နေအိမ်ရောင်းချပြီး ဓမ္မစေတီ ခေါင်းလောင်းကြီးကို ထပ်မံဆယ်ယူဦးမည်ဟု ဆို
20416
ချယ်ရီ (NP News) - ဇန်နဝါရီ ၂၄
ကော့သောင်းမြို့ရှိနေအိမ်ကို ရောင်းချပြီး ဓမ္မစေတီခေါင်းလောင်းကြီးအား ထပ်မံဆယ်ယူးရန် ကြိုးပမ်းနေကြောင်း ဦးစံလင်းက NP News သို့ ပြောသည်။
ဦးစံလင်းသည် ပြီးခဲ့သည့်ကာလများက ဓမ္မစေတီခေါင်းလောင်းကြီးကို ဖော်ယူရန်အတွက် တိုင်းသိပြည်သိဆောင်ရွက်ခဲ့ဖူးသူဖြစ်ပြီး ယခုတစ်ကြိမ်တွင် ထပ်မံကြိုးပမ်းလာခြင်းဖြစ်ကာ ပြီးခဲ့သည့် ကာလများတွင် ခေါင်းလောင်းကြီးကို ဆယ်ယူရန်အတွက် အကြိမ်ကြိမ်စာတင်ခဲ့ဖူးကြောင်း သိရသည်။ ဓမ္မစေတီခေါင်းလောင်ကြီးသည် သမိုင်းတစ်လျှောက် အမှန်တကယ် ရှိ၊ မရှိ စသည်ဖြင့် အငြင်းပွားနေသော ပစ္စည်းတစ်ခုဖြစ်ပြီး အများပြောစမှတ်ပြုကြသောစကားများအရ အဆိုပါ ခေါင်းလောင်းကြီးကို သန်လျင်စား ငဇင်ကာခေါ် ဒီဘရစ်တိုက အမြောက်သွန်းလုပ်ရန် ရွှေတိဂုံစေတီတော်မှ ရေကြောင်းဖြင့်သယ်ယူလာစဉ် ရန်ကုန်မြစ်ဝအတွင်း ပျောက်ဆုံးခဲ့သည်ဟူ၍ ဖြစ်သည်။
အဆိုပါ ခေါင်းလောင်းကြီးသည် ရေအောက် (၂၇)ပေ၊ မြေကြီးအောက် (၂၅)ပေ၊ စုစုပေါင်း ရေအောက် အနက်(၅၂)ပေတွင် နစ်မြုပ်နေခြင်းဖြစ်ပြီး (၁၀) ရက်အတွင်း ကြိုးချည်ကာ ကျန် (၁၀) ရက်အတွင်း ကုန်းပေါ်အရောက်တင်မည်ဖြစ်ကြောင်း ဦးစံလင်းကပြောသည်။ လက်ရှိတွင် ကော့သောင်းမြို့မှ နေအိမ်ကို ရောင်းနေကာ အဆိုပါ ရောင်းရငွေကို ခေါင်းလောင်း ဆယ်ယူရာတွင် ထည့်သွင်းအသုံးပြုမည်ဖြစ်ကြောင်း နှင့် ဆယ်ယူခွင့်ပြုရန်တင်ပြစာကို ဇန်နဝါရီလ (၉) ရက်က တာဝန်ရှိသူများထံ တင်ပြထားကြောင်း ဦးစံလင်းကပြောသည်။
“အဘပြောပြီးပြီ။ အဘအမှန်ပြောမယ်ဆို (၁၀)ရက်ဆိုတာ အလွန်များနေတယ်။ (၁၀)ရက်လို့ ပြောထားတာ (၃)ရက်နဲ့အပြီး လုပ်ချင်ရင်လုပ်မှာ။ ခွင့်ပြုမိန့်က သူတို့ပေးရင်လုပ်မယ်လေ။ မပေးရင် မလုပ်ဘူးပေါ့။ ဒါပဲရှိတာ” ဟု ဦးစံလင်းက ဆိုသည်။ ဓမ္မစေတီခေါင်းလောင်းကြီးပေါ်ချိန်တန်ပြီဖြစ် သော်လည်း နှောင့်နှေးကြန့်ကြာနေခြင်းအပေါ် စိတ်မကောင်းဖြစ်မိကြောင်းနှင့် ခေါင်းလောင်းကြီးကို ဖော်ထုတ်ရန်အတွက် မြန်မာနိုင်ငံတွင် ပစ္စည်းအစုံအလင်ရှိသောကြောင့် မည်သည့်နိုင်ငံကိုမျှ အားကိုးရန် မလိုအပ်ကြောင်းကိုပါ ဦးစံလင်းက တင်ပြစာတွင် ဖော်ပြထားကြောင်း သိရသည်။
zawgyi version
ေနအိမ္ေရာင္းခ်ၿပီး ဓမၼေစတီ ေခါင္းေလာင္းႀကီးကို ထပ္မံဆယ္ယူဦးမည္ဟု ဆို
ခ်ယ္ရီ (NP News) - ဇန္နဝါရီ ၂၄
ေကာ့ေသာင္းၿမိဳ႕ရွိေနအိမ္ကို ေရာင္းခ်ၿပီး ဓမၼေစတီေခါင္းေလာင္းႀကီးအား ထပ္မံဆယ္ယူးရန္ ႀကိဳးပမ္းေနေၾကာင္း ဦးစံလင္းက NP News သို႔ ေျပာသည္။
ဦးစံလင္းသည္ ၿပီးခဲ့သည့္ကာလမ်ားက ဓမၼေစတီေခါင္းေလာင္းႀကီးကို ေဖာ္ယူရန္အတြက္ တိုင္းသိျပည္သိေဆာင္႐ြက္ခဲ့ဖူးသူျဖစ္ၿပီး ယခုတစ္ႀကိမ္တြင္ ထပ္မံႀကိဳးပမ္းလာျခင္းျဖစ္ကာ ၿပီးခဲ့သည့္ ကာလမ်ားတြင္ ေခါင္းေလာင္းႀကီးကို ဆယ္ယူရန္အတြက္ အႀကိမ္ႀကိမ္စာတင္ခဲ့ဖူးေၾကာင္း သိရသည္။ ဓမၼေစတီေခါင္းေလာင္ႀကီးသည္ သမိုင္းတစ္ေလွ်ာက္ အမွန္တကယ္ ရွိ၊ မရွိ စသည္ျဖင့္ အျငင္းပြားေနေသာ ပစၥည္းတစ္ခုျဖစ္ၿပီး အမ်ားေျပာစမွတ္ျပဳၾကေသာစကားမ်ားအရ အဆိုပါ ေခါင္းေလာင္းႀကီးကို သန္လ်င္စား ငဇင္ကာေခၚ ဒီဘရစ္တိုက အေျမာက္သြန္းလုပ္ရန္ ေ႐ႊတိဂုံေစတီေတာ္မွ ေရေၾကာင္းျဖင့္သယ္ယူလာစဥ္ ရန္ကုန္ျမစ္ဝအတြင္း ေပ်ာက္ဆုံးခဲ့သည္ဟူ၍ ျဖစ္သည္။
အဆိုပါ ေခါင္းေလာင္းႀကီးသည္ ေရေအာက္ (၂၇)ေပ၊ ေျမႀကီးေအာက္ (၂၅)ေပ၊ စုစုေပါင္း ေရေအာက္ အနက္(၅၂)ေပတြင္ နစ္ျမဳပ္ေနျခင္းျဖစ္ၿပီး (၁၀) ရက္အတြင္း ႀကိဳးခ်ည္ကာ က်န္ (၁၀) ရက္အတြင္း ကုန္းေပၚအေရာက္တင္မည္ျဖစ္ေၾကာင္း ဦးစံလင္းကေျပာသည္။ လက္ရွိတြင္ ေကာ့ေသာင္းၿမိဳ႕မွ ေနအိမ္ကို ေရာင္းေနကာ အဆိုပါ ေရာင္းရေငြကို ေခါင္းေလာင္း ဆယ္ယူရာတြင္ ထည့္သြင္းအသုံးျပဳမည္ျဖစ္ေၾကာင္း ႏွင့္ ဆယ္ယူခြင့္ျပဳရန္တင္ျပစာကို ဇန္နဝါရီလ (၉) ရက္က တာဝန္ရွိသူမ်ားထံ တင္ျပထားေၾကာင္း ဦးစံလင္းကေျပာသည္။
“အဘေျပာၿပီးၿပီ။ အဘအမွန္ေျပာမယ္ဆို (၁၀)ရက္ဆိုတာ အလြန္မ်ားေနတယ္။ (၁၀)ရက္လို႔ ေျပာထားတာ (၃)ရက္နဲ႔အၿပီး လုပ္ခ်င္ရင္လုပ္မွာ။ ခြင့္ျပဳမိန႔္က သူတို႔ေပးရင္လုပ္မယ္ေလ။ မေပးရင္ မလုပ္ဘူးေပါ့။ ဒါပဲရွိတာ” ဟု ဦးစံလင္းက ဆိုသည္။ ဓမၼေစတီေခါင္းေလာင္းႀကီးေပၚခ်ိန္တန္ၿပီျဖစ္ ေသာ္လည္း ေႏွာင့္ေႏွးၾကန႔္ၾကာေနျခင္းအေပၚ စိတ္မေကာင္းျဖစ္မိေၾကာင္းႏွင့္ ေခါင္းေလာင္းႀကီးကို ေဖာ္ထုတ္ရန္အတြက္ ျမန္မာႏိုင္ငံတြင္ ပစၥည္းအစုံအလင္ရွိေသာေၾကာင့္ မည္သည့္ႏိုင္ငံကိုမွ် အားကိုးရန္ မလိုအပ္ေၾကာင္းကိုပါ ဦးစံလင္းက တင္ျပစာတြင္ ေဖာ္ျပထားေၾကာင္း သိရသည္။