ပြည်တွင်းမှထွက်ရှိသော ရေချိုငါးများကို ဆော်ဒီအာရေးဗျနိုင်ငံသို့ တင်ပို့ခွင့်ရရှိရေး ဆောင်ရွက်နေ

427

NP News - ဇန်နဝါရီ ၂၃ ရက်
ပြည်တွင်းရေချိုငါးများအား ဆော်ဒီအာရေးဗျနိုင်ငံသို့ တရားဝင်လမ်းကြောင်းမှ တင်ပို့ခွင့်ရရှိရေးအတွက် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ရှိ ပုဂ္ဂလိက အသင်းအဖွဲ့များ နှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဆော်ဒီအာရေးဗျနိုင်ငံသို့ ရေထွက်ကုန်များတင်ပို့ရာ၌ မြန်မာနိုင်ငံအနေဖြင့် တင်ပို့ ခွင့်ပြုမည့် အအေးခန်းစက်ရုံ၊ ကုမ္ပဏီ မှတ်ပုံတင်စာရင်းများ၊ စံသတ်မှတ်ချက်များနှင့်ကိုက်ညီပါက တင်ပို့နိုင်မည့် အခြေအနေသို့ရောက်ရှိနေကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
“ရေချိုမွေးမြူရေးငါးတွေ ဖြစ်တဲ့ ငါးမြစ်ချင်း၊ ငါးခေါင်းပွတို့ဟာ အရေးပါပြီးဈေးကွက်ဖြစ်နေတဲ့အတွက် ဆော်ဒီအာရေးဗျနိုင်ငံကို တရားဝင် တင်ပို့နိုင်ဖို့ ဌာနတွေ၊ အသင်းအဖွဲ့ တွေနဲ့ပူးပေါင်းဆောင်ရွက်နေပါတယ်။ ကောင်းမွန်တဲ့ မွေးမြူရေးသင်တန်းပေးတာတွေ၊ ဒါတွေကို ကြိုးပမ်း ဆောင်ရွက်နေတာဖြစ်ပါတယ်။ အဓိက ပို့ကုန်တိုးမြှင့်ရေးကို ဦးစားပေးဆောင်ရွက်တာဖြစ်တဲ့အတွက် ထုတ်လုပ်မှုတိုးမြှင့်မှသာ ပို့ကုန်တိုးမြှင့်နိုင်မှာဖြစ်ပါတယ်” ဟု ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်ပသို့ မြန်မာ့ရေထွက်ကုန်များ တင်ပို့ရာတွင် အရှင်တင်ပို့မှုနည်းပါးနေပြီး အေးခဲသား ရေထွက်ကုန်များကိုသာ တင်ပို့မှုများနေ ကြောင်း၊ ဈေးကွက်အရ ပြည်တွင်း ဈေးကွက် နှင့် ပြည်ပဈေးကွက် ကွာခြားမှုရှိပြီး ပြည်ပနိုင်ငံများသို့ ရေထွက်ကုန်များ တင်ပို့ရာတွင် သတ်မှတ်အရွယ်အစားနှင့် အရည်အသွေးရရှိစေရန်လိုအပ်နေကြောင်း သိရသည်။
မြန်မာနိုင်ငံအနေနဲ့ ပြည်ပသို့ ရေထွက်ကုန်များတင်ပို့ရာတွင် နိုင်ငံပေါင်း(၄၀)ကျော်သို့ တင်ပို့နေရာ နှစ်စဉ် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတို့မှ ကုန်သွယ်မှုဆောင်ရွက်လျက်ရှိပြီး ယခု ၂၀၂၄-၂ဝ၂၅ ဘဏ္ဍာနှစ် ဧပြီလ မှ ဒီဇင်ဘာလအထိ မက်ထရစ်တန် ၄၂၀,၃၀၈ ၊ တန်ဖိုးအားဖြင့် ၅၂၁ သန်းအထိ တင်ပို့နိုင်ခဲ့သည့်အတွက် ယခင် ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ကာလတူထက် မက်ထရစ်တန်ပေါင်း ၇၅,၃၀၈ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ သန်းကျော် ပိုမိုတင်ပို့ထားကြောင်းသိရသည်။
ပြည်ပသို့ အဓိက တင်ပို့သည့် ရေထွက်ကုန်အမျိုးအစားများမှာ ငါးသလောက်၊ ကတ်ကတစ်၊ ငါးမြစ်ချင်း၊ ငါးခုံးမ၊ ငါးတန်၊ ငါးရှဉ့်၊ ပုစွန် နှင့် ဂဏန်း အစရှိသည့် ရေထွက်ကုန်များ ပါဝင်ကြောင်း သိရသည်။

Zawgyi Version;
ျပည္တြင္းမွထြက္ရွိေသာ ေရခ်ိဳငါးမ်ားကို ေဆာ္ဒီအာေရးဗ်ႏိုင္ငံသို႔ တင္ပို႔ခြင့္ရရွိေရး ေဆာင္႐ြက္ေန
NP News - ဇန္နဝါရီ ၂၃ ရက္
ျပည္တြင္းေရခ်ိဳငါးမ်ားအား ေဆာ္ဒီအာေရးဗ်ႏိုင္ငံသို႔ တရားဝင္လမ္းေၾကာင္းမွ တင္ပို႔ခြင့္ရရွိေရးအတြက္ ျမန္မာႏိုင္ငံငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္ရွိ ပုဂၢလိက အသင္းအဖြဲ႕မ်ား ႏွင့္ ငါးလုပ္ငန္းဦးစီးဌာနတို႔ ပူးေပါင္းကာ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။
ေဆာ္ဒီအာေရးဗ်ႏိုင္ငံသို႔ ေရထြက္ကုန္မ်ားတင္ပို႔ရာ၌ ျမန္မာႏိုင္ငံအေနျဖင့္ တင္ပို႔ ခြင့္ျပဳမည့္ အေအးခန္းစက္႐ုံ၊ ကုမၸဏီ မွတ္ပုံတင္စာရင္းမ်ား၊ စံသတ္မွတ္ခ်က္မ်ားႏွင့္ကိုက္ညီပါက တင္ပို႔ႏိုင္မည့္ အေျခအေနသို႔ေရာက္ရွိေနေၾကာင္း ငါးလုပ္ငန္းဦးစီးဌာနမွ သိရသည္။
“ေရခ်ိဳေမြးျမဴေရးငါးေတြ ျဖစ္တဲ့ ငါးျမစ္ခ်င္း၊ ငါးေခါင္းပြ တို႔ဟာ အေရးပါၿပီးေဈးကြက္ျဖစ္ေနတဲ့အတြက္ ေဆာ္ဒီအာေရးဗ်ႏိုင္ငံကို တရားဝင္ တင္ပို႔ႏိုင္ဖို႔ ဌာနေတြ၊ အသင္းအဖြဲ႕ ေတြနဲ႔ပူးေပါင္းေဆာင္႐ြက္ေနပါတယ္။ ေကာင္းမြန္တဲ့ ေမြးျမဴေရးသင္တန္းေပးတာေတြ၊ ဒါေတြကို ႀကိဳးပမ္း ေဆာင္႐ြက္ေနတာျဖစ္ပါတယ္။ အဓိက ပို႔ကုန္တိုးျမႇင့္ေရးကို ဦးစားေပးေဆာင္႐ြက္တာျဖစ္တဲ့အတြက္ ထုတ္လုပ္မႈတိုးျမႇင့္မွသာ ပို႔ကုန္တိုးျမႇင့္ႏိုင္မွာျဖစ္ပါတယ္” ဟု ငါးလုပ္ငန္းဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ျပည္ပသို႔ ျမန္မာ့ေရထြက္ကုန္မ်ား တင္ပို႔ရာတြင္ အရွင္တင္ပို႔မႈနည္းပါးေနၿပီး ေအးခဲသား ေရထြက္ကုန္မ်ားကိုသာ တင္ပို႔မႈမ်ားေန ေၾကာင္း၊ ေဈးကြက္အရ ျပည္တြင္း ေဈးကြက္ ႏွင့္ ျပည္ပေဈးကြက္ ကြာျခားမႈရွိၿပီး ျပည္ပႏိုင္ငံမ်ားသို႔ ေရထြက္ကုန္မ်ား တင္ပို႔ရာတြင္ သတ္မွတ္အ႐ြယ္အစားႏွင့္ အရည္အေသြးရရွိေစရန္လိုအပ္ေနေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံအေနနဲ႔ ျပည္ပသို႔ ေရထြက္ကုန္မ်ားတင္ပို႔ရာတြင္ ႏိုင္ငံေပါင္း(၄၀)ေက်ာ္သို႔ တင္ပို႔ေနရာ ႏွစ္စဥ္ ပုံမွန္ကုန္သြယ္ေရးလမ္းေၾကာင္း ႏွင့္ နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းတို႔မွ ကုန္သြယ္မႈေဆာင္႐ြက္လ်က္ရွိၿပီး ယခု ၂၀၂၄-၂ဝ၂၅ ဘ႑ာႏွစ္ ဧၿပီလ မွ ဒီဇင္ဘာလအထိ မက္ထရစ္တန္ ၄၂၀,၃၀၈ ၊ တန္ဖိုးအားျဖင့္ ၅၂၁ သန္းအထိ တင္ပို႔ႏိုင္ခဲ့သည့္အတြက္ ယခင္ ၂၀၂၃-၂၄ ဘ႑ာႏွစ္ ကာလတူထက္ မက္ထရစ္တန္ေပါင္း ၇၅,၃၀၈ တန္ဖိုးအားျဖင့္ ကန္ေဒၚလာ ၃ သန္းေက်ာ္ ပိုမိုတင္ပို႔ထားေၾကာင္းသိရသည္။
ျပည္ပသို႔ အဓိက တင္ပို႔သည့္ ေရထြက္ကုန္အမ်ိဳးအစားမ်ားမွာ ငါးသေလာက္၊ ကတ္ကတစ္၊ ငါးျမစ္ခ်င္း၊ ငါးခုံးမ၊ ငါးတန္၊ ငါးရွဥ့္၊ ပုစြန္ ႏွင့္ ဂဏန္း အစရွိသည့္ ေရထြက္ကုန္မ်ား ပါဝင္ေၾကာင္း သိရသည္။