ရာသီပေါ် ကုန်စိမ်းဈေးနှုန်းများ ကျဆင်းနေပြီး အသား/ငါးဈေး ကောင်းနေ

503
NP News - ဇန်နဝါရီလ ၂၄
ဆောင်းတွင်းကာလရာသီချိန် သီးနှံများပေါ်ထွက်လာရာ ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီ နှင့် သခွားသီး အစရှိသော ဆောင်းသီးနှံများ လှိုင်လှိုင်ထွက်ပေါ်ကာ ဈေးကျနေပြီး အသားနှင့်ငါးဈေးများ မြင့်တက်နေဆဲဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
“မိုးတွင်းတုန်းက ဈေးတက်ခဲ့တဲ့ သစ်သီးဝလံ နဲ့ မီးဖိုချောင်သုံးကုန်စည်တွေ ဈေးကျနေပါတယ်။ ကြက်၊ ဝက်၊ အမဲ၊ ဆိတ်သားတွေ နဲ့ ငါး၊ ပုဇွန်တွေက ဈေးမြင့်တက်နေဆဲပါပဲ” ဟု ဒညင်းကုန်း လက်ကားဈေးမှ ကုန်သည်တစ်ဦး က ပြောသည်။
လတ်တလောတွင် ယခင်က ပန်းဂေါ်ဖီတစ်ထုတ်လျှင် ယခင် သုံးထောင်ကျပ်အကျော်မှ လက်ရှိတွင် ၁၅၀၀ ကျပ် ဝန်းကျင်သာရှိကြောင်း သခွားသိးတစ်လုံးလျှင် ယခင် ငါးရာကျပ်မှ လက်ရှိတွင် နှစ်ရာကျပ်သို့ ရောက်ရှိနေသည်။
သို့သော်လည်း အသား နှင့် ငါးဈေးများမှာ ငါးကြင်းတစ်ပိဿာလျှင် နှစ်သောင်းကျပ် ဝန်းကျင်၊ ဝက်သား တစ်ပိဿာလျှင် သုံးသောင်း လေးထောင်ကျပ် နှင့် ဆိတ်သားတစ်ပိသာလျှင် သုံးသောင်းခွဲခန့်အထိ ဆက်လက် မြင့်တက်နေဆဲဖြစ်သည်။
Zawgyi Version;
ရာသီေပၚ ကုန္စိမ္းေဈးႏႈန္းမ်ား က်ဆင္းေနၿပီး အသား/ငါးေဈး ေကာင္းေန
NP News - ဇန္နဝါရီလ ၂၄
ေဆာင္းတြင္းကာလရာသီခ်ိန္ သီးႏွံမ်ားေပၚထြက္လာရာ ေဂၚဖီထုတ္၊ ပန္းေဂၚဖီ ႏွင့္ သခြားသီး အစရွိေသာ ေဆာင္းသီးႏွံမ်ား လႈိင္လႈိင္ထြက္ေပၚကာ ေဈးက်ေနၿပီး အသားႏွင့္ငါးေဈးမ်ား ျမင့္တက္ေနဆဲျဖစ္ေၾကာင္း ေဈးကြက္အတြင္းမွ သိရသည္။
“မိုးတြင္းတုန္းက ေဈးတက္ခဲ့တဲ့ သစ္သီးဝလံ နဲ႔ မီးဖိုေခ်ာင္သုံးကုန္စည္ေတြ ေဈးက်ေနပါတယ္။ ၾကက္၊ ဝက္၊ အမဲ၊ ဆိတ္သားေတြ နဲ႔ ငါး၊ ပုဇြန္ေတြက ေဈးျမင့္တက္ေနဆဲပါပဲ” ဟု ဒညင္းကုန္း လက္ကားေဈးမွ ကုန္သည္တစ္ဦး က ေျပာသည္။
လတ္တေလာတြင္ ယခင္က ပန္းေဂၚဖီတစ္ထုတ္လွ်င္ ယခင္ သုံးေထာင္က်ပ္အေက်ာ္မွ လက္ရွိတြင္ ၁၅၀၀ က်ပ္ ဝန္းက်င္သာရွိေၾကာင္း သခြားသိးတစ္လုံးလွ်င္ ယခင္ ငါးရာက်ပ္မွ လက္ရွိတြင္ ႏွစ္ရာက်ပ္သို႔ ေရာက္ရွိေနသည္။
သို႔ေသာ္လည္း အသား ႏွင့္ ငါးေဈးမ်ားမွာ ငါးၾကင္းတစ္ပိႆာလွ်င္ ႏွစ္ေသာင္းက်ပ္ ဝန္းက်င္၊ ဝက္သား တစ္ပိႆာလွ်င္ သုံးေသာင္း ေလးေထာင္က်ပ္ ႏွင့္ ဆိတ္သားတစ္ပိသာလွ်င္ သုံးေသာင္းခြဲခန႔္အထိ ဆက္လက္ ျမင့္တက္ေနဆဲျဖစ္သည္။