မြန်မာနိုင်ငံ လူငယ်ဆန်စပါးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌကို ဆန်စပါးအသင်းချုပ်၏ စီမံခန့်ခွဲရေးကော်မတီတွင် ပါဝင်ခွင့်ပြု

 136

ယွန်း (NP News) - ဇန်နဝါရီ ၂၃

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) ၏ နှစ်ပတ်လည်အထွေထွေအစည်းအဝေးနှင့် အထွေထွေညီလာခံ၌ ဖွဲ့စည်းပုံစည်းမျဥ်း(၃)ချက်ကို အတည်ပြုပြင်ဆင်ခဲ့ရာတွင် မြန်မာနိုင်ငံလူငယ်ဆန်စပါးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌကို ဆန်စပါးအသင်းချုပ်၏ စီမံခန့်ခွဲရေးကော်မတီတွင် ပါဝင်ခွင့်ပြုခြင်းသည်လည်း အချက်တစ်ချက်အဖြစ် ပါဝင်ခဲ့သည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ နှစ်ပတ်လည်အထွေထွေအစည်းအဝေးနှင့် အထွေ‌ထွေညီလာခံကို ယနေ့ (ဇန်နဝါရီလ ၂၃ ရက်) တွင် ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံး၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် သဘာပတိအဖြစ် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆောင်ရွက်ခဲ့ပြီး ဖွဲ့စည်းပုံစည်းမျဥ်း(၃)ချက်ကို ပြင်ဆင်ကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

"ဒီနေ့အထွေထွေညီလာခံမှာ ဖွဲ့စည်းပုံစည်းမျဥ်းကို ပြင်ဖို့ရှိပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီး CEC, EC အစည်းအဝေးမှာ ဆွေးနွေးတင်ပြခဲ့ပြီးတော့ CEC, EC ရဲ့ဆွေးနွေးတင်ပြချက်ကို နှစ်ပတ်လည်အထွေထွေညီလာခံမှာ အတည်ပြုမှုဖြစ်ပါတယ်။ Constitution ပြင်တာကတော့ အဓိကအချက်(၃)ချက်ပဲ ဖြစ်ပါတယ်။ ပထမတစ်ချက်ကတော့ အသင်းချုပ်ရဲ့ စီမံခန့်ခွဲရေးကော်မတီမှာ မြန်မာနိုင်ငံလူငယ်ဆန်စပါးလုပ်ငန်းရှင်များအသင်းက ဥက္ကဋ္ဌကို အလိုအလျောက်အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့အတွက် ဖွဲ့စည်းပုံပြင်ဆင်ခြင်းဖြစ်ပါတယ်" ဟု ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ထည့်သွင်းပြောကြားသည်။

ထို့ပြင် ဒုတိယအချက်အနေဖြင့် မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်(UMFCCI) ၏ ‌ဆောင်ရွက်ချက်များကို ဆန်စပါးကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အစည်းအဝေးဆုံးဖြတ်ချက်များအရ UMFCCI ကို ဖွဲ့စည်းပုံစဉ်းမျဥ်း၌ တရားဝင်အသိအမှတ်ပြုခဲ့သည်။

အလားတူ စီမံခန့်ခွဲရေးကော်မတီ(၂၂)ဦးအစား (၂၅)ဦးသို့ တိုးမြှင့်ဖွဲ့စည်းခြင်းကိုလည်း ဖွဲ့စည်းပုံစည်းမျဥ်း၌ ဖြည့်စွက်ပြင်ဆင်ခြင်းကို အတည်ပြုခဲ့သည်။

ထို့နောက် နှစ်ပတ်လည်အစီရင်ခံစာအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ အထွေထွေအတွင်းရေးမှူးမှ ဖတ်ကြားခဲ့ပြီး ငွေစာရင်းရှင်းတမ်းနှင့် ပြင်ပစာရင်းစစ်၏ အစီရင်ခံစာအား အသင်းချုပ်၏ ဘဏ္ဍာရေးမှူးမှ ဖတ်ကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး အပါအဝင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများ၊ CEC, EC အဖွဲ့ဝင်များ၊ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများ၊ ဆန်စက်ပိုင်ရှင်များနှင့် ကုန်သည်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို နှစ်ပိုင်းခွဲကာကျင်းပခဲ့ခြင်းဖြစ်ပြီး ဒုတိယပိုင်းအစီအစဥ်တွင် အထွေထွေညီလာခံနှင့် (၂၀၂၅-၂၀၂၇)သက်တမ်းကာလရွေးချယ်တင်မြှောက်ခြင်းတို့ကို ကျင်းပခဲ့သည်။

Zawgyi Version;
ျမန္မာႏိုင္ငံ လူငယ္ဆန္စပါးလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ကို ဆန္စပါးအသင္းခ်ဳပ္၏ စီမံခန႔္ခြဲေရးေကာ္မတီတြင္ ပါဝင္ခြင့္ျပဳ
ယြန္း (NP News) - ဇန္နဝါရီ ၂၃

ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္(MRF) ၏ ႏွစ္ပတ္လည္အေထြေထြအစည္းအေဝးႏွင့္ အေထြေထြညီလာခံ၌ ဖြဲ႕စည္းပုံစည္းမ်ဥ္း(၃)ခ်က္ကို အတည္ျပဳျပင္ဆင္ခဲ့ရာတြင္ ျမန္မာႏိုင္ငံလူငယ္ဆန္စပါးလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ကို ဆန္စပါးအသင္းခ်ဳပ္၏ စီမံခန႔္ခြဲေရးေကာ္မတီတြင္ ပါဝင္ခြင့္ျပဳျခင္းသည္လည္း အခ်က္တစ္ခ်က္အျဖစ္ ပါဝင္ခဲ့သည္။

ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္၏ ႏွစ္ပတ္လည္အေထြေထြအစည္းအေဝးႏွင့္ အေထြ‌ေထြညီလာခံကို ယေန႔ (ဇန္နဝါရီလ ၂၃ ရက္) တြင္ ရန္ကုန္ၿမိဳ႕ရွိ ဝန္ႀကီးမ်ား႐ုံး၌ က်င္းပခဲ့ျခင္းျဖစ္သည္။

အဆိုပါအစည္းအေဝးတြင္ သဘာပတိအျဖစ္ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ဥကၠ႒ ဦးရဲမင္းေအာင္က ေဆာင္႐ြက္ခဲ့ၿပီး ဖြဲ႕စည္းပုံစည္းမ်ဥ္း(၃)ခ်က္ကို ျပင္ဆင္ေၾကာင္း အဖြင့္အမွာစကားတြင္ ထည့္သြင္းေျပာၾကားခဲ့သည္။

"ဒီေန႔အေထြေထြညီလာခံမွာ ဖြဲ႕စည္းပုံစည္းမ်ဥ္းကို ျပင္ဖို႔ရွိပါတယ္။ ဒီဟာနဲ႔ပတ္သက္ၿပီး CEC, EC အစည္းအေဝးမွာ ေဆြးေႏြးတင္ျပခဲ့ၿပီးေတာ့ CEC, EC ရဲ႕ေဆြးေႏြးတင္ျပခ်က္ကို ႏွစ္ပတ္လည္အေထြေထြညီလာခံမွာ အတည္ျပဳမႈျဖစ္ပါတယ္။ Constitution ျပင္တာကေတာ့ အဓိကအခ်က္(၃)ခ်က္ပဲ ျဖစ္ပါတယ္။ ပထမတစ္ခ်က္ကေတာ့ အသင္းခ်ဳပ္ရဲ႕ စီမံခန႔္ခြဲေရးေကာ္မတီမွာ ျမန္မာႏိုင္ငံလူငယ္ဆန္စပါးလုပ္ငန္းရွင္မ်ားအသင္းက ဥကၠ႒ကို အလိုအေလ်ာက္အဖြဲ႕ဝင္အျဖစ္ ပါဝင္ဖို႔အတြက္ ဖြဲ႕စည္းပုံျပင္ဆင္ျခင္းျဖစ္ပါတယ္" ဟု ဥကၠ႒ ဦးရဲမင္းေအာင္က ထည့္သြင္းေျပာၾကားသည္။

ထို႔ျပင္ ဒုတိယအခ်က္အေနျဖင့္ ျမန္မာႏိုင္ငံကုန္သည္စက္မႈအသင္းခ်ဳပ္(UMFCCI) ၏ ‌ေဆာင္႐ြက္ခ်က္မ်ားကို ဆန္စပါးက႑ႏွင့္ ပူးေပါင္းေဆာင္႐ြက္ႏိုင္ေရးအတြက္ အစည္းအေဝးဆုံးျဖတ္ခ်က္မ်ားအရ UMFCCI ကို ဖြဲ႕စည္းပုံစဥ္းမ်ဥ္း၌ တရားဝင္အသိအမွတ္ျပဳခဲ့သည္။

အလားတူ စီမံခန႔္ခြဲေရးေကာ္မတီ(၂၂)ဦးအစား (၂၅)ဦးသို႔ တိုးျမႇင့္ဖြဲ႕စည္းျခင္းကိုလည္း ဖြဲ႕စည္းပုံစည္းမ်ဥ္း၌ ျဖည့္စြက္ျပင္ဆင္ျခင္းကို အတည္ျပဳခဲ့သည္။

ထို႔ေနာက္ ႏွစ္ပတ္လည္အစီရင္ခံစာအား ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္၊ အေထြေထြအတြင္းေရးမႉးမွ ဖတ္ၾကားခဲ့ၿပီး ေငြစာရင္းရွင္းတမ္းႏွင့္ ျပင္ပစာရင္းစစ္၏ အစီရင္ခံစာအား အသင္းခ်ဳပ္၏ ဘ႑ာေရးမႉးမွ ဖတ္ၾကားခဲ့သည္။

အဆိုပါအခမ္းအနားသို႔ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ စိုက္ပ်ိဳးေရးဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး အပါအဝင္ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ တာဝန္ရွိသူမ်ား၊ CEC, EC အဖြဲ႕ဝင္မ်ား၊ ဆန္စပါးစိုက္ပ်ိဳးထုတ္လုပ္သူမ်ား၊ ဆန္စက္ပိုင္ရွင္မ်ားႏွင့္ ကုန္သည္မ်ား တက္ေရာက္ခဲ့ၾကသည္။

အခမ္းအနားကို ႏွစ္ပိုင္းခြဲကာက်င္းပခဲ့ျခင္းျဖစ္ၿပီး ဒုတိယပိုင္းအစီအစဥ္တြင္ အေထြေထြညီလာခံႏွင့္ (၂၀၂၅-၂၀၂၇)သက္တမ္းကာလေ႐ြးခ်ယ္တင္ေျမႇာက္ျခင္းတို႔ကို က်င္းပခဲ့သည္။

Related news

© 2021. All rights reserved.