တစ်နှစ်တာကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ယာဉ်တိုက်မှုကြောင့် လူ (၂၀၀၀)ကျော်အထိ သေဆုံးခဲ့
267
စော (NP News) - ဇန်နဝါရီ ၂၄
တစ်နှစ်တာကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ယာဉ်တိုက်မှုကြောင့် လူ (၂၀၀၀)ကျော် သေဆုံးခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ အချက် အလက်များအရ သိရသည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ယာဉ်တိုက်မှုပေါင်း (၃၈၇၅)ကြိမ်ဖြစ်ပွားခဲ့ရာ တစ်ရက်လျှင် ပျမ်းမျှအားဖြင့် (၁၀)ကြိမ်ကျော်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါယာဉ်တိုက်မှုများကြောင့် သေဆုံးသူ (၂၀၁၁) ဦး နှင့် ထိခိုက်ဒဏ်ရာရရှိသူ (၅၅၇၆) ဦး ရှိခဲ့ကြောင်း သိရ သည်။
ယာဉ်တိုက်မှုများအနက် ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်တိုက်မှုအကြိမ်ရေ (၈၄၃)ကြိမ်ဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၄၄၆)ဦး နှင့် ထိခိုက်ဒဏ်ရာရရှိသူ (၉၄၄)ဦး ရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် ဧရာဝတီတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှုပေါင်း (၅၇၄)ကြိမ်ဖြင့် ဒုတိယအများဆုံးဖြစ်ပွားခဲ့ရာ သေဆုံးသူ (၂၀၅)ဦး နှင့် ဒဏ်ရာရရှိသူ (၉၁၈)ဦး ရှိခဲ့ကြောင်း သိရသည်။
အလားတူ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်တိုက်မှုပေါင်း (၂၀၃)ကြိမ် ဖြစ်ပွားခဲ့ရာ (၃၆၀)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၈၈)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၄ ခုနှစ်၌ စုစုပေါင်း ယာဉ်တိုက်မှုပေါင်း (၃၈၇၅)ကြိမ် ဖြစ်ပွားခဲ့ရာ ၂၀၂၃ ခုနှစ်တွင် ယာဉ်တိုက်မှု (၄၇၇၂)ကြိမ် နှင့် နှိုင်းယှဉ်ပါက (၈၉၇)ကြိမ်လျော့ကျသွားခဲ့ပြီး သေဆုံးသူ (၄၁၁)ဦး လျော့ကျသွားခဲ့ကြောင်း သိရသည်။
zawgyi version
တစ္ႏွစ္တာကာလအတြင္း တစ္ႏိုင္ငံလုံးအတိုင္းအတာအေနျဖင့္ ယာဥ္တိုက္မႈေၾကာင့္ လူ (၂၀၀၀)ေက်ာ္အထိ ေသဆုံးခဲ့
ေစာ (NP News) - ဇန္နဝါရီ ၂၄
တစ္ႏွစ္တာကာလအတြင္း တစ္ႏိုင္ငံလုံးအတိုင္းအတာအေနျဖင့္ ယာဥ္တိုက္မႈေၾကာင့္ လူ (၂၀၀၀)ေက်ာ္ ေသဆုံးခဲ့ေၾကာင္း ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန၏ အခ်က္ အလက္မ်ားအရ သိရသည္။
၂၀၂၄ ခုႏွစ္၊ ဇန္နဝါရီလမွ ဒီဇင္ဘာလအထိ ယာဥ္တိုက္မႈေပါင္း (၃၈၇၅)ႀကိမ္ျဖစ္ပြားခဲ့ရာ တစ္ရက္လွ်င္ ပ်မ္းမွ်အားျဖင့္ (၁၀)ႀကိမ္ေက်ာ္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ အဆိုပါယာဥ္တိုက္မႈမ်ားေၾကာင့္ ေသဆုံးသူ (၂၀၁၁) ဦး ႏွင့္ ထိခိုက္ဒဏ္ရာရရွိသူ (၅၅၇၆) ဦး ရွိခဲ့ေၾကာင္း သိရ သည္။
ယာဥ္တိုက္မႈမ်ားအနက္ ရန္ကုန္တိုင္းေဒသႀကီးတြင္ ယာဥ္တိုက္မႈအႀကိမ္ေရ (၈၄၃)ႀကိမ္ျဖင့္ အမ်ားဆုံးျဖစ္ပြားခဲ့ၿပီး ေသဆုံးသူ (၄၄၆)ဦး ႏွင့္ ထိခိုက္ဒဏ္ရာရရွိသူ (၉၄၄)ဦး ရွိခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ဧရာဝတီတိုင္းေဒသႀကီးတြင္ ယာဥ္တိုက္မႈေပါင္း (၅၇၄)ႀကိမ္ျဖင့္ ဒုတိယအမ်ားဆုံးျဖစ္ပြားခဲ့ရာ ေသဆုံးသူ (၂၀၅)ဦး ႏွင့္ ဒဏ္ရာရရွိသူ (၉၁၈)ဦး ရွိခဲ့ေၾကာင္း သိရသည္။
အလားတူ ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ ယာဥ္တိုက္မႈေပါင္း (၂၀၃)ႀကိမ္ ျဖစ္ပြားခဲ့ရာ (၃၆၀)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး (၈၈)ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံတစ္ဝန္း ၂၀၂၄ ခုႏွစ္၌ စုစုေပါင္း ယာဥ္တိုက္မႈေပါင္း (၃၈၇၅)ႀကိမ္ ျဖစ္ပြားခဲ့ရာ ၂၀၂၃ ခုႏွစ္တြင္ ယာဥ္တိုက္မႈ (၄၇၇၂)ႀကိမ္ ႏွင့္ ႏႈိင္းယွဥ္ပါက (၈၉၇)ႀကိမ္ေလ်ာ့က်သြားခဲ့ၿပီး ေသဆုံးသူ (၄၁၁)ဦး ေလ်ာ့က်သြားခဲ့ေၾကာင္း သိရသည္။