ဒေါ်လာ(၃၀ဝဝ)ကျော်အထိရနိုင်တဲ့ ရုရှားအလုပ်သမားဈေးကွက်ထဲ မြန်မာတွေ မကြာခင်ရောက်တော့မလား... (သီးသန့်အင်တာဗျူး)

 3463

ယွန်း (NP News) - ဇန်နဝါရီလ ၂၄

မြန်မာနိုင်ငံသည် ပြည်ပသို့ သွားရောက်လုပ်ကိုင်သော အလုပ်သမားများပြားရာနိုင်ငံတစ်ခုဖြစ်သည့်အပြင် ပြည်တွင်း၌ (၂၀၂၁) နိုင်ငံရေးအခင်းအကျင်း နောက်ပိုင်းတွင် ပြည်ပသို့သွားရောက်လုပ်ကိုင်သည့် ပမာဏပိုမို များပြားလာခဲ့သည်။ ထိုသို့သွားရောက်ရာတွင် အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနှင့် မလေးရှားနိုင်ငံသို့သွားရောက်မှု မှာ အများဆုံးဖြစ်ပြီး စင်ကာပူ၊ ဂျပန် နှင့် ကိုရီးယား အစရှိသည့်နိုင်ငံများသို့လည်း သွားရောက်မှုမြင့်မားလျက် ရှိသည်။
ထို့ပြင် မြန်မာလုပ်သားများသွား‌ရောက်မှုနည်းသည့် ရုရှားနိုင်ငံမှလည်း မြန်မာအလုပ်သမားများကို ခေါ်ယူရန် ဆန္ဒရှိနေကြောင်း သိရသည်။ ထို့ကြောင့် လုပ်သားပို့ဆောင်ရေးအတွက် နှစ်နိုင်ငံအကြား MOU ရေးထိုးရန်ရှိ ကြောင်း ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် အောက်တိုဘာလတွင် အလုပ်သမားဝန်ကြီးဌာနက အသိပေးထားသည်။ လက်ရှိ တွင် အဆိုပါကိစ္စများနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်နေသည့်အခြေအနေ၊ ဆက်လက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များ၊ အလုပ်သမားပို့ဆောင်ရေးတို့နှင့်ပတ်သက်၍ NP News က အလုပ်သမားပို့ဆောင်ရေးအေဂျင်စီ တစ်ခုနှင့်ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး - ရုရှားကို အလုပ်သမားပို့ဆောင်ရေးနဲ့ပတ်သက်ပြီးတော့ လက်ရှိမှာ ဘယ်အတိုင်းအတာအထိ ရောက်နေပြီ လဲ။
ဖြေ - တကယ်တော့ အလုပ်သမားပို့တယ်ဆိုတာ MOU နှစ်နိုင်ငံမထိုးရသေးဘဲနဲ့လည်း ပို့လို့ရတယ်ပေါ့။ ပို့လို့ရတဲ့ အချိန်မှာတော့ သံရုံးရှိတဲ့နိုင်ငံတွေ ကကျတော့ သံရုံးကနေ အလုပ်ခေါ်စာ မှန်၊ မမှန် အကုန်လုံးကို စိစစ်ပြီးတော့ ခေါ်တာပေါ့။ အဲဒီလို ဆိုတော့ MOU ကတော့ အပြန်အလှန်နှစ်နိုင်ငံ ကြားထဲမှာ ပြုပြင်တာတွေဘာတွေလုပ်နေတဲ့ အနေအထားမှာတော့ရှိနေတယ်။ သွားတာ၊ ပြန်တာနှစ် ခေါက်လောက်တော့ရှိပြီ။ ဒါကတော့ ဝန်ကြီးဌာန အချင်းချင်း ချိတ်ဆက်ပြီးလုပ်ဆောင်နေကြတယ်။ အဲဒီအချိန်ထဲမှာ အလုပ်သမားကို ပြီးခဲ့တဲ့မေလ မတိုင်ခင်က Demand တစ်ခုတင်ထားတာ ကျထား ပြီးပြီ။ ကျပြီးသွားတော့ စိုက်ပျိုးရေးလုပ်ငန်းဖြစ်တယ်။ ဒီမှာက Immigration က နည်းနည်းလေးကျပ် တယ်။ ရထားတဲ့စိုက်ပျိုးရေး Demand ကကျတော့ အားလုံးစိစစ်ပြီးတော့ မှန်ကန်ပါတယ်ဆိုပြီး ဖြစ်သွား တဲ့အချိန်မှာ Visa မရတာရယ်၊ နောက်တစ်ခု နယ်မြေမအေးချမ်းတာရယ်နဲ့ မလွှတ်ဖြစ်ဘူးပေါ့နော်။ အဲဒီတုန်းက စိုက်ပျိုးရေးလုပ်ငန်း။ အဲဒါနဲ့ပဲ ဒီဘက်ခြမ်းက Agency ကပဲ Demand တစ်ခု ထပ်ပြီးပေးထားတယ်။ ပေးထားတဲ့ဟာကလည်း တရားဝင်ဝန်ကြီးဌာနကို တင်ပြီးတော့ အကုန်လုံးစစ်ဆေးပြီးပြီ။ သူတို့ကိုယ်တိုင်လည်း အင်တာဗျူးတွေ ဘာတွေလာလုပ်ပြီးသွားပြီ။ အခြေအနေတွေအကုန်လုံးကို သံရုံးလည်း သိတယ်။ အလုပ်သမားဝန်ကြီးဌာနလည်း သိတယ်။ အခုက နောက်ဆုံးအဆင့်ရောက်ပြီပေါ့။ မြန်မာပြည်ကနေ ပြီးတော့ Agency အနေနဲ့သွားထားတယ်။ ရုရှားမှာကကျတော့ Agency to Agency ပဲသွားခွင့်ပေးထားတယ်။ Government အချင်းချင်းသွားလို့မရဘူးပေါ့နော်။ ကိုရီးယားမှာဆို Government MOU ထိုးပြီးသွားတာမျိုးရှိတယ်။ ဒါကကျတော့ အဲဒီလိုမျိုးသွားလို့မရဘူး။ Agency နဲ့ ပို့မှုပဲသွားလို့ရတယ်။ ဒီဟာလေးကတော့ အလုပ်သမားရဲ့ လုပ်ငန်းစဉ်လေးပေါ့နော်။

မေး - Demand တွေကျထားတယ်လို့လည်း ခုနက ပြောတဲ့အထဲမှာ ပါတယ်ပေါ့။ ဒါပေမဲ့ လက်ရှိမှာ ဘာလို့ အလုပ်သမားတွေ မပို့နိုင်သေးတာလဲ။
ဖြေ - မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်သမားဝန်ကြီးဌာန ရယ်၊ ဟိုဘက်နိုင်ငံမှာရှိထားတဲ့ အလုပ်သမားဝန်ကြီး ဌာနရယ် အဲဒီနှစ်ခုရဲ့ကြားထဲမှာ တိုက်ရိုက်ဆက်သွယ်လို့မရဘူး။ တခြားနိုင်ငံတွေလည်း အတူတူပဲ။ ကြားထဲကနေ သံရုံး ကနေတစ်ဆင့် သွားရတယ်။ အလုပ်သမားကိစ္စကို ရုရှားဘက်ကလည်း လိုလားတယ်။ မြန်မာအလုပ်သမားတွေကို ခေါ်ချင်တယ်။ မြန်မာဘက်ကလည်း ရုရှားဆိုတာ ဈေးကွက်အသစ် လစာလည်းပိုပြီးတော့ အဆင်ပြေနိုင်မလား ဆိုပြီးတော့ ကြိုးစားခိုင်းတဲ့အနေအထားမျိုးမှာ အစ်မတို့က ကြားထဲကနေ ကြိုးစားပေးတာပေါ့။ ဒီမှာရှိထားတဲ့ အေဂျင်စီနဲ့ နိုင်ငံတော်အဆင့် MOU လက်မှတ် ထိုးထားပြီးတော့ တရားဝင်လုပ်ဆောင်တာပေါ့။ လုပ်ဆောင်တဲ့ အထဲမှာ MOU ထိုးပြီးမှ လုပ်ရမယ်ဆိုတဲ့ ပုံစံမျိုးပေါ့နော်။ အဲဒီလိုမျိုးထင်သွားမှာကိုလည်း စိတ်ပူတယ်။ သွားဖို့ကလည်း Ready ဖြစ်နေပါပြီ။ နောက် တစ်ခုက အသက်အရွယ်ကိစ္စပေါ့။ တချို့တွေလည်း လိမ်ကြတဲ့သူတွေ လည်း ရှိကောင်းရှိကြတယ်။ အစ်မတို့လည်း ကြားတော့ကြားတယ်။ အသက်အရွယ် ကဘယ်လိုဖြစ်တာလဲဆိုတော့ ကန့်သတ်ချက်ကို ဖြေ လျှော့ပေးတာမျိုး လုံးဝမရှိဘူး။ ဝန်ကြီးကလည်း အဲဒီကိစ္စကို လုံးဝမလုပ်ဘူး။ လုပ်မပေးနိုင်ဘူး။ ဒါပေမဲ့ မေလမှာအသက်အရွယ်ကန့်သတ်ချက်ထွက် တယ်။ အဲဒီမတိုင်ခင်တည်းက ပထမ Demand ကကျထားပြီးသားဖြစ်တော့ ပထမ Demand နဲ့ ပထမ Agency ပဲ အလုပ်ရှင်ရော အကုန်လုံးက အတူတူပဲဖြစ်တော့ အလုပ်လေးပဲပြောင်းလိုက်တယ် ဆိုပြီးတော့ တင်လိုက်တာပေါ့နော်။ တင်လိုက်တဲ့ အခါမှာ ပထမဦးဆုံးအကြိမ်မှာတော့ လူအယောက် (၁၉၀)လောက်ကို ကျထားတယ်။ ဒါပေမဲ့ ပထမဦးဆုံး လွှတ်မယ့် လူအယောက် (၅၀)လောက်ကိုတော့ အ သက်အရွယ်ကန့်သတ်ချက်မတိုင်ခင်ကကို ကျထား တဲ့ Demand ဖြစ်နေတော့ ခွင့်ပြုပေးလိုက်မယ်ဆိုတာတော့ရှိတယ်။ အခုကလေးတွေက (၆)လ လောက်ရှိပြီ ဘာသာစကားသင်ရတယ်။ သင်ထားပြီး တော့ စာမေးပွဲဖြေတယ်။ ဆောက်လုပ်ရေးလုပ်ငန်း အတွက် ဝရိန်တို့ဘာတို့ကို တကယ့်ကျွမ်းကျင်ပညာရှင်တွေလာစစ်ပြီးပါပြီ။ အဲဒီထဲမှာတော့ (၃၀) ရာခိုင် နှုန်းလောက်တော့ပါနေတယ်။ (၂၁)နဲ့ (၃၃)ထဲမှာ ပါနေတယ်။ လိမ်တာတွေကတော့ ရှိကောင်းရှိလိမ့် မယ်။ ကျန်တဲ့သူတွေလည်း ဘာသာစကားသင်တန်း ဖွင့်တာတွေ ဘာတွေတော့ရှိတယ်လို့ကြားတယ်။ တကယ်တမ်းမြေပြင်မှာကတော့ တကယ်လုပ်နေတာ ဟုတ်ပါတယ်။

မေး - ညီမတို့သိသလောက်ကတော့ တခြားနိုင် ငံတွေဆို MOU ထိုးပြီးတော့မှ အလုပ်သမားခေါ်တာ တွေရှိတယ်။ ရုရှားကကျတော့ Agency အချင်းချင်း ပို့နေကြတာပေါ့။
ဖြေ - နိုင်ငံတိုင်းကတော့ MOU ထိုးပြီးမှ အလုပ်သမားပို့ခွင့်ရှိတာမဟုတ်ဘူး။ လာအိုဆိုလို့ရှိရင်လည်း အလုပ်သမားအရင်ပို့ပြီးသွားတော့မှ MOU က ပြီးခဲ့ တဲ့လပိုင်းကမှထိုးလိုက်တာပေါ့။ အဲဒီလိုမျိုးလေးတွေ ရှိတယ်။ ကိုရီးယားလည်း ဒီတိုင်းပဲ။ အရင်တုန်းကMOU မထိုးရသေးဘူး။ မထိုးရသေးခင်ကတည်းက သူတို့ဟာသူတို့ အချင်းချင်းပို့လို့ရတယ်။ ပို့ပြီးသွားမှ MOU ထိုးကြတယ်။ တော်တော်များများကတော့ အဲဒီပုံစံအတိုင်းပဲသွားကြတာများတယ်။ ရုရှားကလည်း MOU ထိုးဖို့ပြင်ဆင်နေတဲ့အချိန်အတွင်းမှာ Agency to Agency က သွားခွင့်ရှိပါတယ်။ သွား ခွင့်ရှိတော့ အခုလောလောဆယ်ကတော့ မြန်မာ ဘက်က Agency တွေက ရုရှား Agency ဆီက Demand ကျတယ်ဆိုရင် လူလွှတ်ခွင့်ရှိပါတယ်။

မေး - ခုနပြောတဲ့အထဲမှာလည်း ပါတယ်ပေါ့။ မေလ မတိုင်ခင်က Demand တင်ထားတယ်လို့ သိရပါ တယ်။ (၂၀၂၄) မေလမတိုင်ခင်ကလား။
ဖြေ - (၂၀၂၄) ခုနှစ် မေလမတိုင်ခင်ကတည်းက Demand စပြီးတင်တာပေါ့။ တင်ပေမယ့် နိုင်ငံအ သစ်လည်းဖြစ်တဲ့ အခါကျတော့ ဒီနိုင်ငံရဲ့စည်းမျဉ်း တွေ၊ ဟိုဘက်နိုင်ငံရဲ့စည်းမျဉ်းတွေ မတူတဲ့အခါကျ တော့ အစိုးရနှစ်ရပ်ကြားထဲမှာ ညှိနှိုင်းဆောင်ရွက်တာတွေလုပ်ရတယ်။ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလလောက် ကစပြီး Demand တွေထွက်ပါတယ်။ (၂၀၂၄) ဇန်န ဝါရီမှာပဲ မော်စကိုမှာ ပွဲတစ်ခုရှိခဲ့တယ်။ အဲဒီပွဲမှာပဲ ဝန်ကြီးဌာနလူကြီးတွေရှေ့မှာပဲ အေဂျင်စီနှစ်ခုက လက်မှတ်ထိုးခဲ့တယ်။ ထိုးပြီးတော့ ပြန်လာတယ်။ သူတို့ Demand တွေပို့ပေးတယ်။ ပို့ပေးတဲ့အချိန်မှာ ရုရှားနိုင်ငံကကျတော့ များသောအားဖြင့် ဘေးနားက ကာဂျစ္စတန်တို့ စသည်ဖြင့် စတန်နိုင်ငံတွေကပဲ အလုပ်ခေါ်တာများတယ်။ အဲဒီလိုမျိုးနိုင်ငံက အလုပ် ခေါ်တယ်ဆိုရင် သူတို့ဆီမှာက ကန့်သတ်ချက်တွေ အများကြီးသိပ်မရှိဘူး။ မရှိတဲ့အခါကျတော့ အေဂျင် စီတွေကလည်း မလိုဘူး။ တိုက်ရိုက်ခေါ်လို့ရတယ်။ ဒါပေမဲ့ အရှေ့တောင်အာရှဘက်က အလုပ်သမား ခေါ်မယ်ဆိုလို့ရှိရင် သတ်မှတ်ချက်တွေကပိုများ တယ်။ ပိုများပြီးတော့ Oversea Employment နဲ့ ပတ်သက်တဲ့ Agency တွေကလည်း ဒီနိုင်ငံမှာတော် တော်ကိုနည်းတယ်။ အဲဒီလိုသိပ်ပြီးတော့ မရှိသေးတဲ့ အချိန်မှာ ဘေးနိုင်ငံတွေရဲ့ မယုံကြည်ရမှုတွေကြောင့် ဘေးနိုင်ငံက အလုပ်သမားတွေကို ပိတ်လိုက်တယ်။ ယူကရိန်းကအလုပ်သမားတွေကလည်း မရှိတော့ဘူး။ အလုပ်သမားရှားပါးမှုကြောင့် အရှေ့တောင်အာရှ ကိုလှည့်တဲ့အချိန်မှာ သူတို့ဘက်ကလည်း အသစ်ဖြစ် တယ်။ မြန်မာပြည်ဘက်ကလည်း ရုရှားကိုအသစ် ဖြစ်တယ်။ ရုရှားကလည်း မြန်မာပြည်မှမဟုတ်ဘူး။ အရှေ့တောင်အာရှဘက်က အလုပ်သမားတွေခေါ် တဲ့အချိန်မှာအသစ်ဖြစ်တော့ သူတို့ရဲ့ System တွေ ကကို မတည်ငြိမ်ဘူးပေါ့။ တချို့ဆိုရင် Work ပါမစ် Visa ကို တစ်ခါမှမပေးဖူးတဲ့ပြည်နယ်တွေတောင်ရှိ တယ်။ အဲဒီနှစ်ခုကြားထဲမှာ ညှိနှိုင်းဆောင်ရွက်နေ တာနဲ့တင်ကို တစ်နှစ်လောက်ရှိသွားပြီပေါ့။ အခုက တော့ အကုန်လုံးလုပ်လို့ရပြီ။

မေး - ရုရှားဘက်ကနေ မြန်မာအလုပ်သမားတွေကို ခေါ်တဲ့အချိန်မှာ ဘယ်လိုကဏ္ဍမျိုးတွေကို အများဆုံး‌ ခေါ်လဲ၊ ပြီးရင် လစာကိုကော ဘယ်လိုသတ်မှတ်ပေး ထားလဲ။
ဖြေ - ရုရှားကကျတော့ အရမ်းကျယ်ပြန့်လွန်းတော့ နှစ်ခုရှိတယ်။ မော်စကိုဘက်ဖြစ်တဲ့ အနောက်ဘက် ခြမ်းက တော့ လစာနည်းတယ်။ မြို့ကြီးတွေကတော့ နည်းနည်းတော့ နည်းတယ်။ အရှေ့ဖျားဘက်တွေ ဘာတွေကတော့ ဂျပန်တို့၊ ကိုရီးယားတို့ဘက်နဲ့ နီးတဲ့ဘက်တွေကတော့ နည်းနည်းပိုကောင်းတယ်။ သူတို့က အခြေခံလစာကို ကိုရီးယားလိုဘယ်လောက် ဆိုပြီး သတ်မှတ်ထားတာတော့မရှိဘူး။ ကုမ္ပဏီတွေက နေပြီးတော့ သူတို့သတ်မှတ်ထားတဲ့ပုံစံအတိုင်း ခေါ်ကြတယ်။ အနည်ဆုံးလစာကတော့ ဒေါ်လာ (၇၀ဝ) လောက်ရှိတယ်။ ကျွမ်းကျင်လုပ်သားဆိုရင် တော့ ဒေါ်လာ(၁၀ဝဝ)အထက်ကနေ ဒေါ်လာ (၃၀ဝဝ)ကျော်အထိကို ခေါ်ပါတယ်။ ပညာရှင်ဆို လို့ရှိရင် ဒေါ်လာ(၃၀ဝဝ)ကျော်အထိကိုခေါ်တယ်။ အစ်မတို့ခေါ်ထားတဲ့အလုပ်ထဲမှာဆိုရင် ဒေါ်လာ (၁၇၀ဝ)အထိ အများဆုံးရထားတာရှိတယ်။ အနည်း ဆုံးကတော့ (၇၀ဝ)ပေါ့။ အရည်အချင်းစစ်တဲ့အပေါ် မှာမူတည်ပြီးတော့ ဒီလူရဲ့အရည်အချင်းပေါ်မှာ မူ တည်ပြီး သွားတယ်။ အလုပ်ကဘာတွေရှိလဲဆိုရင် တော့ ဆောက်လုပ်ရေးအလုပ်ကတော့ အများဆုံးရှိ တယ်။ ဘာလို့လဲဆို ပျက်စီးသွားတဲ့ဟာတွေများတာ ရော၊ ပြီးရင် Development အပိုင်းတွေက များတာ ရော အဲဒီဟာတွေအတွက်ကြောင့် ဆောက်လုပ်ရေး လုပ်ငန်းအတွက် လိုအပ်ချက်ကတော့ တော်တော်များ တယ်။ ပြီးသွားရင် သတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ ခေါ်တဲ့ဟာတွေတော်တော်များတယ်။ စိုက်ပျိုးရေးတို့ ဘာတို့ကတော့ နည်းတယ်။ မခေါ်သလောက်ကို ရှိတယ်။ ရှားတယ်။ သူတို့ဆီမှာ ဆောက်လုပ်ရေး ကတော့ အများဆုံးခေါ်ကြပါတယ်။
မေး -နောက်တစ်ခု အသက်အရွယ်ကန့်သတ်ချက် ကကော သူတို့ဘယ်လိုကန့်သတ်ထားတာလဲ။
ဖြေ - အသက်အရွယ်ကန့်သတ်ချက်က ရုရှားမှာ ကျတော့ အသက်(၂၀)ကနေ(၄၀)ကြားထဲ။ ဒါက တော့ နိုင်ငံတကာပုံစံအတိုင်းပဲပေါ့နော်။ ဒါပေမဲ့ ပညာရှင်ကိုကျတော့ (၄၅)လောက်အထိခေါ်ပေး တယ်။ မြန်မာနိုင်ငံ ကတော့ (၂၃)ကနေ (၃၁)က ပို့လို့ မရတဲ့အခါကျတော့ (၃၁)ပို့တဲ့ဟာတွေပဲ များသော အားဖြင့် သွားလို့ရတာပေါ့။

မေး - လက်ရှိမှာ မြန်မာအလုပ်သမားတွေ ရုရှားမှာ အလုပ်လုပ်နေပြီလား။ ဘယ်တော့လောက်စပြီး လွှတ်မှာလဲ။
ဖြေ - လက်ရှိကတော့ အလုပ်မလုပ်သေးဘူး။ အခု ပထမဦးဆုံးအကြိမ် စပြီးတော့လွှတ်မှာပေါ့။ အခုက သူတို့ဆီမှာ က နှစ်သစ်ကူးရုံးပိတ်ရက်က ရှိတယ်လေ။ ဠငျေ ှုညလငအအေငသည ထွက်ပြီဆိုတာနဲ့ သွားရမှာဆိုတော့ အကြာဆုံးကတော့ (၁)လခွဲ၊ (၂)လပေါ့နော်။ အမြန် ဆုံးဆိုရင်တော့ (၂)ပတ်လောက်အတွင်း သွားဖြစ်ပါ တယ်။

မေး - ခုနပြောသွားတဲ့အထဲမှာ မေလမတိုင်ခင် Demand တင်ထားတယ်။ Demand က ဘယ် လောက်များရှိလဲ။
ဖြေ - အဲဒီတုန်းက Demand က လူအယောက် (၁၉၀)ပေါ့။ အခုကတော့ အလုပ်ခေါ်တဲ့ဟာကတော့ (၅၃)ယောက်ပဲရှိပါတယ်။

မေး - အဲဒီ(၁၉၀)ကစိုက်ပျိုးရေးအတွက်ပဲ ခေါ်ထား တာလား။
ဖြေ - ဟုတ်တယ်။ စိုက်ပျိုးရေးအတွက် (၁၉၀)ဆို ပြီးကျလိုက်တာ။ ဒါပေမဲ့ အကုန်လုံးစစ်ဆေးပြီးတော့ (၁၉၀)ကျ တဲ့အချိန်မှာ ဒီဘက်က Immigration ကမရတာပေါ့။ Visa မပေးနိုင်ဘူး။ ဘာလို့လဲဆို နယ်မြေမငြိမ်းချမ်းတော့ Demand ကိုပြန်ပြင်လိုက် တာ။ စိုက်ပျိုးရေးအစား ဆောက်လုပ်ရေးဆိုပြီး ပြောင်းလိုက်တာ။ အဲဒီအထဲမှာမှ (၅၃)ယောက်က တော့ သေချာပြီးသား။ သူတို့က Visa တင်တဲ့ အချိန်မှာ အဆင့်ဆင့်တွေရှိတယ်။ General Permission ဆိုပြီးသွားတယ်၊ System ပါမစ်ဆိုပြီး သွားတယ်။ တစ်ဆင့်ချင်းစီ System နဲ့သွားတဲ့အချိန် မှာ လုံးဝ Pass ဖြစ်ပြီးသားတွေ။ အခုနောက်ဆုံးက ကျတော့ Migration Office ကနေကျလာမယ့်Letter (or) Invitation စောင့်နေတာပဲရှိပါတော့ တယ်။ အဲဒါထွက်ပြီဆိုတာနဲ့ မြန်မာပြည်ဘက်သံရုံးမှာ Visa ယူ အလုပ်သမားဝန်ကြီးဌာနဘက်ကလည်း စစ်ဆေးစရာရှိတာတွေစစ်ဆေး၊ သင်တန်းတက် စရာရှိတာတွေတက်ပြီးရင် သွားလို့ရပါပြီ။

မေး - မြန်မာနဲ့ ရုရှားကကော အလုပ်သမားပို့တဲ့ ကိစ္စကို MOU ဘယ်တော့လောက်ထိုးမယ်လို့ ကြားလဲ။
ဖြေ - ပထမဦးဆုံးကတော့ ရုရှားဘက်ကနေ MOU အကြမ်းစပို့တယ်။ ပို့ပြီးတော့ အလုပ်သမား ဝန်ကြီးဌာနဘက်ကနေပြီးတော့ ပြင်ဆင်ပြီးတော့ ပြန်ပို့တယ်။ ပြန်ပို့ပြီးသွားတဲ့အချိန်မှာ ဒီဘက်မှာ ကျတော့ အလုပ်သမားဝန်ကြီးဌာနက ပြည်တွင်းမှာ ရှိတဲ့အလုပ်သမားတွေကိုLabour and Social Produc­tion Ministry ဆိုတော့ နည်းနည်း လေးကြန့်ကြာတယ်။ အဲဒီမှာပြန်ပြင်တဲ့အပိုင်းကို ဆွေးနွေးနေဆဲအနေအထားပဲရှိသေးတယ်လို့ သိထားရတယ်။

မေး - ညီမတို့သိတဲ့အချက်အလက်တွေအရဆို ရု ရှားကိုအလုပ်သမားပို့မယ်ဆိုပြီး လိမ်တဲ့သူတွေရှိနေပြီလို့လည်း သိရတယ်၊ အလိမ်ခံရတဲ့သူတွေလည်း ရှိနေတယ်လို့လည်း သိရပါတယ်။ အဲဒီအပေါ်မှာကော အစ်မအနေနဲ့ ဘာများဖြည့်စွက်ပြောကြားချင် ပါသလဲရှင်။
ဖြေ - ရုရှားမှတော့မဟုတ်ဘူး။ ကျွန်မမြင်ရသ လောက်ကတော့ ဒီတစ်နိုင်ငံတည်းမှမဟုတ်ဘူး။ တခြားနိုင်ငံတွေ အကုန်လုံးကလည်း အလိမ်တွေ ချည်းပဲ။ ဥပမာ- မြန်မာလုပ်သားတွေ အများဆုံး ရောက်နေတဲ့ ထိုင်းဆိုရင်လည်း Visa မရလို့ဘာလို့ ဆိုတာနဲ့ ကလေးတွေဆီကနေ တောင်းထားပြီးတော့ တစ်နှစ်နီးပါးလောက်အထိ ပြန်မပေးဘဲနဲ့လိမ်တဲ့ ကိစ္စတွေလည်း ကြားရတယ်။ ဘာလို့လဲဆို ဒီက လေးတွေအဆင်မပြေတော့လို့ ရုရှားကိုသွားလို့ရမ လား ဆိုပြီးတော့လာကြတာတွေရှိတာကိုး။ ရှိတဲ့အခါကျတော့ ဒီကိစ္စတွေကို မြင်နေရတယ်၊ ကြားနေရတယ်။ ရုရှားလည်းပဲ ဒီတိုင်းပဲကြားတော့ ကြားပါတယ်။ ဒါပေမဲ့ ဘယ်သူဘယ်ဝါရယ်လို့တော့ မသိဘူးပေါ့နော်။ သတင်းထွက်သွားပြီဆိုကတည်း က ရုရှားကို သွားလို့ရပြီဆိုကတည်းက တကယ် တမ်းတော့ အဲဒီလောက်ကြီး သွားလို့မလွယ်ဘူး။ ဒီဘက်နိုင်ငံမှာက Visa ရဖို့ကတော်တော်လေးတင်း ကြပ်တာဆိုတော့လေ။ အဲဒီ လောက်မလွယ်ကူဘူး။ နောက်တစ်ခုက စစ်ဆေးမှု တွေ၊ အင်တာဗျူးမှုတွေ အဲဒါတွေက ပိုပြီးတော့ တောင်ကြန့်ကြာပါသေး တယ်။ အလွန်ဆုံး Demand ရပြီးတယ်ဆိုရင်တောင် မှပဲ (၆)လနဲ့ (၉)လကြာပြီးမှ သွားလို့ရပါတယ်။

မေး - အခုလက်ရှိမှာ မြန်မာနိုင်ငံကနေရုရှားကို အလုပ်သမားပို့တဲ့အေဂျင်စီက ဘယ်နှစ်ခုလောက် ရှိလဲ။
ဖြေ - အခုလောလောဆယ်တော့ Demand ရတာ ကျွန်မတို့တစ်ခုပဲရှိတယ်။ ဘယ်သူမှမရသေးပါဘူး။

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။

Zawgyi Version;
ေဒၚလာ(၃၀ဝဝ)ေက်ာ္အထိရႏိုင္တဲ့ ႐ုရွားအလုပ္သမားေဈးကြက္ထဲ ျမန္မာေတြ မၾကာခင္ေရာက္ေတာ့မလား... (သီးသန႔္အင္တာဗ်ဴး)
ယြန္း (NP News) - ဇန္နဝါရီလ ၂၄

ျမန္မာႏိုင္ငံသည္ ျပည္ပသို႔ သြားေရာက္လုပ္ကိုင္ေသာ အလုပ္သမားမ်ားျပားရာႏိုင္ငံတစ္ခုျဖစ္သည့္အျပင္ ျပည္တြင္း၌ (၂၀၂၁) ႏိုင္ငံေရးအခင္းအက်င္း ေနာက္ပိုင္းတြင္ ျပည္ပသို႔သြားေရာက္လုပ္ကိုင္သည့္ ပမာဏပိုမို မ်ားျပားလာခဲ့သည္။ ထိုသို႔သြားေရာက္ရာတြင္ အိမ္နီးခ်င္းႏိုင္ငံျဖစ္ေသာ ထိုင္းႏွင့္ မေလးရွားႏိုင္ငံသို႔သြားေရာက္မႈ မွာ အမ်ားဆုံးျဖစ္ၿပီး စင္ကာပူ၊ ဂ်ပန္ ႏွင့္ ကိုရီးယား အစရွိသည့္ႏိုင္ငံမ်ားသို႔လည္း သြားေရာက္မႈျမင့္မားလ်က္ ရွိသည္။
ထို႔ျပင္ ျမန္မာလုပ္သားမ်ားသြား‌ေရာက္မႈနည္းသည့္ ႐ုရွားႏိုင္ငံမွလည္း ျမန္မာအလုပ္သမားမ်ားကို ေခၚယူရန္ ဆႏၵရွိေနေၾကာင္း သိရသည္။ ထို႔ေၾကာင့္ လုပ္သားပို႔ေဆာင္ေရးအတြက္ ႏွစ္ႏိုင္ငံအၾကား MOU ေရးထိုးရန္ရွိ ေၾကာင္း ၿပီးခဲ့သည့္ (၂၀၂၃) ခုႏွစ္ ေအာက္တိုဘာလတြင္ အလုပ္သမားဝန္ႀကီးဌာနက အသိေပးထားသည္။ လက္ရွိ တြင္ အဆိုပါကိစၥမ်ားႏွင့္ပတ္သက္၍ ဆက္လက္ေဆာင္႐ြက္ေနသည့္အေျခအေန၊ ဆက္လက္လုပ္ေဆာင္သြားမည့္ လုပ္ငန္းစဥ္မ်ား၊ အလုပ္သမားပို႔ေဆာင္ေရးတို႔ႏွင့္ပတ္သက္၍ NP News က အလုပ္သမားပို႔ေဆာင္ေရးေအဂ်င္စီ တစ္ခုႏွင့္ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး - ႐ုရွားကို အလုပ္သမားပို႔ေဆာင္ေရးနဲ႔ပတ္သက္ၿပီးေတာ့ လက္ရွိမွာ ဘယ္အတိုင္းအတာအထိ ေရာက္ေနၿပီ လဲ။
ေျဖ - တကယ္ေတာ့ အလုပ္သမားပို႔တယ္ဆိုတာ MOU ႏွစ္ႏိုင္ငံမထိုးရေသးဘဲနဲ႔လည္း ပို႔လို႔ရတယ္ေပါ့။ ပို႔လို႔ရတဲ့ အခ်ိန္မွာေတာ့ သံ႐ုံးရွိတဲ့ႏိုင္ငံေတြ ကက်ေတာ့ သံ႐ုံးကေန အလုပ္ေခၚစာ မွန္၊ မမွန္ အကုန္လုံးကို စိစစ္ၿပီးေတာ့ ေခၚတာေပါ့။ အဲဒီလို ဆိုေတာ့ MOU ကေတာ့ အျပန္အလွန္ႏွစ္ႏိုင္ငံ ၾကားထဲမွာ ျပဳျပင္တာေတြဘာေတြလုပ္ေနတဲ့ အေနအထားမွာေတာ့ရွိေနတယ္။ သြားတာ၊ ျပန္တာႏွစ္ ေခါက္ေလာက္ေတာ့ရွိၿပီ။ ဒါကေတာ့ ဝန္ႀကီးဌာန အခ်င္းခ်င္း ခ်ိတ္ဆက္ၿပီးလုပ္ေဆာင္ေနၾကတယ္။ အဲဒီအခ်ိန္ထဲမွာ အလုပ္သမားကို ၿပီးခဲ့တဲ့ေမလ မတိုင္ခင္က Demand တစ္ခုတင္ထားတာ က်ထား ၿပီးၿပီ။ က်ၿပီးသြားေတာ့ စိုက္ပ်ိဳးေရးလုပ္ငန္းျဖစ္တယ္။ ဒီမွာက Immigration က နည္းနည္းေလးက်ပ္ တယ္။ ရထားတဲ့စိုက္ပ်ိဳးေရး Demand ကက်ေတာ့ အားလုံးစိစစ္ၿပီးေတာ့ မွန္ကန္ပါတယ္ဆိုၿပီး ျဖစ္သြား တဲ့အခ်ိန္မွာ Visa မရတာရယ္၊ ေနာက္တစ္ခု နယ္ေျမမေအးခ်မ္းတာရယ္နဲ႔ မလႊတ္ျဖစ္ဘူးေပါ့ေနာ္။ အဲဒီတုန္းက စိုက္ပ်ိဳးေရးလုပ္ငန္း။ အဲဒါနဲ႔ပဲ ဒီဘက္ျခမ္းက Agency ကပဲ Demand တစ္ခု ထပ္ၿပီးေပးထားတယ္။ ေပးထားတဲ့ဟာကလည္း တရားဝင္ဝန္ႀကီးဌာနကို တင္ၿပီးေတာ့ အကုန္လုံးစစ္ေဆးၿပီးၿပီ။ သူတို႔ကိုယ္တိုင္လည္း အင္တာဗ်ဴးေတြ ဘာေတြလာလုပ္ၿပီးသြားၿပီ။ အေျခအေနေတြအကုန္လုံးကို သံ႐ုံးလည္း သိတယ္။ အလုပ္သမားဝန္ႀကီးဌာနလည္း သိတယ္။ အခုက ေနာက္ဆုံးအဆင့္ေရာက္ၿပီေပါ့။ ျမန္မာျပည္ကေန ၿပီးေတာ့ Agency အေနနဲ႔သြားထားတယ္။ ႐ုရွားမွာကက်ေတာ့ Agency to Agency ပဲသြားခြင့္ေပးထားတယ္။ Government အခ်င္းခ်င္းသြားလို႔မရဘူးေပါ့ေနာ္။ ကိုရီးယားမွာဆို Government MOU ထိုးၿပီးသြားတာမ်ိဳးရွိတယ္။ ဒါကက်ေတာ့ အဲဒီလိုမ်ိဳးသြားလို႔မရဘူး။ Agency နဲ႔ ပို႔မႈပဲသြားလို႔ရတယ္။ ဒီဟာေလးကေတာ့ အလုပ္သမားရဲ႕ လုပ္ငန္းစဥ္ေလးေပါ့ေနာ္။

ေမး - Demand ေတြက်ထားတယ္လို႔လည္း ခုနက ေျပာတဲ့အထဲမွာ ပါတယ္ေပါ့။ ဒါေပမဲ့ လက္ရွိမွာ ဘာလို႔ အလုပ္သမားေတြ မပို႔ႏိုင္ေသးတာလဲ။
ေျဖ - ျမန္မာႏိုင္ငံမွာရွိတဲ့ အလုပ္သမားဝန္ႀကီးဌာန ရယ္၊ ဟိုဘက္ႏိုင္ငံမွာရွိထားတဲ့ အလုပ္သမားဝန္ႀကီး ဌာနရယ္ အဲဒီႏွစ္ခုရဲ႕ၾကားထဲမွာ တိုက္႐ိုက္ဆက္သြယ္လို႔မရဘူး။ တျခားႏိုင္ငံေတြလည္း အတူတူပဲ။ ၾကားထဲကေန သံ႐ုံး ကေနတစ္ဆင့္ သြားရတယ္။ အလုပ္သမားကိစၥကို ႐ုရွားဘက္ကလည္း လိုလားတယ္။ ျမန္မာအလုပ္သမားေတြကို ေခၚခ်င္တယ္။ ျမန္မာဘက္ကလည္း ႐ုရွားဆိုတာ ေဈးကြက္အသစ္ လစာလည္းပိုၿပီးေတာ့ အဆင္ေျပႏိုင္မလား ဆိုၿပီးေတာ့ ႀကိဳးစားခိုင္းတဲ့အေနအထားမ်ိဳးမွာ အစ္မတို႔က ၾကားထဲကေန ႀကိဳးစားေပးတာေပါ့။ ဒီမွာရွိထားတဲ့ ေအဂ်င္စီနဲ႔ ႏိုင္ငံေတာ္အဆင့္ MOU လက္မွတ္ ထိုးထားၿပီးေတာ့ တရားဝင္လုပ္ေဆာင္တာေပါ့။ လုပ္ေဆာင္တဲ့ အထဲမွာ MOU ထိုးၿပီးမွ လုပ္ရမယ္ဆိုတဲ့ ပုံစံမ်ိဳးေပါ့ေနာ္။ အဲဒီလိုမ်ိဳးထင္သြားမွာကိုလည္း စိတ္ပူတယ္။ သြားဖို႔ကလည္း Ready ျဖစ္ေနပါၿပီ။ ေနာက္ တစ္ခုက အသက္အ႐ြယ္ကိစၥေပါ့။ တခ်ိဳ႕ေတြလည္း လိမ္ၾကတဲ့သူေတြ လည္း ရွိေကာင္းရွိၾကတယ္။ အစ္မတို႔လည္း ၾကားေတာ့ၾကားတယ္။ အသက္အ႐ြယ္ ကဘယ္လိုျဖစ္တာလဲဆိုေတာ့ ကန႔္သတ္ခ်က္ကို ေျဖ ေလွ်ာ့ေပးတာမ်ိဳး လုံးဝမရွိဘူး။ ဝန္ႀကီးကလည္း အဲဒီကိစၥကို လုံးဝမလုပ္ဘူး။ လုပ္မေပးႏိုင္ဘူး။ ဒါေပမဲ့ ေမလမွာအသက္အ႐ြယ္ကန႔္သတ္ခ်က္ထြက္ တယ္။ အဲဒီမတိုင္ခင္တည္းက ပထမ Demand ကက်ထားၿပီးသားျဖစ္ေတာ့ ပထမ Demand နဲ႔ ပထမ Agency ပဲ အလုပ္ရွင္ေရာ အကုန္လုံးက အတူတူပဲျဖစ္ေတာ့ အလုပ္ေလးပဲေျပာင္းလိုက္တယ္ ဆိုၿပီးေတာ့ တင္လိုက္တာေပါ့ေနာ္။ တင္လိုက္တဲ့ အခါမွာ ပထမဦးဆုံးအႀကိမ္မွာေတာ့ လူအေယာက္ (၁၉၀)ေလာက္ကို က်ထားတယ္။ ဒါေပမဲ့ ပထမဦးဆုံး လႊတ္မယ့္ လူအေယာက္ (၅၀)ေလာက္ကိုေတာ့ အ သက္အ႐ြယ္ကန႔္သတ္ခ်က္မတိုင္ခင္ကကို က်ထား တဲ့ Demand ျဖစ္ေနေတာ့ ခြင့္ျပဳေပးလိုက္မယ္ဆိုတာေတာ့ရွိတယ္။ အခုကေလးေတြက (၆)လ ေလာက္ရွိၿပီ ဘာသာစကားသင္ရတယ္။ သင္ထားၿပီး ေတာ့ စာေမးပြဲေျဖတယ္။ ေဆာက္လုပ္ေရးလုပ္ငန္း အတြက္ ဝရိန္တို႔ဘာတို႔ကို တကယ့္ကြၽမ္းက်င္ပညာရွင္ေတြလာစစ္ၿပီးပါၿပီ။ အဲဒီထဲမွာေတာ့ (၃၀) ရာခိုင္ ႏႈန္းေလာက္ေတာ့ပါေနတယ္။ (၂၁)နဲ႔ (၃၃)ထဲမွာ ပါေနတယ္။ လိမ္တာေတြကေတာ့ ရွိေကာင္းရွိလိမ့္ မယ္။ က်န္တဲ့သူေတြလည္း ဘာသာစကားသင္တန္း ဖြင့္တာေတြ ဘာေတြေတာ့ရွိတယ္လို႔ၾကားတယ္။ တကယ္တမ္းေျမျပင္မွာကေတာ့ တကယ္လုပ္ေနတာ ဟုတ္ပါတယ္။

ေမး - ညီမတို႔သိသေလာက္ကေတာ့ တျခားႏိုင္ ငံေတြဆို MOU ထိုးၿပီးေတာ့မွ အလုပ္သမားေခၚတာ ေတြရွိတယ္။ ႐ုရွားကက်ေတာ့ Agency အခ်င္းခ်င္း ပို႔ေနၾကတာေပါ့။
ေျဖ - ႏိုင္ငံတိုင္းကေတာ့ MOU ထိုးၿပီးမွ အလုပ္သမားပို႔ခြင့္ရွိတာမဟုတ္ဘူး။ လာအိုဆိုလို႔ရွိရင္လည္း အလုပ္သမားအရင္ပို႔ၿပီးသြားေတာ့မွ MOU က ၿပီးခဲ့ တဲ့လပိုင္းကမွထိုးလိုက္တာေပါ့။ အဲဒီလိုမ်ိဳးေလးေတြ ရွိတယ္။ ကိုရီးယားလည္း ဒီတိုင္းပဲ။ အရင္တုန္းကMOU မထိုးရေသးဘူး။ မထိုးရေသးခင္ကတည္းက သူတို႔ဟာသူတို႔ အခ်င္းခ်င္းပို႔လို႔ရတယ္။ ပို႔ၿပီးသြားမွ MOU ထိုးၾကတယ္။ ေတာ္ေတာ္မ်ားမ်ားကေတာ့ အဲဒီပုံစံအတိုင္းပဲသြားၾကတာမ်ားတယ္။ ႐ုရွားကလည္း MOU ထိုးဖို႔ျပင္ဆင္ေနတဲ့အခ်ိန္အတြင္းမွာ Agency to Agency က သြားခြင့္ရွိပါတယ္။ သြား ခြင့္ရွိေတာ့ အခုေလာေလာဆယ္ကေတာ့ ျမန္မာ ဘက္က Agency ေတြက ႐ုရွား Agency ဆီက Demand က်တယ္ဆိုရင္ လူလႊတ္ခြင့္ရွိပါတယ္။

ေမး - ခုနေျပာတဲ့အထဲမွာလည္း ပါတယ္ေပါ့။ ေမလ မတိုင္ခင္က Demand တင္ထားတယ္လို႔ သိရပါ တယ္။ (၂၀၂၄) ေမလမတိုင္ခင္ကလား။
ေျဖ - (၂၀၂၄) ခုႏွစ္ ေမလမတိုင္ခင္ကတည္းက Demand စၿပီးတင္တာေပါ့။ တင္ေပမယ့္ ႏိုင္ငံအ သစ္လည္းျဖစ္တဲ့ အခါက်ေတာ့ ဒီႏိုင္ငံရဲ႕စည္းမ်ဥ္း ေတြ၊ ဟိုဘက္ႏိုင္ငံရဲ႕စည္းမ်ဥ္းေတြ မတူတဲ့အခါက် ေတာ့ အစိုးရႏွစ္ရပ္ၾကားထဲမွာ ညႇိႏႈိင္းေဆာင္႐ြက္တာေတြလုပ္ရတယ္။ ၿပီးခဲ့တဲ့ႏွစ္ ဇန္နဝါရီလေလာက္ ကစၿပီး Demand ေတြထြက္ပါတယ္။ (၂၀၂၄) ဇန္န ဝါရီမွာပဲ ေမာ္စကိုမွာ ပြဲတစ္ခုရွိခဲ့တယ္။ အဲဒီပြဲမွာပဲ ဝန္ႀကီးဌာနလူႀကီးေတြေရွ႕မွာပဲ ေအဂ်င္စီႏွစ္ခုက လက္မွတ္ထိုးခဲ့တယ္။ ထိုးၿပီးေတာ့ ျပန္လာတယ္။ သူတို႔ Demand ေတြပို႔ေပးတယ္။ ပို႔ေပးတဲ့အခ်ိန္မွာ ႐ုရွားႏိုင္ငံကက်ေတာ့ မ်ားေသာအားျဖင့္ ေဘးနားက ကာဂ်စၥတန္တို႔ စသည္ျဖင့္ စတန္ႏိုင္ငံေတြကပဲ အလုပ္ေခၚတာမ်ားတယ္။ အဲဒီလိုမ်ိဳးႏိုင္ငံက အလုပ္ ေခၚတယ္ဆိုရင္ သူတို႔ဆီမွာက ကန႔္သတ္ခ်က္ေတြ အမ်ားႀကီးသိပ္မရွိဘူး။ မရွိတဲ့အခါက်ေတာ့ ေအဂ်င္ စီေတြကလည္း မလိုဘူး။ တိုက္႐ိုက္ေခၚလို႔ရတယ္။ ဒါေပမဲ့ အေရွ႕ေတာင္အာရွဘက္က အလုပ္သမား ေခၚမယ္ဆိုလို႔ရွိရင္ သတ္မွတ္ခ်က္ေတြကပိုမ်ား တယ္။ ပိုမ်ားၿပီးေတာ့ Oversea Employment နဲ႔ ပတ္သက္တဲ့ Agency ေတြကလည္း ဒီႏိုင္ငံမွာေတာ္ ေတာ္ကိုနည္းတယ္။ အဲဒီလိုသိပ္ၿပီးေတာ့ မရွိေသးတဲ့ အခ်ိန္မွာ ေဘးႏိုင္ငံေတြရဲ႕ မယုံၾကည္ရမႈေတြေၾကာင့္ ေဘးႏိုင္ငံက အလုပ္သမားေတြကို ပိတ္လိုက္တယ္။ ယူကရိန္းကအလုပ္သမားေတြကလည္း မရွိေတာ့ဘူး။ အလုပ္သမားရွားပါးမႈေၾကာင့္ အေရွ႕ေတာင္အာရွ ကိုလွည့္တဲ့အခ်ိန္မွာ သူတို႔ဘက္ကလည္း အသစ္ျဖစ္ တယ္။ ျမန္မာျပည္ဘက္ကလည္း ႐ုရွားကိုအသစ္ ျဖစ္တယ္။ ႐ုရွားကလည္း ျမန္မာျပည္မွမဟုတ္ဘူး။ အေရွ႕ေတာင္အာရွဘက္က အလုပ္သမားေတြေခၚ တဲ့အခ်ိန္မွာအသစ္ျဖစ္ေတာ့ သူတို႔ရဲ႕ System ေတြ ကကို မတည္ၿငိမ္ဘူးေပါ့။ တခ်ိဳ႕ဆိုရင္ Work ပါမစ္ Visa ကို တစ္ခါမွမေပးဖူးတဲ့ျပည္နယ္ေတြေတာင္ရွိ တယ္။ အဲဒီႏွစ္ခုၾကားထဲမွာ ညႇိႏႈိင္းေဆာင္႐ြက္ေန တာနဲ႔တင္ကို တစ္ႏွစ္ေလာက္ရွိသြားၿပီေပါ့။ အခုက ေတာ့ အကုန္လုံးလုပ္လို႔ရၿပီ။

ေမး - ႐ုရွားဘက္ကေန ျမန္မာအလုပ္သမားေတြကို ေခၚတဲ့အခ်ိန္မွာ ဘယ္လိုက႑မ်ိဳးေတြကို အမ်ားဆုံး‌ ေခၚလဲ၊ ၿပီးရင္ လစာကိုေကာ ဘယ္လိုသတ္မွတ္ေပး ထားလဲ။
ေျဖ - ႐ုရွားကက်ေတာ့ အရမ္းက်ယ္ျပန႔္လြန္းေတာ့ ႏွစ္ခုရွိတယ္။ ေမာ္စကိုဘက္ျဖစ္တဲ့ အေနာက္ဘက္ ျခမ္းက ေတာ့ လစာနည္းတယ္။ ၿမိဳ႕ႀကီးေတြကေတာ့ နည္းနည္းေတာ့ နည္းတယ္။ အေရွ႕ဖ်ားဘက္ေတြ ဘာေတြကေတာ့ ဂ်ပန္တို႔၊ ကိုရီးယားတို႔ဘက္နဲ႔ နီးတဲ့ဘက္ေတြကေတာ့ နည္းနည္းပိုေကာင္းတယ္။ သူတို႔က အေျခခံလစာကို ကိုရီးယားလိုဘယ္ေလာက္ ဆိုၿပီး သတ္မွတ္ထားတာေတာ့မရွိဘူး။ ကုမၸဏီေတြက ေနၿပီးေတာ့ သူတို႔သတ္မွတ္ထားတဲ့ပုံစံအတိုင္း ေခၚၾကတယ္။ အနည္ဆုံးလစာကေတာ့ ေဒၚလာ (၇၀ဝ) ေလာက္ရွိတယ္။ ကြၽမ္းက်င္လုပ္သားဆိုရင္ ေတာ့ ေဒၚလာ(၁၀ဝဝ)အထက္ကေန ေဒၚလာ (၃၀ဝဝ)ေက်ာ္အထိကို ေခၚပါတယ္။ ပညာရွင္ဆို လို႔ရွိရင္ ေဒၚလာ(၃၀ဝဝ)ေက်ာ္အထိကိုေခၚတယ္။ အစ္မတို႔ေခၚထားတဲ့အလုပ္ထဲမွာဆိုရင္ ေဒၚလာ (၁၇၀ဝ)အထိ အမ်ားဆုံးရထားတာရွိတယ္။ အနည္း ဆုံးကေတာ့ (၇၀ဝ)ေပါ့။ အရည္အခ်င္းစစ္တဲ့အေပၚ မွာမူတည္ၿပီးေတာ့ ဒီလူရဲ႕အရည္အခ်င္းေပၚမွာ မူ တည္ၿပီး သြားတယ္။ အလုပ္ကဘာေတြရွိလဲဆိုရင္ ေတာ့ ေဆာက္လုပ္ေရးအလုပ္ကေတာ့ အမ်ားဆုံးရွိ တယ္။ ဘာလို႔လဲဆို ပ်က္စီးသြားတဲ့ဟာေတြမ်ားတာ ေရာ၊ ၿပီးရင္ Development အပိုင္းေတြက မ်ားတာ ေရာ အဲဒီဟာေတြအတြက္ေၾကာင့္ ေဆာက္လုပ္ေရး လုပ္ငန္းအတြက္ လိုအပ္ခ်က္ကေတာ့ ေတာ္ေတာ္မ်ား တယ္။ ၿပီးသြားရင္ သတၱဳတူးေဖာ္ေရးလုပ္ငန္းေတြမွာ ေခၚတဲ့ဟာေတြေတာ္ေတာ္မ်ားတယ္။ စိုက္ပ်ိဳးေရးတို႔ ဘာတို႔ကေတာ့ နည္းတယ္။ မေခၚသေလာက္ကို ရွိတယ္။ ရွားတယ္။ သူတို႔ဆီမွာ ေဆာက္လုပ္ေရး ကေတာ့ အမ်ားဆုံးေခၚၾကပါတယ္။
ေမး -ေနာက္တစ္ခု အသက္အ႐ြယ္ကန႔္သတ္ခ်က္ ကေကာ သူတို႔ဘယ္လိုကန႔္သတ္ထားတာလဲ။
ေျဖ - အသက္အ႐ြယ္ကန႔္သတ္ခ်က္က ႐ုရွားမွာ က်ေတာ့ အသက္(၂၀)ကေန(၄၀)ၾကားထဲ။ ဒါက ေတာ့ ႏိုင္ငံတကာပုံစံအတိုင္းပဲေပါ့ေနာ္။ ဒါေပမဲ့ ပညာရွင္ကိုက်ေတာ့ (၄၅)ေလာက္အထိေခၚေပး တယ္။ ျမန္မာႏိုင္ငံ ကေတာ့ (၂၃)ကေန (၃၁)က ပို႔လို႔ မရတဲ့အခါက်ေတာ့ (၃၁)ပို႔တဲ့ဟာေတြပဲ မ်ားေသာ အားျဖင့္ သြားလို႔ရတာေပါ့။

ေမး - လက္ရွိမွာ ျမန္မာအလုပ္သမားေတြ ႐ုရွားမွာ အလုပ္လုပ္ေနၿပီလား။ ဘယ္ေတာ့ေလာက္စၿပီး လႊတ္မွာလဲ။
ေျဖ - လက္ရွိကေတာ့ အလုပ္မလုပ္ေသးဘူး။ အခု ပထမဦးဆုံးအႀကိမ္ စၿပီးေတာ့လႊတ္မွာေပါ့။ အခုက သူတို႔ဆီမွာ က ႏွစ္သစ္ကူး႐ုံးပိတ္ရက္က ရွိတယ္ေလ။ ဠေင် ႈညလငအေအငသည ထြက္ၿပီဆိုတာနဲ႔ သြားရမွာဆိုေတာ့ အၾကာဆုံးကေတာ့ (၁)လခြဲ၊ (၂)လေပါ့ေနာ္။ အျမန္ ဆုံးဆိုရင္ေတာ့ (၂)ပတ္ေလာက္အတြင္း သြားျဖစ္ပါ တယ္။

ေမး - ခုနေျပာသြားတဲ့အထဲမွာ ေမလမတိုင္ခင္ Demand တင္ထားတယ္။ Demand က ဘယ္ ေလာက္မ်ားရွိလဲ။
ေျဖ - အဲဒီတုန္းက Demand က လူအေယာက္ (၁၉၀)ေပါ့။ အခုကေတာ့ အလုပ္ေခၚတဲ့ဟာကေတာ့ (၅၃)ေယာက္ပဲရွိပါတယ္။

ေမး - အဲဒီ(၁၉၀)ကစိုက္ပ်ိဳးေရးအတြက္ပဲ ေခၚထား တာလား။
ေျဖ - ဟုတ္တယ္။ စိုက္ပ်ိဳးေရးအတြက္ (၁၉၀)ဆို ၿပီးက်လိုက္တာ။ ဒါေပမဲ့ အကုန္လုံးစစ္ေဆးၿပီးေတာ့ (၁၉၀)က် တဲ့အခ်ိန္မွာ ဒီဘက္က Immigration ကမရတာေပါ့။ Visa မေပးႏိုင္ဘူး။ ဘာလို႔လဲဆို နယ္ေျမမၿငိမ္းခ်မ္းေတာ့ Demand ကိုျပန္ျပင္လိုက္ တာ။ စိုက္ပ်ိဳးေရးအစား ေဆာက္လုပ္ေရးဆိုၿပီး ေျပာင္းလိုက္တာ။ အဲဒီအထဲမွာမွ (၅၃)ေယာက္က ေတာ့ ေသခ်ာၿပီးသား။ သူတို႔က Visa တင္တဲ့ အခ်ိန္မွာ အဆင့္ဆင့္ေတြရွိတယ္။ General Permission ဆိုၿပီးသြားတယ္၊ System ပါမစ္ဆိုၿပီး သြားတယ္။ တစ္ဆင့္ခ်င္းစီ System နဲ႔သြားတဲ့အခ်ိန္ မွာ လုံးဝ Pass ျဖစ္ၿပီးသားေတြ။ အခုေနာက္ဆုံးက က်ေတာ့ Migration Office ကေနက်လာမယ့္Letter (or) Invitation ေစာင့္ေနတာပဲရွိပါေတာ့ တယ္။ အဲဒါထြက္ၿပီဆိုတာနဲ႔ ျမန္မာျပည္ဘက္သံ႐ုံးမွာ Visa ယူ အလုပ္သမားဝန္ႀကီးဌာနဘက္ကလည္း စစ္ေဆးစရာရွိတာေတြစစ္ေဆး၊ သင္တန္းတက္ စရာရွိတာေတြတက္ၿပီးရင္ သြားလို႔ရပါၿပီ။

ေမး - ျမန္မာနဲ႔ ႐ုရွားကေကာ အလုပ္သမားပို႔တဲ့ ကိစၥကို MOU ဘယ္ေတာ့ေလာက္ထိုးမယ္လို႔ ၾကားလဲ။
ေျဖ - ပထမဦးဆုံးကေတာ့ ႐ုရွားဘက္ကေန MOU အၾကမ္းစပို႔တယ္။ ပို႔ၿပီးေတာ့ အလုပ္သမား ဝန္ႀကီးဌာနဘက္ကေနၿပီးေတာ့ ျပင္ဆင္ၿပီးေတာ့ ျပန္ပို႔တယ္။ ျပန္ပို႔ၿပီးသြားတဲ့အခ်ိန္မွာ ဒီဘက္မွာ က်ေတာ့ အလုပ္သမားဝန္ႀကီးဌာနက ျပည္တြင္းမွာ ရွိတဲ့အလုပ္သမားေတြကိုLabour and Social Produc­tion Ministry ဆိုေတာ့ နည္းနည္း ေလးၾကန႔္ၾကာတယ္။ အဲဒီမွာျပန္ျပင္တဲ့အပိုင္းကို ေဆြးေႏြးေနဆဲအေနအထားပဲရွိေသးတယ္လို႔ သိထားရတယ္။

ေမး - ညီမတို႔သိတဲ့အခ်က္အလက္ေတြအရဆို ႐ု ရွားကိုအလုပ္သမားပို႔မယ္ဆိုၿပီး လိမ္တဲ့သူေတြရွိေနၿပီလို႔လည္း သိရတယ္၊ အလိမ္ခံရတဲ့သူေတြလည္း ရွိေနတယ္လို႔လည္း သိရပါတယ္။ အဲဒီအေပၚမွာေကာ အစ္မအေနနဲ႔ ဘာမ်ားျဖည့္စြက္ေျပာၾကားခ်င္ ပါသလဲရွင္။
ေျဖ - ႐ုရွားမွေတာ့မဟုတ္ဘူး။ ကြၽန္မျမင္ရသ ေလာက္ကေတာ့ ဒီတစ္ႏိုင္ငံတည္းမွမဟုတ္ဘူး။ တျခားႏိုင္ငံေတြ အကုန္လုံးကလည္း အလိမ္ေတြ ခ်ည္းပဲ။ ဥပမာ- ျမန္မာလုပ္သားေတြ အမ်ားဆုံး ေရာက္ေနတဲ့ ထိုင္းဆိုရင္လည္း Visa မရလို႔ဘာလို႔ ဆိုတာနဲ႔ ကေလးေတြဆီကေန ေတာင္းထားၿပီးေတာ့ တစ္ႏွစ္နီးပါးေလာက္အထိ ျပန္မေပးဘဲနဲ႔လိမ္တဲ့ ကိစၥေတြလည္း ၾကားရတယ္။ ဘာလို႔လဲဆို ဒီက ေလးေတြအဆင္မေျပေတာ့လို႔ ႐ုရွားကိုသြားလို႔ရမ လား ဆိုၿပီးေတာ့လာၾကတာေတြရွိတာကိုး။ ရွိတဲ့အခါက်ေတာ့ ဒီကိစၥေတြကို ျမင္ေနရတယ္၊ ၾကားေနရတယ္။ ႐ုရွားလည္းပဲ ဒီတိုင္းပဲၾကားေတာ့ ၾကားပါတယ္။ ဒါေပမဲ့ ဘယ္သူဘယ္ဝါရယ္လို႔ေတာ့ မသိဘူးေပါ့ေနာ္။ သတင္းထြက္သြားၿပီဆိုကတည္း က ႐ုရွားကို သြားလို႔ရၿပီဆိုကတည္းက တကယ္ တမ္းေတာ့ အဲဒီေလာက္ႀကီး သြားလို႔မလြယ္ဘူး။ ဒီဘက္ႏိုင္ငံမွာက Visa ရဖို႔ကေတာ္ေတာ္ေလးတင္း ၾကပ္တာဆိုေတာ့ေလ။ အဲဒီ ေလာက္မလြယ္ကူဘူး။ ေနာက္တစ္ခုက စစ္ေဆးမႈ ေတြ၊ အင္တာဗ်ဴးမႈေတြ အဲဒါေတြက ပိုၿပီးေတာ့ ေတာင္ၾကန႔္ၾကာပါေသး တယ္။ အလြန္ဆုံး Demand ရၿပီးတယ္ဆိုရင္ေတာင္ မွပဲ (၆)လနဲ႔ (၉)လၾကာၿပီးမွ သြားလို႔ရပါတယ္။

ေမး - အခုလက္ရွိမွာ ျမန္မာႏိုင္ငံကေန႐ုရွားကို အလုပ္သမားပို႔တဲ့ေအဂ်င္စီက ဘယ္ႏွစ္ခုေလာက္ ရွိလဲ။
ေျဖ - အခုေလာေလာဆယ္ေတာ့ Demand ရတာ ကြၽန္မတို႔တစ္ခုပဲရွိတယ္။ ဘယ္သူမွမရေသးပါဘူး။

အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ရွင္။

Related news

© 2021. All rights reserved.