးသားကင်ဆာရောဂါကုသရေးဌာန ငါးထပ်ဆောင်အသစ်၌ ထားရှိခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိဖွင့်လှစ်ပေးသည့်ကင်ဆာရောဂါကုသစက်သစ်သုံးလုံး၏တန်ဖိုးမှာ ငွေကျပ် (၃၂ ဒသမ ၅)ဘီလျံတန်ကြေးရှိပြီး ပူးတွဲကုသမှုအထောက်အကူပြုစက် CI Stimulator တစ်လုံးတန်ဖိုးမှာငွေကျပ် (၂ ဒသမ ၅၅)ဘီလျံတန်ဖိုးရှိကြောင်း သိရသည်။

ယင်းစက်များဖြင့်ကုသနိုင်သောရောဂါများမှာ ဦးနှောက်နှင့်ကျောရိုးကင်ဆာများ၊ ကလေးကင်ဆာရောဂါများ၊ အရွယ်အစားကြီးမားသောကင်ဆာ‌ရောဂါများဖြစ်ပြီး Radixact နှင့် Hlacyon စက်အမျိုးအစားများဖြစ်ကြသည်။ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမျိုးသားကင်ဆာရောဂါကုသရေး ဌာန ငါးထပ်ဆောင်အသစ်ကိုလည်း ၂၀၂၅ ခုနှစ်အတွင်း ရှစ်ထပ်ဆောင်အထိ တိုးချဲ့တည် ဆောက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

zawgyi version
တစ္ရက္လွ်င္ ကင္ဆာေရာဂါသည္ (၄ဝဝ)ဦးအထိ ကုသႏိုင္သည့္စက္သစ္မ်ားစတင္ဖြင့္လွစ္
ျပည့္ၿဖိဳး (NP News) - ဇန္နဝါရီ ၂၂

တစ္ရက္လွ်င္ကင္ဆာေရာဂါသည္ ႏွစ္ရာမွေလးရာအထိ ကုသေပးႏိုင္မည့္ဓါတ္ေရာင္ျခည္ စက္သစ္မ်ားကို ဇန္နဝါရီလ ၂၁ ရက္မွစတင္ဖြင့္လွစ္ကုသေပးေနေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနမွသိရသည္။

အဆိုပါ စက္သုံးလုံးကို ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ရွိ အမ်ိဳးသားကင္ဆာေရာဂါကုသေရးဌာန ငါးထပ္ေဆာင္အသစ္၌ ထားရွိျခင္းျဖစ္ေၾကာင္း သိရသည္။ လက္ရွိဖြင့္လွစ္ေပးသည့္ကင္ဆာေရာဂါကုသစက္သစ္သုံးလုံး၏တန္ဖိုးမွာ ေငြက်ပ္ (၃၂ ဒသမ ၅)ဘီလ်ံတန္ေၾကးရွိၿပီး ပူးတြဲကုသမႈအေထာက္အကူျပဳစက္ CI Stimulator တစ္လုံးတန္ဖိုးမွာေငြက်ပ္ (၂ ဒသမ ၅၅)ဘီလ်ံတန္ဖိုးရွိေၾကာင္း သိရသည္။

ယင္းစက္မ်ားျဖင့္ကုသႏိုင္ေသာေရာဂါမ်ားမွာ ဦးေႏွာက္ႏွင့္ေက်ာ႐ိုးကင္ဆာမ်ား၊ ကေလးကင္ဆာေရာဂါမ်ား၊ အ႐ြယ္အစားႀကီးမားေသာကင္ဆာ‌ေရာဂါမ်ားျဖစ္ၿပီး Radixact ႏွင့္ Hlacyon စက္အမ်ိဳးအစားမ်ားျဖစ္ၾကသည္။ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ရွိ အမ်ိဳးသားကင္ဆာေရာဂါကုသေရး ဌာန ငါးထပ္ေဆာင္အသစ္ကိုလည္း ၂၀၂၅ ခုႏွစ္အတြင္း ရွစ္ထပ္ေဆာင္အထိ တိုးခ်ဲ႕တည္ ေဆာက္သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.