ပဲခူးမြို့နယ်မှ ယာယီကျောင်းအုပ်၏ အလိုမတူပဲ အဓမ္မပြုကျင့်ခံခဲ့ရသော ကျောင်းသားအရေအတွက်မှာ (၁၇)ဦးထက် ပိုမိုများပြားဖွယ်ရှိ

 3238

NP News - ဇန်နဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်မှ ယာယီကျောင်းအုပ်၏ အလိုမတူပဲ အဓမ္မပြုကျင့်ခံခဲ့ရသော ကျောင်းသားအရေအတွက်မှာ (၁၇)ဦးထက် ပိုမိုများပြားဖွယ်ရှိကြောင်း ပဲခူးမြို့မရဲ စခန်းနှင့် နီးစပ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ရက်၊ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ မုက္ကလကျေးရွာရှိ အလက(ခွဲ) မုက္ကလစာသင်ကျောင်းမှ အသက်(၂၉)နှစ်အရွယ်ရှိ ယာယီကျောင်းအုပ်ဆရာ ဦးသက်ဇော်အောင်ကို အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ပဲခူးမြို့မရဲစခန်းက အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာယီကျောင်းအုပ်ဆရာသည် အသက်(၁၁)အရွယ် စတုတ္ထတန်းကျောင်းသားတစ်ဦးကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ရက်နှင့် ၁၆ရက်တို့တွင် ညနေ ၃နာရီခွဲအချိန်၌ မုက္ကလကျေးရွာရှိအလက(ခွဲ)မုက္ကလစာသင်ကျောင်း၏ ကျောင်းအုပ်ရုံးခန်းအတွင်း (၂)ကြိမ်တိုင် အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။ ထို့ပြင် အဆိုပါ ယာယီကျောင်းအုပ်ဆရာသည် ကျောင်းအုပ်ရုံးခန်းနှင့် စိုင်တီကျေးရွာရှိ၎င်း၏နေအိမ်၌ အခြားသော ကျောင်းသား (၁၆) ဦးကို အဓမ္မပြုကျင်ခဲ့ကြောင်း ကနဦးသိရပြီးနောက် ထပ်မံသိရှိရသောအချက်အလက်များအရ အဓမ္မပြုကျင့်ခံရသော ကျောင်း သားအရေအတွက်မှာ အဆိုပါ ပမာဏထက်ပိုမိုများပြားဖွယ်ရှိကြောင်း ဒေသခံအချို့ထံမေးမြန်းထားချက်အရ သိရသည်။

အဓမ္မပြုကျင့်ခံရသူများမှာ အသက်(၇)နှစ်မှ အသက်(၁၄)နှစ်အကြားရှိ ကျောင်းသားများဖြစ်ကြောင်းလည်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

zawgyi version
ပဲခူးၿမိဳ႕နယ္မွ ယာယီေက်ာင္းအုပ္၏ အလိုမတူပဲ အဓမၼျပဳက်င့္ခံခဲ့ရေသာ ေက်ာင္းသားအေရအတြက္မွာ (၁၇)ဦးထက္ ပိုမိုမ်ားျပားဖြယ္ရွိ

NP News - ဇန္နဝါရီ ၂၄

ပဲခူးတိုင္းေဒသႀကီး၊ ပဲခူးၿမိဳ႕နယ္မွ ယာယီေက်ာင္းအုပ္၏ အလိုမတူပဲ အဓမၼျပဳက်င့္ခံခဲ့ရေသာ ေက်ာင္းသားအေရအတြက္မွာ (၁၇)ဦးထက္ ပိုမိုမ်ားျပားဖြယ္ရွိေၾကာင္း ပဲခူးၿမိဳ႕မရဲ စခန္းႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

ၿပီးခဲ့သည့္ ဇန္နဝါရီလ ၂၃ရက္၊ နံနက္ပိုင္းက ပဲခူးၿမိဳ႕နယ္၊ မုကၠလေက်း႐ြာရွိ အလက(ခြဲ) မုကၠလစာသင္ေက်ာင္းမွ အသက္(၂၉)ႏွစ္အ႐ြယ္ရွိ ယာယီေက်ာင္းအုပ္ဆရာ ဦးသက္ေဇာ္ေအာင္ကို အထက္ပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ပဲခူးၿမိဳ႕မရဲစခန္းက အမႈဖြင့္အေရးယူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ယာယီေက်ာင္းအုပ္ဆရာသည္ အသက္(၁၁)အ႐ြယ္ စတုတၳတန္းေက်ာင္းသားတစ္ဦးကို ၿပီးခဲ့သည့္ ဇန္နဝါရီလ ၁၅ရက္ႏွင့္ ၁၆ရက္တို႔တြင္ ညေန ၃နာရီခြဲအခ်ိန္၌ မုကၠလေက်း႐ြာရွိအလက(ခြဲ)မုကၠလစာသင္ေက်ာင္း၏ ေက်ာင္းအုပ္႐ုံးခန္းအတြင္း (၂)ႀကိမ္တိုင္ အဓမၼျပဳက်င့္ခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ အဆိုပါ ယာယီေက်ာင္းအုပ္ဆရာသည္ ေက်ာင္းအုပ္႐ုံးခန္းႏွင့္ စိုင္တီေက်း႐ြာရွိ၎၏ေနအိမ္၌ အျခားေသာ ေက်ာင္းသား (၁၆) ဦးကို အဓမၼျပဳက်င္ခဲ့ေၾကာင္း ကနဦးသိရၿပီးေနာက္ ထပ္မံသိရွိရေသာအခ်က္အလက္မ်ားအရ အဓမၼျပဳက်င့္ခံရေသာ ေက်ာင္း သားအေရအတြက္မွာ အဆိုပါ ပမာဏထက္ပိုမိုမ်ားျပားဖြယ္ရွိေၾကာင္း ေဒသခံအခ်ိဳ႕ထံေမးျမန္းထားခ်က္အရ သိရသည္။

အဓမၼျပဳက်င့္ခံရသူမ်ားမွာ အသက္(၇)ႏွစ္မွ အသက္(၁၄)ႏွစ္အၾကားရွိ ေက်ာင္းသားမ်ားျဖစ္ေၾကာင္းလည္း အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။

Related news

© 2021. All rights reserved.