ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လေထုညစ်ညမ်းမှုများကြောင့် စာသင်ကျောင်းပေါင်း(၂၅၀)ကျော်ကို ပိတ်ထား

421

Pika (NP News) - ဇန်နဝါရီ ၂၄
ထိုင်းနိုင်ငံတွင် လေထုညစ်ညမ်းမှုများကြောင့် ဘန်ကောက်မြို့ရှိ စာသင်ကျောင်းပေါင်း(၂၅၀)ကျော်ကို ပိတ်ထားရကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားခဲ့သည်။ ထိုင်းအစိုးရတာဝန်ရှိသူများသည် ဘန်ကောက်မြို့ရှိ ပြည်သူများကို နေအိမ်မှအလုပ်လုပ်ရန်တိုက်တွန်းခဲ့ပြီး ယာဉ်အသွားအလာများကို ကန့်သတ်ခဲ့မှုနှင့်အတူ ယခုလိုပိတ်ပစ်မှုများထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၏ ဆောင်းရာသီလေသည် အမှိုက်မီးရှို့ခြင်း၊ ကားမီးခိုးငွေ့များ နှင့် ပေါင်းစပ်ခဲ့မှုနှင့်အတူ ဒေသအတွင်းရှိ အခြားနိုင်ငံအများအပြားကဲ့သို့ပင် ရာသီအလိုက်လေထုညစ်ညမ်းမှုသည် ထိုင်းနိုင်ငံအပေါ် နှစ်ရှည်လများသက်ရောက်မှုများရှိစေခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ(၂၃)ရက် နံနက်ပိုင်းတွင် ဘန်ကောက်မြို့သည် ကမ္ဘာပေါ်တွင် ခြောက်ခုမြောက်လေထုညစ်ညမ်းမှုအရှိဆုံးမြို့တစ်မြို့ဖြစ်ခဲ့ကြောင်း IQAir ကုမ္ပဏီ၏ အဆိုအရ သိရသည်။ ဘန်ကောက်မြို့ရှိ PM2.5 လေထုညစ်ညမ်းမှုအဆင့်(အဆုတ်မှတစ်ဆင့် သွေးကြောထဲအထိ ဝင်ရောက်နိုင်လောက်အောင်သေးငယ်ပြီး ကင်ဆာဖြစ်စေနိုင်သည့် သေးငယ်သောအမှုန်အမွှာများ) သည် တစ်ကုဗမီတာလျှင် (၁၂၂)မိုက်ခရိုဂရမ်အထိ ရှိခဲ့ကြောင်း သိရသည်။
လေထုညစ်ညမ်းမှုမြင့်တက်လာမှုနှင့်အတူ PM2.5 အဆင့်မြင့်မားသော ဒေသများရှိ စာသင်ကျောင်းများကိုပိတ်ရန် ရွေးချယ်နိုင်ကြောင်း ဘန်ကောက်အာဏာပိုင်များက ယခုသီတင်းပတ်အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ထို့နောက် ဇန်နဝါရီလ(၂၃)ရက် နံနက်ပိုင်းတွင် ဘန်ကောက်မြို့ပြအာဏာပိုင်အဖွဲ့အောက်ရှိ စာသင်ကျောင်းပေါင်း(၄၃၇)ကျောင်းအနက် (၁၉၄)ကျောင်းကို ပိတ်ပစ်ခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။ အဆိုပါပိတ်ပစ်မှုသည် လေထုညစ်ညမ်းမှုကြောင့် ဘန်ကောက်မြို့ပြအာဏာပိုင်အဖွဲ့အောက်ရှိ ကျောင်းများကို ပိတ်ပစ်ခဲ့ရမှုများတွင် (၂၀၂၀)ခုနှစ်နောက်ပိုင်း အမြင့်ဆုံးကိန်းဂဏန်းတစ်ခုဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဗဟိုအစိုးရအဖွဲ့တစ်ခုဖြစ်သည့် အခြေခံပညာရုံးအောက်ရှိ စာသင်ကျောင်း(၁၅၆)ကျောင်းအနက် (၅၈)ကျောင်းကို ဇန်နဝါရီလ(၂၃)ရက်တွင် ပိတ်ပစ်ရန် အာဏာပိုင်များက ဆုံးဖြတ်ခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕တြင္ ေလထုညစ္ညမ္းမႈမ်ားေၾကာင့္ စာသင္ေက်ာင္းေပါင္း(၂၅၀)ေက်ာ္ကို ပိတ္ထား
Pika (NP News) - ဇန္နဝါရီ ၂၄
ထိုင္းႏိုင္ငံတြင္ ေလထုညစ္ညမ္းမႈမ်ားေၾကာင့္ ဘန္ေကာက္ၿမိဳ႕ရွိ စာသင္ေက်ာင္းေပါင္း(၂၅၀)ေက်ာ္ကို ပိတ္ထားရေၾကာင္း ထိုင္းအာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။ ထိုင္းအစိုးရတာဝန္ရွိသူမ်ားသည္ ဘန္ေကာက္ၿမိဳ႕ရွိ ျပည္သူမ်ားကို ေနအိမ္မွအလုပ္လုပ္ရန္တိုက္တြန္းခဲ့ၿပီး ယာဥ္အသြားအလာမ်ားကို ကန႔္သတ္ခဲ့မႈႏွင့္အတူ ယခုလိုပိတ္ပစ္မႈမ်ားထြက္ေပၚလာျခင္းျဖစ္သည္။ ထိုင္းႏိုင္ငံ၏ ေဆာင္းရာသီေလသည္ အမႈိက္မီးရႈိ႕ျခင္း၊ ကားမီးခိုးေငြ႕မ်ား ႏွင့္ ေပါင္းစပ္ခဲ့မႈႏွင့္အတူ ေဒသအတြင္းရွိ အျခားႏိုင္ငံအမ်ားအျပားကဲ့သို႔ပင္ ရာသီအလိုက္ေလထုညစ္ညမ္းမႈသည္ ထိုင္းႏိုင္ငံအေပၚ ႏွစ္ရွည္လမ်ားသက္ေရာက္မႈမ်ားရွိေစခဲ့ေၾကာင္း သိရသည္။
ဇန္နဝါရီလ(၂၃)ရက္ နံနက္ပိုင္းတြင္ ဘန္ေကာက္ၿမိဳ႕သည္ ကမာၻေပၚတြင္ ေျခာက္ခုေျမာက္ေလထုညစ္ညမ္းမႈအရွိဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ခဲ့ေၾကာင္း IQAir ကုမၸဏီ၏ အဆိုအရ သိရသည္။ ဘန္ေကာက္ၿမိဳ႕ရွိ PM2.5 ေလထုညစ္ညမ္းမႈအဆင့္(အဆုတ္မွတစ္ဆင့္ ေသြးေၾကာထဲအထိ ဝင္ေရာက္ႏိုင္ေလာက္ေအာင္ေသးငယ္ၿပီး ကင္ဆာျဖစ္ေစႏိုင္သည့္ ေသးငယ္ေသာအမႈန္အမႊာမ်ား) သည္ တစ္ကုဗမီတာလွ်င္ (၁၂၂)မိုက္ခ႐ိုဂရမ္အထိ ရွိခဲ့ေၾကာင္း သိရသည္။
ေလထုညစ္ညမ္းမႈျမင့္တက္လာမႈႏွင့္အတူ PM2.5 အဆင့္ျမင့္မားေသာ ေဒသမ်ားရွိ စာသင္ေက်ာင္းမ်ားကိုပိတ္ရန္ ေ႐ြးခ်ယ္ႏိုင္ေၾကာင္း ဘန္ေကာက္အာဏာပိုင္မ်ားက ယခုသီတင္းပတ္အေစာပိုင္းတြင္ ထုတ္ျပန္ခဲ့သည္။
ထို႔ေနာက္ ဇန္နဝါရီလ(၂၃)ရက္ နံနက္ပိုင္းတြင္ ဘန္ေကာက္ၿမိဳ႕ျပအာဏာပိုင္အဖြဲ႕ေအာက္ရွိ စာသင္ေက်ာင္းေပါင္း(၄၃၇)ေက်ာင္းအနက္ (၁၉၄)ေက်ာင္းကို ပိတ္ပစ္ခဲ့ေၾကာင္း အာဏာပိုင္မ်ားကေျပာၾကားခဲ့သည္။ အဆိုပါပိတ္ပစ္မႈသည္ ေလထုညစ္ညမ္းမႈေၾကာင့္ ဘန္ေကာက္ၿမိဳ႕ျပအာဏာပိုင္အဖြဲ႕ေအာက္ရွိ ေက်ာင္းမ်ားကို ပိတ္ပစ္ခဲ့ရမႈမ်ားတြင္ (၂၀၂၀)ခုႏွစ္ေနာက္ပိုင္း အျမင့္ဆုံးကိန္းဂဏန္းတစ္ခုျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ဗဟိုအစိုးရအဖြဲ႕တစ္ခုျဖစ္သည့္ အေျခခံပညာ႐ုံးေအာက္ရွိ စာသင္ေက်ာင္း(၁၅၆)ေက်ာင္းအနက္ (၅၈)ေက်ာင္းကို ဇန္နဝါရီလ(၂၃)ရက္တြင္ ပိတ္ပစ္ရန္ အာဏာပိုင္မ်ားက ဆုံးျဖတ္ခဲ့ေၾကာင္းလည္း သိရသည္။