မန္တလေးမြို့ပေါ်ရှိ KTV၊ BAR နှင့် CLUB များတွင် ဖြန့်ဖြူးရောင်းချမည့် ငွေကျပ်(၁)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
619
နာမူ (NP News) - ဇန်နဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ မန္တလေးမြို့ပေါ်ရှိ KTV၊ BAR၊ CLUB နှင့် ENTERTAINMENT များတွင် ဖြန့်ဖြူးရောင်းချမည့် ငွေကျပ် ၁ ဒသမ ၄ ဘီလျံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်၊ နေ့လည် ၁ နာရီ အချိန်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၁) ရပ်ကွက်၊ ၆၈ လမ်း၊ ၄ဝ x ၄၁ လမ်းကြားရှိ ဖူရီဟွ (၃၁) နှစ်၏ နေအိမ်ကို သတင်းအရ ဝင်ရောက်စစ်ဆေးရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေရာ ဖူရီဟွ၏ နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ပြောင်းဆေးဝါး Happy Water (၃) ကီလိုကို ဖော်ထုတ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်စစ်ဆေးချက်အရ အဆိုပါနေ့ ညနေ ၅ နာရီအချိန်ခန့်တွင် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၁) ရပ်ကွက်၊ ၄၂ လမ်းနှင့် ၆၇ (A) လမ်းထောင့်ရှိ နေအိမ်တွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူ ဖူရှီးရံ (ခ) အားရှုန်း (၂၈) နှစ်ကို ကတ်တမင်း ၃ ဒသမ ၆ ကီလို၊ Happy Water ၈ ဒသမ ၆၃၅ ကီလို၊ အက်တက်စီဆေးပြား (၄၀) ပြား၊ Happy – 5 ဆေးပြား (၁၅၀) ပြား၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၈ဝ ပြား၊ အိုက်စ်(မက်သ်အဖက်တမင်း) ၅ ဂရမ်တို့နှင့် အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ စိတ်ပြောင်း မူးယစ်ဆေးဝါးများသည် မန္တလေးမြို့ပေါ်ရှိ KTV၊ BAR၊ CLUB နှင့် ENTERTAINMENT များတွင် ဖြန့်ဖြုးရောင်းချမည့် စိတ်ပြောင်း မူးယစ်ဆေးဝါးများဖြစ်ကြောင်း သိရပြီး ဖမ်းဆီးရမိမှုမှ စုစုပေါင်း ငွေကျပ် ၁ ဒသမ ၄ ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများကို ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဖမ်းဆီးရမိတရားခံများကို ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူထား ရှိပြီး ကွင်းဆက်ကျူးလွန်သူများကိုလည်း ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Zawgyi Version;
မႏၲေလးၿမိဳ႕ေပၚရွိ KTV၊ BAR ႏွင့္ CLUB မ်ားတြင္ ျဖန႔္ျဖဴးေရာင္းခ်မည့္ ေငြက်ပ္(၁)ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ ေဆးဝါးမ်ား ဖမ္းဆီးရမိ
နာမူ (NP News) - ဇန္နဝါရီ ၂၇
မႏၲေလးတိုင္းေဒသႀကီး၊ မဟာေအာင္ေျမၿမိဳ႕နယ္၌ မႏၲေလးၿမိဳ႕ေပၚရွိ KTV၊ BAR၊ CLUB ႏွင့္ ENTERTAINMENT မ်ားတြင္ ျဖန႔္ျဖဴးေရာင္းခ်မည့္ ေငြက်ပ္ ၁ ဒသမ ၄ ဘီလ်ံေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ ဇန္နဝါရီလ ၂၃ ရက္၊ ေန႔လည္ ၁ နာရီ အခ်ိန္ခန႔္က မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ႏွင့္ ပူးေပါင္းအဖြဲ႕က မဟာေအာင္ေျမၿမိဳ႕နယ္၊ မဟာၿမိဳင္ (၁) ရပ္ကြက္၊ ၆၈ လမ္း၊ ၄ဝ x ၄၁ လမ္းၾကားရွိ ဖူရီဟြ (၃၁) ႏွစ္၏ ေနအိမ္ကို သတင္းအရ ဝင္ေရာက္စစ္ေဆးရွာေဖြမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ရွာေဖြရာ ဖူရီဟြ၏ ေနအိမ္အိပ္ခန္းအတြင္းမွ စိတ္ေျပာင္းေဆးဝါး Happy Water (၃) ကီလိုကို ေဖာ္ထုတ္ သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ကြင္းဆက္စစ္ေဆးခ်က္အရ အဆိုပါေန႔ ညေန ၅ နာရီအခ်ိန္ခန႔္တြင္ မဟာေအာင္ေျမၿမိဳ႕နယ္၊ မဟာၿမိဳင္ (၁) ရပ္ကြက္၊ ၄၂ လမ္းႏွင့္ ၆၇ (A) လမ္းေထာင့္ရွိ ေနအိမ္တြင္ မူးယစ္ေဆးဝါး ျဖန႔္ျဖဴးေရာင္းခ်သူ ဖူရွီးရံ (ခ) အားရႈန္း (၂၈) ႏွစ္ကို ကတ္တမင္း ၃ ဒသမ ၆ ကီလို၊ Happy Water ၈ ဒသမ ၆၃၅ ကီလို၊ အက္တက္စီေဆးျပား (၄၀) ျပား၊ Happy – 5 ေဆးျပား (၁၅၀) ျပား၊ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၂၈ဝ ျပား၊ အိုက္စ္(မက္သ္အဖက္တမင္း) ၅ ဂရမ္တို႔ႏွင့္ အတူ ဆက္လက္ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
အဆိုပါ စိတ္ေျပာင္း မူးယစ္ေဆးဝါးမ်ားသည္ မႏၲေလးၿမိဳ႕ေပၚရွိ KTV၊ BAR၊ CLUB ႏွင့္ ENTERTAINMENT မ်ားတြင္ ျဖန႔္ျဖဳးေရာင္းခ်မည့္ စိတ္ေျပာင္း မူးယစ္ေဆးဝါးမ်ားျဖစ္ေၾကာင္း သိရၿပီး ဖမ္းဆီးရမိမႈမွ စုစုေပါင္း ေငြက်ပ္ ၁ ဒသမ ၄ ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ေျပာင္းမူးယစ္ေဆးဝါးမ်ားကို ေဖာ္ထုတ္သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ ဖမ္းဆီးရမိတရားခံမ်ားကို ဥပေဒႏွင့္အညီ အျပစ္ေပးအေရးယူထား ရွိၿပီး ကြင္းဆက္က်ဴးလြန္သူမ်ားကိုလည္း ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။