အဆိုတော်မာရဇ္ဇ ကွယ်လွန်

 3906

NP News - ဇန်နဝါရီ ၂၄

နိုင်ငံကျော် အဆိုတော်မာရဇ္ဇသည် ရန်ကုန်မြို့တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူများက လူမှုကွန်ယက်စာမျက်နှာများထက်တွင် ရေးသားထားချက်များအရ သိရသည်။ အဆို တော်မာရဇ္ဇသည် ယမန်နေ့(ဇန်နဝါရီ ၂၃ ရက်) ညပိုင်းတွင် ဗဟိုစည်ဆေးရုံ၌ ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မာရဇ္ဇကွယ်လွန်ခြင်းနှင့်ပတ်သက်၍ ဂစ်တာပညာရှင်(ကို)နိုင်ဇော်က ဝမ်းနည်းကြောင်း ယမန်‌ နေ့ညက ၎င်း၏လူမှုကွန်ယက် Facebook စာမျက်နှာထက်တွင် ရေးသားထားသည်။

"ကျနော့်ရဲ့ juke box Band နဲ့ လက်တွဲခဲ့တဲ့အဆိုကျော်(ကို)မာရဇ္ဇမနေ့ညက ကွယ်လွန်သွားတယ် သိရလို့ မိသားစုနဲ့ထပ်တူကြေကွဲရပါတယ်"ဟု ကိုနိုင်ဇော်က ၎င်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်။

ကနဦးသိရှိရသည့် သတင်းများအရ အဆိုတော်မာရဇ္ဇသည် ကွယ်လွန်ချိန်တွင် အသက်(၅၈)နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။ ၎င်းသီဆိုထားသည့် ဟင်္ဿာတို့ရဲ့နန်းတော်ရှေ့၊ အိပ်ရေးပျက်၊ ဝေးဝေးကလွမ်း၊ အလွမ်းမိတ်ဆွေနှင့် ရွှေရောင်ကောင်းကင်သီချင်းတို့မှာ ယနေ့အထိ လူကြိုက်များထင်ရှားဆဲ သီချင်းကောင်းများဖြစ်သည်။

zawgyi version
အဆိုေတာ္မာရဇၨ ကြယ္လြန္

NP News - ဇန္နဝါရီ ၂၄

ႏိုင္ငံေက်ာ္ အဆိုေတာ္မာရဇၨသည္ ရန္ကုန္ၿမိဳ႕တြင္ ကြယ္လြန္သြားၿပီျဖစ္ေၾကာင္း ၎ႏွင့္နီးစပ္သူမ်ားက လူမႈကြန္ယက္စာမ်က္ႏွာမ်ားထက္တြင္ ေရးသားထားခ်က္မ်ားအရ သိရသည္။ အဆို ေတာ္မာရဇၨသည္ ယမန္ေန႔(ဇန္နဝါရီ ၂၃ ရက္) ညပိုင္းတြင္ ဗဟိုစည္ေဆး႐ုံ၌ ကြယ္လြန္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မာရဇၨကြယ္လြန္ျခင္းႏွင့္ပတ္သက္၍ ဂစ္တာပညာရွင္(ကို)ႏိုင္ေဇာ္က ဝမ္းနည္းေၾကာင္း ယမန္‌ ေန႔ညက ၎၏လူမႈကြန္ယက္ Facebook စာမ်က္ႏွာထက္တြင္ ေရးသားထားသည္။

"က်ေနာ့္ရဲ႕ juke box Band နဲ႔ လက္တြဲခဲ့တဲ့အဆိုေက်ာ္(ကို)မာရဇၨမေန႔ညက ကြယ္လြန္သြားတယ္ သိရလို႔ မိသားစုနဲ႔ထပ္တူေၾကကြဲရပါတယ္"ဟု ကိုႏိုင္ေဇာ္က ၎၏လူမႈကြန္ရက္တြင္ ေရးသားထားသည္။

ကနဦးသိရွိရသည့္ သတင္းမ်ားအရ အဆိုေတာ္မာရဇၨသည္ ကြယ္လြန္ခ်ိန္တြင္ အသက္(၅၈)ႏွစ္ရွိၿပီျဖစ္ေၾကာင္း သိရသည္။ ၎သီဆိုထားသည့္ ဟၤႆာတို႔ရဲ႕နန္းေတာ္ေရွ႕၊ အိပ္ေရးပ်က္၊ ေဝးေဝးကလြမ္း၊ အလြမ္းမိတ္ေဆြႏွင့္ ေ႐ႊေရာင္ေကာင္းကင္သီခ်င္းတို႔မွာ ယေန႔အထိ လူႀကိဳက္မ်ားထင္ရွားဆဲ သီခ်င္းေကာင္းမ်ားျဖစ္သည္။

Related news

© 2021. All rights reserved.