အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့် ဌာနများတွင် အမှုထမ်းရာထူး (၅၀၀)ခန့် လစ်လပ်နေ
164
စော( NP News)-ဇန်နဝါရီ ၂၇
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာကောလိပ်/သိပ္ပံ/ကျောင်းနှင့် ဌာနများတွင် တာဝန်ထမ်းဆောင်ရန် အမှုထမ်းရာထူး (၅၀၀)ခန့် လစ်လပ်နေကြောင်း သိရသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ယနေ့ (ဇန်နဝါရီ ၂၇ရက်)က နိုင်ငံတော်ပိုင် သတင်းစာများတွင် အထက်ပါကဲ့သို့ကြေညာထားခြင်းဖြစ်သည်။
အဆိုပါအမှုထမ်းရာထူးများမှာ နည်းပြရာထူးအတွက် ပညာအရည်အချင်း B.E(Civil, EP, Mech, IT) ရရှိပြီးသူ (၇၅)ဦး၊ B.C.Sc/B.C.Tech မဟာဘွဲ့ တက်ရောက်ရန် အရည်အချင်း ပြည့်မီသူ (၁၀)ဦးနှင့် B.Sc/ B.A(Myanmar, English, Mathematics, Chemistry) မဟာဘွဲ့ တက်ရောက်ရန် အရည်အချင်း ပြည့်မီသူ (၆၅)ဦး တို့ကို ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စက်မှုကျွမ်းကျင် (၄)ရာထူးအတွက် A.G.T.I(Civil, EC, EP, (Mech, IT) ဒီပလိုမာလက်မှတ်ရရှိသူ (၁၅၀)ဦး၊ စာရင်းကိုင်-၄ရာထူးအတွက် စီးပွားရေးဆိုင်ရာဘွဲ့တစ်ခုခုရရှိသူ (၂၀)ဦး ၊ အငယ်တန်းစာရေးရာထူးအတွက် ဘွဲ့တစ်ခုခုရရှိသူ (၁၁၀)ဦးနှင့် ရုံးအကူရာထူးအတွက် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ (၇၀)ဦး စုစုပေါင်း (၅၀၀)ဦးကို ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားလိုသူများသည် လျှောက်လွှာများကို သတင်းစာကြော်ငြာပါသည့်နေ့မှစ၍ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ Website www.dtvet.gov.mm တွင် download ရယူခြင်း၊ နီးစပ်ရာ အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့် ဌာနများတွင် ထုတ်ယူနိုင်ပြီး ဖေဖော်ဝါရီလ ၁၆ရက်နေ့ နောက်ဆုံးထား၍ နီးစပ်ရာကျောင်းများသို့ တိုက်ရိုက်တင်သွင်းလျှောက်ထားနိုင်ကြောင်း သိရသည်။
လျှောက်ထားသူများအနေဖြင့် နည်းပြရာထူး၊ စက်မှု ကျွမ်းကျင်(၄)ရာထူး၊ စာရင်းကိုင်(၄)ရာထူးနှင့် အငယ်တန်းစာရေးရာထူးနေရာများအတွက် မိမိလျှောက်လွှာတင်သွင်းခဲ့သည့် သက်ဆိုင်ရာ ကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့် ဌာနများတွင် ရေးဖြေစာမေးပွဲ ဝင်ရောက်ဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေဖြေဆိုခဲ့သူများနှင့် ရုံးအကူရာထူးနေရာအတွက် လျှောက်ထားသူများ ကို လူတွေ့စစ်ဆေးမှု ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ထိုပြင် လူတွေ့စစ်ဆေးချိန်တွင် (ဘွဲ့လက်မှတ် (သို့မဟုတ်) ယာယီဘွဲ့ထောက်ခံစာ A.G.T.I ဒီပလိုမာ လက်မှတ်၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်၊ နိုင်ငံသားစိစစ် ရေးကတ်၊ အလုပ်သမားမှတ်ပုံတင်) မူရင်းများ တင်ပြနိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီလ (၂၀)ရက်နှင့် (၂၁)ရက်များတွင် မိမိတို့လျှောက်ထားခဲ့သည့် ကျောင်းနှင့် ဌာနများ၌ ရုံးချိန်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အတူ ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူရမည် ဖြစ်ကြောင်း သိရသည်။
အစိုးရနည္းပညာေကာလိပ္၊ သိပၸံ၊ ေက်ာင္းႏွင့္ ဌာနမ်ားတြင္ အမႈထမ္းရာထူး (၅၀၀)ခန႔္ လစ္လပ္ေန
ေစာ( NP News)-ဇန္နဝါရီ ၂၇
သိပၸံႏွင့္နည္းပညာဝန္ႀကီးဌာန၊ နည္းပညာ၊ သက္ေမြးပညာႏွင့္ ေလ့က်င့္ေရးဦးစီးဌာန၊ အစိုးရနည္းပညာေကာလိပ္/သိပၸံ/ေက်ာင္းႏွင့္ ဌာနမ်ားတြင္ တာဝန္ထမ္းေဆာင္ရန္ အမႈထမ္းရာထူး (၅၀၀)ခန႔္ လစ္လပ္ေနေၾကာင္း သိရသည္။
သိပၸံႏွင့္နည္းပညာဝန္ႀကီးဌာနက ယေန႔ (ဇန္နဝါရီ ၂၇ရက္)က ႏိုင္ငံေတာ္ပိုင္ သတင္းစာမ်ားတြင္ အထက္ပါကဲ့သို႔ေၾကညာထားျခင္းျဖစ္သည္။
အဆိုပါအမႈထမ္းရာထူးမ်ားမွာ နည္းျပရာထူးအတြက္ ပညာအရည္အခ်င္း B.E(Civil, EP, Mech, IT) ရရွိၿပီးသူ (၇၅)ဦး၊ B.C.Sc/B.C.Tech မဟာဘြဲ႕ တက္ေရာက္ရန္ အရည္အခ်င္း ျပည့္မီသူ (၁၀)ဦးႏွင့္ B.Sc/ B.A(Myanmar, English, Mathematics, Chemistry) မဟာဘြဲ႕ တက္ေရာက္ရန္ အရည္အခ်င္း ျပည့္မီသူ (၆၅)ဦး တို႔ကို ခန႔္အပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ စက္မႈကြၽမ္းက်င္ (၄)ရာထူးအတြက္ A.G.T.I(Civil, EC, EP, (Mech, IT) ဒီပလိုမာလက္မွတ္ရရွိသူ (၁၅၀)ဦး၊ စာရင္းကိုင္-၄ရာထူးအတြက္ စီးပြားေရးဆိုင္ရာဘြဲ႕တစ္ခုခုရရွိသူ (၂၀)ဦး ၊ အငယ္တန္းစာေရးရာထူးအတြက္ ဘြဲ႕တစ္ခုခုရရွိသူ (၁၁၀)ဦးႏွင့္ ႐ုံးအကူရာထူးအတြက္ တကၠသိုလ္ဝင္တန္းေအာင္ျမင္ၿပီးသူ (၇၀)ဦး စုစုေပါင္း (၅၀၀)ဦးကို ခန႔္အပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ေလွ်ာက္ထားလိုသူမ်ားသည္ ေလွ်ာက္လႊာမ်ားကို သတင္းစာေၾကာ္ျငာပါသည့္ေန႔မွစ၍ နည္းပညာ၊ သက္ေမြးပညာႏွင့္ေလ့က်င့္ေရးဦးစီးဌာန၊ Website www.dtvet.gov.mm တြင္ download ရယူျခင္း၊ နီးစပ္ရာ အစိုးရနည္းပညာေကာလိပ္၊ သိပၸံ၊ ေက်ာင္းႏွင့္ ဌာနမ်ားတြင္ ထုတ္ယူႏိုင္ၿပီး ေဖေဖာ္ဝါရီလ ၁၆ရက္ေန႔ ေနာက္ဆုံးထား၍ နီးစပ္ရာေက်ာင္းမ်ားသို႔ တိုက္႐ိုက္တင္သြင္းေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။
ေလွ်ာက္ထားသူမ်ားအေနျဖင့္ နည္းျပရာထူး၊ စက္မႈ ကြၽမ္းက်င္(၄)ရာထူး၊ စာရင္းကိုင္(၄)ရာထူးႏွင့္ အငယ္တန္းစာေရးရာထူးေနရာမ်ားအတြက္ မိမိေလွ်ာက္လႊာတင္သြင္းခဲ့သည့္ သက္ဆိုင္ရာ ေကာလိပ္၊ သိပၸံ၊ ေက်ာင္းႏွင့္ ဌာနမ်ားတြင္ ေရးေျဖစာေမးပြဲ ဝင္ေရာက္ေျဖဆိုရမည္ျဖစ္ၿပီး ေရးေျဖေျဖဆိုခဲ့သူမ်ားႏွင့္ ႐ုံးအကူရာထူးေနရာအတြက္ ေလွ်ာက္ထားသူမ်ား ကို လူေတြ႕စစ္ေဆးမႈ ျပဳလုပ္မည္ ျဖစ္ေၾကာင္း သိရသည္။
ထိုျပင္ လူေတြ႕စစ္ေဆးခ်ိန္တြင္ (ဘြဲ႕လက္မွတ္ (သို႔မဟုတ္) ယာယီဘြဲ႕ေထာက္ခံစာ A.G.T.I ဒီပလိုမာ လက္မွတ္၊ တကၠသိုလ္ဝင္တန္းေအာင္လက္မွတ္၊ ႏိုင္ငံသားစိစစ္ ေရးကတ္၊ အလုပ္သမားမွတ္ပုံတင္) မူရင္းမ်ား တင္ျပႏိုင္ရမည္ျဖစ္ေၾကာင္း သိရသည္။
ေရးေျဖစာေမးပြဲ ေျဖဆိုခြင့္ကတ္ျပားမ်ားကို ေဖေဖာ္ဝါရီလ (၂၀)ရက္ႏွင့္ (၂၁)ရက္မ်ားတြင္ မိမိတို႔ေလွ်ာက္ထားခဲ့သည့္ ေက်ာင္းႏွင့္ ဌာနမ်ား၌ ႐ုံးခ်ိန္အတြင္း ႏိုင္ငံသားစိစစ္ေရးကတ္ျပားႏွင့္အတူ ကာယကံရွင္ကိုယ္တိုင္ လာေရာက္ထုတ္ယူရမည္ ျဖစ္ေၾကာင္း သိရသည္။