ရှမ်းပြည်နယ်(တောင်ပိုင်း) ရှိ သွားရောက်လည်ပတ်သင့်သော ခရီးစဉ်တစ်ခုကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အသိပေး
151
စော (NP News) - ဇန်နဝါရီ ၂၃
မိုင်းရှူးမြို့နယ်ရှိ ဟိုက်ပါရေတံခွန်သည် သွားရောက်လည်ပတ်သင့်သော ခရီးစဉ်တစ်ခုဖြစ်ကြောင်း ဟိုတယ်နှင့်သွားလာရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၁ ရက်တွင် အသိပေးထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ သဘာဝအတိုင်း မပျက်စီးသေးဘဲ ရေမြေတောတောင် သဘာဝအလှအပများဖြင့် ခရီးသွားများအတွက် ဆွဲဆောင်မှုရှိသော ကမ္ဘာက အသိအမှတ်ပြုသည့် ခရီးစဉ်ဒေသများစွာရှိကြောင်း သိရသည်။
ကမ္ဘာပေါ်တွင် နာမည်ကျော်ကြားလူသိများသော ရေတံခွန်များနှင့်အပြိုင် လှပနေသည့် မိုင်းရှူးမြို့နယ်ရှိ ဟိုက်ပါရေတံခွန်သည် အရှေ့တောင်အာရှတွင် အလှပဆုံးဟု တင်စားခေါ်ဝေါ်ကြပြီး ခရီးသွားပြည်သူများအနေဖြင့် စိတ်ချမ်းမြေ့ကြည်နူးစွာ သွားရောက်လည်ပတ်သင့်သော ခရီးစဉ်ဒေသတစ်ခုဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။
သွားရောက်လည်ပတ်လိုသူများအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်ရှိ ဟိုက်ပါရေတံခွန်သို့ နမ့်စန်မြို့တွင် ညအိပ်ရပ်နား၍ နေ့ချင်းပြန်သွားရောက် လည်ပတ်နိုင်ပါကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
Zawgyi Version;
ရွမ္းျပည္နယ္(ေတာင္ပိုင္း) ရွိ သြားေရာက္လည္ပတ္သင့္ေသာ ခရီးစဥ္တစ္ခုကို ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန အသိေပး
ေစာ (NP News) - ဇန္နဝါရီ ၂၃
မိုင္းရႉးၿမိဳ႕နယ္ရွိ ဟိုက္ပါေရတံခြန္သည္ သြားေရာက္လည္ပတ္သင့္ေသာ ခရီးစဥ္တစ္ခုျဖစ္ေၾကာင္း ဟိုတယ္ႏွင့္သြားလာေရးဝန္ႀကီးဌာနက ဇန္နဝါရီလ ၂၁ ရက္တြင္ အသိေပးထားျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံတြင္ ႐ိုးရာယဥ္ေက်းမႈအေမြအႏွစ္မ်ား၊ သဘာဝအတိုင္း မပ်က္စီးေသးဘဲ ေရေျမေတာေတာင္ သဘာဝအလွအပမ်ားျဖင့္ ခရီးသြားမ်ားအတြက္ ဆြဲေဆာင္မႈရွိေသာ ကမာၻက အသိအမွတ္ျပဳသည့္ ခရီးစဥ္ေဒသမ်ားစြာရွိေၾကာင္း သိရသည္။
ကမာၻေပၚတြင္ နာမည္ေက်ာ္ၾကားလူသိမ်ားေသာ ေရတံခြန္မ်ားႏွင့္အၿပိဳင္ လွပေနသည့္ မိုင္းရႉးၿမိဳ႕နယ္ရွိ ဟိုက္ပါေရတံခြန္သည္ အေရွ႕ေတာင္အာရွတြင္ အလွပဆုံးဟု တင္စားေခၚေဝၚၾကၿပီး ခရီးသြားျပည္သူမ်ားအေနျဖင့္ စိတ္ခ်မ္းေျမ့ၾကည္ႏူးစြာ သြားေရာက္လည္ပတ္သင့္ေသာ ခရီးစဥ္ေဒသတစ္ခုျဖစ္ေၾကာင္း ဝန္ႀကီးဌာနက ဆိုသည္။
သြားေရာက္လည္ပတ္လိုသူမ်ားအေနျဖင့္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ မိုင္းရႉးၿမိဳ႕နယ္ရွိ ဟိုက္ပါေရတံခြန္သို႔ နမ့္စန္ၿမိဳ႕တြင္ ညအိပ္ရပ္နား၍ ေန႔ခ်င္းျပန္သြားေရာက္ လည္ပတ္ႏိုင္ပါေၾကာင္း ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ထားသည္။