မြန်မာဖိုက်တာ သန့်ဇင် ဒိုင်ပွဲရပ်ဖြင့် ဒုတိယအချီမှာပင် ရှုံးနိမ့်

 1888

သန့်ဇင် (NP News) - ဇန်နဝါရီ ၂၄

ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် ကျင်းပခဲ့သည့် ONE Championship Friday Fight ပွဲစဥ်တွင် မြန်မာဖိုက်တာသန့်ဇင် နှင့် ထိုင်းဖိုက်တာ ဆူရီယန်တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ဒုတိယအချီ၌ပင် ဒိုင်ပွဲရပ်ဖြင့် သန့်ဇင် ရှုံးနိမ့်ခဲ့​သည်။

အဆိုပါပွဲစဉ်ကို ယနေ့(ဇန်နဝါရီလ ၂၄ ရက်) ညနေပိုင်းက ONE Championship Friday Fight တွင် Catch weight တန်းအဖြစ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြခြင်းဖြသ်သည်။

ပထမအချီတွင် မြန်မာဖိုက်တာ သန့်ဇင်က ပြိုင်ဘက် ဆူရီရန်၏ အောက်ပိုင်းနှင့် အပေါ်ပိုင်းကို ခြေကန်ချက်များဖြင့် အားထည့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သို့သော် ဒုတိယအချီတွင် ဆူရီယန်၏ အားပါသော လက်သီးချက်များကြောင့် သန့်ဇင် ဖိအားဝင်ခဲ့ကာ ခြေကန်ချက်များ ပြန်လည်အသုံးပြုတိုက်ခိုက်ခဲ့သော်လည်း ၃ ကြိမ်လဲကျသွားခဲ့ရသည့် သန့်ဇင်မှာ ဒိုင်ပွဲရပ်ဖြင့် ONE Championship Friday Fight တွင် ထပ်မံ ရှုံးနိမ့်ခဲ့ရသည်။

Zawgyi Version;
ျမန္မာဖိုက္တာ သန္႔ဇင္ ဒိုင္ပြဲရပ္ျဖင့္ ဒုတိယအခ်ီမွာပင္ ရႈံးနိမ့္
သန္႔ဇင္ (NP News) - ဇန္နဝါရီ ၂၄

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္တြင္ က်င္းပခဲ့သည့္ ONE Championship Friday Fight ပြဲစဥ္တြင္ ျမန္မာဖိုက္တာသန္႔ဇင္ ႏွင့္ ထိုင္းဖိုက္တာ ဆူရီယန္တို႔ ယွဥ္ၿပိဳင္ထိုးသတ္ခဲ့ၿပီး ဒုတိယအခ်ီ၌ပင္ ဒိုင္ပြဲရပ္ျဖင့္ သန္႔ဇင္ ရႈံးနိမ့္ခဲ့​သည္။

အဆိုပါပြဲစဥ္ကို ယေန႔(ဇန္နဝါရီလ ၂၄ ရက္) ညေနပိုင္းက ONE Championship Friday Fight တြင္ Catch weight တန္းအျဖစ္ ယွဥ္ၿပိဳင္ထိုးသတ္ခဲ့ၾကျခင္းျဖသ္သည္။

ပထမအခ်ီတြင္ ျမန္မာဖိုက္တာ သန္႔ဇင္က ၿပိဳင္ဘက္ ဆူရီရန္၏ ေအာက္ပိုင္းႏွင့္ အေပၚပိုင္းကို ေျခကန္ခ်က္မ်ားျဖင့္ အားထည့္တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။

သို႔ေသာ္ ဒုတိယအခ်ီတြင္ ဆူရီယန္၏ အားပါေသာ လက္သီးခ်က္မ်ားေၾကာင့္ သန္႔ဇင္ ဖိအားဝင္ခဲ့ကာ ေျခကန္ခ်က္မ်ား ျပန္လည္အသုံးျပဳတိုက္ခိုက္ခဲ့ေသာ္လည္း ၃ ႀကိမ္လဲက်သြားခဲ့ရသည့္ သန္႔ဇင္မွာ ဒိုင္ပြဲရပ္ျဖင့္ ONE Championship Friday Fight တြင္ ထပ္မံ ရႈံးနိမ့္ခဲ့ရသည္။

Related news

© 2021. All rights reserved.