ရန်ကုန်မျက်စိအထူးကုဆေးရုံကြီး၌လူနာများ စောင့်ဆိုင်းချိန်လျော့နည်းစေရန် Online Booking ဖြင့် လက်ခံပေးနေ

 315

NP News - ဇန်နဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ မျက်စိအထူးကုဆေးရုံကြီးတွင် လာရောက် ပြသလိုသည့် လူနာများအနေဖြင့် စောင့်ဆိုင်းရသည့် အချိန်များ လျော့နည်းသွားစေရန်အတွက် Online Booking ဖြင့် လက်ခံဆောင်ရွက်ပေးနေကြောင်း သိရသည်။

ဆေးရုံကြီးသည် အရေးပေါ်မျက်စိလူနာများကို နေ့စဉ်ပိတ်ရက်မရှိ ကုသပေးလျက်ရှိပြီး ပြင်ပလူနာများကို အစိုးရရုံးဖွင့်ရက်များတွင် နေ့စဉ်နံနက် ၈ နာရီခွဲမှ ညနေ ၄ နာရီအထိ လက်ခံကုသ ပေးလျက်နေရာ လက်ရှိတွင် အရေးပေါ်မဟုတ်သောပြင်ပလူနာများအတွက် အွန်လိုင်းမှ စာရင်းသွင်းနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

“လူနာတွေအနေနဲ့ စောင့်ဆိုင်းရတဲ့အချိန်တွေလျော့နည်းသွားအောင် caremebot ရဲ့ Application ၊ Facebook Messenger နဲ့ Viber တို့ကနေတဆင့် Online Booking လုပ်လို့ရအောင် လက်ခံဆောင်ရွက်ပေးနေပါတယ်။ ရိုးရိုး Walk-In ဝင်လာတဲ့ ပြင်ပလူနာတွေကိုတော့ ဆေးရုံကိုရောက်လာရင်တောင် ပြင်ပလူနာဌာနမှာ စာရင်းသွင်းပြီးတော့ တန်းစီအလှည့်ကျစနစ်နဲ့ ကုသပေးနေပါတယ်။ အွန်လိုင်းနဲ့ လက်ခံဆောင်ရွက်ပေးနေတယ်ဆိုတာကို သိပ်မသိကြပါဘူး။ Online Booking ယူထားတဲ့သူတွေကိုတော့ လာပြတဲ့နေ့မှာ ရောက်လာရင် ဦးစားပေးအနေနဲ့ လက်ခံဆောင်ရွက်ပေးနေပါတယ်” လို့ ရန်ကုန်မျက်စိအထူးကုဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိ၌ မျက်စိအထူးကုဆေးရုံကြီး(ရန်ကုန်)တွင်လည်း မျက်စိအတွင်းတိမ် ခွဲစိတ်ကုသမှုများအပြင် အခြားမျက်စိရောဂါများဖြစ်သော မြင်လွှာကွာခြင်း၊ မြင်လွှာပေါက်ခြင်း၊ သူငယ်အိမ်နောက်ခန်းတွင် သွေးယိုစိမ့်ခြင်း၊ မျက်တွင်းရောင်ခြင်း၊ မျက်ခွံနှင့် မျက်ရည်လမ်းကြောင်းဆိုင်ရာ ရောဂါများ၊ မျက်ကြည်လွှာဆိုင်ရာ ရောဂါများ၊ ရေတိမ်ရောဂါ၊ အတွင်းတိမ်နောက်ဆက်တွဲရောဂါများနှင့် မျက်စိအာရုံကြောဆိုင်ရာ ရောဂါများကို စမ်းသပ်စစ်ဆေးခြင်းနှင့် ခွဲစိတ်ကုသခြင်းများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယခင် ၂၀၂၄ ခုနှစ် တစ်နှစ်ကာလ ၌ ကုသမှုများတွင် ဆေးရုံတက်ရောက်ကုသရသည့် အတွင်းလူနာပေါင်း ၁၁,၀၀၀ ကျော်၊ ပြင်ပမှ ရက်ချိန်းဖြင့် လာရောက်ပြသသည့် ပြင်ပလူနာပေါင်း ၉၀,၀၀၀ ကျော်တို့ပါဝင်ကြောင်းနှင့် မျက်စိခွဲစိတ်ကုသမှုပေါင်း ၉,၀၀၀ ကျော်ကို ဆောင်ရွက်ပေးခဲ့ရကြောင်း အဆိုပါဆေးရုံကြီးမှ သိရသည်။

Zawgyi Version;
ရန္ကုန္မ်က္စိအထူးကုေဆး႐ုံႀကီး၌လူနာမ်ား ေစာင့္ဆိုင္းခ်ိန္ေလ်ာ့နည္းေစရန္ Online Booking ျဖင့္ လက္ခံေပးေန
NP News - ဇန္နဝါရီ ၂၃

ရန္ကုန္တိုင္းေဒသႀကီး၊ တာေမြၿမိဳ႕နယ္ရွိ မ်က္စိအထူးကုေဆး႐ုံႀကီးတြင္ လာေရာက္ ျပသလိုသည့္ လူနာမ်ားအေနျဖင့္ ေစာင့္ဆိုင္းရသည့္ အခ်ိန္မ်ား ေလ်ာ့နည္းသြားေစရန္အတြက္ Online Booking ျဖင့္ လက္ခံေဆာင္႐ြက္ေပးေနေၾကာင္း သိရသည္။

ေဆး႐ုံႀကီးသည္ အေရးေပၚမ်က္စိလူနာမ်ားကို ေန႔စဥ္ပိတ္ရက္မရွိ ကုသေပးလ်က္ရွိၿပီး ျပင္ပလူနာမ်ားကို အစိုးရ႐ုံးဖြင့္ရက္မ်ားတြင္ ေန႔စဥ္နံနက္ ၈ နာရီခြဲမွ ညေန ၄ နာရီအထိ လက္ခံကုသ ေပးလ်က္ေနရာ လက္ရွိတြင္ အေရးေပၚမဟုတ္ေသာျပင္ပလူနာမ်ားအတြက္ အြန္လိုင္းမွ စာရင္းသြင္းႏိုင္ရန္ ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

“လူနာေတြအေနနဲ႔ ေစာင့္ဆိုင္းရတဲ့အခ်ိန္ေတြေလ်ာ့နည္းသြားေအာင္ caremebot ရဲ႕ Application ၊ Facebook Messenger နဲ႔ Viber တို႔ကေနတဆင့္ Online Booking လုပ္လို႔ရေအာင္ လက္ခံေဆာင္႐ြက္ေပးေနပါတယ္။ ႐ိုး႐ိုး Walk-In ဝင္လာတဲ့ ျပင္ပလူနာေတြကိုေတာ့ ေဆး႐ုံကိုေရာက္လာရင္ေတာင္ ျပင္ပလူနာဌာနမွာ စာရင္းသြင္းၿပီးေတာ့ တန္းစီအလွည့္က်စနစ္နဲ႔ ကုသေပးေနပါတယ္။ အြန္လိုင္းနဲ႔ လက္ခံေဆာင္႐ြက္ေပးေနတယ္ဆိုတာကို သိပ္မသိၾကပါဘူး။ Online Booking ယူထားတဲ့သူေတြကိုေတာ့ လာျပတဲ့ေန႔မွာ ေရာက္လာရင္ ဦးစားေပးအေနနဲ႔ လက္ခံေဆာင္႐ြက္ေပးေနပါတယ္” လို႔ ရန္ကုန္မ်က္စိအထူးကုေဆး႐ုံႀကီးမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

လက္ရွိ၌ မ်က္စိအထူးကုေဆး႐ုံႀကီး(ရန္ကုန္)တြင္လည္း မ်က္စိအတြင္းတိမ္ ခြဲစိတ္ကုသမႈမ်ားအျပင္ အျခားမ်က္စိေရာဂါမ်ားျဖစ္ေသာ ျမင္လႊာကြာျခင္း၊ ျမင္လႊာေပါက္ျခင္း၊ သူငယ္အိမ္ေနာက္ခန္းတြင္ ေသြးယိုစိမ့္ျခင္း၊ မ်က္တြင္းေရာင္ျခင္း၊ မ်က္ခြံႏွင့္ မ်က္ရည္လမ္းေၾကာင္းဆိုင္ရာ ေရာဂါမ်ား၊ မ်က္ၾကည္လႊာဆိုင္ရာ ေရာဂါမ်ား၊ ေရတိမ္ေရာဂါ၊ အတြင္းတိမ္ေနာက္ဆက္တြဲေရာဂါမ်ားႏွင့္ မ်က္စိအာ႐ုံေၾကာဆိုင္ရာ ေရာဂါမ်ားကို စမ္းသပ္စစ္ေဆးျခင္းႏွင့္ ခြဲစိတ္ကုသျခင္းမ်ားေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။
ယခင္ ၂၀၂၄ ခုႏွစ္ တစ္ႏွစ္ကာလ ၌ ကုသမႈမ်ားတြင္ ေဆး႐ုံတက္ေရာက္ကုသရသည့္ အတြင္းလူနာေပါင္း ၁၁,၀၀၀ ေက်ာ္၊ ျပင္ပမွ ရက္ခ်ိန္းျဖင့္ လာေရာက္ျပသသည့္ ျပင္ပလူနာေပါင္း ၉၀,၀၀၀ ေက်ာ္တို႔ပါဝင္ေၾကာင္းႏွင့္ မ်က္စိခြဲစိတ္ကုသမႈေပါင္း ၉,၀၀၀ ေက်ာ္ကို ေဆာင္႐ြက္ေပးခဲ့ရေၾကာင္း အဆိုပါေဆး႐ုံႀကီးမွ သိရသည္။

Related news

© 2021. All rights reserved.