မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်)အား မြို့သစ်အဖြစ် ဖော်ဆောင်မည်ဖြစ်ရာ ဆိုလာစီမံကိန်းပါ ထည့်သွင်းတည်ဆောက်မည်ဟု နစကဥက္ကဌပြော

5374

NP News - ဇန်န၀ါရီ ၂၆
မြန်မာ့သားကောင်းအဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) အား စစ်မှုထမ်းဟောင်းမြို့အဖြစ် တည်ဆောက်နေခြင်းဖြစ်ပြီး ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသည့် စံပြ အိမ်ရာတစ်ခုအဖြစ် ရည်မှန်းဆောင်ရွက်သွားရန် စိစဉ်ထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးမင်းအောင်လှိုင်က ပြောသည်။
ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ မြန်မာ့သားကောင်း အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) နှင့် သီလဝါဘက်စုံ စိုက်ပျိုးမွေးမြူရေးဇုန်လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးနေစဥ်ပြောကြားခဲ့ခြင်း ဖြစ်သည်။
အိမ်ရာအတွင်း အိမ်ခန်းပေါင်း ၄၀၀၀ ခန့်တည်ဆောက်ထားပြီး လိုအပ်သည့် လျှပ်စစ်ဓာတ်အားရရှိစေရေးအတွက် စီမံကိန်းလိုအပ်ချက်နှင့်ကိုက်ညီသည့် ဆိုလာလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းတစ်ခုကိုလည်း ထည့်သွင်း ဆောင်ရွက်သွားရန်လိုအပ်ကြောင်း နစကဥက္ကဌက ပြောသည်။
ဆက်လက်ပြီး မြန်မာ့သားကောင်းအဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) အနီး ဘုရင့်နောင် လမ်းနှင့် အမှတ် (၇) လမ်းထောင့်နေရာတွင် တည်ဆောက်လျက်ရှိသည့် Shopping Complex လုပ်ငန်းခွင်သို့ ဆက်လက်သွားရောက်ခဲ့ကြောင်း သိရသည်။
Zawgyi Version:
ျမန္မာ့သားေကာင္း စစ္မႈထမ္းေဟာင္းအိမ္ရာ (ေလးေထာင့္ကန္)အား ၿမိဳ႕သစ္အျဖစ္ ေဖာ္ေဆာင္မည္ျဖစ္ရာ ဆိုလာစီမံကိန္းပါ ထည့္သြင္းတည္ေဆာက္မည္ဟု နစကဥကၠဌေျပာ
NP News - ဇန္န၀ါရီ ၂၆
ျမန္မာ့သားေကာင္းအဆင့္ျမင့္ စစ္မႈထမ္းေဟာင္းအိမ္ရာ (ေလးေထာင့္ကန္) အား စစ္မႈထမ္းေဟာင္းၿမိဳ႕အျဖစ္ တည္ေဆာက္ေနျခင္းျဖစ္ၿပီး ရန္ကုန္ၿမိဳ႕ေတာ္ဖြံ႕ၿဖိဳးေရးအတြက္ တစ္ဖက္တစ္လမ္းမွ အေထာက္အကူျပဳသည့္ စံျပ အိမ္ရာတစ္ခုအျဖစ္ ရည္မွန္းေဆာင္႐ြက္သြားရန္ စိစဥ္ထားေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးမင္းေအာင္လႈိင္က ေျပာသည္။
ဇန္နဝါရီ ၂၅ ရက္ နံနက္ပိုင္းတြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း) ၿမိဳ႕နယ္ရွိ ျမန္မာ့သားေကာင္း အဆင့္ျမင့္ စစ္မႈထမ္းေဟာင္းအိမ္ရာ (ေလးေထာင့္ကန္) ႏွင့္ သီလဝါဘက္စုံ စိုက္ပ်ိဳးေမြးျမဴေရးဇုန္လုပ္ငန္း အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနမႈအေျခအေနမ်ားကို သြားေရာက္ၾကည့္ရႈစစ္ေဆးေနစဥ္ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
အိမ္ရာအတြင္း အိမ္ခန္းေပါင္း ၄၀၀၀ ခန႔္တည္ေဆာက္ထားၿပီး လိုအပ္သည့္ လွ်ပ္စစ္ဓာတ္အားရရွိေစေရးအတြက္ စီမံကိန္းလိုအပ္ခ်က္ႏွင့္ကိုက္ညီသည့္ ဆိုလာလွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေရးစီမံကိန္းတစ္ခုကိုလည္း ထည့္သြင္း ေဆာင္႐ြက္သြားရန္လိုအပ္ေၾကာင္း နစကဥကၠဌက ေျပာသည္။
ဆက္လက္ၿပီး ျမန္မာ့သားေကာင္းအဆင့္ျမင့္ စစ္မႈထမ္းေဟာင္းအိမ္ရာ (ေလးေထာင့္ကန္) အနီး ဘုရင့္ေနာင္ လမ္းႏွင့္ အမွတ္ (၇) လမ္းေထာင့္ေနရာတြင္ တည္ေဆာက္လ်က္ရွိသည့္ Shopping Complex လုပ္ငန္းခြင္သို႔ ဆက္လက္သြားေရာက္ခဲ့ေၾကာင္း သိရသည္။